D

Thursday, December 6, 2007

အတိတ်နမိတ်နှင့် ယုံကြည်ယူဆချက်များ နိဂုံးပိုင်း


မိုးခေါင်ခြင်း၊ မိုးရွာသွန်း ၍ ရေကြီးခြင်း တို့သည် မကောင်းမှုကြောင့် ကပ်ဆိုက်သည်ဟု ယုံကြသည်။

မိုးခေါင်လျှင် ဓါးသွေးကျောက်ကို ရေစိမ်ခြင်ဖြင့် မိုးရွာသွန်းစေသည်။

မိုးများလျှင် ဓါးသွေးကျောက်ကို ကျပ်ခိုးစင် တင်ခြင်းအားဖြင့် မိုးနည်းစေသည်ဟု ယုံကြည်ကြသည်။

ရွာထဲသို့ ချေ(ဂျီ) ဖြတ်ပြေးသွားလျှင် ရွာပျက်မည့်နမိတ်ဟု ယုံကြည်ကြသည်။

လိပ်ပြာအိမ်ထဲဝင် ၍ နေရာအနှံအပြားသို့ ပျံသန်းသွားပြီး တနေရာမှာ အတန်ကြာနားသော် ဧည့်သည်ရောက်မိ နမိတ်ဟု ယူဆကြသည်။


နေ၀င်ဆည်းဆာတွင် ကြက်ဖသွန်လျှင်၊ ကြက်မသည် အုတော့မည်ကဲ့သို့အော်လျှင် နမိတ်မကောင်းဟု ယူဆကြသည်။ ကျရောက်မည့် ဥပဒ်ကိုရှောင်းရှားနိုင်ရန် ထိုကြက်ကိုသတ်စားရသည်။ မစားမိပါက အိမ်သားအပေါ် ဥပဒ် ရောက်တတ်သည်ဟု ယုံကြည်ကြသည်။

ကြက်၊ ဘဲများ ကြက်ခြင်းဘဲခြင်းထဲသို့ ၀င်မိလျှင်လည်ကောင်း ခြင်းတောင်း၊ ပလိုင်း၊ အုပ်ဆောင်းဖြင့် ကြက် ဘဲများကို အလိုအလျောက်အုပ်မိရဲ့သားဖြစ်လျှင်လည်ကောင်း ယင်းကြက် ၊ ဘဲကို သတ်စားရသည် မစားမိလိုက်ပါက အိမ်တွင်ဥပဒ်ဖြစ်တတ်သည်ဟု ယုံကြည်ကြသည်။

အိမ်တွင် ပျားအုံဆွဲလျှင် နမိတ်ကောင်းသည် လာတ်လာဘကောင်းသည်ဟု ယုံကြည်ကြသည်။

အိမ်ပေါ်သို့ ဖွတ်တက်လျှင် နမိတ်မကောင်း အိမ်သားတစ်ဦးဦး သေကြေပျက်စီးတတ်သည်ဟု ယုံကြည်ကြသည်။

တောထဲတွင် ခရီးသွားနေစဉ် တစ်ဦးအမည်ကို တစ်ဦးမခေါ်ရ ။ နာမည်ခေါ်လျှင် သင်းခွေချပ်ကြားသောအခါ ယင်းနာမည်ကိုလိုက်ခေါ် ၍ ထူးမိသူသည် ဘေးဥဒ် ကျရောက်နိုင်သည်ဟု ယုံကြည်ကြသည်။

တောင်ယာထဲသို့သွားသောအခါ တောင်ယာတွင် စပါးကြီးမြွေတွေ့မည်ဆိုပါက နမိတ်မကောင်းဟု ယူဆကြပြီး ယာခင်းကိုပစ်ပယ်လေ့ရှိကြသည်။

အောက်ချင်းငှက်နှင့် အောက်ဇာ ငှက်တို့ကို မသတ်စားကောင်း၊ အဖိုနှင့် အမ သစ္စာရှိကြသည်။ အဖိုကိုသတ်လျှင် အမပါသေတတ်သည်။ သတ်မိပါက သားသမီးများကို ခိုက်တတ်သည်ဟု ယူဆထားကြပါသည်။

ပြီးပါပြီ။

Digg this

1 Comment:

Anonymous said...

5yuj4opbi mio6p457nm 49-i

 

© New Blogger Templates | storyofmermaid