D

Monday, December 3, 2007

အတိတ်နမိတ်နှင့် ယုံကြည်ယူဆချက်များ (၁)


ကရင်ရိုးရာ သုတပဒေသာ စာအုပ်မှ . . . . . . .

ခရီးသွားမည့်ဆဲဆဲ သားငယ်၊ သမီးငယ် ငိုယိုသည်ဖြစ်စေ၊ အိမ်သားတစ်ဦးဦးက ချေသည်ဖြစ်စေ နိမိတ်မကောင်းဟုဆိုကာ ခရီးမသွားပဲနေလေ့ရှိသည်။

ခရီးလမ်းတွင် မြွေဖြတ်ကူးတာတွေ့လျှင် ခရီးလမ်းရှည်တတ်သည်။

ချေငယ် ဆိုင် ဆတ် တမျိုးမျိုး လမ်းဖြစ်ကူတာတွေ့လျှင် နမိတ်မကောင်းဟုဆိုကာ နောက်သို့သာ လှည့်ပြန်လေရှိသည်။


ကလေးငယ်များကို နားဖောက်ပေးထားလေ့ရှိသည်။ နားမဖေါက်ပေးထားလျှင် နောင်ဘ၀တွင် မျောက်ဖြစ်တတ်သည် (သို့) အချို့ဒေသတွင် ပြောစကားနားမထောင် စသည့်ဖြင့် ယုံကြည်ကြသည်။

ငလျင်လှုပ်သောအခါ ခေါင်းလျှော်ပြီး ဆီမထည့်ထားလျှင် ရူးတတ်သည်။ ငလျှင်လှုပ်လျှင် ကောင်းသော အတိတ်နမိတ် ယူတာလည်းရှိသလို မကောင်းသော နမိတ်ယူတာလည်းရှိသည်။

အပိုင်း(၂) သို့ ……..

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid