ပခုက္ကူ သံဃာတော်များ လမ်းပေါ်ပြန်ထွက်
ဧရာဝတီ | အောက်တိုဘာ ၃၁၊ ၂၀၀၇
copy from http://www.irrawaddy.org/bur/news2007/October/oct_31_07.html
မကွေးတိုင်း ပခုက္ကူမြို့ရှိ သံဃာတော် အပါး ၁၀၀ ကျော်က ယနေ့ နံနက် ၈ နာရီ ကျော်မှ စတင်၍ မေတ္တာသုတ် ရွတ်ဆို လမ်းလျှောက် ဆန္ဒပြကြောင်း သိရသည်။
အဆိုပါ သံဃာတော်များသည် မဟာဝိဇယာရာမ (အရှေ့တိုက်) ဘက်မှ ဗိုလ်ချုပ်လမ်းအတိုင်း မြို့ကိုပတ်၍ ၁ နာရီခန့်ကြာ သည်အထိ မေတ္တာသုတ်ရွတ် ဆို၍ ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့သည်ဟု ပခုက္ကူမြို့မှ သံဃာတော်တပါးက
ဧရာဝတီသို့ ပြောသည်။
“ပေါက်လမ်းကနေ အနောက်ဘက်မှာရှိတဲ့ သီဟို၌ ရှင်ဘုရားကို သွားပြီးဝတ်ပြု ဆုတောင်းပြီးတော့ ကိုယ့်ကျောင်း ကိုယ်ပြန် သွားကြတယ်၊ အဓိကက ကံဆောင် တာပဲ”ဟု အထက်ပါ သံဃာတော်က ပြောသည်။
မြို့လူထုက မေတ္တာသုတ်ရွတ်ဆို ကြွချီလာသော ယင်းသံဃာတော်များကို လမ်းဘေးဝဲယာမှ နေ၍ ထိုင်ကန်တော့ခြင်း၊ ကြည်ညိုအားပေးခြင်းများ ပြုလုပ် ကြသည်ဟု ပခုက္ကူမြို့မှ မျက်မြင်တဦးကလည်း ပြောပြသည်။
သံဃာတော်များ ကြွချီရာလမ်းတလျှောက်တွင် ယူနီဖောင်းဝတ် စစ်သားများ၊ ရဲများကို မမြင်တွေ့ရဘဲ၊ အရပ်ဝတ်ရဲဟု ထင်ရသူများနှင့် ကြံ့ဖွံ့တချို့ကိုသာ တွေ့မြင်ရပြီး အေးချမ်းစွာပြီးဆုံးခဲ့သည်ဟု ဆိုသည်။
လတ်တလောတွင် အဖမ်းအဆီးများမရှိသော်လည်း ပါဝင်ဆန္ဒပြသည့် ကျောင်းတိုက်များကို အာဏာပိုင်များက လိုက်လံ စုံစမ်းနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ်က ပခုက္ကူမြို့ရှိ သံဃာအပါး ၅၀၀ ခန့် မေတ္တာပို့ ရွတ်ဆိုရင်း လမ်းလျှောက် ဆန္ဒပြကြရာ စစ်တပ်က သေနတ် ၁၀ ချက်ခန့်ပစ်ဖောက်ပြီး အာဏာပိုင်များနှင့် ကြံ့ဖွံ့၊ စွမ်းအားရှင်များက ယင်း ဆန္ဒပြ သံဃာများအား ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ထိုသို့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကြောင့် သံဃာ ၁၀ ပါးခန့် ဖမ်းဆီးခံရပြီး သံဃာတချို့ ပြင်းထန်စွာ ဒဏ်ရာရကာ သံဃာတော် တပါး ရိုက်နှက်ခံရသည့် ဒဏ်ရာဖြင့် ဆေးရုံ တင်ခဲ့ရသည်။
Wednesday, October 31, 2007
ပခုက္ကူ သံဃာတော်များ လမ်းပေါ်ပြန်ထွက်
Posted by storyofmermaid at 2:42 PM 0 comments
Labels: Political
သူငယ်တန်းဖတ်စာ
Copy from http://a-paw-sar-myar.blogspot.com/2007/10/blog-post_2855.html
က...ကလေးငယ် မျက်ရည်လည်
ခ...ခရောင်းလမ်း သူဖြတ်သန်း။
ဂ...ဂန်း(guns)သံတွေ ဆူညံနေ
င...ငတိများ အလွန်စော်ကား။
စ...စစ်အာဏာ တကယ်ရှည်ကြာ
ဆ...ဆိုးသွမ်း သူတို့ပွဲကြမ်း။
ဇ...ဇတ်တွေနာ နိုင်ငံဟာ
ည...ညှင်းဆဲခြင်း သူတို့သွတ်သွင်း။
တ...တရားဥပဒေ ဘယ်ပျောက်နေ
ထ...ထမင်းငတ် ရိက္ခာပြတ်။
ဒ...ဒို့အရေး ငါတို့ဟစ်ကြွေး
ဓ...ဓနရှင်စနစ် ခြေမှုန်းပြစ်။
န...နိုင်ငံရယ် ပျက်ပြီကွယ်
ပ...ပညာရေး ဘယ်ထွက်ပြေး။
ဖ...ဖာနိုင်ငံ ဖြစ်ပြီအမှန်
ဗ...ဗိုလ်ချုပ်စကား ပြန်လို့ကြား။
ဘ...ဘ၀တွေဟာ စုတ်ပြတ်လာ
မ...မြောင်းထဲကျ ပြန်ထမရ။
ယ...ယမ်းငွေ့သုံး လူမျိုးပြုန်း
ရ...ရှုနေရ လူလုံးမလှ။
လ...လူ့အခွင့်အရေးတွေ ဆုံးရူံးနေ
ဝ...၀ယ်လို့မရ တိုက်ယူကြ။
သ...သတင်းစာ မဖတ်ခြင်ပါ
ဟ...ဟာသများ ရီဖို့မအား။
အ...အမေ...တို့တိုင်းပြည် ...ဘယ်တော့လွတ်လပ်မလေ။
<မင်းတစေ>
Posted by storyofmermaid at 10:37 AM 0 comments
Labels: Other Poem
Tuesday, October 30, 2007
ကချင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
Posted by storyofmermaid at 3:25 PM 0 comments
Labels: Political
Monday, October 29, 2007
ကာတွန်း
Posted by storyofmermaid at 5:21 PM 0 comments
Labels: cartoon
တဘောင်
ဒီကနေ ကော်ပီကူးထားတာ
http://ko-htike.blogspot.com/2007/10/blog-post_28.html
သီရိလင်္ကာရောက် မြန်မာ သံဃာတော်များထံမှ ရယူထားခြင်းဖြစ်ပါသည်။
အယူတော်မင်္ဂလာဦးနိုး
27/10/2007
တပင်တိုင် ခ၀ါချပါလို့
ပွင့်လိုက်တဲ့အသီးတွေ
တွန့်လို့သာကြွေ
အသီးကြွေ ရာသီပြောင်း
သာသနာမောင်း ရှေ့ကဆော်
ဒေါင်းတွေကအော်
ဒေါင်းအော်ရင်မနေသာ
သူလာပါလိမ့်လေး
ခြေင်္သ့မင်းကတန်းခိုးကြွယ်
တိုးလို့သာ ပျက်လိမ့်အုံး
ဂူအောင်းတဲ့ ခင်ကြီး ပျှော်ရယ်
သမီးတော်ကို လွှတ်လိုက်ပါအုံး
ယော အတွင်းဝန် ဦးဖိုးလှိုင် တဘောင်
27/10/2007
သာသနာတ၀က်ခရီးမှာလ
မြန်မာတွေ ကနက်ထီးတွေနဲ့
ပျက်စီးဘို့ အရေးကြုံ
ရွှေပေးလို့ သူမယုံ
ငွေပေးလို့ သူမယုံ
နေကုန်အောင်အများ
တံတားတွေ တွင်တွင်ဆောက်ပါလို့
ဘုရားတွေရင်ပြင်မောက်ရင်ဖြင့်
တပါးပြည်ဝင်ကာနှောက်ပါလို့
တပါးပြည်ဝင်ကာမနှောင့်ရအောင်
ပြည်တော်ပြန်စုငယ်ထွေးကို နန်းအပ်မှအေး။
Posted by storyofmermaid at 1:56 PM 0 comments
Labels: Other Poem
သူငယ်ချင်း အစစ်အမှန်
A true friend is the greatest of all blessings and the one which we talk the least thought to acquire .
Francois , Due De La Roche Foucald
မိတ်ဆွေစစ်ဆိုတာ ဆုကျေးဇူးထဲက အကြီးမြတ်ဆုံး ဖြစ်သလို ကိုယ့်ဘက်က မရနိုင်တော့ဘူလို့ ထင်ထားတာကို မရရအောင် ဆောင်ကြဉ်းပေးတတ်တဲ့လူ။
လပြည့်နေ့ရုံးပိတ်ရက်ဆိုတော့ အိမ်မှာအားနေတာနဲ့ အလယ်တန်း တွေအတွက် Prime ကထုတ်တဲ့ ဂျာနယ်မှာ ဖတ်ရတာလေးကို ပြန်ပြီး မျှဝေချင်ပါတယ်။
The Little Of Mine မှ Special Orders မြင့်စိုးလှိုင် ဘာသာပြန်ထားတဲ့ short story ကို ပြန်ဖော်ပြချင်ပါတယ်။ သူငယ်ချင်း အစစ်အမှန်အကြောင်းလေးပါ။ ဒါလေးဖတ်ပြီးတော့ ကျမလည်း အဲ့လိုမျိုး သူငယ်ချင်းမျိုးလိုချင်ခဲ့တယ်။ ကိုယ့်ဘက်က အပေးမရှိပဲ ရယူလို့မရတာကိုလဲ သဘောပေါက်ခဲ့ပါတယ်။
ဇာတ်လမ်းအစက -
စစ်မြေပြင်တစ်နေရာမှာပါ - စစ်သားလေးတစ်ယောက်
၇န်သူကျည်ဆံမှန်ပြီး လှဲကျသွားတယ်။ ကတုတ်ကျဉ်းထဲမှာ ရှိတဲ့ သူ့ရဲ့ သူငယ်ချင်းက သွားကယ်မလို့ လုပ်တော့ အထက်အရာရှိက ပြောတယ် - “မင်းသွားကယ်ရင် အလကားပဲ မင်းရော ဒုက©ရောက်လိမ့်မယ်“ ကယ်လည်း အကျိုးမထူးဘူးပေါ့။ ပြောရရင်း အဲ့ဒီနေရာက ကျည်လမ်းကြောင်းလိုမျိုးလေ အကာအကွယ် မရှိတော့ သွားကယ်ရင်လည်း သေမှာပဲလေ။ သူ့သူငယ်ချင်း လှဲးကျတဲ့နေရာက ရန်သူ့ ကျည်ဆံတွေ အဆက်မပြတ် သွားနေတော့ သူကိုကယ်ဖို့ဆိုရင် ကယ်သူပါ ဒုက©ဖြစ်နိုင်တယ်။ ဒါကြောင့် အထက်လူကြီးက မသွားခိုင်းတာ။ သူက ကယ်ဖို့ဆန္ဒပြင်းပြနေတော့ ခွင့်ပြုလိုက်ရတာပေါ့။
အဲ့ဒီကောင်းလေးက သူ့သူငယ်ချင်းကို သွားကယ်ပြီး ကတုတ်ကျဉ်းထဲကို ပြန်လှိမ့်ဝင်ခဲ့တယ်။ သူ ကတုတ်ကျဉ်းထဲ ရောက်တဲ့အချိန် သူ့ကိုယ်မှာ ဒဏ်ရာ အများကြီးပဲ ဒါနဲ့ အထက်လူကြီးက သူ့ကိုပြောတာပေါ့ ငါပြေားသာပဲ သွားကယ်လဲ မထူးပါဘူးဆို အခုတော့ မင်းဒုက©ရောက်ပြီးပေါ့ လို့အဲ့လို ပြောတယ်။
အဲ့ဒီကောင်လေးက ထူးတယ် လို့ပြန်ပြောတယ်။ ဒါနဲ့ အထက်လူကြီးက မင်းသူငယ်ချင်းလည်း သေပြီး မင်းလည်းအခု ဒဏ်ရာတွေအများကြီးပဲ ဘာထူးလို့လဲ မေးတာပေါ့။
ကျတော် သူ့ဘေးနားရောက်တဲ့အခါ သူ မသေသေး ပါဘူး။ သူ့အနားကိုရောက်တော့ သူကပြောတယ် “ ဂျင်မ် . . . လား မင်းလာမယ်ဆိုတာ ငါသိပါတယ်” အဲ့လိုပြောပြီး ဆုံးသွားတာလို့ ပြန်ပြောတယ်။
Posted by storyofmermaid at 1:46 PM 0 comments
Labels: General
Saturday, October 27, 2007
ကူညီပါရစေ
နယ်ကသူငယ်ချင်း အချင်းချင်း ရန်ကုန်မှာ တွေ့ရင်လေ ဘာအကြောင်းတွေ ပြေဖြစ်ကြလဲဆိုတော့ ကိုယ့်မြို့က အကြောင်းပဲ ပြောကြတာပေါ့။ ဟိုလူက ဘယ်သူနဲ့ မင်္ဂလာဆောင်သွားပြီ။ ဟိုလူတော့ ကွဲသွားပြီပေါ့။ ဟိုဘက်ရပ်ကွက်မှာနေတဲ့သူလေ ငယ်ငယ်လေးပဲရှိသေးတယ် ဆုံးသွားရှာပြီး။ ငါတို့မြို့ဘယ်နေရာမှာ ဘာကြီးဆောက်လိုက်တာ စသည်ဖြင့်ပေါ့ ကိုယ့်မြို့ခံတွေရဲ့ နာရေး သာရေ အခြားအရေးတွေကိုလဲပြော တခြားကပြောင်းလာတဲ့ အကြောင်းတွေလည်းပြော ပြောင်းလဲနေတဲ့ ကိုယ့်မြို့ အကြောင်းလဲ ပြောကြတာပေါ့ ပြောလို့မကုန်းနိုင်ဘူး ပြောကြတာ နောက်တစ်ခုရှိ သေးတယ် ရန်ကုန်ကို တို့မြို့က ဘယ်သူရောက်နေတာ နင်တွေ့သေးလား ဆိုတာမျိုးပေါ့။
တိုက်ဆိုင်စွာနဲ့ ဟိုးတလောက နယ်က အကိုသူငယ်ချင်း ကျောင်းနေဖက်ပေါ့ ရန်ကုန်မှာ ဆုံကြတော့ အိမ်ကိုအလယ် ဖို့ဖိတ်လိုက်တယ်။ အဲ့ဒီအမက အကိုသူငယ်ချင်းလည်းဖြစ် အမသူငယ်ချင်း လည်းဖြစ်တော့ ကျမတို့ အားလုံးနဲ့ ရင်းနှီးပြီးတာ ဆိုတော့ အားလုံးနဲ့ သူငယ်ချင်းလိုပဲလေ။
သူကလည်း ရန်ကုန်မှာ ကျတို့ မောင်နှမတွေ နေတော့ လာလယ်ချင်တာ ကြာပြီ တဲ့ လိပ်စာမသိလို့ လာမလည်ဖြစ်ဘူး ဖြစ်နေတာ။ ဒါနဲ့အိမ်ကို လိမ်စာတွေ ဖုန်းဆက်ပြီး တောင်းပြီးတော့ လာလည်တာ။ နယ်ကလူတွေတွေ့ပြီးဆိုတာ နယ်ကအကြောင်းတွေ ပြောကြတာပေါ့။ ဒါနဲ့ အဲ့ဒီအမက ဘာပြောလဲဆိုတော့ နင်းတို့ အကို လေ ငါ့ကိုပြောပြတယ် (. . . . . . .) လေ သိလားတဲ့ အဲ့ဒါ ရန်ကုန်မှာ တာဝန်ကျနေတယ်လိုပြောတယ်။ ဒါနဲ့ ငါကလည်း ဘာတာဝန်လဲလို့မေးတော့ ရဲဖြစ်နေပြီတဲ့။ ငါလေ ကြားကြားချင်း စိတ်တိုလိုက်တာ တွေ့ရင်တောင် မခေါ်ချင်လောက်အောင် မုန်းသွားတယ် ဘာစိတ်ကူးနဲ့ များ ရဲ အလုပ်ကိုလျှောက်လိုက်ရလဲ မသိဘူး။ ဒီလောက်လူတွေမုန်းနေတာကို သိလျှက်နဲ့တဲ့။
ရဲဆိုတာ ပြည်သူတွေကို ကာကွယ်ပေးနေတဲ့အလုပ်ပါ ဘယ်လောက်လေးစားစရာကောင်းတဲ့သူတွေလဲ။ ဘာလို့ အဲ့လိုမျိုး လူ့ချဉ်ဖတ်ဖြစ်တဲ့ မာဖီးရားဂိုဏ်းလိုမျိုး လူတွေက ရွံကြောက်ကြီး ဖြစ်နေရတာလဲ။ ငိုးစားရယ်စား သူတောင်းစားတဲ့ လူတွေက အဲ့လိုမျိုး ဂုတ်ထူးဆောင်ဘွဲ့ကိုတောင် ချီးမြှင့်နေကြတယ်။ ဒီလိုမျိုး အဖွဲ့အစည်းမဖြစ်ဖို့အတွက် တစ်ယောက်ချင်းစီ ကောင်းရင် အားလုံးကောင်းလာလိမ့်မယ။် ငါးဖယ်တစ်ကောင်ကြောင့် တစ်လှေ လုံးပုတ် ဆိုပေမဲ့ ၀န်းထားအများစု ကိုယ်ကျိုးအတွက် လုပ်ပိုင်ခွင့် အာဏာ ကို အသုံးချနေတာကြောင့် ရဲတပ်ဖွဲ့ ဆိုတာ တော်တော်လေး နာမည်ပျက်နေပါပြီ။ အဲ့လိုမျိုး မဖြစ်အောင် ရဲတွေ ကိုယ်ဌာနရဲ့ နာမည်ကို ပြန်ပြီး အဖတ်ဆယ်ကြပါ။
Posted by storyofmermaid at 11:57 AM 0 comments
Labels: General
Thursday, October 25, 2007
လပြည့်ညအလွမ်း
ဒီအချိန်ဆိုရင်
သူတို့တွေ ဘုန်းကြီးကျောင်းသွားပြီး
မုန့်လုံးရေပေါ်ကို နှစ်ခါတန်းစီးပြီး
စားပြီးနေကြပြီ။
ဒီအချိန်ဆိုရင်
သူတို့တွေ ကျောင်းပတ်ပတ်လည်
ဖရောင်းတိုင်မီးတွေ
ထွန်းပြီးနေကြပြီ။
ဒီအချိန်ဆိုရင်
သူတို့တွေ တံတားလေးမှာ
ဆီးမီးတွေထွန်းလို့
ရေကန်ထဲမှာဆီမီးတွေ လွတ်ပြီး
ပျော်နေကြပြီ။
ဒီအချိန်ဆိုရင်
သူတို့တွေ
စတိတ်ရှိုးပွဲကို သွားပြီး
လူတွေအလည် ဗျောက်အိုး
ပစ်ထည့်ပြီး ပျော်နေကြပြီ။
ဒီအချိန်ဆိုရင်
သူတို့တွေ ငါတို့အိမ်ရှေ့မှာ
ဖိနပ်ကိုယ်စီကိုင်ပြီး တံတွေးတွေ
ပုံနေအောင်ထွေးထားတဲ့အလယ်မှာ
မီးပန်ထည့်လို့ “၀ုန်း”ကနဲနေအောင်
ရိုက်နေကြပြီ။
ဒီအချိန်ဆိုရင်
ရေဖလားတွေ ကိုယ်စီကိုင်ပြီး
ပွက်ပွက်ဆူနေတဲ့ ဖယောင်းထဲကို
ရေထဲ့ပြီး ငရဲမီး ဆော့နေကြပြီ။
ဒီအချိန်ဆိုရင်
အိမ်ရှေ့ကအဖွားကြီး
“ဟေး . . ကြီးကောင်ကြီးမားနဲ့ အချိန်မတော်ကြီး
အိပ်ကြတော့”
ဆိုပြီးအော်နေလောက်ပြီ။
ဒီအချိန်ဆိုရင် သူတို့တွေ
ပါးစပ်က ပွတ်တွတ်ပွတ်တွတ်ပြောပြီး
လမ်းခွဲနေကြပြီ။
ဒီအချိန်ဆိုရင်
သူတို့တွေကိုယ်စီအိမ်ယာမှာ
ငါ့. . .ကိုသတိရပြီး
ငါရှိရင် ဘယ်လောက်ပြောစရာကောင်းမလဲဆိုပြီ
နောက်ဆုံးကြမှ သတိတရနဲ့ အိမ်ပျော်နေကြပြီ။
စမိုင်းမေ
25.10.2007
Posted by storyofmermaid at 5:14 PM 0 comments
Labels: Poem
ဆွဲငင်အား
ပန်းသီးပင်အောက်မှာရောက်ရှိနေတဲ့
နယူတန်က ပန်းသီးတစ်လုံးမြေပေါ်ကို
ကျွေကျတာကို တွေ့မိလို့
ကမ္ဘာ့ဆွဲငင်အားအကြောင်း
ဖော်ထုတ်နိုင်ခဲ့တယ်။
အိပ်ပျော်နေတဲ့ ကောင်မလေးတစ်ယောက်
ရင်ခုန်သံတစ်ချက်ကြားလိုက်ရချိန်မှာ
အချစ်ရဲ့ ဆွဲငင်အားကို
သူမ ဖော်ထုတ်နိုင်ခဲ့တယ်။
စမိုင်းမေ
25.10.2007
Posted by storyofmermaid at 11:13 AM 0 comments
Labels: Poem
Wednesday, October 24, 2007
A SMART STUDENT
TEACHER : Why are you late?
BALGOBIN : Because of the sign.
TEACHER : What sign?
BALGOBIN : The one that says, "School Ahead, Go Slow."
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
TEACHER : Balgobin, why are you doing your math sums on the floor?
BALGOBIN : You told me to do it without using tables!
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
TEACHER : Balgobin, how do you spell "crocodile"?
BALGOBIN : "K-R-O-K-O-D-A-I-L"
TEACHER : No, thats wrong
BALGOBIN : Maybe its wrong, but you asked me how I spell it!
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
TEACHER : What is the chemical formula for water?
BALGOBIN : "HIJKLMNO! "!!
TEACHER : What are you talking about?
BALGOBIN : Yesterday you said its H to O!
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
TEACHER : Balgobin, go to the map and find North America.
BALGOBIN : Here it is!
TEACHER : Correct. Now, class, who discovered America?
CLASS : Balgobin!
>>*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
TEACHER : Balgobin, name one important thing we have today that we didnt
have ten years ago.
BALGOBIN : Me!
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
TEACHER : Balgobin, why do you always get so dirty?
BALGOBIN : Well, Im a lot closer to the ground than you are.
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
BALGOBIN : Dad, can you write in the dark?
FATHER : I think so. What do you want me to write?
BALGOBIN : Your name on this report card.
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
TEACHER : How can you prevent diseases caused by biting insects?
BALGOBIN : Dont bite any.
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-**-*-*-*-
TEACHER : Balgobin, give me a sentence starting with "I".
BALGOBIN : I is...
TEACHER : No, Balgobin. Always say, "I am."
BALGOBIN : All right... "I am the ninth letter of the alphabet."
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
TEACHER : "Can anybody give an example of "COINCIDENCE?"
BALGOBIN : "Sir, my Mother and Father got married on the same day, same
time."
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
TEACHER : "George Washington not only chopped down his fathers Cherry
tree,
but also admitted doing it. Now do you know why his father didnt punish
him?"
BALGOBIN : "Because George still had the axe in his hand?"
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
TEACHER : What a pair of strange socks you are wearing, one is green and
one is blue with red spots!
BALGOBIN : Yes its really strange. Ive got another pair just like that
at home.
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
TEACHER : Now, Balgobin, tell me frankly do you say prayers before eating?
BALGOBIN : No sir, I dont have to, my mom is a good cook.
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
TEACHER : Balgobin, your composition on "My Dog" is exactly the same as
your brothers. Did you copy his?
BALGOBIN : No, teacher, its the same dog!
-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-
TEACHER : What do you call a person who keeps on talking when people are
no longer interested?
BALGOBIN : A teacher
copy form http://www.planet.com.mm/bookplanet/?linkpage=read_jokes&id=3573
Posted by storyofmermaid at 3:47 PM 1 comments
Labels: Humours
မင်းအတွက် မီးပြတိုက်
မင်းက မာနဆိုတဲ့တက်ကိုကိုင်
ငါကတော့ သံသယတက်ကိုကိုင်
အချစ်တက်တွေကိုလှေထဲမှာ
ကိုယ်စီထည့်လို့
တို့နှစ်ယောက် လှေနှစ်စင်း
လောကပင်လယ်ပြင်မှာ တူယှဉ်သွားလို့
အများအမြင်မှာ ကြည်နူးစရာပေါ့။
ချစ်သူရေ . . .
လောကပင်လယ်ပြင်မှာ
ကံတရားလှိုင်းလုံးတွေ
ဖြစ်ပေါ်လာတော့
တို့နှစ်ယောက်ကို ခွဲဖို့
အကြောင်းဖန်းလာတယ်။
မတူညီတဲ့တက်တွေ
လက်ထဲမှာ တင်းတင်းဆုပ်ကာ
တို့နှစ်ယောက်သုံးနေကြတော့
ကမ်းမမြင်နိုင်တဲ့ပင်လယ်ကြီးမှာ
တို့နှစ်ယောက်ရဲ့ပုံရိပ်တွေ
တဖြည်းဖြည်းနဲ့ ဝေးပြီး
ပျောက်ကွယ်သွားတယ်။
ငါလေ . . .
နောင်တရတဲ့အချိန်မှာ
အချစ်တက်ကိုပြောင်းကိုင်ပေမဲ့
မင်းက ငါ မမြင်နိုင်တဲ့နေရာကို
ရောက်သွားတယ်။
တွေ့ဆုံချိန်ခဏလေးမှာ
ကိုယ်စီ အတ္တတွေကြောင့်
ချစ်ရက်နဲ့ဝေးကွာခဲ့ကြ
ပြန်တွေ့ဆုံခက်ခဲတဲ့
ဒီလောက ပင်လယ်ပြင်မှာ
အဝေးကနေ မင်းလှမ်မြင်နေရအောင်
ငါလေ . . . မင်းအတွက်
အလံဖြူတွေတလွင့်လွင့် ချိတ်ထားတဲ့
မီးပြတိုက်လေး ပေါ့ . . .။
စမိုင်းမေ
23.10.2007
Posted by storyofmermaid at 1:11 PM 0 comments
Labels: Poem
အာဏာအတွက်
ပထမတော့ လူတွေကလေ
ဝမ်စားအတွက်ဆိုပြီး
ငွေကြေးကိုရှာဖွေကြတယ်။
ဒုတိယတော့ နောင်ရေးအတွက်
ငွေကြေးကို ရှာဖွေကြတယ်။
တတိယတော့ ငွေကြေးတွေရလာတဲ့အခါ
အာဏာရဖို့ကြိုးပမ်းကြတယ်။
စတုတ္ထတော့ အာဏာရလာတဲ့အခါ
အများက ဦးညွတ်အရိုအသေပေးတော့
အဲ့ဒီလိုမျိုးစည်းစိမ်မှာ ယစ်မူးလို့
အာဏာလက်မလွတ်ရေးအတွက်
ကြိုးစားလာကြတယ်။
နောက်ဆုံးတော့
လက်ထဲကအာဏာ တည်မြဲဖို့အတွက်
ရင်ဝယ်သားကိုတောင် တရိစ္ဆာန်လိုသဘောထား
သတ်ဖြတ်ကြသည် . . . ။
စမိုင်းမေ
24.10.2007
Posted by storyofmermaid at 1:03 PM 2 comments
Labels: Poem
Tuesday, October 23, 2007
ဆံပင်
လူတို့ ဦးထိပ် ကျွန်ုပ်စံတော့
ထိုသူတို့သည် မွှေးကာနမ်းရှိုက်
ယုယုယယ ထွေးပွေ့ကြသည်။
လူတို့ဦးထိပ် ကျွန်ုပ်စွန့်ခွာ
ထိုသူတို့ခြေ မြေပြင်လှဲလျောင်း
ရွံ့ရှာစက်ဆုပ် မလိုမျက်နှာ
ရှောင်ခွာဖယ်ကြ . . .
အဲ့ဒါ လူလောက . . . ။
စမိုင်းမေ
20.10.2007
Posted by storyofmermaid at 10:25 AM 0 comments
Labels: Poem
လွမ်းတယ် မေမေ
ပလန်းနက်ကို တစ်နေ့တစ်ခေါက်
မှန်မှန်ရောက် သူငယ်ချင်းတွေ
အမေလွမ်းတဲ့အကြောင်း ကဗျာတွေသီ
လွမ်းလိုက်ရတာ။
သမီးမိုက်
အမေအကြောင်း ကဗျာရေးမယ်ဆိုတော့
ကာရံတွေ ထွက်မလားဘူး။
မေမေ
အမေ့ ကို မလွမ်းလို့တော့ မဟုတ်ပါဘူး
ကာရံတွေရင်မှာတစ်ဆို့ပြီး ထွက်မလာ
နှိုင်းယှဉ်မရအောင် မေမေကို လွမ်းသာပဲသိတယ်။
စမိုင်းမေ
18.10.2007
Posted by storyofmermaid at 10:22 AM 0 comments
Labels: Poem
မုန်တိုင်း
မုန်တိုင်းကြောင့်
လှိုင်းတို့တွေထန်
ကန်ရေပြင်တွေ လှုပ်ရှား
အစာရှာနေ ဗျိုင်းတို့ထွက်ပြေး။
မုန်တိုင်းလည်းငြိမ်
လှိုင်းတွေလည်းပျောက်
ကန်ရေပြင် ငြိမ်သက်ကြည်လင်
ဗျိုင်းတွေလည်း အစာရှာပြန်ထွက်
အရာအားလုံး ပုံမှန်လို့ထင်
ဒါဆိုရင် မှာသွားပြီပေါ့
ကန်ရေအောက်မှာ
မုန်းတိုင်းသယ်လာတဲ့
အမှိုက်တွေ အနယ်ထိုင်နေပြီ
ကန်ရေပြင်ကြီး ငိုနေ။
ချစ်သူရေ . . .
မာနမုန်တိုင်း ပြီးသွားတော့
အလွမ်းတွေ ရင်မှာ အနယ်ထိုင်နေပြီ။
စမိုင်းမေ
17.10.2007
Posted by storyofmermaid at 10:18 AM 0 comments
Labels: Poem
ရှေ့သို့ချီတက်နေသည်
(၂၀၀၇ မျိုးဆက်သစ်ကျောင်းသားများသမဂ္ဂ မှ ကျောင်းသားများကို လေးစားသောအားဖြင့်)
http://niknayman.blogspot.com/2007/10/blog-post_16.html
နိုင်ငံရဲ့ အနာဂတ်ကြယ်ပွင့်
တို့ကျောင်းသား လူငယ်တွေ
တက်ကြွစွာနဲ့ ရှေ့သို့ချီတက်။
ဆူးညှောင့်ခလုတ် တို့မမူ့ပါ
တို့နောင်တော်တွေ
အင်းယားက တံတားဖြူးကို
သူတို့ အသွေးတွေနဲ့
အနီရောင်ဆိုးလို့ လမ်းပေါ်မှာ
အသက်တွေပေးခဲ့ကြပြီ။
စစ်ကြေားရေးမှာ နှိပ်စက်မှုဒဏ်
ကြံ့ကြံ့ခံလို့ ရဲဘက်စခန်းမှာလဲ
အသက်တွေပေးခဲ့ကြပြီ။
နှစ်ရှည်လများ ကျောင်းတော်ကြီးအစား
အကျဉ်းထောင်မှာ လူငယ်ဘ၀ကို
ပေးဆပ်ခဲ့ပြီ။
တောထဲတောင်ထဲမှာ လက်နက်ကိုင်စွဲလို့
ကိုယ့်ကျွန်ဘ၀မှာ လွတ်မြောက်ဖို့အတွက်
လူမသိသူမသိ အသက်တွေပေးဆပ်ခဲ့ပြီးပြီ။
တစ်ဗိုလ်ကျရင် တစ်ဗိုလ်တက်မယ်
တို့ကျောင်းသားကိုသတ်လို့ မျိုးသုန်းမသွားဘူး
တို့ဝိညာဉ်တွေ အဖန်တစ်ရာမက
အကြိမ်ကြိမ်နိုးထလို့ ရဲ့ဝင့်စွာနဲ့
ကျောင်းသားအလံကို
တလူလူလွင့်ထူပြီး ရှေ့သို့ချီတက်နေမယ်။
နောင်အခါ ကျောင်းသားကိုသတ်တဲ့
အစိုးရ မပေါ်ပေါက်ရေးအတွက်
အနာဂတ်မှာ တို့ညီငယ်ညီမလေးတွေ
လွတ်လပ်ခြင်း အသီးအပွင့်ကို
မြိန်ရေရှက်ရေ အားပါးသရ
စားသောက်နိုင်အောင်
ဒူးထောင်ကျရင်တောင် အလံမလှဲ
အနိုင်မခံ အရှုံးမပေးစိတ်ဓါတ်နဲ့
တို့အနာဂတ်ကျောင်းသာလူငယ်းတွေ
ရှေ့သို့ချီတက်နေ။
Posted by storyofmermaid at 10:00 AM 0 comments
Labels: Poem
Friday, October 19, 2007
ပိုင်ရှင်မရှိသောမွေးနေ့
မွေးနေ့ရှင်မရှိတဲ့ မွေးနေ့ပွဲကို
တို့တွေအေးအေးဆေးဆေးပဲကျင်းပပေးခဲ့ပါတယ်။
ပိုင်ရှင်မရှိတဲ့ မွေးနေ့ကိတ်ကို
သူ့ကိုယ်စာ တို့တွေ ရိုးရိုးလေးပဲ ဆုတောင်းပြီး
လှီးလိုက်ပါတယ်။
ကိုမင်းကိုနိုင်နဲ့ အန်တီစု
နိုင်ငံရေးအကျဉ်းသားနဲ့ သံဃာ
ပြည်သူနဲ့ လူမမယ် ကျောင်းသားငယ်တွေ
ချုပ်နှောင်ခြင်းမှ ထာဝရ ကင်းလွတ်ပါစေ။
18.10.07 နေ့မှာကျရောက်တဲ့ ကိုမင်းကိုနိုင်မွေးနေ့အတွက် မစပ်တတ် စပ်တတ်နဲ့ ကြိုးစားပြီး ကဗျာလေးစပ်လိုက်တာ။
Posted by storyofmermaid at 3:02 PM 0 comments
Labels: Poem
Thursday, October 18, 2007
ယုဒမျက်နှာ
လွန်ခဲ့သော နှစ်ပေါင်း ရာစုနှစ်ပေါင်းများစွာက
စစလီကျွန်းရဲ့ မြို့တစ်မြို့ ဘုရားကျောင်းရဲ့ နံရံမှာ ပန်ချီးဆွဲဖို့အတွက် ပန်ချီဆ၇ာတစ်ဦးကို ငှားခဲ့ကြတယ်။
ရေဆွဲရမဲ့ပုံက ခရစ်တော်ရဲပ ဘ၀ဇာတ်ကြောင်းပုံဖြစ်တယ်။ ခရစ်ဝင် ပန်ချီးကား ဆိုရမှာပေါ့။ ပန်ချီးဆရာက နှစ်ပေါင်းများစွာကြာအောင် အပတ်တကုတ်ကြိုးစားပြီးရေးဆွဲလာရာ အရေးအကြီးဆုံးပုံ နှစ်ခုမှ တပါး ကျန်တာအားလုံးကို လက်စသတ်နိုင်ခဲ့တယ်။ မပြီးသေးတဲ့ပုံကတော့ ခရစ်တော်၏ ကလေးဘ၀ရှိရုပ်ပုံနဲ့ သစာဖောက် ယုဒရဲ့ ရုပ်ပုံလွှာဖြစ်တယ်။ ဒါနဲ့ ပန်းချီဆရာကလည်း ရုပ်ပုံလွှာနှစ်ခုအတွက် ကိုယ်ဟန်ပြမဲ့သူကို နေရာ အနှံရှာဖွေခဲ့တယ်။
တစ်နေမှာ မြို့ရပ်ကွက်တစ်ခုမှာ လမ်းလျှောက်ကစားနေတဲ့ ကလေးငယ်တွေကိုတွေ့တော့ အဲ့ဒီကလေးထဲက ၁၂ နှစ်သား အရွယ် ယောက်ျားလေးရဲ့ မျက်နှာက ပန်ချီးဆရာရဲပ စိတ်နှလုံးကို ပုတ်ခတ်သွားတယ်။ နတ်တမန်တစ်ပါး၏ ရုပ်မျက်နှာဖြစ်ပါတယ်။ ကလေးငယ်ရဲ့မျက်နှာက အလွန်ညစ်ပါတ်ပေကျံပေမဲ့လဲ ဒီမျက်နှာဟာ ပန်းချီဆရာလိုချင်တဲ့မျက်နှာဖြစ်ပါတယ်။
ပန်းချီဆရာက ကလေးငယ်ကိုခေါ်သွားပြီး ခရစ်တော်၏ ကလေးဘ၀ရုပ်ပုံကို ပြီးစီးအောင် နေ့စဉ်ရက်ပင် ကလေးငယ်က စိတ်ရှည်လက်ရှည်ထိုင်ပေးခဲ့တယ်။
ဒါပေမဲ့ ယုဒ အတွက် ကိုယ်ဟန်ထိုင်ပေးမဲ့ သူကိုတော့ ပန်းချီဆရာ ရှာလို့မတွေ့နိုင်သေးဘူးတဲ့။ သူ့ပန်းချီကားက လက်စမသတ်နိုင်သေးတော့ စိုးရိမ်စိတ်နဲ့ ကိုယ်ဟန်ပြမဲ့သူကိုအစဉ်တစိုက်လိုက်ရှာနေတယ်။
အဆုံးမသတ်နိုင်တဲ့ ပန်းချီးကားအကြောင်းကို အဝေးအလံမှာရှိတဲ့ ဒေသတွေ ရှိ ပျံနှံသွားတယ်။ မိမိတို့ရဲ့ မျက်နှာကို ကောက်ကျစ်စဉ်းလဲတဲ့ပုံ အသွင်ဟန်ပန် အမျိုးမျိုးချင်ကြတဲ့
ယောကျာ်လေးတွေက စိတ်ကူယဉ်ပြီး ပန်းချီဆရာထံကို လာကြာတယ်။ ဒါပေမဲ့ ပန်းချီဆရာက သူ့စိတ်စိတ်ကူးယဉ်ထဲက ပုံကို ရှာလို့မတွေ့ဘူးဖြစ်နေတယ်။ သူ၏ ယုဒပုံက ဖောက်ပြန်သော ဘ၀၏ ဒဏ်ကြောင့် ပုံပျက်ပန်းပျက် ယိုယွင်းလိမ်ကောက်နေသူဖြစ်တယ်။ ရမက်တို့ကို ဒူးထောက်အညံ့ခံ ထားလို့ ချည့်နဲ့နုံချာနေသော သူလည်းဖြစ်တယ်။
ညနေခင်းမှာ ထုံးစံအတိုင်း ဘုံဆိုင်တစ်ခုမှာ ပန်းချီဆရာအရက်ထိုင်သောက်နေခဲ့တယ်။ အဲ့ဒီအချိန်မှာ လူငယ်တစ်ယောက် ပိန်လှီပြီး အရိုးငေါငေါနဲ့ စုတ်စုတ်ပြတ်ပြတ် ဒယီးဒယိုင်နဲ့ ဘုံဆိုင် ကြမ်းပြင်ပေါ် လဲကျသွားတယ်။ “၀ိုင်အရက်ပေးပါ၊ ၀ိုင်အ၇က်ပေးပါ” ဆိုပြီး တောင်းပန်နေတယ်။
ပန်းချီဆရာက အရက်သမားကို ထောင်ပေးလိုက်ပြီး သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်တဲ့အခါ ပါစပ်အဟောင်းသားဖြစ်သွားတယ်။ သူမြင်ရလိုက်တဲ့မျက်နှာက လောကမှာရှိတဲ့ မကောင်းမှု ဒုစရိုက် တို့ရဲ့ အမှတ်လက်ခဏာ အားလုံးကို ဖော်ကျူးနေတဲ့ပုံဖြစ်တယ်။
ပန်းချီဆရာက အရက်သမားကို ထူးပေးလိုက်ပြီး မင်းငါနဲ့လိုက်ခဲ့ သောက်စရာလည်းပေးမယ် စားစရာလည်းပေးမယ် ၀တ်စရားလည်းပေးမယ်ဆိုပြီး ပြောလိုက်တယ်။
နောက်ဆုံးတော့ သစ်စာဖောက် ယုဒအတွက် ကိုယ်ဟန်ပြမဲ့သူကို တွေ့ရှိသွားပါပြီ။ ပန်းချီဆရာကြီးကလည်း သူ့ပန်းချီ လက်စသတ်နိုင်ရေးအတွက် နေ့ဆိုလည်း တစ်နေ့ကုန် ညဆိုလည်း တစ်နေကုန်း နေ့စဉ်ရက်ဆက် အသည်းအသန်ရေးဆွဲ နေပါတော့တယ်။
အလုပ်ချိန်ကြာတော့ ကိုယ်ဟန်ပြသူထံမှ အပြောင်းအလဲ တစ်ခုပေါ်လာတော့တယ်။ မူးယစ်ထုံထိုင်းချည့်နဲ့တွေဝေနေတဲ့ အမူအရာအစား ထိတ်လန့်ချောက်ချားတယ့် အမူအရာဆန်းဆန်း ပြောင်းလဲလာတယ်။ နီရဲနေတဲ့ သူ့မျက်လုံးက အထိန်တလန့် စိုက်ကြည့်နေတယ်။
တစ်နေ့တော့ ကိုယ်ဟန်ပြသူရဲ့ စိုးရိမ်ချောက်ချားမှုကို ပန်းချီဆရာက သတိထားမိပြီး ဆက်မဆွဲဘဲရပ်လိုက်တယ်။
“ငါ့သား ငါမင်းကို ကူညီပါ့မယ်၊၊ မင်း ဘာဒုက©တွေ့နေတုံး” လဲဆိုပြီ မေးလိုက်တယ်။
ကိုယ်ပြသူက ရှိုက်ကြီးတစ်ငင်ငွေကြွေးပြီး လက်ဝါပေါ်မျက်နှာအပ်လိုက်တယ်။ နည်းနည်းကြာတော့ မျက်နှာလှန်ပြီး ပန်းချီးဆရာကို တောင်ပန်းတဲံ မျက်လုံးအစုံနဲ့ ကြည့်လိုက်တယ်။
“ကျွန်တောကို မမှတ်မိဘူးမဟုတ်လား၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတော်တော်ကြာတုန်းက ကျွန်တောဟာ ခရစ်တော်ရဲ့ သူငယ်ဘ၀ရုပ်ပုံအတွက် ကိုယ်ဟန်ပြခဲ့သူပဲလေ”။
အင်တာနေရှင်နယ် မဂ်ဂဇင် 2001 ခုနှစ်၊ အောက်တိုဘာလထုတ် မောင်သမည ဘာသာပြန်ထားတာကို နည်းနည်းလေ ချုံးပြီး ဖော်ပြလိုက်တာပါ။ (မူရင်း - Bonnie Chamberlin ၏ The Face of Judas Iscariot)
Posted by storyofmermaid at 12:38 PM 0 comments
Labels: General
အာဏာရှင်ကို လူသတ်ဖို့ ညွှန်ကြားသူ အသံရှင် ဘယ်သူလဲ
Copy from http://www.mizzimaburmese.com/detail.php?news_id=696&cat=7018
အခုတလော အင်တာနက် သတင်းတွေမှာ အာဏာရှင်တွေကို လူသတ်ဖို့ အကြံပေးတဲ့ ဆရာတော် တပါးရဲ့ အသံဖိုင်ကို နားထောင်ရလို့ တုန်လှုပ်မိပါတယ်။ ဒါလောက် ဗုဒ္ဓသာသနာကို စော်ကားရဲတဲ့ အသံရှင် ‘ဆရာတော်’ ဆိုသူဟာ ဘယ်သူလဲ ဆိုတာကိုလည်း အတိအကျ သိချင်လာပါတယ်။
ဒါကြောင့် ပြည်တွင်းပြည်ပမှာ ရှိတဲ့ မိတ်ဆွေ ရဟန်းတချို့ကို ရနိုင်သမျှ စုံစမ်းကြည့်ပါတယ်။ သူတို့ အားလုံးကတော့ ပဲခူးက ဆရာတော် တပါးရဲ့ အသံပဲလို့ ပြောကြပါတယ်၊ အာဏာရှင်တွေရဲ့ လုပ်ကြံ ဖန်တီးမှုလည်း ဖြစ်နိုင်တာမို့ စာရေးသူ အနေနဲ့တော့ အသံရှင် ဆရာတော် ဆိုသူကို ကိုယ်တိုင်လည်း မမြင်ဖူး၊ အသံကိုလည်း အပြင်မှာ တခါမှ မကြားဖူးတဲ့အတွက် အသံရှင် ပုဂ္ဂိုလ်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်လို့ ယတိပြတ် မပြောလိုပါဘူး။
ဒါပေမဲ့ အသံဖိုင်မှာ ပါတဲ့အတိုင်း ဆိုရင် အသံရှင် ဘုန်းကြီးဟာ “ခမဲပြင် နိဗ္ဗာန်ကားလမ်းကို ဦးစီးပြီး ဖောက်လုပ်တယ်။ မီးရထား ဝန်ကြီးက သူ့ကို ကူညီ ပေးတယ်လို့ နားလည်ရပါတယ်။ ပရိသတ်ထဲမှာ ပါနေတဲ့ ယခု မီးရထားဝန်ကြီး “အောင်မင်း“ ဟာ အရင်တုန်းက တောင်ပိုင်းတိုင်းမှူး ဖြစ်ခဲ့တာမို့ ပဲခူးတိုင်း၊ ကဝမြို့နယ်က ခမဲပြင်ရွာနဲ့ နိဗ္ဗာန်ရွာ ကားလမ်းကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ အသံဖိုင်မှာ “ဆရာတော့် ကျောင်းမှာ သံဃာ တထောင်ကျော် တထောင့် နှစ်ရာလောက် နေ့တိုင်း ဆိုရတယ်၊ ကဲ ... လိုက်ဆိုစမ်း” လို့လည်း ဆိုထားပါတယ်။
ဒါကြောင့် အသံရှင်ဟာ ပဲခူးနယ်က သံဃာ ၁၂ဝဝ လောက်ရှိတဲ့ ကျောင်းတိုက်ကြီး တခုက ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဝန်ကြီးနဲ့ တိုင်းမှူး အဆင့်ရှိတဲ့ လူတွေကို စကားပြောခွင့် ရတာမို့လို့ အဲဒီ ကျောင်းတိုက်ရဲ့ အဓိက ပုဂ္ဂိုလ်ပဲ ဖြစ်ပါလိမ့်မယ်။ အသံရှင်ဟာ မည်သူပင် ဖြစ်စေ သူ့လုပ်ရပ်က သံဃာထု တရပ်လုံးကို သိက္ခာကျစေတာ ဖြစ်လို့ ငြိမ်မနေသင့်ပါဘူး။ အသံရှင် အစစ်အမှန်ကို သိဖို့ထက် သူလုပ်တဲ့အလုပ် မမှန်တာကို ထောက်ပြဖို့က ပိုအရေးကြီးတယ်လို့ ယူဆပါတယ်။
အသံရှင် ပြောတဲ့စကား
အသံရှင်က အာဏာရှင်တွေကို ပြောတဲ့စကားကို စဉ်းစားကြည့်ပါမယ်။
အသံရှင်ဘုန်းကြီးက ပရိသတ်ကို - “အတိုက်အခံတွေဟာ ခင်ဗျားတို့ရဲ့ မိတ်ဆွေလား၊ ရန်သူလား” လို့ မေးပြီး အသံရှင်ကိုယ်တိုင် “ရန်သူ” လို့ ရှေ့က ဖြေလိုက်တော့ ... အာဏာရှင် ပရိသတ်က “ရန်သူပါ ဘုရား” လို့ လိုက်ပြီးတော့ အော်တယ်။
အဲဒီနောက် အသံရှင်က “မီးကြွင်း မီးကျန်လည်း မထားနဲ့၊ ရန်ကြွင်း ရန်ကျန်လည်း မထားနဲ့။ မြန်မြန်ဖြတ်၊ ပြတ်တဲ့နည်းနဲ့ ဖြတ်၊ လွှနဲ့ ပြတ်ရင် လွှနဲ့ဖြတ်၊ တုတ်နဲ့ပြတ်ရင် တုတ်နဲ့ဖြတ်၊ ဓားနဲ့ပြတ်ရင် ဓားနဲ့ဖြတ်၊ ပုဆိန်နဲ့ပြတ်ရင် ပုဆိန်နဲ့ဖြတ်၊ လက်သီးနဲ့ပြတ်ရင် လက်သီးနဲ့ဖြတ်။ ဝန်ကြီး ... မြန်မြန်ဖြတ်ဆိုတာ နားလည်သွားပြီလား” လို့ ဆက်မေးတယ်။ ဝန်ကြီးဆိုသူနဲ့ အပေါင်းပါတွေက “နားလည်ပါပြီ ဘုရား“ တဲ့။ အတိုင်အဖောက် ညီလိုက်တဲ့ ဖြစ်ခြင်း။ ဝန်ကြီးတွေကိုတောင် သြဝါဒ ပေးခွင့်ရှိတဲ့ သံဃာ့ ခေါင်းဆောင် ဆရာတော် တပါးရဲ့ နှလုံးသားဟာ ဒါလောက် အောက်တန်းကျပြီး မယုတ်မာသင့်ပါဘူး။ “ကိုယ့်မျက်လုံးကို ဖောက်ရင် သူ့မျက်လုံးကို ပြန်ဖောက်၊ ကိုယ့်နံရိုးကို ချိုးရင် သူ့နံရိုးကို ပြန်ချိုး၊ ကိုယ့်သွားကို ချိုးရင် သူ့သွားကို ပြန်ချိုး” လို့ဆိုတဲ့ လက်စားချေ တရားနဲ့ ဘာထူးသေးလဲ။ “လူဖြစ်ချင်ရင် လူ့အရည်အချင်း ရှိရမယ်” လို့ ပြောတဲ့ အသံရှင်ကို လူ့အရည်အချင်းဆိုတာ ဘာလဲ၊ ကိုယ်တိုင်ကော လူ့အရည်အချင်း ရှိရဲ့လားလို့ ပြန်မေးရလိမ့်မယ်။
အသံဖိုင် တခုလုံးရဲ့ လိုရင်းကတော့ အတိုက်အခံတွေကို ရန်သူလို့ သတ်မှတ်ပြီး ကျူပင်ခုတ် ကျူငုတ်မကျန် ချေမှုန်းပစ်ဖို့ အာဏာရှင်တွေကို “ဆရာတော်” ဆိုသူ အသံရှင်ဘုန်းကြီးက “လမ်းညွှန်တာ၊ တိုက်တွန်းတာ၊ အားပေးတာ၊ သတ်ပစ်ဖို့ ခိုင်းတာ” ဖြစ်ပါတယ်။ ဒါကြောင့် အသံရှင် ဘုန်းကြီးဟာ ဘယ်နည်းနဲ့မှ လူ့အရည်အချင်းရှိတဲ့ သူတော်ကောင်း ပုဂ္ဂိုလ် မဖြစ်နိုင်ပါဘူး။
ဝိနည်းအပြစ် ဘာလဲ
(၁) လမ်းပေါ်မှာ မေတ္တာ ပို့နေကြတဲ့ ရဟန်းတော်တွေဟာ လူသားစင်စစ် ဖြစ်ပါတယ်။
(၂) သူတို့တွေ အသက်ရှင်နေတယ် ဆိုတာကိုလည်း အသံရှင်ဘုန်းကြီး သိပါတယ်။
(၃) “ဒုတ်နဲ့ ဖြတ်၊ ဓားနဲ့ ဖြတ်၊ ပြတ်တဲ့နည်းနဲ့ ဖြတ်” လို့ အူလှိုက်သဲလှိုက် ပြောလိုက်တဲ့ အသံရှင်ရဲ့ စကားထဲမှာ သေစေလိုတဲ့ စေတနာ မပါဘူးလို့ ငြင်းလို့ မရပါဘူး။
(၄) အဲဒီလို ရန်သူကို အမြစ်ပြတ် ရှင်းပစ်ဖို့ အာဏာရှင်တွေကို ညွှန်ကြားတဲ့အခါ လက်နက် အမျိုးအစား၊ အချိန်ကာလ၊ နေရာဒေသ စတဲ့ သတ်မှတ်ချက်တွေ မပါလို့ အာဏာရှင်ရဲ့ လက်ပါးစေ လူသတ်သမားတွေက ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်လက်နက်၊ ဘယ်နည်းနဲ့မဆို ဘယ်သူ့ကိုပဲ သတ်သတ် စေခိုင်းသူ အသံရှင်ဘုန်းကြီးရဲ့ ပယောဂ မကင်းတာ သေချာပါတယ်။
(၅) ရဟန်းသံဃာတွေ၊ လူတွေ သေနတ်နဲ့ ပစ်ခံရ၊ ဒုတ်နဲ့ ရိုက်ခံရ၊ နည်းမျိုးစုံ နှိပ်စက်ခံရလို့ လမ်းပေါ်မှာ တမျိုး၊ မြစ်ထဲမှာ ပေါလောမျောလို့ တဖုံ၊ လူမသိ သူမသိနဲ့ပါ သေကြေတာကို ကမ္ဘာ အရပ်ရပ်က ရုပ်မြင်သံကြားတွေ၊ အသံလှိုင်းတွေမှာ သန်းချီတဲ့လူတွေ မြင်ရကြားရပြီး ဖြစ်ပါတယ်။ ဘာမှ အပြစ်မရှိတဲ့ ဂျပန် သတင်းထောက်ကို အာဏာရှင် လက်ပါးစေတွေက သေနတ်နဲ့ ပစ်သတ်လိုက်ပုံ အသေးစိတ်ကို ကမ္ဘာ့ ရုပ်မြင်သံကြားတွေမှာ ပြသတာကို တွေ့မြင်ရလို့လည်း တကမ္ဘာလုံးက လူတွေ မျက်ရည်ကျမတတ် ခံစားခဲ့ကြရပါတယ်။
ဒါကြောင့် ရဟန်းသံဃာနဲ့ လူတွေကို အပြတ် ရှင်းပစ်ဖို့၊ သတ်ပစ်ဖို့ အာဏာရှင်တွေကို လမ်းညွှန် သြဝါဒပေးတဲ့ အသံရှင် ဘုန်းကြီး အနေနဲ့ ဝိနည်းကို သင်ဖူးတယ်ဆိုရင် ဖော်ပြထားတဲ့ “လူသတ်အင်္ဂါ ငါးရပ်” နဲ့ ပြည့်စုံနေလို့ မိမိဟာ ရဟန်းကောင်း၊ ရဟန်းစစ် မဟုတ်တော့ဘူး ဆိုတာကို ကိုယ့်ဟာကိုယ် သိနေလောက်ပါပြီ။ အသံဖိုင်ထဲက တချို့ စကားလုံးတွေဟာ သူတော်ကောင်း ရဟန်းတွေ ပြောဆိုကောင်းတဲ့ စကားမျိုး မဟုတ်ပါဘူး။ အာဏာရှင်ကို ဒံပေါက်ထုပ်ကလေး ပေးလိုက်နိုင်တာကို “ဖား” စိတ်နဲ့ အသားယူ ပြောတာမျိုး၊ “ဝန်ကြီး” “ဗိုလ်ချုပ်ကြီး” စတဲ့ မြှောက်ကော် ဝေါဟာရတွေနဲ့ ခေါ်ဝေါ် သုံးနှုန်းတာမျိုးတွေကြောင့် အလှူပစ္စည်း ရအောင်ကြံတတ်တဲ့ “ကုဟက” “လပက” လို့ ခေါ်တဲ့ ကောက်ကျစ် စဉ်းလဲတဲ့ “သီလကြောင် ပုဂ္ဂိုလ်” ပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ပြောတဲ့ ဘုန်းကြီးအတုဆိုတာ တခြား သွားမရှာပါနဲ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးပါ။ အာဏာရှင်တွေဟာ မိမိကို ပေါင်းစားတဲ့ “ကြောင်သူတော်တွေ” ကို ဆည်းကပ်လေ့ ရှိပါတယ်။
သူတော်ကောင်း ရဟန်းတပါးအနေနဲ့ ကိုယ့်တဝမ်းတခါး စားရဖို့ လူဒါယကာ တယောက်ကို အဲဒါလောက် မြှောက်ပင့်ခယ ဝပ်တွားစရာ မလိုပါဘူး။ ဘုရားတန်ဆောင်းတွေမှာ ချိတ်ထားတဲ့ ကောသလမင်း အိပ်မက် သရုပ်ဖော် ပန်းချီကားချပ်တွေမှာ တွေ့ရတဲ့ ခွေးလိုလို၊ ဆိတ်လိုလို ကောင်တွေကို ဦးခေါင်းသေးသေး၊ နှာခေါင်းကြီးကြီး၊ နဖူးမောက်မောက်နဲ့ ခွေးခြင်္သေ့တွေ ဝန်းရံ ခစားနေတာကို အမှတ်ရစေပါတယ်။ တကယ့်ကို ဇောက်ထိုး ပြောင်းပြန်ကြီးပါ။
စဉ်းစားကြည့်ပါ
ကိုယ်တယောက် ရနိုင်စရာရှိတဲ့ မဆိုစလောက် အခွင့်အရေးကြောင့် အာဏာရှင်တွေရဲ့ ရက်စက် ယုတ်မာမှုကို အားပေး အားမြှောက်လုပ်ရင် ကိုယ်အပါအဝင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ဘယ်သူမှ အကျိုးမရှိနိုင်ပါဘူး။ စဉ်းစား ကြည့်စေချင်ပါတယ်။
(၁) အသံရှင် ကိုယ်တိုင်မှာ အလိုအလျောက် ရဟန်းအဖြစ်က လူ့အဖြစ်သို့ လျှောကျ သွားခဲ့ရတယ်။ (သင်္ကန်း ဝတ်ထားပေမယ့် ဘုန်းကြီး မဟုတ်တော့ဘူး။ အာဏာရှင်တွေ သုံးနှုန်းတဲ့ သင်္ကန်းဝတ်ဆိုတာ အဲဒီလို ပုဂ္ဂိုလ်မျိုးသာ ဖြစ်သင့်ပါတယ်)။
(၂) နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ မငြိမ်းတဲ့အပြင် ရဟန်းသံဃာ၊ တိုင်းပြည့်လူထုနဲ့ အာဏာရှင် လူတစုအကြား ရန်òငိးတွေ ပိုမို ကြီးထွားသွားခဲ့ရတယ်။
(၃) အပြစ်မဲ့တဲ့ ရဟန်းသံဃာ၊ ကျောင်းသားလူငယ်၊ ပြည်သူ များစွာတို့ မသေသင့်ဘဲ သေဆုံးကြရတယ်။
(၄) အနာဂတ် ဗုဒ္ဓသာသနာရဲ့ အာဇာနည်လောင်းတွေ ဖြစ်တဲ့ စာသင်သား သံဃာငယ်တွေ အတင်းအဓမ္မ လူဝတ် လဲခံရတယ်။
(၅) ဗုဒ္ဓကျမ်းစာကို သင်ကြား ပို့ချပေးတဲ့ စာသင်တိုက်ကြီးတွေ ညအချိန်မှာ စစ်နယ်မြေက ရန်သူ့စခန်းလို ဥပဒေမဲ့ အဓမ္မ ဝင်ရောက် စီးနင်း၊ လုလက်ဖျက်ဆီး၊ သတ်ဖြတ် ခံကြရတယ်။
(၆) “ယိုသူမရှက်၊ မြင်သူရှက်” ဆိုသလို ဗုဒ္ဓအဆုံးအမ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ဒီလို လူမဆန်တဲ့ ရိုင်းစိုင်း ရက်စက်မှုတွေ ဖြစ်ပေါ်နေတာကို ကမ္ဘာက သိမြင်သွားလို့ တမျိုးသားလုံး အရှက်တကွဲ ဖြစ်ရတယ်။
(၇) အာဏာရှင်တွေ သက်ဆိုးရှည်သလောက် တိုင်းပြည် လူထုရဲ့ဘဝ ဆင်းရဲတွင်း နက်စေတယ်။
လူဖြစ်ချင်ရင် လူ့အရည်အချင်း ရှိရမယ်လို့ အာဏာရှင် ပရိသတ်ကို လိုက်ဆိုခိုင်းခဲ့တဲ့ ဆရာတော်ဆိုသူ အာဏာရှင်ရဲ့ အလိုတော်ရိ “ဖော်လံဖား” ကိုယ်တိုင်မှာ လူ့အရည်အချင်း လူ့ဂုဏ်သိက္ခာ ကင်းမဲ့လို့ ဖော်ပြပါ အကျိုးဆက်တွေ ဖြစ်ခဲ့ရတာပါ။
မသူတော်ကို ရှောင်ပါ
အသံရှင် ဘုန်းကြီးအနေနဲ့ အာဏာရှင်ကို ထောက်ခံတယ် ဆိုရင်လည်း သူ့ရဲ့ ရွေးချယ်မှုပဲ ဖြစ်လို့ မဝေဖန်လိုပါဘူး။ လွတ်လပ်ခွင့် ရှိသင့်ပါတယ်။ ဒါပေမဲ့ အသံရှင် “ဆရာတော်” ဆိုသူရဲ့ နည်းလမ်းမကျ မှားယွင်းတဲ့ လမ်းပြစကား၊ လူတွေကို သတ်ဖြစ်အောင် အားပေးတဲ့ စကားတွေကြောင့် လက်နက်ဆိုလို့ မေတ္တာ ပို့သံမျှသာ ပါရှိတဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာပို့ပြီး မိမိဆန္ဒကို ဖော်ပြနေကြတဲ့ အပြစ်မရှိတဲ့ စာသင်သား ရဟန်း သံဃာတော်တွေ၊ ကျောင်းသား လူငယ်တွေ၊ ပြည်သူပြည်သားတွေ မမြင်ရက်၊ မရှုရက်လောက်အောင် သွေးမြေကျရတာကတော့ သမိုင်းတွင်ရစ်တဲ့ တကယ့် အဖြစ်ဆိုးကြီးပါ။
ဒါကြောင့် ၁၂ဝဝ ကျော်ရှိတဲ့ အဲဒီ ကျောင်းတိုက်က တပည့် သံဃာတော်တွေကိုရော ထောက်ပံ့နေတဲ့ ဒကာ ဒကာမတွေကိုပါ “အသေဝနာ စ ဗာလာနံ” ဆိုတဲ့ မင်္ဂလာ တရားတော်အတိုင်း သူတော်ကောင်း မဟုတ်တဲ့ အဲဒီလို သူတော်ယောင် ပုဂ္ဂိုလ်မျိုးကို ရှောင်ကြဉ်ဖို့ အကြံပေး တိုက်တွန်းလိုပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီလိုပုဂ္ဂိုလ်ကို ဆက်လက်ပြီး ထောက်ပံ့ အားပေးနေအုံးမယ်၊ ဆရာအဖြစ် ကိုးကွယ်နေအုံးမယ် ဆိုရင် လူမိုက်နောက်လိုက်၊ အဓမ္မရဲ့ ဘက်တော်သားတွေပဲ ဖြစ်နေမှာမို့ပါ။
အာဏာရှင်တွေရဲ့ သံဃာကို သင်းခွဲတဲ့ လုပ်ကြံဖန်တီးမှု မဟုတ်ရင် ဒီအသံဖိုင်ကို စစ်ရုံးကနေ အပြင်ရောက်အောင် ထုတ်ပေးတဲ့ ပုဂ္ဂိုလ်ဟာ အဓမ္မကို အဓမ္မမှန်း သိတဲ့ လူကောင်း သူကောင်း တယောက် ဖြစ်ပါလိမ့်မယ်။
သြဝါဒဆိုတာ
အသံဖိုင်ထဲမှာ “သြပါဒ ခံယူပွဲ” တဲ့။ စကားလုံး ဝေါဟာရကတော့ ခမ်းနားလှပါရဲ့။ ဒါပေမဲ့ စကားလုံး လှပသလောက် အလုပ်က အရုပ်ဆိုးနေပါတယ်။ ဟုတ်ပါတယ်၊ သြဝါဒဆိုတာ မကောင်းတာကို မလုပ်ဖို့ တားမြစ်ပြီး ကောင်းတာကို လုပ်ဖို့ ညွှန်ကြားတာ၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြားတတ်အောင် သင်ကြားပေးတာပါ။ “သြဝါဒ” ဟာ ဘယ်နည်းနဲ့မျှ “လူသတ်လမ်းညွှန်” မဖြစ်သင့်ပါဘူး။
ပထမ ရွှေကျင် ဆရာတော် ဘုရားကြီးရေးတဲ့ “ဝိစိတြဝန္ဒနာ ဘုရားရှိခိုးကျမ်း” မှာ ဗုဒ္ဓဟာ မိမိကို သေကြောင်းကြံတဲ့ အရှင်ဒေဝဒတ် ကိုတောင် သားတော် ရာဟုလာနဲ့ထပ်တူ မေတ္တာ ထားတော်မူတယ်လို့ ရေးထားပါတယ်။
ဒါကြောင့် အာဏာရှင်တွေကို စကားပြောခွင့်ရတဲ့ အသံဖိုင်ထဲက အသံရှင် ဘုန်းကြီးအနေနဲ့ “ရန်လိုရင် ရန်ပိုတယ်၊ ရန်မလိုမှ ရန်ပြိုတယ်” ဆိုတဲ့ ဒုတိယရွှေကျင် သာသနာပိုင် ဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးရဲ့ သြဝါဒကို ပေးလိုက်နိုင်ရင် အနည်းဆုံး အတိုက်အခံနဲ့ အာဏာရှင်တွေ အကြား ရန်သူလို သဘောမထားဘဲ တင်းမာမှုတွေ လျော့သွားပြီး အာဏာရှင်တွေ အနေနဲ့ အပြစ်မဲ့ ရဟန်းရှင်လူကို မသတ်မိအောင် ဆင်ခြင်ကောင်း ဆင်ခြင်သွားစေ နိုင်ခဲ့မှာပါ။ ဒီလိုဖြစ်ခဲ့ရင် အသံရှင် ပုဂ္ဂိုလ်ဟာလည်း (ရွှေဥမင် ဆရာတော်ရဲ့ စကားအတိုင်း) “လောကတွင် အလွန့်ယောက်ျား” ဖြစ်သွားနိုင်ခဲ့မှာပါ။ ခုတော့ သူ့ခမျာ တသက်လုံး ထိန်းသိမ်းလာတဲ့ သိက္ခာတွေ၊ လုပ်ဆောင်ချက်တွေ တခါတည်း စုန်းစုန်း နစ်ရရှာပြီပေါ့။
(ဗုဒ္ဓသာသနာကို ထိခိုက်လွန်းလို့ပါ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ကို မရည်ရွယ်ပါဘူး။)
Type the rest of your post here.
Posted by storyofmermaid at 11:16 AM 0 comments
Labels: Political
ပြည်ပမှာ ဆန္ဒပြတဲ့သူ ရန်ကုန်လေဆိပ်ကစောင့်ဖမ်း
Posted by storyofmermaid at 10:40 AM 0 comments
Labels: Political
Wednesday, October 17, 2007
Posted by storyofmermaid at 3:05 PM 0 comments
Labels: Baby Photo
ရယ်ရအောင်
မာစတာဘင်း - ခင်ဗျာ လီယိုနာဒို မဟုတ်လား
လီယိုနာဒို - ဟုတ်ပါတယ်ခင်ဗျာ
မာစတာဘင်း - ဒါကြောင့် တအားတူနေတာကို။
သူငယ်ချင်း - ခင်ဗျား တွဲနေတဲ့ကောင်မလေး အကြောင်းပြောပြပါအုံး
မာစတာဘင်း - ကျတော်က အပြောတွဲနေတဲ့အကြောင်း သူကိုပြောပြတော့ ကလဲ့စားချေမယ်လို့ပြောတယ်
သူငယ်ချင်း - ဒါဆိုရင် ဘယ်လိုချေလိုက်သလဲ
မာစတာဘင်း - ကျနော်နဲ့လက်ထပ်လိုက်တယ်လေ
မာစတာဘင်းနဲ့ သူငယ်ချင်း လမ်းမှာ ဗုံးနှစ်လုံးကောက်ရတော့ ရဲစခန်းကိုသွားပို့ကြတယ်။
သူငယ်ချင်း - လမ်းမှာ ဗုံးတစ်လုံးပေါက်ကွဲရင် ဘယ်လိုလုပ်မလဲ
မာစတာဘင်း - လွယ်ပါတယ် တစ်လုံးတည်း ကောက်ရတယ်လို့ပြောလိုက်မှာပေါ့။
Posted by storyofmermaid at 2:30 PM 0 comments
Labels: Humours
မင်းအတွက်ပါ
ကောင်လေးရေ စကားတွေကို
ဟောင်ဖွာဟောင်ဖွာ မင်းမပြောပါနဲ့
မင်းကို အထင်မသေစေချင်လို့ပါ။
ကောင်လေးရေ စကားပြောရင်
ညောင်နာညောင်နာ ဒီလိုအသံ
နင်မသုံးနဲ့ အသံကြောင့်လေ
အများသူငှာ လေးစာတဲ့သူ
မင်းကိုဖြစ်စေချင်တယ်။
ဘတ်စ်ကားစီးလို့
ထိုင်ခုံရရင် မင်းရဲ့လက်ကို
လက်တန်းပေါ်ကို တင်မထားနဲ့
မိန်းကလေတွေ နှာခေါင်းရှုံတဲ့
ယောက်ျာလေးမျိုး မဖြစ်စေချင်။
တို့နှစ်ယောက်လေ လက်ခြင်းချိတ်လို့
လမ်းလျှောက်နေစဉ် တခြားမိန်းကလေး
မင်းငဲ့မကြည့်နဲ့
သ၀န်တိုလို့ မဟုတ်ပါဘူး
ပီတိတိနဲ့ ဒီလိုယောက်ျာ
မင်းကိုမဖြစ်စေချင်လို့ပါ။
အရာရာကို အလွယ်တကူ
အပြစ်မတင်နဲ့ အဆင်မပြေချိန်
လေကကြီးကို ရိုးမယ်ဖွဲ့ပြီး
အရည်အသွေ မရှိတတ်တဲ့
ယောက်ျားလေးမျိုး မင်းကိုမဖြစ်စေချင်။
မျက်ရည်တွေကို လွယ်လွယ်လေးနဲ့
မင်မကျနဲ့ ကြံမာငြိုင်ညင်
တို့နှစ်ယောက် ခွဲခွာကြရင်
မျက်ရည်တွေနဲ့ မင်းကိုမဖြစ်စေချင်ဘူး။
ကောင်လေးရေ . . .
အားလုံးတွေဟာ မင်းအတွက်မို့
စိတ်ထားဖြူစင် ရဲ့ရင်သောစိတ်
ဘ၀ကိုလေ မင်းကျော်ဖြတ်ပါ။
စမိုင်းမေ
16.10.2007
Posted by storyofmermaid at 10:36 AM 0 comments
Labels: Poem
Tuesday, October 16, 2007
ဖင်တုံးကြီး
copy from planet
တစ်ခါက ရွာတစ်ရွာမှာ ကျောင်းတစ်ကျောင်းရှိတယ်ပေါ့။ ဒီကျောင်းမှာ အတန်းတစ်တန်းက ကျောင်းသားတွေက အရမ်းဆိုးတယ်လို့ သတင်းကြီးတယ်။ တစ်နေ့တော့ ဆရာမလေး အသစ်တစ်ယောက် ရောက်လာပြီး ဒီအခန်းကို အတန်းပိုင်အဖြစ်တာဝန်ကျတော့။
တစ်နေ့မှာ ဆရာမလေးက ကျောက်သင်ပုန်းပေါ်မှာ ပန်းသီးပုံဆွဲပြပြီး ဘာပုံလဲလို့ ကျောင်းသားတွေကို မေးတာပေါ့။ အဲ့ဒီတော့ ကျောင်းသားတွေက ပန်းသီးပုံကို နောက်ပြီးတော့ ဖင်တုံးကြီး လို့ ဖြေလိုက်ကော။
ဒီကြောင့် ဆရာမလေးက ငိုပြီး ကျောင်းအုပ်ကြီးကို သွားတိုင်တာပေါ့။ ကျောင်းသားတွေ အရမ်းရိုင်းတာပဲ။ ဘာညာပေါ့။ အဲ့ဒီတော့ ကျောင်းအုပ်ကြီးက လိုက်လာပြီး ဆူတာပေါ့။ ဘာဖြစ်လို့ ဒီလို ဖင်တုံးကြီး ကြီးလို့ အော်လဲဆိုတာ။ ဒီတော့ ကျောင်းသားတွေက ကျောက်သင်ပုန်းပေါ် ကို လက်ညှိးထိုးပြလိုက်တယ်။ အဲ့ဒီ အချိန်မှာ ကျောင်းအုပ်ကြီးက ရုတ်တရက်
ဘယ် မိမဆုံးမ ဖမဆုံးမသား လက်ကမြင်းပြီး ဒီဖင်တုံးကြီး ကို ကျောက်သင်ပုန်းပေါ်လာဆွဲထားရတာလည်း ဟုအော်ပါလေရော။
(အကြည်တော် ရဲ့ စာအုပ်ထဲမှ)
Posted by storyofmermaid at 2:45 PM 0 comments
Labels: Humours
ကဗျာတစ်ပုဒ်အကြောင်း
ပန်းမပန်တတ်တဲ့ ငါ့ကိုလေ
မင်းက ပန်းတွေပေးတော့
အချီးနှီး ဖြစ်ခဲ့တယ်။
ငါ့ကို ချစ်ပါတယ်ဆိုပြီး
ရေမတွက်နိုင် နင်လေပြောလို့
ငါလေ စိတ်တွေညစ်ခဲ့ဖူတယ်။
သူက ကျွန်တော့ရည်းစားပါဆိုပြီး
ကောင်မလေးတစ်ယောက်ကို
မိတ်ဆက်ပေးတော့
ငါ စိတ်ရင်းနဲ့ ၀မ်းသာခဲ့တယ်။
ကောင်မလေးကွယ်ရမှာ
မင်း စိတ်မဆိုးဘူးလားမေးတော့
ငါလေ ဟသ တစ်ပုဒ်
ဖတ်လိုက်ရသလို
ဟက်ဟက် ပက်ပက်ရယ်မိတယ်။
မင်းအပေါ်မှာ
ဘာခံစားချက်မှမရှိတော့
စိတ်ဆိုးဖို့တောင်
ငါလေသတိမရဘူး။
ငါ့အတွက်တော့ အရင်းမစိုက်ပဲ
ရလိုက်တဲ့ အမြတ်လို့
ကဗျာတစ်ပုဒ်တော့ရလိုက်တယ်။
စမိုင်းမေ
16.10.2007
Posted by storyofmermaid at 2:18 PM 0 comments
Labels: Poem
Monday, October 15, 2007
မွဲချင်တဲ့ကောင်
ပလန်းနက်က zarmani2007 တင်ထားတဲ့ကဗျာလေးကို ကော်ပီကူးထာားတာပါ
Magazine တစ်အုပ်ကို.....
၅ိကျပ်(ငါးကျပ်)နဲ့ ငှားဖတ်ခဲ့မိလို့......
နားရင်းအုပ်ခဲ့တာ......အဖေ.......
ဒါတောင်.....ခပ်ဝေးဝေးရောက်မှ....
ဂျစ်ကန်ကန်နဲ့.....ကျွန်တော်ပြန်ပြောခဲ့မိတယ်....
ကဗျာဆရာဖြစ်ချင်လို့ပါဗျာလို့........
အမေက......မွဲချင်တဲ့အကောင်တဲ့။ ။
(ဇေဦး)
Type the rest of your post here.
Posted by storyofmermaid at 3:29 PM 0 comments
Labels: Other Poem
ဟင်းတစ်ခွက်
ဒေါက်ခနဲ့မြည် ပေါက်ခနဲကျ
အားခနဲ့အော်
ဟဲ့ . . . အမြန်ချလိုက်တော့လေ
အရွက်တွေ မဲကုန်တော့မယ်
မမြင်ဘူးလား
ဘယ်မြင်ရမလဲ မျက်လုံးထဲမှာ
မျက်ရည်တွေနဲ့ပြည့်နေတာကို
စိတ်ထဲက တိတ်တိတ်လေး
အမေကို ပြန်ပြောမိတယ်။
သမီးကြော်တဲ့ ကန်စွန်းရွက်
စိမ်းစိမ်းလေ စားကောင်းမဲ့ပုံပဲ
အဖေ့ချီးမွမ်းစကား
ရင်ထဲမှာ ၀မ်းသာလို့မဆုံးခင်
အမေ့စကားသံ ဖြက်ဆီးလိုက်တယ်
တော့်သမီး ညံ့ကိုညံ့တယ်
ဟင်းရွက်ကြော်တစ်ခွက်
ဘယ်နှစ်ချက်ရိုက်ခံရမှန်းမသိဘူး။
စမိုင်းမေ
11.10.2007
Posted by storyofmermaid at 3:16 PM 0 comments
Labels: Poem
ဂွကျလှသော ကျွန်တော့်ချစ်သူအကြောင်း
ဒူးအလယ်စကပ်ကို သူလေအမြဲဝတ်
ဖရိုဖရဲ ဆံပင်တွေကို ခပ်မြှောက်မြှောက်စုပြီးချည်
ကပိုကရိုလေးလှနေတာကျွန်တော့ချစ်သူပါ။
တခါတလေ
မြန်မာဆန်ဆန် ၀တ်ပြပါလားပြောတော့
နင့်ကိုလူငယ်မှတ်နေတာ
ဘိုးတော်ဖြစ်နေတာကို
စက်ရုပ်တွေလိုလှုပ်ရှားနေရတဲ့ခေတ်မှာ
လုံချည်တကားကားနဲ့ ငါ့ကိုဒုက္ခပေးမလို့လား
မင်္ဂဆောင်တဲ့နေမှ ၀တ်ပြမယ်တဲ့
အဲ့ဒါ သူညစ်နေတာ
မင်္ဂလာဆောင်မှာ ဂါဝန်ဖြူဖြူလေးဝတ်စေချင်တာ
သူအသိဆုံးပါ။
တခါတလေ လူငယ်စတိုင်း
စီးကရက်ကို ဟန်ပါပါ
ကျွန်တော်လေဖွာတော့
မသောက်ပါနဲ့သူ မတားပါဘူး
စီးကရက်တစ်ကာတွန်ကို
တနေ့တည်းနဲ့
ကျွန်တော်ပြီးအောင်သောက်ဆိုပြီး
လက်ဆောင်အဖြစ်သူလေပေးတယ်
နောက်တစ်ခါ မသောက်ရဲတော့ပါဘူး။
လသာသာညတွေမှာ
ဂီတာလေးတီးကာ
သီးချင်းဆိုပြတော့
အသံသေးအသံကြောင်နဲ့
လူကြားမကောင်းအော်မနေနဲ့တဲ့
အဲ့ဒီလို ကျွန်တော်ကိုအားပေးခဲ့တယ်။
မိုးရွာတဲ့အခါ ထီးတစ်ချောင်းနဲ့
နှစ်ယောက်အတူလျှောက်
အေးလာရင်
ကော်ဖီသောက်ရအောင်ခေါ်တော့
ကိုးရီးယားကားတွေကြည့်ပြီး
စိတ်ကူးယဉ်မနေနဲ့တဲ့
သူက စောင်ခြုံထဲမှာ
ကွေးပြီးနေရတာကြိုက်တဲ့သူကို။
ကျွန်တော့အချစ်ထက်
သူအချစ်ကပိုကြောင်း
ကိုယ်အတွင်းက ကျောက်ကပ်
သက်သေပြနေပါသည်။
သူမ ကတိလည်းတည်ပါသည်
ဒီနေ့ ချိန်းထားတဲ့နေ့
တံခါးခေါက်သံကြားလို့
ဖွင့်ကြည့်တဲ့အခါ
ဘယ်သူမှ ရှိမနေပါ
ဒီနေ့ သူမ ရက်လည်တဲ့နေ့ပေါ့ . . .။
စမိုင်းမေ
10.10.2007
Posted by storyofmermaid at 3:12 PM 0 comments
Labels: Poem
မိုင်နာ
မတက်ချင်ပါဘူး
ဒီအချစ်ကျောင်းကို
နင်လေ ငါ့ကိုပို့ခဲ့တယ်
မေဂျာကို အချစ်လို့
ငါယူခဲ့ပေမဲ့
မိုင်နာဖြစ်တဲ့
အလွမ်း ဘာသာကို
ဂုဏ်ထူးနဲ့ငါအောင်ခဲ့တယ်
လွမ်းရတယ်ချစ်သူရေ . . . ။
စမိုင်းမေ
12.10.2007
Posted by storyofmermaid at 3:09 PM 0 comments
Labels: Poem
ရှိုက်သံတစ်ချက်
လူသားတွေ
အချစ်ကို ကိုယ်ပိုင်အဓ္ဓိပါယ်
အမျိုးမျိုးတွေ ဖွင့်ဆိုကာ
မူပိုင်သတ်မှတ်ကြတယ်။
အချစ်ကို အဓ္ဓိပါယ်ဖွင့်ဆိုခွင့်
ငါမရလိုက်ဘူး
အချစ်ဆိုတာ စွန့်လွတ်ချင်းတဲ့
မင်းရဲ့ အသိုင်းအ၀ိုင်းက
သတ်မှတ်ပေးလိုက်ကြတယ်။
မင်းရဲ့ စိတ်ကူးယဉ်
ပုံရိပ်လှလှတွေ
ငါဖျက်ဆီးရဲပေမဲ့
လှပနေတဲ့ မင်းရဲ့အနာဂတ်ကို
ရိုက်ချိုးပစ်ဖို့ ငါ မ၀န့်ရဲပါဘူး။
ခွဲမသွားဖို့
မင် အတန်တန်တားနေတဲ့ကြားက
ဦးဏှောက်စေခိုင်းရာ
မင်မရှိတဲ့နေရာကို
နှလုံးသားက ဦးတည်နေမိတယ်။
ဆီးနှင်းတွေ တဖွဲဖွဲကျ
မပီပြင်တဲ့ မနက်ခင်းမှာ
မ၀ံ့မရဲနဲ့ မင်းအလာကို မျှောင်လင့်မိတယ်။
သင်္ဘော ဥသြဆွဲသံ
ငါ့. . . ရင်အစုံကို လှိုင်းထန်းစေတယ်
မင်းမရှိတဲ့ သဘောင်္ကုန်းပတ်ကို
ငါလေ လက်ပြရင်းနဲ့
ရင်ထဲမှာ ရှိုက်သံတွေထွက်နေမိတယ်
မင်းသိလေမလား . . .။
စမိုင်းမေ
15.10.2007
Posted by storyofmermaid at 3:03 PM 0 comments
Labels: Poem
ရောက်တတ်ရာရာ
ဘ၀မှာ မမေ့နိုင်တဲ့ စကားတစ်ခွန်းကြားဖူးတယ် ကြားလိုက်လိုက်ချင်းပဲ စိတ်လည်းတိုတယ် ဘာပြောရမှန်း မသိအောင် သူ့ကို စိတ်ပျက်မိတယ်။
ကျောင်းသားတွေ ကျောင်းသားအလံကိုင်ပြီး လမ်းလျှောက်ဆန္ဒပြသာကို ကားနဲ့တိုက်သတ်ကိုသူကကြားတော့ ကျောင်းသားပဲ ကျောင်းသားလိုနေတာမဟုတ်ဘူး အလံကိုင်စရာလားတဲ့။ ဒီိလိုလူမျိုးတွေကို စိတ်ပျက်မိပါတယ်။ စွမ်းအားရှင်လို့ အမည်တွင်နေတဲ့ လူမိုက်အဖွဲ့နဲ့ အတူတူပဲဖြစ်မှာပါ။ လက်နက်ကိုင်းပြီး ဓါပြတိုက်နေတဲ့သူနဲ့ တောင်းစားနေတဲ့သူတွေ ကျောင်းသားတွေကို ရိုက်သတ်နေတာတော့ အပြစ်မပြောပဲ ကျောင်းသားကိုမှ လာအပြစ်ပြောတယ်။
Posted by storyofmermaid at 12:23 PM 0 comments
Labels: General
Friday, October 12, 2007
စက်တင်ဘာ ၂၀၀၇ ပုံရိပ်များ(၂)
သံဃာတွေအလယ်
လူအထင်ကြီးအောင်
လက်အုပ်ကိုချီ
မုသားစကားလုံးတွေ
သူ သွင်သွင်သုံးပြီး
ဘုန်းကြီးတွေကိုလှည့်ဖျား
ဖန်သားပြင်မှ
ပြည်သူနဲ့ တပ်မတော်သားတွေကို
လိမ်ညာနေသည်။
ဖန်သားပြင်နောက်ကွယ်
ကျောင်းသားဆိုရင် အရှင်မထား
သံဃာဆိုရင် အသေရိုက်သတ်
ကောက်ကျစ်ယုတ်မာ
ရက်စက်ကြမ်းကြုတ်
ဇာတိရုပ်သွင်
ဘူးပေါ်သလို ပေါ်ထင်ခဲ့လေပြီ . . .။
12.10.2007
Posted by storyofmermaid at 2:27 PM 0 comments
Labels: Poem
Thursday, October 11, 2007
စက်တင်ဘာ ၂၀၀၇ ပုံရိပ်များ(၁)
ဟိုအရင်းက . . .
နှင်းမှုန်တွေ ပိတ်ပိတ်ဖုန်းလို့
မပီပြင်ဝိုးတ၀ါး အလင်းရောင်
အေးချမ်းလှတဲ့ ဆောင်းတွင်
မနက်တွေမှာ
ခပ်ဝေးဝေးတနေရာက
အော်သံတွေငါကြားနေရတယ်
“ဘာလုပ်နေလဲ လေ့ကျင့်နေတယ်
ဘယ်သူအတွက် ပြည်သူအတွက်
ဘာလုပ်ဖို့လဲ တိုက်ပွဲဝင်ဖို့”
ဒီအသံတွေနဲ့လေးစားခဲ့မိပါတယ်။
အခုချိန် . . .
ကြားလို့မယုံနိုင်စရာ
ဥပုတ်နေ့ ဘုရားရှေ့မှာ
သံဃာနဲ့ ပြည်သူ
ကျောင်းသား ကျောင်းသူနဲ့
လူမမယ် ကလေးငယ်မကျန်
ဖမ်းဆီး ရိုက်သတ်နေကြတယ်တဲ့
တဲ့တဲ့လေးကျန်တဲ့ လေးစားတဲ့စိတ်
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
စမိုင်းမေ
11.10.2007
Posted by storyofmermaid at 3:21 PM 0 comments
Labels: Poem
Wednesday, October 10, 2007
ပြောင်းလည်းသွားသော အချစ်အိမ်
ငါ့ . . . နှလုံးသားတစ်နေရာမှာ
အချစ်အိမ်လေ တည်ဆောက်ပြီးတော့
မင်းအချစ်တွေ ငါ . . . ကိုးကွယ်ခဲ့တယ်။
ငါ့ . . . အချစ်အိမ်လေးကို
မင်း . . . အကြိမ်ကြိမ် လျစ်လျူရှု့ခဲ့တယ်
ငါ့မျှော်လင့်ချက်တွေကိုလည်း ဖျက်ဆီးခဲ့တယ်။
ချစ်ပါတယ်ဆိုတဲ့ စကားတွေ
ကြားယောင်မိတိုင်း
နှလုံးသားမှာ နာကျင်မိတယ်။
ငါ့ အသည်းနှလုံးသားမှာ
မင်းရဲ့ ပုံရိပ်တွေကို
ကြိုးစားပြီး ဖယ်ရှားခဲ့တယ်
ဆေးမင်ကြောင်နဲ့ ထိုးထားသလို
ဖျောက်ဖျက် မရနိုင်ခဲ့ဘူး
တွေးမိတိုင်း နာကျင် မုန်းတီးနေတယ်။
ငါ့ . . . အချစ်အိမ်လေး
တဖြည်းဖြည်းနဲ့
မင်းအတွက် အမုန်းအိမ်လေ ဖြစ်သွားပြီ။
စမိုင်းမေ
1.10.2007
Type the rest of your post here.
Posted by storyofmermaid at 4:23 PM 0 comments
Labels: Poem
အချောင်ခိုသူ
မင်းအတွက် ဘွဲ့တစ်ခု
ရအောင် မင်းမိဘကလုပ်ပေးခဲ့ပြီ။
ဘယ်အချိန်ထိ မိဘအရိပ်အောက်မှနေပြီး
ဝင်ကစွပ်ကောင်လို သူများအခွံထဲ
ဝင်ပြီး အချောင်ခိုးနေအုံးမလဲ။
တိုတွေ့ငယ်စဉ်က
အလုပ်လုပ်နေသူ အလုပ်ရှာဖွေနေသူ
အားလုံး အလုပ်သမားအင်အားစုလို့
သင်ယူခဲ့တယ်
မင်းရော အလုပ်သမားအင်အားစုမှာပါရဲ့လား။
လမ်းဘေးမှာ ကလေးငယ်လေ
တစ်ပုံ ၁၀၀ ကျပ်နဲ့ ပန်းချီးဆွဲပြီး
ဘ၀ကိုရင်ဆိုင်နေတယ်။
မီးပွိုင်းနားမှာ ကလေးငယ်တွေ
ဖြတ်သမျှကားတွေကို ပန်းရောင်းပြီး
ပိုက်ဆံရှာ ကျောင်းတက်နေတယ်
မင်းကဘာလုပ်မလဲ။
မီးပွိုင့်မိနေတဲ့ကားတွေကို
ပိုက်ဆံတောင်းနေတဲ့ကလေးငယ်က
မင်းနဲ့မခြားဘူး
မိဘပိုက်ဆံ လက်ဖြန့်တောင်းပြီး
အပေါင်းအသင်းတွေနဲ့ သောက်စားပျော်ပါး
အချောင်ခိုနေတာကို။
စမိုင်းမေ
10.10.2007
Posted by storyofmermaid at 4:21 PM 0 comments
Labels: Poem
အမေ့သားလေ ခြေသံ
အိပ်းခန်း တံခါးကို
အသားလေး လှပ်ကြည့်
သားလေ ပြန်မလာသေးပါ။
ခြံဝန်းတံခါးကို သော့တခြမ်းသာခတ်
ဧည့်ခန်းတံခါးကို မင်းတုံးတာချထား
အိမ်ပြန်နောက်ကျတဲ့ ချစ်သားလေးအတွက်ပေါ့။
ညသန်းခေါင်ယံတိုင်တော့မယ်
သားလေ အလည်ကောင်းနေတုန်း
အိပ်ယာပေါ် လှဲးနေရလည်းအိပ်မပျော်နိုင်ပါ
သားလေးအိမ်ပြန်လာတဲ့အသံ နားစွန့်နေတုန်း။
ဟော . . . အသံကြားရပြီ
ခြံတံခါးကိုတွန်း တံခါးမကို အသားလေးဖွင့်လို့
ခြေဖျားထောက်ကာ သူလေလမ်းလျှောက်
သူခိုးများလား မဟုတ်ပါဘူး
အမေ့သားလေခြသံပါ။
ညအခါ တံခါးဖွင့်သံ
သူခိုးခြေသံနဲ့ တူတဲ့သား
ဘယ်အချိန်မှာမှ ပြန်လာမလဲ
အမေ လွမ်းလှပါတယ် ဒီအသံတွေကို။
စမိုင်းမေ
10.10.07
Posted by storyofmermaid at 4:19 PM 0 comments
Labels: Poem
မြေစာပင်
ကျားနဲ့ ဆင်
လယ်ပြင်မှာ အားခြင်းယှဉ်ပြိုင်တော့
အင်အားခြင်းမျှလို့
ရှုံးပွဲမရှိ သရေပွဲကိုယ်စီဆိုပေမဲ့
မြေစာပင်းလေတွေဘဝ
ပေးဆပ်လိုက်ရတယ်။
ချစ်သူနှစ်ယောက်
မာနခြင်းပြိုင်တဲ့ ယှဉ်ပြိုင်ပွဲမှာ
ငါဟာလည်း
ငါ့နှလုံးသားကို ပေးဆပ်လိုက်ရတယ်။
စမိုင်းမေ
9.10.2007
Posted by storyofmermaid at 4:17 PM 0 comments
Labels: Poem
မိဘမဲ့ကလေးရဲ့ ကြိမ်းဝါးသံ
ရောင်နီကလည်းဖြာ
မိုးတွေကလည်းရွာနေပါသည် . . .
တံစက်မြိတ်အောက်မှာ
လွယ်အိတ်ကိုစလွယ်သိုင်း
ငါ . .လေငုတ်တုတ်ထိုင်ကာ
လက်ကလေးကိုမိုးရေထဲတွင်ဖြန့်
ကောင်းကင်ကို
မိုးတိတ်နိုးနဲ့မျှော်ကြည့်နေရ . . .
ကျောင်းချိန်နောက်ကျ
ဆရာမ တုတ်လေးကိုမြင်ယောင်ရင်း
မျက်ရည်တ၀ဲလည်လည်
အမိမရှိတဲ့ကလေးဘဝ
ကျောင်းခန်းတွင်လည်း
မျက်နှာပန်းမလှပါ . . .
လွယ်အိတ်ကိုရင်ခွင်တွင်ပိုက်
ကျောင်းသွားရနိုး
မိုးအတိတ်ကို စောင့်ရနိုးနိုးနဲ့
ထီးမရှိ မိဘမရှိတဲ့
ငါ့ဘ၀နော် . . .
လွယ်အိတ်ကြိုးကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်
အံကိုကြိတ်လျှက် မျက်ရည်ဝဲလျှက်
ငါကြီးလာခဲ့ရင်
ပညာတတ်ကြီးဖြစ်ခဲ့ရင်
တိုက်အိမ်ကြီးကိုဆောက်ပြီး
အကောင်းဆုံးကာကိုစီးလိုက်မယ်ပေါ့
စိတ်တွင်ကြိမ်းဝါ . . .
မိုးမင်းကြီးရေ အခုတော့
ထီးမရှိတဲ့ မိဘမဲ့ကလေးကို
သနားသေားအားဖြင့်
မိုးတိတ်လှည့်ပါ . . . ။
စမိုင်းမေ
8.10.2007
ဒီကဗျာလေးကို ကချင်သီချင်းကို ကိုးကားပြီး ရေးဖွဲ့ထားပါသည်။
Posted by storyofmermaid at 4:16 PM 0 comments
Labels: Poem
သူတိုတွေကြောင့်
တာဝန်မဲ့သူ၊ မိခင်စိတ်ပျောက်သူ
ကိုယ်ချင်းမစာတတ်သူ
ထိုသူ တစ်စုကြောင့်
ကလေးတို့သည်
ခွက်ကိုဆွဲကိုင်ကာ
လမ်းဘေတွင်
တောင်းယမ်းစားသောက်ကြရလေသည်။
စမိုင်းမေ
8.10.2007
ဘုရားကျောင်းမှ အပြန်လမ်းတွင်
ကားကြီးကြီး ဖြတ်မောင်သွားတာတောင် ကြောက်လန့်ခြင်းမရှိဘဲ
လမ်းဘေးတွင် ထိုင်ပြီးတောင်းနေရသောကလေးကိုမြင်ပြီးရေးဖွဲ့ထားတာပါ
Type the rest of your post here.
Posted by storyofmermaid at 4:14 PM 0 comments
Labels: Poem
ဘယ်သူ ပိုရင်နာမလဲ
ဟိုးရှေးရှေးက
တောင်ပေါ်သူတစ်ယောက်
အလယ်ရောက်လာတဲ့ မြေပြန့်သားနဲ့
ချစ်မိသွားကြတယ်။
မြေပြန့်သားလေ
မိဘစုံရာနဲ့ လာတောင်းပါမယ့်
ကတိတွေအထပ်ထပ်ပေး
လိပ်စာတွေပေးပြီး
မြေပြန့်ကိုပြန်သွားလေတယ်။
တစ်လကြာလည်းပေါ်မလာ
နှစ်လကြာလည်းပေါ်မလာ
တောင်ပေါ်သူလေး မြေပြန့်သားကိုလွမ်းနေရှာတယ်။
မြေပြန့်သားပေါ်မလာတဲ့အဆုံး
တောင်ပေါ်သူလေး လိပ်စာလေးကိုင်ပြီး
ကောင်းလေရှိရာ မြေပြန့်ကို
အရဲစွန့်ပြီး သူငယ်ချင်းနဲ့လိုက်သွားခဲ့တယ်။
လိပ်စာအတိုင်း
မြေပြန့်သားလေ အိမ်ကိုရောက်တော့
သူ့ အမေကပြောသတဲ့
ကောင်လေး အိမ်ထောင်ကျသွားပြီတဲ့။
ကွဲကြေနေတဲ့ နှလုံးသားနဲ့
အလွမ်းတွေရင်ခွင်ပိုက်ပြီး
အိမ်ပြန်ခဲ့ရရှာတယ်။
အပြန်လမ်းမှာ သူငယ်ချင်းကို
“တောင်” ကိုမြင်ရင်
တစ်ရွာသားကို ရည်စားထာမိလို့
ခံစားရတာ တောင်ပေါ်သူတွေကိုသိစေချင်တယ်
သူသေးရင် တောင်ပေါ်မှာမြှုပ်ပေးဖို့
တောင်းဆို နေရှာတယ်။
မြေပြန့်သားလေ
အိမ်ကတိတ်တဆိတ်ထွက်လာပြီး
တောင်ပေါ်ကိုလိုက်ခဲ့တယ်
ရှေ့နဲ့နောက် တောင်ပေါ်သူနဲ့လွဲသွားပြန်တယ်။
တောင်ပေါ်သူလေး
သူချစ်တဲ့မြေပြန့်သားလေ
တောင်ပေါ်ရောက်နေတာ သိမသွားရှာဘူး
အလိမ်ခံရတာကို အဟုတ်မှတ်
အသည်းကွဲပြီး လမ်းခုလတ်မှာ
ထာဝရ အိပ်ပျော်သွားရှာတယ်။
မြေပြန့်သားလေး
တောင်ပေါ်မှာ ချစ်သူပြန်အလာကို
ရွာထိပ်ကစောင့်နေတုန်း
အသက်မပါတဲ့ ချစ်သူခန္ဓာရောက်လာခဲ့တယ်
ချစ်သူအမှားစကားတွေကြားပြီး
“တောင်” နဲ့ “တောင်ခြေရင်း” တဆက်တည်းမို့
နောင်ဘ၀မှာ
ချစ်သူခြေရင်မှာ သူခစားပြီး
အချစ်အကြွေးတွေဆပ်ဖို့
သူသေရင် တောင်ခြေရင်မှာမြှုပ်ပေးဖို့ပြောပြီး
ချစ်သူနောက်ကို အမှီလိုက်သွားရှာတယ်။
ကဲ. . . ဇာတ်လမ်းဆုံးသွားပြီ
တောင်ပေါ်သူကို တောင်ပေါ်မှာ မြှုပ်လိုက်ပေမဲ့
“တောင်” ဆိုတာ တောင်ခြေရင်းရှိမှာ
တောင်ဆိုတာရှိတာပဲလေ
သူတို့နှစ်ဦးနောင်ဘ၀မှာ ပေါင်းဆုံးနိုင်ကြမှာပါ။
စမိုင်းမေ
6.10.2007
Posted by storyofmermaid at 4:09 PM 0 comments
Labels: Poem
Tuesday, October 9, 2007
ချစ်သူမရှိလို့ပါ
နေမင်းကြီးရေ
အရမ်းကြီး မပူလိုက်ပါနဲ့
အရိပ်မိုးပေးမဲ့ ချစ်သူမရှိတော့လို့ပါ။
မိုးမင်းကြီးရေ
အငြိုးအတေးတွေနဲ့
မိုးတွေ ဒလဟော မသွန်ဖြိုးလိုက်ပါနဲ့
ထီးမိုးပေးမဲ့ ချစ်သူမရှိတော့လို့ပါ။
ဆောင်းနှင်းတို့ရေ တဖွဲဖွဲ ကျမနေပါနဲ့
နှင်းမှုန်တွေကြားမှာ နှင်းခဲတွေနဲ့ဆော့မဲ့သူ
ချမ်းအေးလွန်းရင် ပြေးဝင်ခိုဖို့ ချစ်သူရင်ခွင်မရှိတော့လိုပါ။
လေညင်းလေးတွေရေ
ငါ့ဆံပင်ကို မကျီစယ်ပါနဲ့
မျက်နှာပေါ်ဝဲကျလာတဲ့ ဆံပင်တွေ
ဖယ်ပေးမဲ့ချစ်သူမရှိတော့လို့ပါ။
လမင်းကြီးရေ
ကောင်းကင်မှာ သာချင်တိုင်းသာမနေပါနဲ့
အနားမှာ သီချင်းဆိုပြမဲ့ချစ်သူမရှိတော့လို့ပါ။
ချစ်သူရေ. . .
မင်းရဲ့ဝိညာဉ် ဘယ်သွားနေလဲ
ငါ ဒီမှာ . . . .
မိုးရွာရင်လည်း မင်းကိုလွမ်းတယ်
နေပူရင်လည်း မင်းကိုလွမ်းတယ်
ချမ်းအေးလွန်ရင်းလည်း မင်းကိုလွမ်းနေတယ်လေ။
မျက်ရည်တွေ . . . မျက်ရည်တွေ
နင်တို့ကရော ဘာလို့ထွက်လာရပြန်တာလဲ
မျက်ရည်သုပ်ပေးမယ့် ချစ်သူမရှိတော့ဘူးလေ
ထွက်မလာပါနဲ့။
စမိုင်းမေ
5.10.2007
Posted by storyofmermaid at 2:53 PM 0 comments
Labels: Poem
ဟူး . . . .
ဟူး . . . ဆိုပြီး
သက်ပြင်တစ်ချက်ကို
ငါလေးလေးပင်ပင် မှုတ်ထုတ်မိတယ်
အိမ်မက်ထဲမှာ
မင်းကိုချစ်တဲ့အကြောင်းကိုတောင်
ငါ . . . ဖော်ပြခွင့်မရှိဘူး။
စမိုင်းမေ
3.10.2007
Posted by storyofmermaid at 2:24 PM 0 comments
Labels: Poem
တံတိုင်းကြားမှ အိမ်မက်
(ပလန်းနက်မှာ ဒီကဗျာလေး ဖော်ပြခြင်းမရပါဘူး)
နေမင်းကြီး ရေသောက်ဆင်လို့
ကျေးငှက်တွေ အိပ်တန်းပြန်နေတဲ့အချိန် . . .
ရောင်စုံပန်းခင်းတွေကြားမှာ
ချစ်သမီးငယ်ကိုပွေ့ချီ ဇနီးကိုလက်တွဲလို့
အေးမြတဲ့ ညနေခင်လေပြေညင်းလေးတွေနဲ့အတူ
ရယ်မောပြီး ပန်းခင်းလမ်းကို
ကျွန်တော်ချစ်သော မိသားစုနဲ့ လမ်းလျှောက်နေတယ်။
လိပ်ပြာငယ်တွေ ပန်းဝတ်ရည်တို့ကိုစုပ်ယူ
ပလူပျံအောင် ဟိုတပွင့် ဒီတပွင့်
ကူးသန်းပြီး ပျံနေကြတယ်
ချစ်သမီးချောလေး လိပ်ပြာနောက်
ပြေးလိုက်စဉ်ခဏ
ဘေးနားမှ ချစ်ဇနီးကို
သမီးငယ်အလစ် အနမ်းပန်းလေးတစ်ပွင့်
ပန်ဆင်ပေးမလို့ ခေါင်းငုံ့လိုက်စဉ် . . .
<<< ဒေါင်း >>> ဆိုတဲ့ နာရီသံ ကြားလိုက်ရတယ်
မျက်လုံးနှစ်လုံးပွင့်လာပြီ တံတိုင်းတွေကြားကနေ
အပြင်ကိုကြည့်လိုက်တဲ့အခါ
ကင်းသမားရဲ့ ခြေသံကို ကြားလိုက်ရတယ်
မှောင်မည်းနေတဲ့ ပတ်ဝတ်းကျင်ကလွဲလို့
ကျွန်တော်ဘာမှ မမြင်ရဘူး
ပါးပြင်ပေါ်မှာ ပူနွေးတဲ့ မြစ်တစ်စင်း
ဖြတ်သန်းစီးဆင်းသွားပြန်တယ်။
စမိုင်းမေ
2.10.2007
Posted by storyofmermaid at 2:03 PM 0 comments
Labels: Poem
0 Comments:
Post a Comment