D

Thursday, December 6, 2007

အတိတ်နမိတ်နှင့် ယုံကြည်ယူဆချက်များ (၃)


ကိုယ်ဝန်ရှိစဉ် ငှက်ပျော်သီးစားလျှင် ကလေး အမွှာပူး မွေးတတ်သည်။

ကိုယ်ဝန်ရှိစဉ်တွင် မျက်စိစွေသောကလေး၊ ကိုယ်လက်အင်္ဂါ မစုံသောကလေးများကို မကဲ့ရဲရ ကဲ့ရဲ့လျှင် မွေးလာသော ကလေးမှာ ၀ဋ်လည်တတ်သည်။

ကိုယ်ဝန်ရှိစဉ်တွင် သစ်သီးဝလံမခူးရ၊ အသက်ကိုမသတ်ရ၊ မိုးချုပ်နေ၀င်ရေမချိုးရ၊ ခြံဝင်ပေါက် ထွက်ပေါက်မှာ ပိတ်မဆို့ရ ကိုယ်ဝန်အတွက် အန္တရယ် ရောက်တတ်သည်။

မီးဖွားပြီးသောအခါ ကလေးအချင်းကို ကောင်းမွန်စွာမြှုပ်နှံ၇မည်။ သို့မဟုတ်လျှင် ကလေးတွင်ရောဂါထူမည်။ ရေထဲမျှောမပြစ်ရ ကလေးရေနစ်သေဆုံးတတ်သည်။

သက်တန့်ကို လက်ညှိုးမထိုးရ သက်တန့်တွင် အဖိုအမ နှစ်မျိုးရှိသည်ဟုယူစကြသည်။ သက်တန့်အပိုင်းပိုင်းပေါ်လျှင် အပူအအေးညီမျှပြီး တစ်တန်းတည်းပေါ်လျှင် ပူပြင်မည်ဟု ယူဆကြသည်။


ကြယ်ကြွေခြင်းကို မြင်ရသူသည် နမိတ်မကောင်းဟု ယူဆကြသည်။ ကြယ်ကြွေတာကိုတွေ့တဲ့သူသည် ဘယ်သူ့ကိုမှ မပြောရ ပြောလျှင် အသက်တိုသည်။

ခြေသည်လက်သည်များနှင့် ဆံချည်ပင်များကို အိမ်အောက်သို့မချရ၊ ဇနီးသည်တွင် ကိုယ်ဝန်ရှိက ခင်ပွန်းဖြစ်သူသည် ဓါးရိုးတပ်ခြင်း၊ မသာအလောင်း ထမ်းခြင်းမပြုလုပ်ရ။

မင်္ဂလာအိပ်ခမ်းကို လင်စုံမယားစုံရှိသောသူမှ ပြင်ပေးရမည်။ သို့မှသာ သေးဆုံးခြင်းနှင့်ကင်းဝေးပြီး သားသမီးများနှင့် စုံစုံညီညီ နေရလိမ့်မည်ဟု ယူဆကြသည်။

ရွာအနီး ရွာပေါ်တွင် ငှက်ဆိုးထိုးလျှင် ရွာတွင် လူသေတတ်သည်။ သို့မဟုတ် ၇ွာတွင် မကောင်းမှု ကြရောက်တတ်သည်။

နိဂုံးပိုင်းသို့

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid