D

Thursday, July 12, 2007

(၁)ပိုးပမ်းသူများသောအမျိုးသမီးများသည်မိမိနှစ်သက်ရာတစ်ဦးတစ်ယောက်ကိုရွေးချယ်ပြီးလျှင်ကျန်သောယောင်္ကျားလေးများအားလိုအပ်နေသောသူများထံသို့လွှဲပြောင်းပေးရမည်။(၂)
အသက်(၂၅)နှစ်ပြည့်သူအမျိုးသား၊အမျိုးသမီးတိုင်းအိမ်ထောင်မပြုရသေးလျှင်’မိဘကိုဒုက္ခပေးသူ”အဖြစ်အရေးယူမည်။(၃)ပူအိုက်သောရာသီတွင်ရင်စေ့၊လက်ရှည်၊ထမီနှင့်လုံအောင်ဖုံးထားသောအမျိုးသမီးများအား"သဘာဝအလှတရားကိုအံတုသူများ"အဖြစ်အရေးယူမည်။
(၄)ယောင်္ကျားတို့ကိုဂရုမစိုက်သောအမျိုးသမီးများအား"ဒုက္ခရောက်နေသောသူကိုလစ်လျူရှူမှု"ဖြင့်လည်းကောင်း၊ချစ်ဖွယ်စကားဆိုပြီးညာညာခိုင်းတတ်သောအမျိုးသမီးများအား’လုပ်အားခမပေးပဲစေခိုင်းမှုဖြင့်’လည်းကောင်း၊ချစ်သူရှိသောအမျိုးသားတစ်ဦးကိုအခြားအမျိုးသမီးတစ်ဦးမှချစ်စဖွယ်အမူအယာများဖြင့်ချဉ်းကပ်သိမ်းသွင်းခြင်းကို’နွားခိုးမှု”ဖြင့်လည်းကောင်းအရေးယူမည်။(၅)မိဘချင်းရင်းနှီးမှုကိုအသုံးချပြီးချဉ်းကပ်လာသောအမျိုးသားများအား”ယုံကြည်မှုကိုအလွဲသုံးစားပြုမှု”ဖြင့်လည်းကောင်း၊ရည်းစားထည်လဲတွဲတတ်သူများအား”ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားပြု”ဖြင်လည်းကောင်း၊မိမိချစ်သူအားလက်ဖျားနှင့်ပင်မထိ၊shopping mall၊လှော်ကား၊ချောင်းသာ၊Asia plaza Hotelစသောသမီးရည်းစားတို့ဧ။်ဆောင်ရွက်ဖွယ်ကိစ္စအ၀၀ကိုမပြုလုပ်ပါက”အလုပ်တာ
ဝန်လစ်ဟင်းမှု”ဖြင့်လည်းကောင်းအရေးယူမည်။
(၆)အိမ်ထောင်ရှိအမျိုးသမီးတို့အားပိုးပမ်းသူယောင်္ကျားများအား”တားမြစ်နယ်မြေတွင်အမဲလိုက်မှု”ဖြင့်အရေးယူမည်။(၇)သူတစ်ပါးဧ။်ယောင်္ကျားနှင့်ပေါင်းသင်းနေထိုင်သူအမျိုးသမီးများကို”မီတာဘောက်စ်မထားပဲလျှပ်စစ်ဓါတ်အားခိုးယူသုံးစွဲမှု”ဖြင့်အရေးယူမည်။

Digg this

1 Comment:

thahlaoo said...

ကြိုက်တယ်။ အတွေးအခေါ်ကောင်းတယ်။ အရေးအသား ပြောင်မြောက်ပါတယ်။

 

© New Blogger Templates | storyofmermaid