အို . . . ကလေးငယ် . . .
မင်းအရွယ်ကလေးတွေက မိဘလက်ကိုဆွဲပြီး မူကြိုးကျောင်းကို သွားနေတဲ့အချိန်မှာ
မင်းလေးကတော့ ငှက်ကလေးတွေရဲ့ အစာကို ရောင်းဖို့ ဗန်းလေးကိုရွက်ပြီး ထွက်ခဲ့ရလေတယ်။
မင်းအရွယ်ကလေးတွေ ဗိုက်ဆာလာရင် ထမင်းကျွေးမယ် မိဘတွေရှိနေတယ်။
သူတို့မျက်နှာလေးတွေ မသာမယာဖြစ်နေရင်တောင် နေမကောင်းဘူးလားဆိုပြီး ချိုချိုသာသာနဲ့ မေးမဲ့ မိဘတွေရှိနေတယ်။ ကလေးလေးရယ် မင်းကိုရော အဲ့ဒီလိုကြင်ကြင်နာနာနဲ့ မေးမဲ့သူတွေရော ရှိရက်လား။
ဒီအရွယ်ကလေးမှာ ၀မ်းစာအတွက် မင်းတို့ ခြေထောက်ပေါ်မှာ ရပ်နေရတာ။
မနက်ခင်းမှာ ငှက်ကတွေရဲ့အစာ စပါးတွေထဲ့တားတဲ့ စကေားဝိုင်းကိုး ဘေးနားမှာချထားပြီးတော့ ဓါတ်မီးတိုင်ကို မှီပြီးငေမောပြီးထိုင်နေလိုက်တာ ကလေးတစ်ယောက်ရဲ့ ပုံစံမှ ဟုတ်ပါလေလား။
ဟော့ . . . ဟိုမှာလည်း တစ်ယောက်
စကောဝိုင်းကို ရှေ့မှာချပြီး ဗိုက်ဆာလို့ ငိုပြီး မုန့်တောင်းစားနေတာတောင် ဘေးနားက မိန်းမကြီးက အရေးတောင် မလုပ်ဘူး ကလေးရှေ့မှာ မုန့်ကို တစ်ယောက်ထဲ စားနေလိုက်တာ။ သူပဲ ဗိုက်ရှိတာကျနေတာပဲ။
ကလေးတစ်ယောက်ရဲ့ အပူအပင်းကင်းတဲ့ ပျော်ရွှင်မှုကို ရော အပြည့်အ၀ ခံစားမိရဲ့လား။
ညအိပ်ရာဝင်ရင် ပုံပြောပြမယ့် သူရော ၇ှိရဲ့လား။ လောက ကြီးထဲမှာ အကောင်းအဆိုးကို ခွဲခြားဆုံးဖြတ်နိုင်ဖို့ သွန်သင်းပေးမဲ့သူတွေရောရှိရက်လား။
တခြားကလေးတွေ ကျောင်းက ပြန်လာရင် ဖေဖေ မေမေ အော်ပြီး ပြေးဝင်ဖို့ မိဘရင်ခွင် ကိုယ်ဆီရှိကြတယ်။
မင်းတို့လေးတွေ အပြင်ကပြန်လာရင် ကြိုမယ့်သူတွေရောရှိရက်လား။
မင်းတို့လေးတွေ အပြင်ကပြန်လာရင် ပြေးဝင်ဖို့အတွက် မမရဲ့ ရင်ခွင်တံခါးကို အကျဲကြီးဖွင့်ထားတဲ့သူတစ်ယောက်ဖြစ်ချင်ခဲ့တာ။ ဒါပေမဲ့ မဖြစ်နိုင်သေးဘူး။
Saturday, June 30, 2007
“နားခိုရာရင်ခွင်ပျောက်နေသူများ”
Posted by storyofmermaid at 2:29 PM 1 comments
Labels: General
Friday, June 15, 2007
Father Day
အဖေးများနေ့ကို ဂုတ်ပြုတဲ့အနေ့နဲ့ စမိုင်းမေ အဖေအကြောင်းနဲ့ ဂုတ်ပြုလိုက်ပါတယ်။
စမိုင်းမေတို့ ဖေဖေက သိပ်ချစ်ဖို့ကောင်းတယ် သိလား။
သားသမီးနဲ့ ဇနီးအပေါ် သိပ်ချစ်တတ်ပြီး အမျိုးကိုချစ်တတ်တဲ့လူမျိုးပါ။ ဖေဖေ ရဲ့ ဇာတိက တောင်ပေါ်ဇာတိပါ။ ကချင်ပြည်နယ်ဖြစ်မှတော့ တောင်ပေါ်ဇာတိဖြစ်မှာပေါ့လို့ ပြောကြအုံးမယ်။
တောင်ပေါ်ဆိုတာ ကချင်ပြည်နယ်မှာရှိတဲ့ တောင်ပေါ်ဇာတိကိုပြောတာပါ။ နာမည်တော့မပြောတော့ဘူး ။ အခုတော့ အဲ့ဒီ တောင်ပေါ်ကရွာလည်း မရှိတော့ဘူလေ ။ရွာပျက်သွားပါပြီ။ ဖေဖေတို့ ရှိမှာ ညီအကိုလေးယောက်ရှိတယ်။ သိပ်ချစ်ကြတယ်တဲ့ အချင်းချင်း။ ရန်လည်းဖြစ်ဖူးဘူးတဲ့။ သိပ်ချစ်ကြတဲ့ ညီအကိုတွေပေါ့။ တောင်ပေါ်မှာနေတာဆိုတော့ ဖေဖေတို့ မိသားစုက ချမ်းသာတဲ့ မိသားစုက မဟုတ်ဘူးပေါ့။
နောက်ပြီးတော့လေ ဖေဖေတို့ ညီအကိုတွေက တစ်ယောက်နဲ့တစ်ယောက် သိပ်တူတာပဲသိလား။ တစ်ခါက အဖေတို့ရဲ့ ဒုတိယ အကိုဆုံးတော့ ဖေဖေတို့အိမ်မှာဆုံးတာလေ။ ဖေဖေရဲ့ အကိုကြီးက လာတာတော့ ညီလေးဆုံးတယ်ဆိုတော့ ဖေဖေတို့အိမ်ကို ။ မမကြီးကလေ ဘကြီး ကိုကြည့်ပြီးတော့ သူရဲခြောက်ပါတယ်ဆိုပြီး လန့် သွားတာပဲတဲ့။ အဲ့ဒီလောက်ထိ ရုပ်ချင်းဆင်တာ။ ဒါနဲ့ မပြီးသေးဘူးသိလား။ ဖေဖေဆုံးတော့ ဖေဖေရဲ့ညီလာတာပေါ့ အဖေရဲ့ ဘေးမှာ ထိုင်နေတာကို ညီမလေးက ဘာပြောလဲသိလား အဖေကျနေတာပဲတဲ့။
တော်ပြီ ဒီလောက်ဆိုရင် ဖေဖေတို့ ညီအစ်ကို ရုပ်ချင်းဆင်းတဲ့ကြောင်း။ ဆက်ပြောမယ်နော် စမိုင်းမေတို့ ဖေဖေ အကြောင်းပေါ့။ သာမန်မိသားစုကပေါက်ဖွားလာတဲ့ စမိုင်းမေတို့ ဖေဖေက ငယ်ငယ်က ပညာသိပ်တတ်ချင်တာ။ မြို့ပေါ်ကို ဆွေးမျိုးသားချင်းလဲမ၇ှိပါပဲနဲ့ တစ်ယောက်ထဲတက်လာပြီး ပညာလာသင်တယ်။ အခုခေတ်လို ကားတွေဘာတွေလဲရှိတာ မဟုတ်ဘူးလေ။ မြို့ပေါ်ကိုရောက်အောင် ခြေလျင်လျှောက်၇တာ အဝေးကြီးပဲတဲ့။ တောင်ပေါ်ကိုလာတဲ့ သူစိမ်းကုန်သည်တွေနဲ့ လူကြုံလိုက်သွားပြီး မြို့ပေါ်မှာ ပညာသွားသင်တာ။ ပညာသင်တော့လည်း သူများတွေလို ကောင်းကောင်းသင်ရတာမဟုတ်ဘူး။ စာအုပ်ထည့်ဖို့ လွယ်အိပ်တောင်ရှိတာမဟုတ်ဘူး စာအုပ်လေးပိုက်ပြီး ကျောင်းတက်ရတာ။ ဖိနပ်တောင် သူများတွေလို့ ကောင်းကောင်း စီးပြီးတက်ခဲ့ရတာ မဟုတ်ဘူး။ ခုံဖိနပ်စီးပြီးတက်ခဲ့ရတာ။ ဒီနေရာမှာ မေမေအကြောင်းနည်းနည်း မိတ်ဆက်ပေးမယ်နော်။ မေမေက မြို့ပေါ်ကပေါ့။ မေမေမိဘတွေက ၀ါတွေ သစ်တွေ ကုန်ကူတဲ့ကုန်သည်တွေပေါ့။ မေမေက အားကစား သိပ်ထူးချွန်တယ်။ သံလုံးပစ်၊ သံပြားပစ်၊ ဘတ်စကက်ဘော၊ ဘောလုံးကန် တအားတော်တယ် ဆုတွေတော့ တန်းစီနေတာပဲ။ စမိုင်းမေက တော့ အားကစားနဲ့ ပါတ်သက်ပြီး ဘာစုမှ ရဖူးဘူး။ ပြိုင်ပွဲတောင် မ၀င်ဖူးဘူး။ ညနေခင်း အိမ်ရှေ့မှာ ဘောလုံးကန်ရင် ညဘက်ဆို၇င် အဖေ က စမိုင်းမေကိုနှိပ်ပေးရပြီ။ ဖေဖေနဲ့ မေမေ အကြောင်းနည်းနည်း မိတ်ဆက်ပေးအုံးမယ်နော်။ ဖေဖေနဲ့ မေမေက အချင်းချင်း ချစ်လို့ ယူထားကြတာမဟုတ်ဘူး မိဘပေးစားလို့ ယူတားကြတာ။ မေမေမှာက သူ့ချစ်သူရှိပြီးသာ။ တော်ပြီနော် ဒီလောက်ဆိုရင် ဖေဖေနဲ့မေမေ အကြောင်း။
ဖေဖေက ငယ်ငယ်က ပညာကို ခက်ခက်ခဲခဲနဲ့ သင်ခဲ့ရလို့ သူ့ရဲ့သားသမီးတွေ၊ အမျိုးတွေကို အဆင်ပြေပြေ သင်နိုင်အောင်လို့ဆိုပြီ အိမ်ထောင်ကျတာတောင် မြို့ပေါ်မှာပဲ အခြေချတယ်။ ဖေဖေက သားသမီးတွေနဲ့ အတူနေရတဲ့ရက်နည်းတယ် အမြဲပဲ ခရီးထွက်နေရတယ်။ တာဝန်အရ ခရီးထွက်ရတာတမျိုး၊ အိမ်လယ်ကိစနဲ့ ခရီးထွက်ရတာမျိုးတွေပေါ့။ သားသမီးတွေ၊ တူ တူမတွေ ကောင်းကောင်းပညာသင်ကြားရအောင် အစွမ်းကုန်ကြိုးစားခဲ့တယ်။ ရွာမှာ လယ်ကို သွားကြည့်ရင် တစ်ယောက်ထဲ လယ်စောင့်ကြီး မရှိရင် ဖေဖေတစ်ယောက်ထဲ လယ်ထဲမှာ အိပ်ရမှာ။ လယ်နဲ့ ရွာကလည်းဝေးတယ်လေ။ စမိုင်းမေတောင် ငယ်ငယ်က တစ်ခါတည်းရောက်ဖူးတယ် အမေရယ်၊ အစ်ကိုရယ်၊ အဖေရယ်ပေါ့။ ဟိုမှာတော့ လေးရောက် အိပ်ရတာပေါ့၊ ဒါပေမဲ့လဲ သိပ်ကြောက်တာပဲ လူတွေမှ မရှိတာ။ ညဆိုရင် အကောင် အော်သံတွေ ကကြားရသေးတယ်။ သိပ်ကြောက်ဖို့ကောင်းတယ်။ ဒီလိုကြောက်ဖို့ကောင်းတဲ့နေရာမှာ ဖေဖေတစ်ယောက်ထဲ တခါတလေ သွားရတာ။ သနားဖို့ကောင်းတယ်။ နောက်တော့ ရွာက လယ်ကို လူငှားထားလိုက်တော့မှ သက်သာသွားတယ်။ ဖေဖေက လေ သမီးတွေကို ရိုက်ပြီးဆုံးမရင် အရမ်းနာအောင် သိပ်မရိုက်တတ်ဘူး သိလား။ ညဘက်အိပ်ရာဝင်ရင်လည်း ပုံပြင်တွေပြောပြတတ်သေးတယ်။
စမိုင်းမေတို့ မောင်နှမတွေလည် လူမျိုးစကားဖြစ်တဲ့ ကချင်စကားလည်း မမေ့ပျောက်အောင် အိမ်မှာ အမြဲပြောပေးတယ်။ စမိုင်းမေတို့က ဗမာလူမျိုးတွေကြားမှာ နေရတာဆိုတော့ ပေါင်းတဲ့သူငယ်ချင်းတွေကလည်း လူမျိုးခြားတွေများတယ်လေ။ ဒါကြောင့် ဖေဖေနဲ့မေမေတို့ ပြောပေးလို့ လူမျိုးခြားတွေကြားမှာနေရလည်း စမိုင်းမေတို့ မောင်နှမတွေ ကချင်စကားတွေ မမေ့တာပေါ့။ ဘုရားကျောင်းကိုလည်း အမြဲသွားဖို့ခေါ်တယ်။
ဖေဖေက လေ အိမ်မှာနေ၇င် အလကားမနေဘူး သိလား။ ခြံဝန်းထဲက မြက်တွေရှင်းတယ်၊ အပင်တွေစိုက်တယ်။ အိမ်မှာလေ ဖေဖေစိုက်ပေးတဲ့ အပင်တွေ အများကြီးပဲ။ ဟင်းရည်လုပ်ဖို့အတွက် ဈေးမှာ ထွက်ဝယ်စရာမလိုဘူး။ ခြံဝင်းထဲမှာ ဟင်ရွက်တွေ အများကြီပဲ။ ဖေဖေစိုက်ထားတာ။ ဟင်းချက်ကလည်း သိပ်ကောင်းတယ်။ ဖေဖေချက်တဲ့နေ့ဆိုရင် ထမင်းတအား စားကောင်းတယ်။ သစ်သီးပင်တွေလည်းအများကြီးပဲ စမိုင်းမေတို့ခြံဝင်းက သိပ်ပျော်ဖို့ကောင်းတယ် ။ ဖေဖေစိုက်ပေးတဲ့ ရာသီအလိုက် သစ်သီးစားပင်အတွေအစုံပဲသိလား။ တခါတလေ ဖေဖေ တောကပြန်လာရင် သစ်ခွပန်းပင်တွေလည်းယူလာပေး သေးတယ်။ သမီးတွေကို အပင်စိုက်ဝါသနာပါအောင် ဘယ်လိုလုပ်ပေးလဲသိလား။ ရော့ ဒီအပင်ကိုစိုက်လိုက်လို့ မပြောဘူး။ ငါ့သမီးလေးတွေ စိုက်တဲ့အပင် ဘယ်သူ့အပင် က ပိုပြီးရှင်သန်မသန်ကြည့်မယ် ။ စိုက်ကြည့်ကြလို့ပဲပြောတာ။ ဖေဖေက အပင်စိုက်တင် မဟုတ်ဘူး ဘက်စုံတော်တယ်။ အိမ်မှာ ခြင်းတောင်းတွေ ၊ ထမ်းပိုးတွေ၊ ဖျာတွေလည်း လုပ်တတ်တယ်။ သမီးတွေ ဇာထိုးပန်းထို့ဆော့တာမြင်တော့ ဇာထိုးတံတွေ လည်းလုပ်ပေးတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ဖေဖေနော်။
မိုးတွေတအားရွာတဲ့နေ့ကိုမှတ်မိသေးတယ်။ ဖေဖေနဲ့ မေမေ သိပ်စိတ်ညစ်နေကြတာပေါ့။ မြို့ပေါ်က မေမေ အမွေရထားတဲ့လယ်က ဆုံးရှုံးသွားတယ်လေ။ နောက်သိပ်မကြားဘူး ရွာမှာ လူငှားနဲ့ ထားတားတဲ့လယ်ကလည်း လယ်ငှားတဲ့သူတွေယူသွားတယ်လေ။ သုံးနှစ်ဆက်တိုက် လယ်ပိုင်ရှင်ကမလုပ်ရင် ယူလို့ရတယ်လို့ပြောတာပဲ။ မေမေတို့လည်း သုံးနှစ် ပြည့်ခါနီတော့ လယ်ငှားတွေကို ပြောပါသေးတယ် ဒီနှစ်ငါတို့လုပ်မယ် ဆိုပြီးပြောပါသေးတယ်။ သူတို့ကလည်းသူတို့အကြံနဲ့ကို ဒီနှစ်မလုပ်ပါနဲ့အုံးတဲ့ မနှစ်က စပါးထွက်မကောင်းဘူး လယ်လည်းချဲ့ထားပေးတယ် ဘာနဲပညာနဲ့ပြောတော့ ဖေဖေတို့ကလည်း လူရင်းတွေပဲဆိုပြီး လုပ်ခွင့်ပေးလိုကတယ် နောက်နှစ်လဲ ဒီအတိုင်းပဲ။ ဖေဖေတို့ မဟုတ်တော့ဘူး ဒါမရိုးသားဘူးဆိုပြီး လုပ်ကိုလုပ်တော့မယ် ဒီနှစ်လို့ သွားပြောတော့ လယ်ငှားတွေက ဘာပြောလဲဆိုတောာ့ ဆိုင်ရာနဲ့စကားပြောတဲ့လေ။ ဖေဖေတို့ကလည်း အမှုတွေမဖြစ်ချင်တာနဲ့ပဲ ဈေးပေါးပေါးနဲ့ပဲ လယ်ကို ရောင်းလိုက်ရတာ။ ဖေဖေအဲ့ဒီလယ်ကို သိပ်နှမြှေားတာ ဖေဖေ ကိုယ်တိုင် အပင်ပန်းခံပြီး လုပ်ထားခဲ့တာကို။
သူသိပ်နှမြောတဲ့လယ် ဆုံးမရှုံးသွားလည်း စမိုင်းမေရဲ့ ဖေဖေ တအားစိတ်ဓါတ်ကျမသွားပါဘူး။ သားသမီးတွေရှေ့မှာ ပျော်ပျော်ရွှင်ရွှင်ပဲ နေပြတယ်။ ဖေဖေလေ အများကျိုးဆောင်လို့ ဒုကလည်းရောက်ဖူးတယ်။ ၁၉၉၉ နှစ်နောက်ပိုင်းလောက်မှာ ဖေဖေကျန်းမားရေးသိပ်မကောင်းလာတော့ဘူး။ ဖေဖေက သူ့သမီးတွေကို ပညာတတ်သိပ်ဖြစ်စေချင်ခဲ့တာ။ သူကိုယ်တိုင်လဲ အနှစ်နာခံပြီး သားသမီးတွေကို မြေတောင်မြောက် ထားပေးခဲ့တယ်။ ဒါပေမဲ့ ဖေဖေ သိပ်ကံဆိုးတယ်သိလား။ ဘာမှ မမြင်မခံစားလိုက်ရတဲ့ ဥယဉ်မှူးလိုပဲ။ ကိုယ်တိုင် ပြုစုပျိုးထောင်းပြီး ပန်းလေးတွေပွင့်တော့ ပန်းလေးတွေက ပေးတဲ့ မွေးရနံ့နဲ့ စိတ်ချစ်သာမှုကို ဘာမှ မမြင်လိုက်မခံစားလိုက်ရတဲ့ ဥယဉ်မှူးလိုပေါ့။ ပန်းလေးတွေ အပြိုင်အဆိုင်လှလှပပနဲ့နဲ့ ဖူးပွင့်နေတာကို ကြည့်ပြီးတော့ ပီတိအပြုံးတောင် ပြုံးမသွားရှာနိုင်တဲ့ဥယဉ်မှူးပေါ့။ စမိုင်းမေ အဲဒီလို ဥယဉ်မှူးတွေကို ပြောလိုက်ချင်တယ်။ သူတို့ ပြုစုပျိုးထောင်းထားတဲ့ ဥယဉ်ကို အဲ့ဒီလို အသီးအပွင့်တွေ ဝေဆာအောင် ပွင့်နိုင်အောင် လုပ်ပေးပြီး အသီးအပွင့်တွေ ပွင့်လို့ အကျိုးပြန်ပေးတဲ့အချိန် အထိ ဒီဥယဉ်လေးမှာနေသွားကြပါဆိုပြီးတော့လေ . . . .။
(အဖေများအားလုံကို အဖေများနေ့ မှာ စမိုင်းမေ ဆုတောင်းပေးပါတယ်။ ဖေဖေတွေ အပင်ပန်းခံ စိုက်ပျိုးထားတဲ့ အပင်လေးတွေကနေ ပြန်ပေးတဲ့ အသီးအပွင့်နဲ့ မွေးရနံ့ကို ခံစားနိုင်တဲ့အခွင်းအရေး အားလုံးကို အဖေများအားလုံးရနိုင်ကြပါစေလို့ ဘုရားသခင်ထံမျာ ဆုတောင်းပေးပါတယ်။ )
Posted by storyofmermaid at 3:21 PM 4 comments
Labels: General
Tuesday, June 12, 2007
သူငယ်ချင်းဆိုတဲ့ စစ်မှန်တဲ့ခင်မင်မှုက ကော်ဖီတစ်ခွက်ရဲ့ အရသာလိုပဲ ပျစ်ပျစ်နှစ်နှစ်လေးပဲ။ စမိုင်းမေ သူငယ်ချင်းတွေ အပေါ်ခင်မင်တဲ့ခင်မင်မှုမှာ ဘာမျော်လင့်ချင်းမှ မပါဘာဘူး။ သန့်သန့်လေးခင်မင်ခဲ့ပါတယ်။
Posted by storyofmermaid at 5:14 PM 3 comments
Labels: General
KO Ngwe Zin Thu's Photo
Posted by storyofmermaid at 10:04 AM 2 comments
Labels: General
Monday, June 11, 2007
Children Day
Posted by storyofmermaid at 3:55 PM 1 comments
Labels: General
Saturday, June 9, 2007
စမ်းရေးကြည့်တာ
်းရေးကြည့်တာ မြန်မာစာရိုက်လို့ရမရ အခုတော့ရတော့မယ်ထင်တယ်
Posted by storyofmermaid at 9:48 AM 1 comments
Labels: General
1 Comment:
Post a Comment