D

Friday, July 6, 2007

ဆောင်ကြာမြိုင်(၁)

“ဆောင်ကြာမြိုင့်” အဓိပ္ပါယ် ကို တက္ကသိုလ် မြန်မာ အဘိဓါန် အပိုင်း (5) (ဆအက္ခရာ) စာမျက်နှာ (788) တွင် ဆောင်ကြာမြိုင့် -နံ၊ ပြည့်တန်ဆာအလုပ်လုပ်ရာအိမ်။ “တယ်ခက်တဲ့ အကောင်တွေဘဲ။ ဆောင်ကြာမြိုင့် ဖွင့်လိုက်ရင်အေးတာဘဲ” မြ၀တီ 1-7-06 ဟူ ၍ အဓိပ္ပါယ် သဘော သိထားကြပေသည်။ဒုတိယ ကမ္ဘာစစ် မတိုင်မီ မြန်မာရုပ်ရှင်လောကမှ ရာဇ၀င်ဇာတ်ကားတွေမှာလည်း “ဆောင်ကြာမြိုင့်” ကို ဒီလို အဓိပ္ပါယ် ပေါက်အောင် သရုပ်ဆောင်ပြထားတာကို တွေ့ရပါတယ်။ “ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင့်” မှတ်တမ်းက ပြည့်တန်ဆာအကြောင်းရေးထားတဲ့စာအုပ်မဟုတ်ပါဘူး။“ဆောင်” မှာ တက္ကသိုလ် မြန်မာ အဘိဓါန်တွင် လှစ်ပြထားဘိသကဲ့သို့ နန်းတော် အိမ် ကျောင်း စသည့် အဆောက်အဦးတို့တွင် ပါဝင်သော အမိုးသီးခြားရှိသည့် အစိတ်အပိုင်းဖြစ်ပါ၏ နန်းတော် အိမ်တော်၏ အဆောင်ကိုဆိုလိုထားပါတယ်။“ကြာ” ကိုလဲ အဘိဓါန်မှာ နံ-၁ ရွက်ဝန်းပက်လက်နှင့် ရေတွင်ပေါက်သော အပွင့်အဖြူ အနီ အညို ပွင့်သည့်ပင်တစ်မျိုးလို့ ဖော်ပြထားပါတယ်. သို့သော် ဆင့်ပွာကာ မန္တလေးခေတ်အခါမှာ မိန်းကလေးများကို ရိပ်စားသုံးနှုန်းရာမှ ကြာမျက်လုံး ကြာကြည့် ကြာခို ဆိုပြီး သုံးနှုန်းလာကြပါတယ်။ ကြာခိုဆိုရာတွင် သူတပါး၏ သားမယားနှင့် တိတ်တဆိတ် မှားယွင်နေထိုင်သည်ကပင်ကြာခိုဆိုပြီးသုံးနှုန်းကြလေရာ “ကြာ” ကို မိန်းမဆိုပြီ သုံးစွဲကြောင်း ရွှေပြည်ဆရာကြီး ဦးဘတင်၏ ပြောစကားများမှ မှတ်ထားခဲ့ရပါသည်။”ဆောင်ကြာမြိုင်” မှာ နန်းတော် အိမ်တော် မင်းမိဖုရာများ၏ အဆောင်များနှင့် သက်ဆိုင်သောကဏ္ဍတရပ်ဟူပြီး သိရှိရပါတယ်။ လှိုင်ထိပ်ခေါင်တင်၏ “စိန်ခြူးကြာညောင်” ဘောလယ်မှာ ပင် စိန်များဖငြ့် ခြယ်ထားသာ ခြူး ပန်း ခြူးနွယ် ဆင်ယင်ထားသည့် သလွန်ညေင်စောင်းတွင် ကြာပန်းများ ညောင်၇ွက်များ အလှအပ ဆင်ယင်ထားသော ရာဇ၀င်ဓလော့ ထုံးတန်းများတွေ့နိုင်ပေသည်။ ” ရွှေဘုံနိဒါန်း” စာအုပ်စာမျက်နှာ 38-42 မှာ နန္ဒကုမာရမင်းသား၏ ရှေးဇာတ်ကြောင်း ၀တ္တုဖြင့် မျက်နှာကြက်၊ ကြာယပ်၊ သလွန်ညောင်ရွက်များ တပ်ဆင်ပုံကို ဖွင့်ပြထားသည်။ မြန်မာရိုးရာ အနုပညာရပ်များတွင် “ကြာ” ၏ သဘောကို ဘာသာရေးဆိုင်ရာ အဆောက်အုံးများမှာလည်းတွေ့ရသည်။ အိန္ဒိယပြည်မှ ပြန့်ပွားလာသော ပညာတစ်ရပ်ဖြစ်ကြောင်းကိုလည်း သိရှိရပေသည်။

Digg this

1 Comment:

storyofmermaid said...

Good sister
I will be waiting for the second part.Go ahead.Very impressive!

 

© New Blogger Templates | storyofmermaid