D

Wednesday, December 5, 2007

အတိတ်နမိတ်နှင့် ယုံကြည်ယူဆချက်များ (2)


အချိန်အခါ မဟုတ်ပဲ ပန်းများဖူးပွင့်လျင် နိမိတ်မကောင်းဟု ယူစကြသည်။

ကောင်းကင်တွင် တိမ်တွေ ကွက်ကျား ကွက်ကျားပေါ်လျှင် ကျားရဲ တိရစ္ဆာ သောင်းကျန်းတတ်သည်။

နဂါးငွေ့တန်းရာတွင် နဂါးငွေဖြစ်သန်းသွားသော အရပ်ဒေသမှာ သီးနှံပျက်စီးခြင်းနှင့် လူတို့ ဒုက္ခကြုံရမည့် အတိတ်နမိတ်ဖြစ်သည် ဟု ယူစကြသည်။

မိုးကြိုးပစ်ခံရပါက အပြစ်ဒုစရိုက်များသောကြောင့်ဖြစ်သည်။

မိုးခေါင်ခြင်း ၊ လေမုန်တိုင်းကျခြင်း၊ ရေကြီးခြင်း၊ သီးနှံများရှာပါးခြင်း၊ ပိုးဖျက်ဆီးခြင်း၊ ၀မ်းရောဂါ၊ ကျောက်ရောဂါ အစရှိသည်တို့ကျရောက်လျှင် အုပ်ချုပ်သူတို့ အကျုင့်သီလ ပျက်ခြင်းကြောင့်ဟု ယူဆကြ၏။


ဥပါပျံခြင်းသည် ဥစ္စာစောင့်နတ်များ တနေရာမှ တနေရာသို့ ပြောင်းရွေ့သည် ၊
တော်လဲခြင်းသည် မိုးကောင်းကင်မှရှိသော နတ်နဂါတို့ တရပ်မှတရပ်သို့ ပြောင်းရွေ့မြည်ဟည်းသံများ ဖြစ်သည် စသည်ဖြင့် ယူဆကြပြီး လက်ထပ် ထိမ်းမြားသူများနှင့် ကလေးမွေးဖွား သူများအတွက် နိမိတ်မကောင်းဟု ယူဆကြသည်။

မိုးချုန်းခြင်း၊ လျှပ်လက်ခြင်း၊ သက်တန့်ပေါ်ခြင်း၊ နေကြတ်ခြင်း၊ လငပုတ်ဖမ်းခြင်း စသည့်အဖြစ်အပျက်များနှင့် ပတ်သက်ပြီ အတိတ်နမိတ်များ အမျိုးမျိုးဖတ်ကြပါတယ်။

လငပုပ်ဖမ်းသည်ကို မကြည့်ရ၊ ကြည့်ပြီး လန့်ဖျပ်ခြင်း ဖြစ်လျှင် မုဆိုးမ ခုနစ်ယောက်အား ခေါ်ပြီး လိပ်ပြာခေါ်ပေးစေရသည်။

ကိုယ်ဝန်ဆောင်မိန်းမသည် အော်ခြင်း၊ ငေါက်ခြင်း၊ စိတ်ဆိုးခြင်းများမရှိစေရ၊ ရှိခဲ့သော် ရရှိလာမည့်ကလေး စိတ်သဘောထားမကောင်းသော ကလေးဖြစ်တတ်သည်။

ကိုယ်ဝန်ဆောင်မိန်းမသည် မျောက်သားမစားရ၊ စားလျှင် ရလာသောကလေးသည် မျောက်ကဲ့သို့ဆော့တတ်သည်။

ကိုယ်ဝန်ဆောင်မိန်းမသည် ဒေါင်းသားစားလျှင် မွေးလာသောကလေးသည် ချောမောလှပမည်ဟု ယုံကြည့်ကြသည်။

အပိုင်း (၃) သို့

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid