အို . . . ကလေးငယ် . . .
မင်းအရွယ်ကလေးတွေက မိဘလက်ကိုဆွဲပြီး မူကြိုးကျောင်းကို သွားနေတဲ့အချိန်မှာ
မင်းလေးကတော့ ငှက်ကလေးတွေရဲ့ အစာကို ရောင်းဖို့ ဗန်းလေးကိုရွက်ပြီး ထွက်ခဲ့ရလေတယ်။
မင်းအရွယ်ကလေးတွေ ဗိုက်ဆာလာရင် ထမင်းကျွေးမယ် မိဘတွေရှိနေတယ်။
သူတို့မျက်နှာလေးတွေ မသာမယာဖြစ်နေရင်တောင် နေမကောင်းဘူးလားဆိုပြီး ချိုချိုသာသာနဲ့ မေးမဲ့ မိဘတွေရှိနေတယ်။ ကလေးလေးရယ် မင်းကိုရော အဲ့ဒီလိုကြင်ကြင်နာနာနဲ့ မေးမဲ့သူတွေရော ရှိရက်လား။
ဒီအရွယ်ကလေးမှာ ၀မ်းစာအတွက် မင်းတို့ ခြေထောက်ပေါ်မှာ ရပ်နေရတာ။
မနက်ခင်းမှာ ငှက်ကတွေရဲ့အစာ စပါးတွေထဲ့တားတဲ့ စကေားဝိုင်းကိုး ဘေးနားမှာချထားပြီးတော့ ဓါတ်မီးတိုင်ကို မှီပြီးငေမောပြီးထိုင်နေလိုက်တာ ကလေးတစ်ယောက်ရဲ့ ပုံစံမှ ဟုတ်ပါလေလား။
ဟော့ . . . ဟိုမှာလည်း တစ်ယောက်
စကောဝိုင်းကို ရှေ့မှာချပြီး ဗိုက်ဆာလို့ ငိုပြီး မုန့်တောင်းစားနေတာတောင် ဘေးနားက မိန်းမကြီးက အရေးတောင် မလုပ်ဘူး ကလေးရှေ့မှာ မုန့်ကို တစ်ယောက်ထဲ စားနေလိုက်တာ။ သူပဲ ဗိုက်ရှိတာကျနေတာပဲ။
ကလေးတစ်ယောက်ရဲ့ အပူအပင်းကင်းတဲ့ ပျော်ရွှင်မှုကို ရော အပြည့်အ၀ ခံစားမိရဲ့လား။
ညအိပ်ရာဝင်ရင် ပုံပြောပြမယ့် သူရော ၇ှိရဲ့လား။ လောက ကြီးထဲမှာ အကောင်းအဆိုးကို ခွဲခြားဆုံးဖြတ်နိုင်ဖို့ သွန်သင်းပေးမဲ့သူတွေရောရှိရက်လား။
တခြားကလေးတွေ ကျောင်းက ပြန်လာရင် ဖေဖေ မေမေ အော်ပြီး ပြေးဝင်ဖို့ မိဘရင်ခွင် ကိုယ်ဆီရှိကြတယ်။
မင်းတို့လေးတွေ အပြင်ကပြန်လာရင် ကြိုမယ့်သူတွေရောရှိရက်လား။
မင်းတို့လေးတွေ အပြင်ကပြန်လာရင် ပြေးဝင်ဖို့အတွက် မမရဲ့ ရင်ခွင်တံခါးကို အကျဲကြီးဖွင့်ထားတဲ့သူတစ်ယောက်ဖြစ်ချင်ခဲ့တာ။ ဒါပေမဲ့ မဖြစ်နိုင်သေးဘူး။
Saturday, June 30, 2007
“နားခိုရာရင်ခွင်ပျောက်နေသူများ”
Subscribe to:
Post Comments (Atom)
1 Comment:
ka lay chit tae nyi ma lay yay
Ako ka lay twae ko lar pi htain pay ya mal
Arr ma ngal par nae ka lay tot yal
Ma Ma Smile may shi tal....
Pi tot Ako lae shi tal...
Ta nae nae tot MA MA smile may ka min tot lay twae ko ku nyi naing mar par...
Post a Comment