D

Monday, December 10, 2007

အလုပ်နဲ့ဂုဏ်


ကျောင်းဆရာတစ်ယောက် လုပ်ခဲ့တာကြောင့် လူငယ်တွေနဲ့ အထိ အတွေများပါတယ်။ နိုင်ငံခြားသား တွေနဲ့ပခုံးချင်းယှဉ်ပြီး ကြိုးစားအား ထုတ်နေတဲ့သူတွေ၊ နိုင်ငံခြားသား မျက်နှာဖြူတွေကိုတောင် ငှားရမ်းခိုင်း စေပြီး အလုပ်လုပ်နေတဲ့ လူငယ်တွေရှိ နေသလို ဘာလုပ်ရမှန်းမသိဘူးဆိုပြီး ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ အချိန်ဖြုန်းနေကြတဲ့ လူငယ်တွေအများ အပြားရှိတာကို လည်းတွေ့နေရပါသည်။

အဲ့ဒီယောင်ယာင်တွေထဲက ကျောင်းသားတပည့်တွေကို မေးမြန်း ကြည့်တော့ သူတို့အားလုံး အလုပ် မရှိတာဟာ အလုပ်လုပ်ချင်စိတ်မရှိတာ ဖြစ်ကြောင်းတွေ့ရပါတယ်။ ပြောလိုက် ရင်တော့ သူတို့ အလုပ်လုပ်ချင်ပါတယ်။ သူတို့နဲ့ သင့်တော်တဲ့ အလုပ်မရှိ တာပါလို့ ဆိုတဲ့လူနဲ့ အလုပ်အကိုင် ရှားပါးတော့ အကြောင်းအပေါင်း သင့်ရာ တွေပဲ ရနေကြတယ်လို့ဆိုတဲ့ လူနဲ့ ချည်းပါပဲ။ အလုပ်လုပ်ချင်စိတ်ကို မရှိတာ ကိုတော့ ဘယ်သူမှဝန်မခံ ကြပါဘူး။

လူတချို့ကတော့ ဒီကကိစ္စကို အလုပ်လုပ်မယ့် သူဦးရေက တစ်နေ့ တခြားတိုးပွားများပြားနေပြီး အလုပ်အကိုင်နေရာက အချိုး ညီစွာတိုးတက် မလာတာကို ထောက်ပြကြပါသည်။ ဒါလည်းမမှန်ပါဘူး။ အလုပ်လုပ်ချင် သူဦးရေများပြားလာခြင်းဟာ တစ်ဖက်ကှည့်စဉ်းစားရင် အလုပ်အကိုင်အခွင့် အလမ်းတွေများပြားလာခြင်းပဲဖြစ်တယ် ဆိုတဲ့ အခြေခံ သဘေတရား (supply and demand) ရောင်းလိုအားနဲ့ ၀ယ်လိုအားဆိုတဲ့အချက်ကို မေ့လျော့နေကြတဲ့ သဘောဖြစ်ပါတယ်။


ဥပမာ-လူတစ်သိန်းတိုးလာတယ် ဆိုပါစို့။ ဒီလူတစ်သိန်းဟာ အစာစားပါတယ်၊ အ၀တ်ဝတ်ပါတယ်၊ လက်ဖက်ရည်သောက်ပါတယ်၊ စာဖတ်ပါတယ်၊ ဘတ်စ်ကားစီးပါတယ်။ ဒါတွေအားလုံးအတွက် ဆိုင်ရာဆိုင်ရာ လုပ်ငန်းတွေပေါ် ပေါလာရပါတယ်။ အဲဒီလုပ်ငန်းတွေမှာ အလုပ်သမားတွေလို အပ်မှု ရှိလာရပါတယ်။ လူဦးရေးတိုးလာခြင်းဟာ demand တွေတိုးလာတာဖြစ်သလို supply တွေ လည်းတိုးလာတာပဲဖြစ်ပါတယ်။

မြန်မာပြည်လိုနိုင်ငံမျိုးမှာ အလုပ်အကိုင်အခွင့် အလမ်းတွေအများကြီးရှိပါတယ်၊၊ ဘယ်နယ်ပယ်တွေအများကြီးရှိပါထယ်၊၊ ဘယ်နယ်ပယ်ကိုကြည့် ကြည့်ထပ်ချဲ့ ဖို့ မလိုတော့ ဘူးဆိုတဲ့ saturated point ရောက်နေပြီးဆိုတာမျိုး မရှိသေးပါဘူး၊၊ ထပ်ချဲ့ စရာ၊ ထပ်လုပ်စရာတွေအများကြီးရှိနေသေးတာတွေ့ နိုင်ပါတယ်၊၊ ဒီအထဲမှာ ကိုယ်ပါဝင်လုပ်ကိုင်စရာ နေရာတစ်ခုတော့ ရှိနေမှာ အမှန်ဖြစ်ပါတယ်၊၊

တချို့က အလုပ် ဇံရွေးလွန်းလို့ အလုပ်မရနိုင်တာပါ။ ဘယ်အလုပ်တွေ့တွေ့ ကိုယ်နဲ့မထိုက် တန်ဘူးလို့ ချည်းတင်တတ်ပါတယ်။ ဒီလိုလူမျိုးဟာ အလုပ်လုပ်ဖို့ကျတော့ မာနကြီးတတ်ပေမဲ့ အလုပ်မရှိလို့ဆိုပြီး ဟိုအမျိုး၊ ဒီအမျိုးဆီလိုက်ပြီး လက်ဖြန့်တောင်းဖို့ကျတော့ သူတို့မာနတွေ ဘယ်ရောက်သွားကြပြီလဲ မသိတော့ပါဘူး။

ကမ္ဘာကျော်အောင် ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ သူတို့ လုပ်ချင်တဲ့ အလုပ်ကို စလုပ်ခဲ့ရတယ်ဆိုတာ မရှိသလောက်ပါပဲ။ သောမတ်အယ်ဒီဆင်ဟာ မီးရထားပေါ်မှာ တစ်တွဲပြီး တစ်တွဲကူးပြီး စီးကရက်၊ မီးခြစ်ရောင်းရင်း သူဝါသနာပါတဲ့ သိပ္ပံစမ်းသပ်မှုတွေ လုပ်ခဲ့ရတာပါ။ သမတလင်ကွန်းဟာလည်း သစ်ခုတ်သမား၊ လှေထိုးသား ဖောင်သမားလုပ်ခဲ့ရတာပါ။ ဘွဲ့တွေ ဘယ်နှခု ရထားရထား၊ အလုပ်မလုပ်ရင်တော့ အလုပ်လက်မဲ့လိုသာ အခေါ်ခံရမှာပါ။ ဆိုက်ကားနင်းနေသူတောင် ဆိုက်ကားဆရာ၊ ဆံပင်ညှပ်သူက ဆံပင်ညှပ်ဆရား အခေါ်ခံရ ပါသေးတယ်။ သူ့ဝင်ငွေနဲ့၊ သူ့အလုပ်နဲ့၊ သူ့ဂုဏ်နဲ့သူ ရှိပါသည်။ အလုပ်မရှိသူ အလုပ်လက်မဲ့ကတော့ ဘာဂုဏ်၊ ဘာသိက္ခာမှမရှိပါဘူး။

အဲဒါကြောင့် ကျောင်းသား၊ ကျောင်းသူ တပည့်တွေကို အလုပ် ဇံမရွေးဖို့ အမြဲပြောပါတယ်။ ဘာမှမလုပ်ဘဲ ထိုင်နေမယ့်အစား ရရာအလုပ်ဝင် လုပ်နေခြင်းအားဖြင့် အဖိုးတန်တဲ့ အတွေ့အကြုံတွေ ရနိုင်ပါတယ်။ အလုပ်လုပ်မှ လူပေါင်းစုံနဲ့ တွေ့ကြုံဆက်ဆံရပြီး လူတွေအကြောင်းသိပါတယ်။ လူတွေ အကြောင်းများများသိမှ ရင့်ကျက်လာ ပါတယ်။ အလုပ်မလုပ်တဲ့သူဟာ ဘယ်တော့မှ ရင့်ကျက်မလာပါဘူး၊ ၀ါးလုံးခေါင်းထဲမှာ လသာသလို ကိုယ့်ဟာကိုယ် အခြောက်တိုက်ဘ၀င် မြင့် နေတတ်သူသာဖြစ်ပါလိမ့်မည်။

မြန်မာနိုင်ငံက သယံဇာတတွေ ပေါများလွန်းတာရယ်၊ မိသားစုဖွဲ့စည်း ပုံစနစ်က ရိုးရာကျေးလက်မိသားစုဖွဲ့ စည်းပုံလို အိမ်ဝိုင်းတစ်ခုတည်းမှာ မိဘအရိပ်ခိုပြီး သားသမီးတွေ စုဝေးနေထိုင်ကြတဲ့ ပုံစံမျိုးအဖြစစ်သာ ရှိနေသေးတာကြောင့် သားသမီးတွေ အရွယ်ရောက်လည်း အလုပ်မလုပ်ဘဲ မိဘအိမ်မှာ စားနေနိုင်ကြပါတယ်။ ဒီတော့ အလုပ်ကို ဇံရွေးချင်တိုင်း ရွေးပြီး နေတတ်ကြပါတယ်။

အလုပ်ကြီး အကိုင်ကြီးတွေ ခေါ်တဲ့အခါမှာ အတွေ့အကြုံကို အဓိက ထားတတ်ကြပါတယ်။ ဘာအလုပ်မှ မလုပ်ဖူးသူကို ဘယ်သူမှ မခန့်ချင်ပါဘူး။ ဒါကို သိထားကြဖို့ လိုပါတယ်။ ဒါကို သတိထားကြဖို့လိုပါတယ်။ ဒါကြောင့် ကျောင်းပြီးသွားတဲ့အခါမှာ ဟိုဟောင်ဟောင် ဒီဟောင်ဟောင် လုပ်မနေပါနဲ့။ ရတဲ့အလုပ်ကိုသာ ၀င်လုပ်ပြီး အတွေ့အကြုံယူပါလို့ လူငယ်တွေကို အတွေ့ အကြုံယူပါလို့ လူငယ်တွေကို အကြံပေးလိုက်ချင်ပါတယ်။ ဘာဘွဲ့ကြီးတွေ ရထားရထား၊ ဘယ်သူ့သားသမီးပဲဖြစ်ဖြစ် အလုပ်မလုပ်သူဟာ အလုပ်လက်မဲ့လို့သာ သတ်မှတ်ခံရမှာ ဖြစ်ကြောင့် သတိပြုသင့်ပါတယ်။

သိပ်ပြီးထွန်းကား တိုးတက်နေပြီ ဖြစ်တဲ့ နိုင်ငံတွေမှာ ရုပ်ဝတ္ထုပစ္စည်းတွေ အလျှံပယ်ပေါကြွယ်ဝပြီး နေမှု၊ ထိုင်မှု အဆင့်အတန်းတွေတိုးတက်လာတာမှန်တယ်။ မီးသွေးအတွက် ပူစရာမလိုဘူး၊ ရေစက်၊ မီးစက်နဲ့ အာဗာတာ အတွက်ကြောင့်ကြစရာမရှိဘူး၊ အဝေးထိန်းခလုတ်တစ်ခုနဲ့တင် အရာရာပြီးမြောက်နေတယ်ဆိုတာလည်းမှန်တယ်။ ဒါပေမဲ့ အိမ်ရှိသမျှ လူကုန်အလုပ်ထွက် အလုပ်နေရတဲ့ အတွက် သက်ကြီးရွယ်အိုတွေ၊ မိဘ၊ ဘိုြးားတွေကို လူအိုရုံပို့ထားပြီး အထီးကျန်ဖြစ်နေစေရတာမျိုးတွေ၊ ၀င်ငွေနဲ့ ထွက်ငွေကြားမှာ စိတ်ဖိစီးမှု အာွးေကြီးမားလွန်းလို့ လူတိုင်းလောက်နီးပါး စိတ်ဒဏ်ရာ ရနေကြတာမျိုးတွေ၊ စက်ကိရိယာတွေကို စိတ်ကုန်ငြီးငွေ့ လွန်းလို့သဘာဝတောတောင် ရေမြေ တွေရှိရာအရပ်ကို တကူးတက ငွေကုန်ကြေးကျခံပြီး သွားနေကြရတာမျိုးတွေကိလည်း သတိပြုသင့်ကြတယ်။

မြန်မာနိုင်ငံလိုနေရာမှာတော့ စက်မှု စီးပွားရေးသိပ်ပြီးဖြစ်ထွန်းသေး တာမဟုတ်လေတော့ နေမှု၊ ထိုင်မှု စရိတ်စကလည်း သူတို့တစ်တွေလောက် မကြီးလှသေးဘူး။ တော်ရုံတန်ရုံဝင်ငွေနဲ့ နေလို့၊ စားလို့ ဖြစ်နေသေးတယ်။ သူတို့ နိင်ငံကြီးတွေမှာ တစ်လ၀င်ငွေ ဒေါ်လာ 1000 လောက်သာရလို့ကတော့ လ၀က်ထိတောင် စားလောက်သောက်ဖို့ အလွယ်ပါဘူး။ မြန်မာနိုင်ငံလို နေရာကျတော့ တော်တော်လေး လူတန်းစေ့ နေလို့၊ ထိုင်လို့ဖြစ်တယ်လို့ ဆိုနိုင်တယ်။ အဲဒါကြောင့် စိတ်ဖိစီးမှုဒဏ် လျော့ပါးသက်သာတယ်။

ဒီအချက်တွေကို လူငယ်တွေ ထည့်သွင်းစဉ်းစားဖို့လိုတယ်။ အလုပ်မရှိတာလား၊ အလုပ်မလုပ်ချင်တာလားလို့လည်း ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်ဖို့လိုတယ်။ အလုပ်အကိုင် တွေခေါ်တဲ့အခါမှာလုပ်ငန်းရှင်တွေက အတွေ့အကြုံကို အဓိကထားတတ်ကြတယ်။ အကြုံကို အဓိက ထားတတ်ကြတယ်။ အလိုရှိကြောင်း ကြော်ငြာတိုင်းမှာ ဒါကို တွေ့နိုင်တယ်။ အဲ့ဒါကြောင့် ကျောင်းပြီးသွားတဲ့အခါ ဒါမှမဟုတ် ကျောင်းထွက်ရတဲ့အခါမှာ ဟိုယောင်၊ ဒီယောင်လုပ်မနေပါနဲ့။ ရတဲ့အလုပ်ကိုသာ ၀င်လုပ်ပြီး အတွေ့အကြုံယူပါလို့ လူငယ်တွေကို ပြောချင်တယ်။ ဘာဘွဲ့ကြီးတွေ ရထားရထား၊ ဘယ်သူ့သားသမီးပဲဖြစ်ဖြစ် အလုပ်မလုပ်သူဟာ အလုပ်လက်မဲ့လိုသာ သတ်မှတ်ခံရမှာ ဖြစ်ကြောင်း သတိပြုသင့်ကြတယ်လို့ ပြောလိုက်ချင်ပါတယ်။



လူထုစိန်ဝင်း



Digg this

3 Comments:

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Smartphone, I hope you enjoy. The address is http://smartphone-brasil.blogspot.com. A hug.

Smilemay said...

ဒီဘလော့ကို စမိုင်းမေ ဖွင့်လို့မရဘူး

Anonymous said...

အရမ်းကောင်းတဲ့ ပိုစ့်လေး တစ်ပုဒ်ပါပဲ။

 

© New Blogger Templates | storyofmermaid