D

Tuesday, September 25, 2007

25.9.2007


copy from http://soneseayar.blogspot.com/


နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

25.9.2007


copy from Mizzima

5:00 PM
တိုင်းမှူးများက ပစ်မိန့်ကို လက်မခံ

ပိုမိုကြီးထွားလာနေသော ဆန္ဒပြမှုများကို အင်အားသုံး ဖြိုခွင်းရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လိုလားနေသော်လည်း ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ အပါအဝင် တိုင်းမှူးများက လက်မခံဘဲ ပယ်ချထားကြောင်း စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်အရ သိရသည်။ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုချက်များ ယခုအချိန်အထိ မရနိုင်သေးပါ။

ယနေ့ နေ့လည်က ထပ်မံ သိရှိရသည်က ရန်ကုန်မြို့အတွင်း ဆန္ဒပြသူများကို အရေးယူမည်ဟု ကြေညာထားချက် အပေါ်တွင် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များအတွင်း သဘောထား ကွဲလွဲမှု ရှိနေသည်ဟု သိရသည်။

4:05 PM
ခွပ်ဒေါင်းအလံ လွင့်ပျံနေတဲ့ ရန်ကုန်လူထု အုံကြွမှု

မြန်မာစံတော်ချိန် နေ့လည် ၃ နာရီ (သတင်းပေးပို့ချိန်)

ခွပ်ဒေါင်းအလံများ လွင့်ပျံနေသော ရန်ကုန် ဆန္ဒပြ လူထုကြီး ဆူးလေ ဘုရားမှသည် ဗိုလ်တထောင် ဘုရားဘက်သို့ ဆက်လက် ချီတက်နေသည်။ သံဃာတော်များက မြို့နယ်အလိုက် လူစုခွဲ စည်းရုံးမှုများလည်း စတင် လုပ်လာသဖြင့် လူအင်အား လျော့နည်းသွားသည်။

“ဒီနေ့ကတော့ အဖွဲ့တွေ စုံတယ်ပေါ့နော်။ ဦးပဉ္ဇင်းတွေ ပါတယ်၊ ဆရာလေးတွေပါတယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ပါတယ်၊ သမဂ္ဂအလံ ခွပ်ဒေါင်းအလံနဲ့ ကျောင်းသားသမဂ္ဂ ပါတယ်။ အခုဟာက ပြီးတော့ မပြီးသေးဘူး။ လမ်းဆက်လျှောက် သွားကြတယ်။ လူစုမခွဲဘူး။ ဆက်သွားနေတာ။ အခု ဗိုလ်တထောင်ဘက် သွားနေကြတယ်။ လူအင်အားကတော့ ၅ သောင်း၊ ၆ သောင်းလောက် ရှိတယ်။ ဒါက ဘုရားကနေ လာတာပေါ့နော်။ ဒီ မြို့ထဲမှာတော့ အများကြီးပဲဗျ။ ဘေးမှာ ဝိုင်းပြီးတော့ အားပေးတာပေါ့။ ဘုန်းကြီးကတော့ ၆ ထောင်၊ ၇ ထောင် အထက်မှာပဲ ရှိတယ်ဗျ။ နည်းတယ်ရယ်တော့ မဟုတ်ဘူးဗျ။ သူ့ကျောင်း သူ့နေရာမှာရှိတဲ့ ပြည်သူတွေကို လှည့်ခေါ်နေကြတယ်လို့ သိထားတယ်။ ဥပမာ အလုံမှာ ရှိတဲ့ အောင်မင်္ဂလာတိုက်က သံဃာတော်တွေက သူတို့နဲ့ လိုက်ပါအောင် လှည့်အော်နေကြတယ်။ လှိုင်သာယာဘက်မှာလည်း ဘုန်းကြီးတွေက လိုက်အော်နေတယ်။ အမိန့်တွေ ထုတ်လို့ လူတွေ မကြောက်အောင် လိုက်ခေါ်နေတာ။ သူ့မြို့နယ်နဲ့သူ လိုက်ပြီးတော့ စည်းရုံးတဲ့ သဘောပေါ့ဗျာ။”

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

25.9.2007


copy from Mizzima

5:00 PM
တိုင်းမှူးများက ပစ်မိန့်ကို လက်မခံ

ပိုမိုကြီးထွားလာနေသော ဆန္ဒပြမှုများကို အင်အားသုံး ဖြိုခွင်းရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လိုလားနေသော်လည်း ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ အပါအဝင် တိုင်းမှူးများက လက်မခံဘဲ ပယ်ချထားကြောင်း စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်အရ သိရသည်။ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုချက်များ ယခုအချိန်အထိ မရနိုင်သေးပါ။

ယနေ့ နေ့လည်က ထပ်မံ သိရှိရသည်က ရန်ကုန်မြို့အတွင်း ဆန္ဒပြသူများကို အရေးယူမည်ဟု ကြေညာထားချက် အပေါ်တွင် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များအတွင်း သဘောထား ကွဲလွဲမှု ရှိနေသည်ဟု သိရသည်။

4:05 PM
ခွပ်ဒေါင်းအလံ လွင့်ပျံနေတဲ့ ရန်ကုန်လူထု အုံကြွမှု

မြန်မာစံတော်ချိန် နေ့လည် ၃ နာရီ (သတင်းပေးပို့ချိန်)

ခွပ်ဒေါင်းအလံများ လွင့်ပျံနေသော ရန်ကုန် ဆန္ဒပြ လူထုကြီး ဆူးလေ ဘုရားမှသည် ဗိုလ်တထောင် ဘုရားဘက်သို့ ဆက်လက် ချီတက်နေသည်။ သံဃာတော်များက မြို့နယ်အလိုက် လူစုခွဲ စည်းရုံးမှုများလည်း စတင် လုပ်လာသဖြင့် လူအင်အား လျော့နည်းသွားသည်။

“ဒီနေ့ကတော့ အဖွဲ့တွေ စုံတယ်ပေါ့နော်။ ဦးပဉ္ဇင်းတွေ ပါတယ်၊ ဆရာလေးတွေပါတယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ပါတယ်၊ သမဂ္ဂအလံ ခွပ်ဒေါင်းအလံနဲ့ ကျောင်းသားသမဂ္ဂ ပါတယ်။ အခုဟာက ပြီးတော့ မပြီးသေးဘူး။ လမ်းဆက်လျှောက် သွားကြတယ်။ လူစုမခွဲဘူး။ ဆက်သွားနေတာ။ အခု ဗိုလ်တထောင်ဘက် သွားနေကြတယ်။ လူအင်အားကတော့ ၅ သောင်း၊ ၆ သောင်းလောက် ရှိတယ်။ ဒါက ဘုရားကနေ လာတာပေါ့နော်။ ဒီ မြို့ထဲမှာတော့ အများကြီးပဲဗျ။ ဘေးမှာ ဝိုင်းပြီးတော့ အားပေးတာပေါ့။ ဘုန်းကြီးကတော့ ၆ ထောင်၊ ၇ ထောင် အထက်မှာပဲ ရှိတယ်ဗျ။ နည်းတယ်ရယ်တော့ မဟုတ်ဘူးဗျ။ သူ့ကျောင်း သူ့နေရာမှာရှိတဲ့ ပြည်သူတွေကို လှည့်ခေါ်နေကြတယ်လို့ သိထားတယ်။ ဥပမာ အလုံမှာ ရှိတဲ့ အောင်မင်္ဂလာတိုက်က သံဃာတော်တွေက သူတို့နဲ့ လိုက်ပါအောင် လှည့်အော်နေကြတယ်။ လှိုင်သာယာဘက်မှာလည်း ဘုန်းကြီးတွေက လိုက်အော်နေတယ်။ အမိန့်တွေ ထုတ်လို့ လူတွေ မကြောက်အောင် လိုက်ခေါ်နေတာ။ သူ့မြို့နယ်နဲ့သူ လိုက်ပြီးတော့ စည်းရုံးတဲ့ သဘောပေါ့ဗျာ။”

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

25.9.2007


copy from dvb.no


နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

25.9.2007


copy from http://www.mizzimaburmese.com/breaking_news.php


4:05 PM
ခွပ်ဒေါင်းအလံ လွင့်ပျံနေတဲ့ ရန်ကုန်လူထု အုံကြွမှု

မြန်မာစံတော်ချိန် နေ့လည် ၃ နာရီ (သတင်းပေးပို့ချိန်)

ခွပ်ဒေါင်းအလံများ လွင့်ပျံနေသော ရန်ကုန် ဆန္ဒပြ လူထုကြီး ဆူးလေ ဘုရားမှသည် ဗိုလ်တထောင် ဘုရားဘက်သို့ ဆက်လက် ချီတက်နေသည်။ သံဃာတော်များက မြို့နယ်အလိုက် လူစုခွဲ စည်းရုံးမှုများလည်း စတင် လုပ်လာသဖြင့် လူအင်အား လျော့နည်းသွားသည်။

ဒီနေ့ကတော့ အဖွဲ့တွေ စုံတယ်ပေါ့နော်။ ဦးပဉ္ဇင်းတွေ ပါတယ်၊ ဆရာလေးတွေပါတယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ပါတယ်၊ သမဂ္ဂအလံ ခွပ်ဒေါင်းအလံနဲ့ ကျောင်းသားသမဂ္ဂ ပါတယ်။ အခုဟာက ပြီးတော့ မပြီးသေးဘူး။ လမ်းဆက်လျှောက် သွားကြတယ်။ လူစုမခွဲဘူး။ ဆက်သွားနေတာ။ အခု ဗိုလ်တထောင်ဘက် သွားနေကြတယ်။ လူအင်အားကတော့ ၅ သောင်း၊ ၆ သောင်းလောက် ရှိတယ်။ ဒါက ဘုရားကနေ လာတာပေါ့နော်။ ဒီ မြို့ထဲမှာတော့ အများကြီးပဲဗျ။ ဘေးမှာ ဝိုင်းပြီးတော့ အားပေးတာပေါ့။ ဘုန်းကြီးကတော့ ၆ ထောင်၊ ၇ ထောင် အထက်မှာပဲ ရှိတယ်ဗျ။ နည်းတယ်ရယ်တော့ မဟုတ်ဘူးဗျ။ သူ့ကျောင်း သူ့နေရာမှာရှိတဲ့ ပြည်သူတွေကို လှည့်ခေါ်နေကြတယ်လို့ သိထားတယ်။ ဥပမာ အလုံမှာ ရှိတဲ့ အောင်မင်္ဂလာတိုက်က သံဃာတော်တွေက သူတို့နဲ့ လိုက်ပါအောင် လှည့်အော်နေကြတယ်။ လှိုင်သာယာဘက်မှာလည်း ဘုန်းကြီးတွေက လိုက်အော်နေတယ်။ အမိန့်တွေ ထုတ်လို့ လူတွေ မကြောက်အောင် လိုက်ခေါ်နေတာ။ သူ့မြို့နယ်နဲ့သူ လိုက်ပြီးတော့ စည်းရုံးတဲ့ သဘောပေါ့ဗျာ။

3:35 PM
အနုပညာသည်များ အစုအဖွဲ့က ပြည်သူအများသို့ ဟောပြောနေသည်။

2:55 PM
စစ်အစိုးရက ဆန္ဒပြပွဲများ မဖြစ်ပေါ်ရန် ခြိမ်းခြောက်မှုများ လုပ်ထားသော်လည်း ရန်ကုန်လူထု ဆန္ဒပြပွဲကြီးကား ပိုမို ကြီးမားလာပြီး ရက်ပ်သီချင်း အဆိုတော်များ အပါအဝင် အဆိုတော်များ၊ စာရေးဆရာများ၊ ရုပ်ရှင် အနုပညာသည်များလည်း ဆက်လက် ပါဝင်နေပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် လူငယ် ခေါင်းဆောင်များကိုလည်း တွေ့ရသည်။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

baby photo







နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

ရယ်ရအောင်



ငါးစိမ်းသည်နှင့် ဖောက်သည်
ဖောက်သည် - “ မင်းငါးတွေက လတ်လည်းမလတ်ဘူး”
ဖောက်သည် - “ ငါးလတ်သာ လိုချင်ရင် မနေ့က ဘာလို့လာမ၀ယ်သလဲ”



စာသင်ခန်းတွင်

ဆရာလုပ်တဲ့သူက တပည့်တွေကိုမေးတယ်
ဆရာ - “ စာအုပ်ထဲမှာ ဘယ်စာအုပ်ကို အကြိုက်ဆုံးလဲ တပည့်တို့”
တပည့် - “ ငွေထုတ်လို့ရတဲ့ဘဏ်စာအုပ်” ကို အကြိုက်ဆုံးပဲလို့ပြန်ဖြေကြတယ်တဲ့။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

25.9.2007


copy from http://www.mizzimaburmese.com/breaking_news.php

2:40 PM
ရန်ကုန်လူထု အုံကြွပြီ

ဒုတိယနေ့ ဆူးလေတွင် ဆုံမည့် လူထု အုံကြွမှုကြီးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များလည်း ပါဝင်ပြီး “အရေးတော်ပုံ အောင်ရမည်” ဆိုသော ကြွေးကျော်သံများနှင့် တခဲနက်ညံလျှက် ရှိသည်။ သတင်းယူလျှက်ရှိစဉ်ပင် ကြွေးကျော်သံများ ကြားနေရသည်။

သံဃာ ၅ သောင်းကျော် အထိပင် ရှိနိုင်ပြီး လူထု ၁ သိန်းကျော်မည်ဟု မျက်မြင်သက်သေ အများအပြားက ခန့်မှန်းသော အုံကြွမှုကြီးအနီး လုံခြုံရေးများ မတွေ့ရကြောင်းလည်း သိရသည်။

“၁၃ဝဝ ပြည့်အရေးတော်ပုံ” လိုမျိုး ဖြစ်ပြီဟု အနီးတွင် စောင့်ကြည့်နေသူ တဦးက မဇ္ဈိမသို့ ပြောပြသည်။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

25.9.2007


copy from http://www.mizzimaburmese.com/breaking_news.php

2:40 PM
ရန်ကုန်လူထု အုံကြွပြီ

ဒုတိယနေ့ ဆူးလေတွင် ဆုံမည့် လူထု အုံကြွမှုကြီးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များလည်း ပါဝင်ပြီး “အရေးတော်ပုံ အောင်ရမည်” ဆိုသော ကြွေးကျော်သံများနှင့် တခဲနက်ညံလျှက် ရှိသည်။ သတင်းယူလျှက်ရှိစဉ်ပင် ကြွေးကျော်သံများ ကြားနေရသည်။

သံဃာ ၅ သောင်းကျော် အထိပင် ရှိနိုင်ပြီး လူထု ၁ သိန်းကျော်မည်ဟု မျက်မြင်သက်သေ အများအပြားက ခန့်မှန်းသော အုံကြွမှုကြီးအနီး လုံခြုံရေးများ မတွေ့ရကြောင်းလည်း သိရသည်။

“၁၃ဝဝ ပြည့်အရေးတော်ပုံ” လိုမျိုး ဖြစ်ပြီဟု အနီးတွင် စောင့်ကြည့်နေသူ တဦးက မဇ္ဈိမသို့ ပြောပြသည်။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

25.9.2007


copy from http://www.mizzimaburmese.com/breaking_news.php

2:05 PM
ထောင်ပေါင်းများစွာသော ရန်ကုန် ဆန္ဒပြ သံဃာတော်များနှင့် လူပရိတ်သတ် အများအပြား ရွှေတိဂုံ ဘုရားမှသည် ဆူးလေဘုရားသို့ ချီတက်လျှက်ရှိရာ ယခုအချိန်တွင် အလံပြဘုရား လမ်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

11:40 AM
လုံခြုံရေးတိုးလာမှုနှင့် နှစ်ဘက်စိုးရိမ်မှု

ရန်ကုန်မြို့တွင် စစ်အစိုးရက တပ်အင်အားများ တိုးချထားလိုက်ရာတွင် အာဇာနည်ကုန်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ် ကြေးသွန်းဘုရားတို့တွင် ထပ်တိုးတပ်များကို တွေ့မြင်ရသည်။

ဆူးလေဘုရား အနီးတဝိုက်၊ မြို့တော်ခန်းမ ရှေ့များတွင်လည်း စစ်ဝတ်စုံ အပြည့်နှင့် လုံခြုံရေးများ ပိုတိုးလာသည်။

ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းမည်လား ဆိုသော စိုးရိမ်မှုများ ပေါ်နေသလို သံဃာတော်များကို အကြမ်းဖက်လျှင် ပိုမို မီးထိုးပေးလိုက် သလို ဖြစ်မှာ အာဏာပိုင်တို့ စိုးရိမ်နေကြသည်ဟု အစိုးရနှင့် နီးစပ်သူ အသိုင်းအဝိုင်းက ပြောသည်။

လက်ရှိအနေအထားတွင် စစ်အာဏာပိုင်တို့ဘက်မှ ဆန္ဒပြပွဲများမကြီးထွားရန် ဟန့်တားမှုများကို ကြိုးစားလုပ်နေရကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံ တကာ အေဂျင်စီ တခုမှ လေ့လာသူ တဦးက ပြောသည်။

11:25 AM
ရန်ကုန်မြို့မှာ ဆန္ဒမပြဖို့ လော်နဲ့အော်

ဆန္ဒမပြရန်နှင့် ဆန္ဒပြလျှင် အရေးယူမည်ဟု ရန်ကုန်မြို့တွင် အသံချဲ့စက်များဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက လိုက်လံ အော်လျှက် ရှိသည်။

ကလေးမြို့မှာ လူ ၉ ဦးကို အာဏာပိုင်တွေ ဖမ်းဆီး

မြန်မာစံတော်ချိန် နံနက် ၁၂ နာရီခွဲ (သတင်းပေးပို့ချိန်)

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့နံနက် အစောပိုင်းက နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်သူများဟု ယူဆရသူ အနည်းဆုံး လူ ၄ ဦးကို အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“မနက် ၂ နာရီ ၄ဝ လောက်မှာ လာဖမ်းတာရှင့်။ အပြင်ကို ထွက်မကြည့်တော့ လူဘယ်နှစ်ယောက် ပါလာတယ်ဆိုတာ မသိပါဘူး။ အကြောင်းပြချက်မရှိ ခေါ်သွားတာပါ” ဟု ကလေး ဒေသခံတဦးက ပြောသည်။

အခြား ဒေသခံများ အဆိုအရ ဦးဘမြင့်၊ ဦးညိုမြ၊ ဦးမြင့်သိန်းနှင့် ဦးမိုက်ကယ် ဝင်းကျော်တို့ကို ရဲနှင့် ရပ်ကွက် အာဏာပိုင်များမှ လာရောက် ဖမ်းဆီးသည်မှာ သေချာကြောင်းနှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ဦးဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်သဖြင့် ယခုလို ခေါ်ယူ ထိန်းသိမ်းခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

1:50 PM
ကျောက်ပန်းတောင်းမှာ ဆန္ဒပြပြီ

မြန်မာစံတော်ချိန် ၁နာရီ ၁ဝမိနစ်။

“လောလောဆယ် သံဃာတော် အပါး ၁ဝဝဝကျော်တယ်။ ၁၅ဝဝ လောက် ရှိမှာပေါ့နော်၊ ဆုတောင်ပြည့် ဘုရားကြီးကနေ စထွက်မယ်။ အဲဒီကနေပြီးတော့ ဈေးကိုပတ်မယ်။ ဈေးကို ပတ်ပြီးတော့ မြို့ပတ်တဲ့ လမ်းတွေလည်း ပါတ်မှာပေါ့ ဒကာကြီး။ သတ်မှတ်ထားတဲ့ အချက် သုံးချက်နဲ့ ဒီမေတ္တာသုတ်တွေ ရွတ်ပြီးတော့ လမ်းလျှောက် ချီတက်ကြမှာပေါ့။ နောက်က လူအင်အားလဲ တော်တော်များတယ် ဒကာကြီး၊ လူအင်အား တသောင်းလောက် ရှိမယ်။ အခုမှ ပြင်ဆင်တုံးပဲ ရှိသေးတယ်။ ထွက်ခါနီး နေပါပြီ။” ဟု ဆန္ဒပြရန် အသင့် စောင့်ဆိုင်းနေသည့် သံဃာတော် တပါးက ပြောသည်။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

25.9.2007


copy from http://ko-htike.blogspot.com/


ယနေ့မနက် မြန်မာစံတော်ချိန် ၁၀း၀၀ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သက်တော် (၇၆) နှစ်ရှိတဲ့ ဆရာတော်ကြီးတစ်ပါး ဆန္ဒပြလျှက်ရှိပါတယ်။
ဆရာတော်ကြီးဟာ သာမညနိဗ္ဗာန်ကျောင်းတိုက်ကဖြစ်ပြီးဘွဲ့အမည် ဦးတေဇာဘာသ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ကောင်းမွန်တာတွေ မြင်လိုသောဆန္ဒ သူ့မှာ ရှိတယ်လို့ မိန့်ကြားပြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ပိုစတာကြီး (၂) ချုပ်ကိုလည်း ဖြန့်ထားပါတယ်။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

25.9.2007


Copy from http://www.mizzimaburmese.com/breaking_news.php

1:15 PM
မကွေးမြို့ရဲ့ လုံခြုံရေး

“ဘုန်းကြီးကျောင်းတွေမှာတော့ လုံခြုံရေးတွေ ချထားတာ တွေ့တယ်။ အရပ်ဝတ်တွေနဲ့ပဲ။ သူတို့ စောင့်ကြည့်နေတာ ပေါ့လေ။ နယ်ဘက်တော့ ဒီလိုပဲ ရှိတယ်။ စောင့်ကြည့်နေတာကတော့ ရဲတွေပဲ၊ အရပ်ဝတ် အရပ်စားနဲ့ပဲ။ ကြံ့ဖွတ်တွေကတော့ အဲဒီနားကို မကပ်တော့ဘူးဗျာ။ မပါးတော့ဘူး။ ဒီရဲသားတွေပဲ အရပ်ဝတ် အရပ်စားတွေနဲ့ စောင့်ကြည့်နေတယ်။ တကျောင်းမှာ ၂-၃ ယောက်လောက်ပဲ ချထားတယ်။ မကွေးမှာရှိတဲ့ ကျောင်းသားတွေကို ကျောင်းတက်ချိန်မှာ ကျောင်းမှာပဲ ရှိရမယ်၊ ကျောင်းဝတ်စုံနဲ့ အပြင်မှာ မရှိရဘူး ။ မနေ့က စပြီးတော့ ဖြစ်တာ” ဟု မြို့ခံတဦးက ပြောသည်။

12:45 PM
ချောက်မှာ မနေ့က ဆန္ဒပြ

ချောက်မြို့တွင် သီလရှင် အပါး ၃ဝ ခန့်နှင့် သံဃာတော် ၁ ထောင်ကျော် ယမန်နေ့က ဆန္ဒပြခဲ့ကြသည်။

“ဘုန်းကြီး သံဃာတွေကို ရှိခိုးကတော့ပြီးတော့ ကြည်ညိုနေကြတဲ့ လူတွေက သုံးလေးသောင်းလောက် ရှိတယ်။ ဒီသံဃာတွေနဲ့အတူ လိုက်ပါလာတဲ့ သူတွေက သုံးထောင်လောက် ရှိတယ်။ ရေအိုးစဉ်ကနေ ဈေးဘက်၊ ဈေးဘက်ကနေ ကမ်းနားဘက်၊ ကမ်းနားဘက်ကနေ၊ သာသနာ့ ဗိမာန် ၊ အဲဒီကနေပြီးတော့ အရှေ့ငွေတောင်၊ အနောက်ငွေတောင်၊ နောက်ပြီးတော့ အမှတ် (၁) အထက ဘက်ကို သွားတယ်။ ဆုတောင်းမေတ္တာ ပို့တယ်။” ဟု ချောက်မြို့ ဒေသခံတဦးက ပြောပြသည်။

“နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊” “စားဝတ်နေရေး ပြေလည်ရေး၊” “အမျိုးသား ပြန်လည် သင့်မြတ်ရေး” တို့ ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

သပိတ်များကို မှောက်လျှက် ကိုင်ဆောင်ထားသော သံဃာတော်များက ရှေ့ဆုံးတန်းတွင် ချီတက်ခဲ့ကြသည်။

“ပြည်သူတွေက လက်ခုတ်လက်ဝါး တီးပြီးတော့ အားပေးကြတယ်။ တချို့တွေက စိတ်မကောင်း ဖြစ်ပြီးတော့ မျက်ရည်တွေ ကျကြတယ်။ နောက် ရေသန့်ဗူးတွေ၊ လိမ္မော်သီးတွေ၊ ချိုချဉ်တွေ၊ အချိုရည်တွေ လမ်းတစ်လျောက်လုံး လှူကြ၊ ကမ်းကြတယ် ခင်ဗျာ။ အနှောက်အယှက်တော့ မရှိဘူးခင်ဗျား၊ ဒီကြံ့ခိုင် ဖွံ့ဖြိုးရေးက ကလေးတွေကတော့ ဘေးကနေ လိုက်ကြည့်တာတော့ ရှိတယ်။” ဟု ဒေသခံက ပြောသည်။

12:35 PM
၂ ရာခိုင်နှုန်းတောင် မပြည့်

ဆန္ဒပြ သံဃာတော် အရေအတွက်သည် ၂ ရာခိုင်နှုန်းမျှပင် မပြည့်ဘဲ သံဃာတော်များ ဆန္ဒပြခြင်းကြောင့် လူထုက အကြည်ညိုပျက်မှာ ဖြစ်ကြောင်း သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်က ပြောကြားချက်ကို အစိုးရ သတင်းစာများက ရေးသား ဖော်ပြထားသည်။

ဝန်ကြီးက ပြောကြားရာတွင် ဆန္ဒပြမှုကို ရဟန်းပျိုများ သမဂ္ဂအဖွဲ့မှ ဦးခေမာစာရက ကြိုးကိုင် လုပ်ဆောင်နေပြီး ပြည်ပ မီဒီယာများက မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ အမည်မတပ်ဘဲ ပြည်ပနိုင်ငံကြီး တချို့ကလည်း နှောက်ယှက် ဖျက်ဆီးနေခြင်းဟု ပြောဆို ထားသည်။ ပြည်တွင်း ဆူပူမှု ဖန်တီးသူများမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၊ ဗမာပြည် ကွန်မြူနစ်ပါတီ မြေအောက်ယူဂျီများ၊ အေဘီအက်စ်ဒီအက်ဖ်တို့နှင့် စစ်အစိုးရ ဆန့်ကျင်ရေး အဖွဲ့အားလုံး လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။

သို့သော် ပခုက္ကူမြို့တွင် သံဃာတော်များကို လုံခြုံရေးများနှင့် စစ်အစိုးရ ကျောထောက်နောက်ခံ လူမိုက်များက ရိုက်နှက် ဆဲရေးခဲ့ခြင်းနှင့် ပတ်သက်၍ ပြောကြားသွားခြင်း မရှိပေ။

ကျောက်ပန်းတောင်းမှာ ဆန္ဒပြဖို့ ပြင်နေပြီ

မြန်မာစံတော်ချိန် ၁၁ နာရီခွဲ (သတင်းပေးပို့ချိန်)

မကွေးတိုင်း ကျောက်ပန်းတောင်း မြို့တွင် သံဃာလူထု မကြာမီ စုပေါင်း ဆန္ဒပြရန်အတွက် ယခုအခါ စီစဉ်နေကြောင်း ဒေသခံ တဦး၏ ပြောဆိုချက်အရ သိရသည်။

“ဒီနေ့ ၁၂ နာရီ စမယ်။ လူစုနေပြီ။ ဘုန်းကြီးတွေ သွားဖို့ ပြင်ဆင်နေတယ်။ မကြာတော့ပါဘူး လျှောက်ဖို့။ ဒီနေ့ ဘုန်းကြီးအပါး ၁၅ဝဝ လောက် ရှိတယ်။ လူထုတွေက ဘုန်းကြီးတွေရဲ့နောက်မှာ ၄ ယောက် တတန်း လျှောက်ဖို့ စီစဉ်နေတယ်။ စည်းကမ်းရှိဖို့လည်း ဘုန်းကြီးတွေ ပြောထားပါတယ်။ အခုချိန်ထိတော့ နှောင့်ယှက်တာတော့ မရှိသေးဘူး။ မဝတ ရုံးတောင် အပေါက် ပိတ်ထားတယ်။ ဘုန်းကြီးတွေ ဆွမ်းစားနေတယ်။ ပြီးရင် ဘုရားကို သွားမယ်။ အဲဒီမှာ လူထုတွေ ၁ဝဝဝ လောက် ရောက်နေပြီ။ ဘုန်ကြီးတွေ ရောက်တာနဲ့ စမယ်။ ကျောင်းသားတွေလည်း ပါဝင်တယ်။ လက်ရှိ ကောလိပ် တက်နေတဲ့ ကျောင်းသားတွေ ပါတယ်။ လူထုတွေ အားလုံးက အရမ်းကို တက်ကြွနေတယ်။ ဈေးသည်တွေလည်း ဆိုင်တွေပိတ်ပြီး ပါဝင်လာတယ်။ နောက် ၁ နာရီလောက်ဆို စမယ်”

12:00 PM
ဆန္ဒပြပွဲများတွင် ပူးပေါင်း ပါဝင်မှာစိုး၍ အစိုးရ ရုံးများတွင် ဝန်ထမ်းများကို အပြင် ပေးမထွက်ထားသည်။ သို့သော် အစိုးရရုံးများ ပိတ်ရန် တရား ဝင်အမိန့် ထုတ်ပြန်ခြင်း မရှိသေးပါ။

11:40 AM
လုံခြုံရေးတိုးလာမှုနှင့် နှစ်ဘက်စိုးရိမ်မှု

ရန်ကုန်မြို့တွင် စစ်အစိုးရက တပ်အင်အားများ တိုးချထားလိုက်ရာတွင် အာဇာနည်ကုန်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ် ကြေးသွန်းဘုရားတို့တွင် ထပ်တိုးတပ်များကို တွေ့မြင်ရသည်။

ဆူးလေဘုရား အနီးတဝိုက်၊ မြို့တော်ခန်းမ ရှေ့များတွင်လည်း စစ်ဝတ်စုံ အပြည့်နှင့် လုံခြုံရေးများ ပိုတိုးလာသည်။

ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းမည်လား ဆိုသော စိုးရိမ်မှုများ ပေါ်နေသလို သံဃာတော်များကို အကြမ်းဖက်လျှင် ပိုမို မီးထိုးပေးလိုက် သလို ဖြစ်မှာ အာဏာပိုင်တို့ စိုးရိမ်နေကြသည်ဟု အစိုးရနှင့် နီးစပ်သူ အသိုင်းအဝိုင်းက ပြောသည်။

လက်ရှိအနေအထားတွင် စစ်အာဏာပိုင်တို့ဘက်မှ ဆန္ဒပြပွဲများမကြီးထွားရန် ဟန့်တားမှုများကို ကြိုးစားလုပ်နေရကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံ တကာ အေဂျင်စီ တခုမှ လေ့လာသူ တဦးက ပြောသည်။

11:25 AM
ရန်ကုန်မြို့မှာ ဆန္ဒမပြဖို့ လော်နဲ့အော်

ဆန္ဒမပြရန်နှင့် ဆန္ဒပြလျှင် အရေးယူမည်ဟု ရန်ကုန်မြို့တွင် အသံချဲ့စက်များဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက လိုက်လံ အော်လျှက် ရှိသည်။

11:00 AM
သတင်းအမှောင် ထပ်ချရေး စစ်အစိုးရကြိုးပမ်း

စစ်အစိုးရသည် သတင်း စီးဆင်းနေမှုကို ကန့်သတ်နိုင်ရန် ကြိုးပမ်းသောအားဖြင့် အင်တာနက်လိုင်းများ ဖြတ်တောက်လိမ့်မည် ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ယမန်နေ့ည ကတည်းက ထွက်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် မြန်မာ တယ်လီပေါ့ (ယခင် ပုဂံ) အင်တာနက် ဆာဗာနှင့် မြန်မာ့စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေး ဆာဗာ နှစ်ခု ရှိသည့် အနက် မြန်မာ တယ်လီပေါ့ကို ဖြတ်တောက်ဖွယ် ရှိသည်ဟု အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်များ အရ သိရသည်။

အစောပိုင်းက နိုင်ငံရေး သမားများ၊ တက်ကြွ လှုပ်ရှားသူများ၏ တယ်လီဖုန်းများ ဖြတ်တောက်ကာ သတင်းစီးဆင်းမှု ပိတ်ပစ်ရန် ကြိုးစား ခဲ့သော်လည်း မြန်မာပြည်တွင်း ကြီးထွားလာနေသော ဆန္ဒပြပွဲများ၏ သတင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများမှာ အင်တာနက်တွင် ပလူပျံနေဆဲ ဖြစ်သည်။

ယမန်နေ့က မန္တလေးတွင် နိုင်ငံခြား သတင်းထောက် တဦးကို ကြံ့ခိုင် ဖွံဖြိုးရေးနှင့် စွမ်းအားရှင် လူမိုက်တစုက ရိုက်နှက်ရာ ဆန္ဒပြ သံဃာတော် များ အမြန် တားဆီးနိုင်၍ သက်သာရာ ရသွားခဲ့သည်။

----------------------------------

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

ခင္ဗဵား … ထပၝ


ခင္ဗဵား … ထပၝ
ဗမာဴပည္သား
စက္တင္ဘာ ၂၄၊ ၂၀၀၇

ခင္ဗဵား … ထပၝ

အောက်တန်းကဵတဲူ့မန်မာ့ရုပ်သံ
လုပ်ုကံသတင်း - အဖဵင်းအညာ
သတင်းစာတေနြဲႚ ဘာလိုႚရန်ူဖစ်နေမြာလဲ
တရားတာ - မတရားတာဟာ၊ စကားအရာနဲႚ
အလကား ၀ၝေနမယ့္ အစား
ခင္ဗဵားတိုႚ ပၝဖိုႚ မလိုဘူးလား။

ကယ်ြရာေူပာ အတင်းတဲ့
အရေးအခင်းအပမြာ လေးခင်ူးပနေမယ့်အစား
ခင္ဗဵား ပၝဖိုႚ မသင့္ဘူးလား။

စာရက်ြတေဖြတ် ကေဵနပ်နေမယ့်အစား
ခင္ဗဵားတိုႚ ပၝဖိုႚ မထိုက္ဘူးလား။

ဘီဘီစီ ဗြီအိုအေ ရေဒီယို ကက်ဆက်
ထက်ြသမ္တွခြေ နားထောင်ကေဵနပ်
ယပ်ခပ် နေမယ့်အစား
လက်ခုတ်တီးနေ အုံကိတ်နေမယ့် အစား
ခင္ဗဵားတိုႚ ပၝဖိုႚ မေကာင္းဘူးလား။

ခင္ဗဵားတိုႚအသိ၊ ခင္ဗဵားတိုႚ အဘိဓမၳာဟာ
လက်တြေႚ မြေးဖြားမလာရင်
ဘာလုပ်မလဲ အူမြံပဲပေၝ့။

ဝေဘန်မနေနဲႚ၊ လေကန် မေနနဲႚ
ညည္းညႃမေနနဲႚ၊ ဂဵီးထူ မေနနဲႚ
တက်ခေၝက်နေတာလဲ လက်ေူမြာက်နေတာပဲ
ဆင်ေူခူမင်းေူခ အသခေဿဵကို
လေတိုက်ပြဲမြာ ထားခဲ့ပၝတော့။

စေဵးဆိုင်ကနားေုကာင့် ဘေးထိုင်နားနေသလား
လစာတိုးတဲ့ လာဘ်ေုကာင့်
ဘ၀ပၝထိုးဴပီး အပ္လိုက္သလား၊
တရားရေး ပေဵာက်ူပီး စပၝးစေဵးနောက်
တကောက်ကောက် လိုက်နေသလား၊
ထမင်းတနပ် ဟင်းတဖတ်ေုကာင့်
ဟင်ုးကပ်နေသလား၊

အလကား …
ခင်ဗဵားလိုပဲ လူတိုင်းလည်း
အလားတူ အပူနဲႚခဵည္း မႀတ္ပၝ
ဒၝေပမယ့္ …

ခင္ဗဵားစဥ္းစားဳကည့္ပၝ …

သြားလေသူတြေ သြားနေုကတယ်
ဝင်လေသူတြေ ၀င်နေုကတယ်
လုပ်နေသူတြေ လုပ်နေုကတယ်

ခင္ဗဵားက သီးဴခား၊ အခၾင့္ထူးခံလား
အသနားခံလား၊ အကယ္ဆယ္ခံ လား
ခင္ဗဵားတုိႚဘ၀ကို ခင္ဗဵားတိုႚမႀ အပ
ဘယ်သူက ကယ်တငိုံင်မြာလဲ

မဵႂိးဆက္တခုလုံးအေရး ခင္ဗဵားမပၝေသးသမ႖
ဝေးနေအုံးမြာပဲ၊

ဘ၀ဆုံးတဲ့အူဖစ်၊ လူဖစ်ရြံးတဲ့ အူဖစ်တေနြဲႚ
တရစ်ူပီး တရစ်
နစ်ူပီးရင်း နစ်နေရတဲ့
ဖက်ဆစ်စနစ်၊ စစ်အာဏာရင်ြစနစ် အောက်မြာ
နောက်ထပ်ဆုံးရြံးစရာ ဘာကဵန်သေးလိုႚလဲ
သံြေိာံင်ုကြိးပဲ မဟုတ်လား၊
စစ်သံဖြေိာံင့်ပဲ မဟုတ်လား။

ဘာလဲ … လက္ရႀိ နဲႚ လက္မဲ့ ဆိုတဲ့စကား
အင္အားခဵင္း မမ႖ဘူးဆိုတဲ့ စကား
ခင္ဗဵား ေဴပာအုံးမလိုႚလား။

ဒီမႀာ - ခင္ဗဵား ပၝရင္ … တအား
ကဵႂပ္ ပၝရင္ …တအား
သူ ပၝရင္ … တအား
အားလုံး - အားလုံး ပၝ၀င္ဴပီး
အင်အားတြေ စုစည်း
ုကီး သထက်ုကီး လာရင်
ူမက်ပင်တေနြဲႚ ကဵစ်တဲ့ "လနြ်" ဟာ
ခန်ြအားဘုရင် ဆင်ဆိုတာတောင်
ဆြဲူပီး ပစ်လြဲ ပစိုံင်တယ် မဟုတ်လား။

ရေမြံလေးတေနြဲႚ ဖြဲႚစည်းထားတဲ့ "လိငြ်း" ဟာ
ကေဵာင်ဆောင် တံတိုင်းတေကြိုတောင်
ူဖိခြဵပစိုံင်တယ် မဟုတ်လား။

ခင္ဗဵား ထပၝ …
ထ စမ္း ပၝ … ။ ။

(အရေးတော်အတကြ် ပေးဖတ်ုကပၝ၊ ကူးယူဆင့်ပြား လက်ဆင့်ကမ်ုးကပၝ)

ူပည်တငြ်းက ကဗဵာဴဖစ္ပၝတယ္။ မႎၨေလးက သပိတ္ကဗဵာပၝ။
Copy from http://moemaka.blogspot.com/

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Monday, September 24, 2007

United in war




These soldiers will all stand tall,
In this war where thousands will fall,
Were many lives will end,
And their souls will descend.

These soldiers all stood united,
When this war was ignited,
All standing up willing to fight,
In a war they considered to be right.


But we don't know,
Whether it is right or wrong,
Only that it is lasting too long,
How many more mothers will lose,
A daughter or a son?
What is done is done,
This war will never be won.



by Mark Hughes

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

24.9.207


copy from http://www.irrawaddy.org

ဧရာဝတီ | စက်တင်ဘာ ၂၄၊ ၂၀၀၇

ရန်ကုန် - နေ့လယ် ၁၂ နာရီကျော်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှစတင်၍ သံဃာတော်အပါး ၁၀၀၀ ကျော်က ဦးဆောင်ကာ ပြည်သူများနှင့်အတူ ဆန္ဒပြချီတက်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

အန်အယ်လ်ဒီရုံးရှေ့သို့အရောက် သံဃာတော်များ ခေတ္တရပ်နားပြီးပရိတ်ရွတ်ကြောင်း၊ ၎င်းပတ်ဝန်းကျင်တွင် သွားလာနေ သည့် ကားများပေါ်မှ ပြည်သူများဆင်းလာကာ ဆန္ဒပြစစ်ကြောင်းတွင် ပူးပေါင်းကြောင်းလည်း သူက ပြောသည်။

ဆန္ဒပြစစ်ကြောင်းတွင် သံဃာတော်များအပါအ၀င် စုစုပေါင်းအင်အား တသောင်းကျော်ရှိကြောင်း သိရသည်။ ကဗျာဆရာ အောင်ဝေးဦးဆောင်သည့် စာပေသမားအများအပြားလည်း ပူးပေါင်းဆန္ဒပြကြောင်း သတင်းရရှိသည်။
ရုပ်ရှင်သရုပ်ဆောင် ကျော်သူအား ဆူးလေဘုရားအနီးတွင် အာဏာပိုင်က ဖမ်းဆီးလိုက်သည်ဟူသည့် သတင်းများလည်း ထွက်နေသည်။

နတ်တလင်း-ပဲခူးတိုင်း (အနောက်ခြမ်း) - နံနက် ၅ နာရီမှ ၆ နာရီအထိ သံဃာအပါး ၅၀ ကျော် မေတ္တာသုတ်ရွတ်ကာ နတ်တလင်းမြို့ကိုပတ်၍ ချီတက်ဆန္ဒပြသည်ဟု ဒေသခံတဦးက ပြောသည်။
“မနက်အစောကြီးဆိုတော့ အာဏာပိုင်တွေ ချက်ချင်းမသိလိုက်ဘူး။ သိတဲ့အခါကျမှ ဘုန်းကြီးတွေ ဆွမ်းငတ်ချင်ပြီ ထင်တယ်လို့ ကြိမ်းနေတယ်”ဟု ၎င်းကပြောသည်။

ရန်ကုန် - ယနေ့နံနက် ၉ နာရီခန့်တွင် ရန်ကုန်မြို့ တာမွေမြို့နယ် ယုဇန ပလာဇာရှေ့မှ စတင်၍ သံဃာတော် အပါး ၄၀၀ ခန့် ဆန္ဒပြ ချီတက်ကြောင်း သိရသည်။

အဆိုပါ သံဃာတော်များသည် မူရင်းသီတင်းသုံးရာမှ ကားများစီးလာ၍ ယုဇနပလာဇာ ရှေ့တွင်စုပြီး ရွှေတိဂုံ ဘုရားသို့ ထွက်ခွာသွားသည်ဟု ရန်ကုန်မြို့က သံဃာတော်တပါးက ပြောသည်။

ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် လူရွှင်တော် ဇာဂနာ၊ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ ကဗျာဆရာ အောင်ဝေး အစရှိသည့် စာပေ၊ ရုရှင်၊ ဂီတ၊ မော်ဒယ်လ် အနုပညာရှင်များက သံဃာတော်များကိုနေ့ဆွမ်းကပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဆရာဝန်များနှင့် သူနာပြုများကလည်း ရွှေတိဂုံဘုရားသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး မည်ဖြစ်ပြီး အစိုးရဌာနဆိုင်ရာရုံးများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများလည်း ပိတ်ထားသည်ဟု ရန်ကုန်မြို့ကလာသော သတင်းများအရ သိရသည်။

အဆိုပါသံဃာတော်များသည် နေ့လယ် ၁ နာရီမှ စတင်၍ ချီတက်ဆန္ဒပြမည် ဖြစ်ကြောင်း၊ လူတန်းစား အလွှာအသီးသီး
ပါဝင်သော ချီတက်ဆန္ဒပြပွဲကို သံဃာတော်များက ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ရန်ကုန်မြို့တွင်း၌ စစ်ကားများကို တွေ့မြင်ရသည်ဟုလည်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။

မန္တလေးမြို့ - မန္တလေးတိုင်း - ယနေ့နံနက် ၈နာရီ မှစပြီး ၀ိသုဓ္ဒါရုံ၊ မစိုးရိမ်ကျောင်းတိုက်သစ်နှင့် ကျောင်းတိုက်ဟောင်း၊ မြတောင်ကျောင်း၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တို့မှ သံဃာတော်အပါးတသောင်းကျော် ချီတက်ဆန္ဒပြကြောင်း ၀ိသုဒ္ဓါရုံ ကျောင်းတိုက်ရှိ ဦးပဉ္ဇင်းတပါးက ဧရာဝတီကိုပြောသည်။

“သံဃာတွေကအရမ်းကို စိတ်ဓာတ်တက်ကြွနေကြတယ်။ ၈ နာရီ မထိုးခင်ကတည်းက သပိတ်မှောက်ဖို့ စိတ်စောနေ ကြတယ်”ဟု အဆိုပါဦးပဉ္ဇင်းက ပြောသည်။

မန္တလေးမြို့ဘုန်းတော်ကြီးကျောင်းစုံရှိ သံဃာတော်များ ဆန္ဒပြပွဲတွင်ပါဝင်ကြောင်းသိရသည်။ ၀ိသုဓ္ဒါရုံကျောင်းမှ သံဃာ အပါး ၇၀၀ ကျော်၊ မြတောင်ကျောင်းမှ ၁၀၀၀ ကျော်၊ မစိုးရိမ်တိုက်သစ်နှင့် တိုက်ဟောင်းမှ ၁၀၀၀ ကျော်၊ ဘုရားကြီး ကျောင်းတိုက်မှ ၁၀၀၀ ကျော် စုစုပေါင်း တသောင်းကျော် ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။
“မဟာမြတ်မုနိပုံတော်ကိုင်တယ်၊ သပိတ် ၂ လုံးမှောက်ပြီးပိုက်တယ်၊ တကျောင်းကို သာသနာ့အလံ တခု၊ သုံးပါးတတွဲ လျောက်တယ်။ မေတ္တာသုတ်ရွတ်မယ်၊ အရင်ရက်တွေက ပြည်သူတွေကိုလိုက်ခွင့် မပေးခဲ့ပေမယ့် ဒီနေ့တော့ ဒကာ၊ ဒကာမတွေကို ငြိမ်းငြိမ်းချမ်းချမ်း လိုက်ခွင့်ပေးတယ်။ တမြို့လုံးပတ်ကြလိမ့်မယ်”ဟု မျက်မြင်သက်သေတဦးက ပြောသည်။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

24.9.2007


copy from http://www.mizzimaburmese.com/breaking_news.php

2:00 PM
ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ အဖမ်းခံရသည် ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း မဟုတ်မှန်ကြောင်းနှင့် ရွှေတိဂုံ ဘုရား ဆွမ်းလှူဒါန်းပွဲတွင် ရှိနေပါသည်ဟု နောက်ဆုံးသတင်း ရရှိသည်။

1:50 PM
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တော့မည်

၁၉၉ဝ ခုနှစ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ယနေ့ ရန်ကုန် ဆန္ဒပြပွဲတွင် ပါဝင်မည်ဟု နိုင်ငံရေး သတင်းရပ်ကွက်အရ သိရသည်။

အမျိုးသား ဒီမိုကရေစီ ရုံးချုပ်ရှေ့တွင် ဆန္ဒပြ သံဃာများနှင့် လူအများအတွက် ရေ၊ ဆေးများ ဝေငှမှာ ဖြစ်သည်။

ဆူးလေဘုရား အနီး သံဃာတော် တပါးက ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ပုံများ လမ်းသွား လမ်းလာများကို ဝေငှ နေသည်ကို မဇ္ဈိမ အထောက်တော်များ တွေ့မြင်ကြရသည်။

1:45 PM
သံဃာတော်အပါး ၄ဝဝ ခန့်ရှိသော ဆန္ဒပြ အဖွဲ့ငယ်တခု ရေတာရှည် လမ်းမှသည် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်သို့ သွားရောက် ပူးပေါင်းနေသည်။

1:40 PM
ရန်ကုန်ဆန္ဒပြပွဲ အဆင်သင့်ဖြစ်

ရန်ကုန်တွင် ဆန္ဒပြ သံဃာများနှင့် လူအများအပြား အဖွဲ့များ ခွဲကာ စုဝေးလျှက် ရှိသည်။ နေ့လည် ၁ နာရီတွင်စတင်မည့် ဆန္ဒပြပွဲကြီး အတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

မဇ္ဈိမအ ထောက်တော်များက ပေးပို့သော သတင်းအရ မြေနီကုန်းတွင် လူ ၅ဝဝဝ ခန့် စုရုံးနေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင်လည်း လူ ၅ဝဝဝ ခန့် စုရုံးနေသည်ဟု သိရသည်။

1:00 PM
ရွှေတိဂုံဘုရား အရှေ့ဘက် မုဉ်ဦးတွင် ဆန္ဒပြ သံဃာတော်များကို ဆွမ်းဆက်ကပ် လှုဒါန်းနေခဲ့သည့် ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူကို ရဲများက ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

12:35 PM
ရုပ်ရှင်မင်းသား ကိုကျော်သူနှင့်အတူ ကိုဇာဂနာ။ စာရေးဆရာ မင်းလူ။ ရုပ်ရှင်ဒါရိုက်တာ။ စာရေးဆရာ မောင်သဏ္ဏ တို့လည်း ပါဝင်ကာ ဆန္ဒပြ သံဃာတော်များအား ဆွမ်းဆက်ကပ် လှုဒါန်းလျှက်ရှိသည်။

11:55 AM
ရုပ်ရှင် သရုပ်ဆောင် ကျော်သူနှင့်အဖွဲ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ်တွင် ဆန္ဒပြသူသံဃာတော်များကို ထမင်းထုပ်များ ဝေငှလျှက်ရှိသည်။

ဗဟန်း အထက ၂ မှ ကျောင်းသားများကို နံနက် ၉း၃ဝ နာရီတွင် ကျောင်းလွှတ်ပေးလိုက်ကာ အိမ်သို့ ပြန်ခိုင်းလိုက်သည်။

11:25 AM
ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားလာပြီးနောက် ရန်ကုန်မြို့တွင် အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းအချို့ကို ယနေ့ ပိတ်လိုက်သည်။

11:00 AM
စစ်အာဏာရှင်က အကြမ်းဖက်တော့မှာလား

စစ်အစိုးရက ဆန္ဒပြသူ သံဃာတော်များကို ရက်စက်စွာ နှိမ်နင်းလိမ့်မည် ဆိုသော စိုးရိမ်ချက်များ ထွက်ပေါ်လာနေသည်။ မြန်မာပြည်တွင်း ဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာနေချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မဇ္ဈိမက ရရှိထားသော သတင်းအရ စစ်အစိုးရ အနေဖြင့် လိုအပ်လျှင် မျက်ရည်ယို ဓာတ်ငွေ့သုံး၍ ဖြိုခွဲလိုသော်လည်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ဓာတ်ပျက်ပြယ်သွားမှာ ဖြစ်ရာ သုံး၍ မရနိုင်သည့် အခြေအနေကြောင့် အစားထိုး အနေဖြင့် ခြင်ဆေးဖြန်းရည် ပမာဏများများ လိုက်လံ ရှာဖွေလျှက် ရှိသည်။ ရန်ကုန် မြို့တော် စည်ပင်သာယာမှ ခြင်ဆေးရည်များ မှာယူခြင်းများ လုပ်လျှက် ရှိသည်။ ခြင်ဆေး အနံ့ကြောင့် လူစု ကွဲသွားလိမ့်မည်ဟု အာဏာပိုင်များ ယုံကြည်နေသည်။
နိုင်ငံတဝှမ်း ဆန္ဒပြ သတင်းများ

2:25 PM
ပခုက္ကူမှာ သံဃာတော် ၇ဝဝ ခန့် စတင် လှည့်လည်ပြီ

မြန်မာပြည်တွင် သံဃာတော် အရေအတွက် ဒုတိယ အများဆုံး သီတင်းသုံးရာ မကွေးတိုင်း ပခုက္ကူ မြို့တွင် ယခုအခါ သံဃာတော်များသည် ကျောင်းတိုက်ကြီးများ စုပေါင်းကာ မြို့အတွင်းသို့ စတင်၍ ဆန္ဒပြ လှည့်လည်ရန် တာစူနေပြီ ဖြစ်သည်။

သံဃာတော်တပါးက … “သံဃာတော်တွေကတော့ ထွက်သွားပြီ။ အနောက်တိုက်၊ အလယ်တိုက်၊ ဗောဓိမဏ္ဍိုင် ဆိုပြီးတော့ ထွက်သွားကြပြီ။ အခု ထွက်သွားတဲ့ သံဃာတော် လက်ရှိ အင်အားကတော့ ၇ဝဝ လောက် ရှိတယ်။ အခုကိုပဲ စထွက်ကုန်ကြတာ။ ထုံးစံအတိုင်း ပရိတ် ရွတ်ဖတ်ကြတယ်။ အခု အခြေအနေက တတိုက်နဲ့ တတိုက် လှည့်ဝင်ခေါ်နေတဲ့ အခြေအနေ ပေါ့လေ။ တိုက်ကြီး ၄ တိုက် ဆုံပြီးမှ လူတွေ ပါဝင်မှုကို သိလာရမှာ” ဟု ပြောသည်။

2:20 PM
မန္တလေးမြို့တွင် သံဃာတော် ၃ဝဝဝ ခန့်သည် ချီတက် ဆန္ဒပြလျှက် ရှိပြီး လူထု အများအပြား လိုက်ပါလျှက် ရှိသည်။

2:00 PM
ကလေးမြို့မှာ ရဟန်းနဲ့ ပြည်သူ ပူးတွဲဆန္ဒပြနေပြီ

“ကလေးမြို့မှာ သံဃာတော်တွေက မနက်ပိုင်းက မြို့ထဲမှာ လှည့်ပြီး မေတ္တာသုတ် ရွတ်တယ်။ ပြီးတော့ ဘုရားကြီးမှာ ပြန်လည် စုဝေးနေတာပေါ့။ သံဃာတော်တွေက ၆ဝဝ ကျော်လောက် ရှိနေတယ်။ ကလေး တက္ကသိုလ်က ကျောင်းသားတွေကလည်း စာမေးပွဲတွေလည်း မဖြေကြဘဲနဲ့ ဘုရားကြီးကနေ သံဃာတော်တွေနဲ့ စုပေါင်းတယ်။ အခုနေ့လည်ပိုင်း ၁ နာရီလောက်က စတာပေါ့။ တာဟန်းဘက်ကို သွားကြတာ။ ကျောင်းသားတွေရော၊ ပြည်သူတွေရော အများကြီးပဲ။ လိုက်သွားကြတာ။ ကြွေးကြော် သွားကြတယ်။ “စားဝတ်နေရေး အဆင်ပြေရေး … ဒို့အရေး၊ စစ်အာဏာရှင်စနစ် ပြတ်ကျရေး … ဒို့အရေး” ပေါ့နော်။ အဲဒါမျိုးတွေပါပဲ။ အော်သွားကြတယ်။ ထင်တာတော့ တာဟန်း ကျောင်းဘက်ကို သွားတာ ဖြစ်မယ်။ ပြန်တော့ တပတ် ပြန်ပတ်လာမယ်တဲ့” ဟု ဒေသခံ တဦးက ပြောသည်။

1:55 PM
မုံရွာ ဆန္ဒပြပွဲ စတင်ပြီ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးမှ နှိုးဆော်ထားသည့် အထွေထွေသပိတ် ဆင်နွှဲရေး သတ်မှတ်ရက်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ သံဃာတော် အပါး ၁၅ဝ ခန့်သည် ယနေ့နံနက် ၁၁ နာရီခန့်မှ စတင်ကာ ချီတက် ဆန္ဒပြပြီ ဖြစ်သည်။

“အခု စထွက်နေပြီ။ ဇောတိကနဲ့ ဖုန်းစိုး က တွဲထွက်တာလေ။ ပေပင်ကျောင်းနဲ့ ရန်ကင်းကျောင်းကလည်း သပ်သပ်စီ ထွက်ကုန်ပြီတဲ့။ ဒါကတော့ ကြားတာ။ အရေအတွက်တော့ မသိသေးပါဘူး။ ပြည်သူတွေတော့ မပါသေးဘူးရှင့်။ ဘုန်းကြီးတွေချည်း ပါပဲ။ အားလုံးက မြောက်ဘုရား ရွှေစည်းခုံ ဘက်ကို ကြွသွားကြပါတယ်” ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

1:45 PM
ဒိုက်ဦးမြို့ ဆန္ဒပြ

ပဲခူးတိုင်း ဒိုက်ဦးမြို့တွင် သံဃာတော်အပါး ၄ဝဝ ကျော် ပါဝင်သော ဆန္ဒပြမှု တခု ယနေ့ ထပ်မံ ပြုလုပ်ခဲ့သည်။

“မြို့အဝင်လမ်း ရောက်တဲ့အခါကျတော့ ဒီမြို့ထဲက လူတွေကနေပြီးတော့ ရေသန့်ဗူးတွေ၊ သံဃာတွေရော၊ ပြည်သူတွေရော အားလုံးကို လှူဒါန်းတယ်။ အဲဒီမြို့ အဝင်လမ်းကနေပြီးတော့ အောင်ချမ်းသာ လမ်းကနေ တောက်လျှောက် ဝင်တယ်။ အောင်ချမ်းသာ လမ်းကနေ မြို့ပတ်လမ်း မြို့ပတ်လမ်းက နေပြီးတော့ ရေကျော်လမ်းကနေပြီး ဈေးကိုဝင်တယ်။ ဈေးကနေပြီးတော့ အဲဒီ ကုန်သည်လမ်းက နေပြီးတော့ ဖောင်ဝင်းလမ်းကို ပြန်တက်ပြီးတော့ အဲဒီ ခေမာသီ ကျောင်း ရန်မျိုးအောင် ဘုရားမှာ ပြန်ပြီးတော့ ဆုတောင်း မေတ္တာ ပို့ပြီးတော့ ပြီးသွားတယ်။” ဟု လမ်းလျှောက် ဆန္ဒပြပွဲတွင် ပါဝင်သူ တဦးက မဇ္ဈိမသို့ ပြောပြသည်။

၂ နာရီကျော်ကြာ ဆန္ဒပြပွဲတွင် လိုက်ပါလာသူ ၁ဝဝဝ ခန့် ရှိခဲ့သည်ဟု သူမက ပြောသည်။

“ဈေးထဲဘက် ရောက်လို့ ရှိရင်လည်း ဈေးထဲဘက်က တချို့ ဈေးသည်တွေဆိုရင် ဈေးပန်းကြီးတွေ အကုန် ပစ်ထားခဲ့ပြီး လိုက်လာကြတယ်။ နောက်လမ်းဘေးမှာ ချရောင်းနေတဲ့ ဈေးသည်တွေကလည်း အကုန်လုံး ထားခဲ့ပြီး လိုက်ကြတာပဲ။ လူတွေကလည်း တက်တက်ကြွကြွ လိုက်ပါတယ်။ အားလုံး ဆူဆူညံညံတော့ အလုပ်ရဘူး ဆိုတာ ဆရာတော်တွေက ပြောထားတယ်လေ။ အေးအေးဆေးဆေးပဲ လိုက်ကြဖို့ ပြောတာ အားလုံးပဲ အေးအေးဆေးဆေးပဲ လိုက်ကြတယ်။” ဟု သူမက ပြောသည်။

11:25 AM
နတ်မောက်မြို့တွင် သံဃာတော်များ သပိတ်မှောက်

မကွေးတိုင်း နတ်မောက်မြို့တွင် ဘုန်းကြီးကျောင်း ၉ ကျောင်းမှ သံဃာတော် အပါး ၂၅ဝ ကျော်က ယနေ့ နံနက် ၆ နာရီခွဲမှ စ၍ မြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားရာ ဇာတိတွင် သာသနာ့အလံ ကိုင်ဆောင်ကာ သုံးပါးတတန်းစီ တန်းစီထားသော သံဃာတော်များသည် တမာပင်၊ ဈေးရပ်၊ မြို့မတို့ကို ဖြတ်သန်းခဲ့ရာ လူ တရာကျော်က လိုက်ပါခဲ့ကြသည်။

ဆန္ဒပြပွဲတွင် တမာပင် ကျောင်းဆရာတော်က “လူတိုင်းမှာ သမိုင်းအကြွေး မကျန်အောင် လုပ်ရမယ်။ အကြွေးတင်တာ မကောင်းဘူး။” ဟု ထဲ့သွင်း မိန့်ကြားသွားသည်။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Saturday, September 22, 2007

မစပ်စုနဲ့


ဖွင့်မကြည့်နဲ့နော် ဘာပိုစ့်မှ မတင်ထားဘူး



ဖွင့်မကြည့်ပါနဲ့ဆိုတာ စပ်စုတယ်



နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

စကားတစ်ခွန်း

.
အနုပညာရှင်တွေနဲ့ အင်တာဗျူရင် ကြားနေကြစကားတစ်ခွန် “မူးရင်းခွေကို အားပေးပါတဲ့ မူးရင်းခွေကို အားပေးမှ သူတို့လည်း နောက်ခွေတွေအတွင် ပြင်ဆင်လို့ရမှာတဲ့”

ပရိတ်သတ်တွေ မူးရင်းခွေကို အားပေးဖို့အတွက် စီးပွားရေးအဆင်ပြေဖို့လိုတယ် ပရိတ်သတ်တွေ စီးပွားရေးအဆင်ပြေမှ မူးရင်းခွေကို အားပေးနိုင်မှာ စီးပွားရေးအဆင်မပြေလို့ကတော့ မူးရင်းမပြောနဲ့ ကော်ပီတောင် အနိုင်နိုင် ဖြစ်နေမှာပဲ။

ပရိတ်သတ်တွေဘက်က မရပ်တည်ပဲ မူးရင်းခွေပဲ ၀ယ်ဖို့ပြောပြောမနေနဲ့။ နားကြားပြင်းကတ်တယ်။ ကိုယ့်ပရိတ်သတ်တွေကို တကယ်လေးစားရင် ကိုယ့်ရဲ့ ပရိတ်သတ်တွေဘက်ကပဲနေပါ။


နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

ဇာဂနာ


Type your summary here.



Type the rest of your post here.

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Wednesday, September 19, 2007

တောင်းပန်ခြင်း

ဘလော့ရေးသားခြင်းနဲ့ ဖိုရမ်ဝင်ခြင်းများကို
အကြောင်းကြောင်းကြောင့် ရပ်ဆိုင်းလိုက်ပါသည်။

စမိုင်းမေ ဘလော့ကို လာဖတ်တဲ့သူငယ်ချင်းများကို အထူးကျေးဇူးတင်ပါတယ်။
အမှန်တကယ်တော့ ဘာမှမပြောပဲ ဘလော့ကိုထားလိုက်မလို့ဘဲ
ဘလော့ကိုလာကြည့်တဲ့သူတွေရဲ့ အချိန်ကုန်မှာဆိုလို့ ဒီစာလေးတင်းလိုက်ရတာပါ။
ဘလော့လာဖတ်တဲ့ သူငယ်ချင်းများကို အထူးကျေးဇူးတင်ပါတယ်ရှင့်။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

တောင်းပန်ခြင်း

ဘလော့ရေးသားခြင်းနဲ့ ဖိုရမ်ဝင်ခြင်းများကို
အကြောင်းကြောင်းကြောင့် ရပ်ဆိုင်းလိုက်ပါသည်။

စမိုင်းမေ ဘလော့ကို လာဖတ်တဲ့သူငယ်ချင်းများကို အထူးကျေးဇူးတင်ပါတယ်။
အမှန်တကယ်တော့ ဘာမှမပြောပဲ ဘလော့ကိုထားလိုက်မလို့ဘဲ
ဘလော့ကိုလာကြည့်တဲ့သူတွေရဲ့ အချိန်ကုန်မှာဆိုလို့ ဒီစာလေးတင်းလိုက်ရတာပါ။
ဘလော့လာဖတ်တဲ့ သူငယ်ချင်းများကို အထူးကျေးဇူးတင်ပါတယ်ရှင့်။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Saturday, September 15, 2007

ဖုန်းလိုင်းဆက်ပါရစေ


တက္ကသိုလ်က ဥပဒေဘွဲ့ရပြီး ရှေ့နေလုပ်နေတဲ့သူက သူ့မှာ အမှုသည်တွေ အများကြီးရှိနေသလို အမြဲ လူအထင်ကြီးအောင် လုပ်တတ်တယ်။ သူ့ရဲ့ အတွင်းရေးမှုးမလေးကိုလဲ သူ့ရှိလာတဲ့ ဧည့်သည်တွေကို နာရီဝက်လောက်ကျမှ သူ့အခန်းထဲတွင်းဖို့ အမြဲမှာထားတယ်။

တစ်ရက်မှာ သူ့ရဲ့အမှုသည် တစ်ယောက်ရောက်လာတော့ ထုံးစံအတိုင်း နာရီဝက်လောက် စောင့်ခိုင်းထား။ ၀င်လာတဲ့အခါ ရှေ့နေက ဖုန်းကိုင်းပြီ တစ်ဖက်က သိပ်အရေးကြီးတဲ့ အမှုသည်နဲ့ စကားပြောသလို ဟန်ဆောင်နေတယ်။
နောက်အတန်ကြာတော့မှ ရှေ့နေက ဖုန်းချပြီး
“ကိုင်း - ဆိုပါဦးဗျာ” လို့ မေးသတဲ့။
အဲ့ဒီလူ ပြန်ဖြေလိုက်ပုံက
“ကျွန်တော်က တယ်လီဖုန်း ကုမ္ပဏီကပါ လူကြီးမင်း ပြောနေတဲ့ဖုန်းလိုင်း အခု လာတပ်မလို့ပါ” တဲ့။


နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

ကလေးတစ်ယောက်ရဲ့လက်




တအားချစ်ဖို့ကောင်းတယ့် အရာ တွေထဲမှာ ကလေးတစ်ယောက်ရဲ့ လက်ကလေးတွေလည်းပါတယ်။ ကလေးတွေရဲ့ လက်က ဖောင်းဖောင်းအိအိနဲ့ အင်မတန်ချစ်ဖို့ကောင်းသလို အပြစ်လဲကင်းစင်တယ်။ သူတို့ရဲ့ လက်ကလေးတွေကို တအားလည်းသဘောကျမိတယ်။


ကလေးတွေရဲ့လက်က သူတစ်ပါးကို အန္တရာယ် မဖြစ်စေဘူး။ သူတို့လေးးတွေရဲ့ လက်က သူများကို ရိုက်လိုက်အုံးတော့ သူတို့ရဲ့ စိတ်ထဲမှာ ကောင်းတဲ့ စိတ်ဘာမှမရှိ တဲ့အတွက် အပြစ်မယူကြဘူး။

လူကြီးတွေရဲ့ ဆံပင်တွေ ဆွဲ၊ ပါးတွေကို ရိုက်နေတာတောင် လူကြီးတွေက အပြစ်မတင်ကြဘူး။ အဲ့ဒါဘာကြောင့်လဲဆိုရင် သူတို့လေးတွေရဲ့ စိတ်ထဲမှာ သူများကို နာကျင်စေတဲ့ စိတ်ထားမရှိပဲ ဖြူစင်တဲ့စိတ်ထားလေးတွေ ရှိလို့ပဲလေ။

နောက်တစ်ခါရှိသေးတယ် ကလေးတွေလက်ကလေးလေ အိပ်တဲ့အခါ လူကြီးတွေကို ဖက်ထားတဲ့ လက်ကလေးကိုလည်း သဘောကျတယ်။

သူတို့ လက်ထဲ မှာ ဖမ်းဆုပ်ထားတဲ့ အရာဝတ္ထု တစ်စုံတစ်ရာတွေကို တခြားသူက လာယူရင်တောင် သူတို့ အားရှိသမျှ ဖမ်းဆုပ်ထားတတ်တယ်။

သူတို့ အားရှိသမျှ တတ်နိုင်သမျှ ဖမ်းဆုပ်ပြီး မတတ်နိုင်တော့မှ လက်ကလွတ်ထွက်ရတာ။ သူတို့ကို ဒီလို အတင်းဖမ်းဆုပ်ထားလို့ ဘယ်သူမှ အပြစ်မတင်ကြဘူး။

လူကြီးတွေကျတော့ မတူတော့ဘူး တစ်ခါတလေ ကိုယ့်လက်ထဲရောက်လာလည်း ကလေးတွေလို အားရှိသမျှ ဖမ်းဆုပ်လို့မရကြဘူး တစ်ခါတလေ အလျှော့ပေးတဲ့အခါ အလျှော့ပေးလိုက်ရတာ။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Friday, September 14, 2007

သွေးစုပ်ဖုတ်ကောင်


လူငယ်တွေကို လူညွှန့်တုန်း
အနာဂတ်ပျောက် လမ်းမှားရောက်စေတဲ့
ဒီ . . . မူးယစ်ဆေးဝါးကို
ငွေပေးရင် ရောင်းချခွင့်ပေးတဲ့ ဥပဒေ
တို့နိုင်ငံက လူတွေတီထွင်နေကြသလား။


ကားတိုက်လို့ လူသေရင်
ငွေပေးနိုင်ရင် အမှုကြေအေးလို့ရတဲ့
ငွေနိုင်တဲ့ဥပဒေ တို့နိုင်ငံမှာရှိနေသလား။

ကလေးငယ်ကို မတာရားစော်ကား
အမှုဖြစ်ရင်တောင် ငွေပေးရင်
ကြေအေးလို့ရတဲ့ ဥပဒေရော ရှိနေသာပဲလား။

အာဏာတည်မြဲရေးအတွက်
ငွေပေးပြီး လိုက်ရိုက်ခိုင်းသတဲ့
ကိုလူမိုက်တွေလဲ ငွေရရင်ဖြင့် လူရိုက်ရဲတယ်တဲ့။

ငွေကြေးရဲ့ ခိုင်စေရာအောက်မှာ
တို့ နိုင်ငံက ၀န်ထမ်းတွေ
ပြားပြားဝပ်နေကြတယ်။

ငွေကြေးရဲ့အစွမ်း
တို့နိုင်ငံက ၀န်ထမ်းတွေရဲ့
ကိုယ်ကျင့်တရား ဖြူစင်လှတဲ့စိတ်ထားတွေကို
သွေစုပ်ဖုတ်ကောင်လို့
အကုန်အစင်စုတ်ထုပ် ၀ါးမြိုသွားလေတယ်။


14.9.2007
စမိုင်းမေ

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Thursday, September 13, 2007

ဝယ်ချင်လို့ပါ


ဝယ်သူက အရောင်းစာရေးကိုမေးတယ်
“ကျုပ် ပိုးဖလံဝယ်ချင်လို့ပါ”
“ဟာ ကျွန်တောတို့ဆိုင်မှာ မရာင်းပါဘူးဗျာ” လို့ အရောင်းစာရေးကပြောတယ်။
“အ၀င်ဝက ရောင်းရန်ဆိုပြီး ကပ်ထားတဲ့ မှန်ဗီရိုထဲမှာ ပိုးဖလံတွေ တွေ့ခဲ့တယ်လေဗျာ” လို့ ၀ယ်သူက ပြန်ဖြေသတဲ့။



နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

ဘယ်ရောက်နေလဲ


တစ်နှစ်ပြီးတစ်နှစ်
ကျောင်းဆင်းနေတဲ့ ဥပဒေကျောင်းသား
ဘယ်များရောက် နေပါသလဲ။

ငါမသိဘူး သူတို့တွေဘယ်ရောက်နေလဲ
ငါသိလိုက်တာက သူတို့တွေအတွက်
ရှေ့နေမရှိဘူးဆိုတာပဲ။


မှန်သည် မမှန်သည်
မေးခွန်းမှန်သမျှကို
ကိုယ့်ဟာကိုယ်ချေပခဲ့ရသတဲ့။

ရှေ့နေတွေအလုပ်ကဘာလဲ
စဉ်းစားရင် ချာချာလည်ခဲ့တယ်။

ရှေ့နေတွေ ဘယ်သူအတွက်
ဒီဘွဲ့ကိုယူခဲ့ကြသလဲ
မမှန်းတရားဘက် ရပ်တည်တဲ့သူတွေ
ဘာအတွက် ဘာကိုကြောက်နေကြတာလဲ
ဒါလဲ ငါမသိဘူး။

ဒီလိုဆိုရင် . . . .
ငါမသိဘူး . . . .
ငါလည်း သူလို့ကြောက်တတ်တဲ့သူပဲ။


13.9.2007
စမိုင်းမေ

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Wednesday, September 12, 2007

ကချင်ပြည်နယ်မှ ညီလာခံ ကိုယ်စာလှယ်များပြန်လည်ရောက်ရှိလား


ရန်ကုန်တိုင်း မှော်ဘီ ဒေသ ညောင်နှစ်ပင်မှာ ကျင်းပတဲ့ ညီလာခဲ့ကို KIO ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သော ကိုယ်စာလှယ်ငါးဦး KIO ရုံးချုပ် လိုင်ဇာသို့ စက်တာဘာလ 11 ရက်နေ့မှာ ပြန်ေေ၇ာက်ရှိခဲ့ပါတယ်။
ကိုယ်စားလှယ်တောများကို ဌာနချုပ်မှ လူကြီးများနဲ့ ၀န်ထမ်းများ အခြားသော သူများ စုစုပေါင်း 1500 လောက် လာရောက်ကြိုဆိုခဲ့ကြပါတယ်။




နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Tuesday, September 11, 2007

အကြွားသန်သော ရန်ကုန်သား


ကျမရဲ့ဘလော့ကို သူငယ်ချင်းတွေက နိုင်ငံရေးဘလော့ရေးနေသာ အဖမ်းခံရမှာ မကြောက်ဘူးလားလို့ ခဏခဏပြောကြတယ် ကျကိုင်ငံရေးဘလော့ ဖြစ်အောင်ရေးသားမဟုတ်ပါဘူး ရသစုံတဲ့ဘလော့ဖြစ်အောင် ရေးနေတာပါ။ တခြားအကြောင်းအရားတွေက စာမရိုက်နိုင်သေးလို့ ပိုစ့်မတင်နိုင်သေးလို့ပါ။ နောက်ကျမှ အားရင် စာရိုက်ြ့ပီး တင်ပေးမယ်။
အခု ရယ်စရာလေး တစ်ခုပြောပြမယ် ရန်ကုန်သားတွေ ဘယ်လောက်အကြွားထူးသလဲသိရအောင် ဖတ်ကြည့်ပါလား။


ကျမက ရုံးကို ကတ်သီပွတ်သီးလေး မမြဲနောက်ကျတတ်တယ်။ ညီမတော် နာရီကို မြန်ထားရင်တော့ ရုံးကိုအချိန်က်ုက်ပေါ့။ တခါတလေ အရမ်းနောက် ကျရင် ဆိုက်ကားစီးနေကျလေ။ ကျမရုံးသွားတဲ့လမ်းက ချိုင့်ခွက်တွေနဲ့ မဆိုးစလောက်ကြမ်းတယ် ဆိုက်ကားစီးရင်လေ ပါးနှစ်ဖက်က ဒုတ်ဒုတ်နဲ့ လုပ်နေတာ။ ဆိုက်ကားတာများများစီးရရင် အသက်မကြီးသေးပဲ ပါးတွေရွဲလောက်တယ်။ ကျမပြောချင်တာက ဒီလမ်းက ချိုင့်ခွက်တွေနဲ့ ကျမနဲ့ ယဉ်နေပါပြီ။
ဟိုတစ်နေ့ ရုံးနောက်ကျလို့ ဆိုက်ကားစီးမလို့ ဆိုက်ကားဂိတ်ကိုသွား ဆိုက်ကားပေါ်တက်မလိုပဲရှိသေးတယ် ဆိုက်ကားသမားဦးလေးကြီးက နောက်တစ်ယောက် ကို ခေါ်လိုက်မယ်နော လမ်းကြောင်းတူလို့တဲ့။ ကျမအတွက်တော့အဆင်ပြေပါတယ် ဆိုက်ကားခ နည်းနည်းသက်သာသလို ဆိုက်ကား သမားအတွက် လမ်းတစ်ကြောင်းတည်းကို ပိုက်ဆံပိုရတာပေါ့။ ကျကလည်း အနောက်ကိုလှည့်ကြည့်တော့ ကောင်လေးက သန့်သန့်ပြန့်ပြန့်လေးပါ။ ယောက်ျားလေးတွေ သူတို့ ထုံစံအတိုင်း မဟုတ်တာလုပ်ထားရင် သူတို့မဟုတ်သလို အင်္ကျီအဖြူလေးဝတ်တတ်ကြတယ်လေ။ အဲ့ဒါ ယောက်ျားလေး သူငယ်ချင်း တွေပဲ ပြောပြကြတာ။ အဲ့ဒီကောင်းလေးလည်း အင်္ကျီအဖြူဝတ်ထားတယ်။
ဒါနဲ့ ကျမက ရှေ့ကနေဆိုက်ကားစီးတယ် ဟိုကောင်းလေး က နောက်ကနေ ဆိုက်ကားစီးတယ်။ လမ်းတ၀က်လဲရောက်ရော ဆိုက်ကားသမားက ရှေ့က အုတ်ခဲပဲ့ကို ရှောင်လိုက်တာ ချိုင့်ခွက်ထဲကို ဘီးရောက်သွားတော့ ဂျိုင့်ခနဲ့မြည်းပြီး အနောက်က ကိုယ်တော်လေးက ဘာတွေ စိတ်ကူးယဉ်ပြီး ထယောင်လိုက်တာ ရှေ့မှာ စီးနေတဲ့ ကျမတောင် ရှက်သွားတာပဲ။ သူယောင်တာကလည်း သူ့ရုပ်ရည်လေးနဲ့မလိုက်အောင်ကို ယောင်တာ။ ရုပ်ကလေးကလေ အဲ့ဒီလိုယောင်လိုက်မယ်လို့တောင်မထင်ရဘူး။ ဆိုက်ကသမားက အနောက်က လူကို ဆော်ရီးပြောရမယ့်ဟာ သူ့ကိုတောင်မပြောပဲ ကျကို ဆော်ရီးနော်တဲ့။ အဲ့ဒါတာကြည့် ရန်ကုန်သားတွေ ကိုယ့်မှာမရှိပဲ ကြွားတာများ သူများကိုတောင် အရှက်ခွဲတယ်။ . . .

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Monday, September 10, 2007

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့



သည်းစွာသောအနာ ကုစားပါအံ့
သမီး၏လုံ့လ၀ီရီိယဖြင့် နာလန်ထူပါစေအံ့ . . .

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ. . . .


တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ် . . .

တဘ၀တွင် တခါသာသေရသည်ဖြစ်၍
အယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား . . .

သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်. . .

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု. . .

မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျူးရင့်သံကိုသာ တောင့်တပါ၏ . . .

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။
အောင်ဆန်းစုကြည်

Type the rest of your post here.

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Friday, September 7, 2007

ကချင်ပြည်နယ် မြစ်ကြီးနားဒေသတွင် မူးယစ်းဆေးဝါးသုံစွဲသော ကျောင်းသားများ များပြားလာ



ကချင်ပြည်နယ် မြစ်ကြီးနားဒေသတွင် မူးယစ်းဆေးဝါးသုံစွဲသော ကျောင်းသားများ များပြားလာပါတယ်။ မြစ်ကြီးနား တက္ကသိုလ်တွင်လည်း ဘိန်းစား/ထိုး ခြင်းတွေ များပြားလာပါတယ်။
ကချင်ပြည်နယ် တိုင်းမှူး ဗိုလ်မှူးချုပ်အုန်းမြင့်သည်လည်း တက္ကသိုလ်သို့ ခဏခဏရောက်ပြီး ကျောင်းသားများ ဆူပူမှုမဖြစ်အောင် သွားရောက်ပြောကြားခဲ့ပါတယ်။

ကချင်ပြည်နယ် တိုင်းမှူး ဗိုလ်မှူးချုပ်အုန်းမြင့်သည် တက္ကသိုလ်ကိုသွားရောက်လေ့လာခဲ့သော်လည်း စာသင်းကျောင်းများ၊ တက္ကသိုလ်ကျောင်း များတွင် ကျောင်းသားများ မူးယစ်ဆေးဝါးသုံးစွဲနေသည်နှင့် ပါတ်သက်ပြီး ပညားပေးဟောပြောဆံုးမစကားများကို မကြာရပါ။ မြစ်ကြီးနားတက္ကသိုလ်တွင်ရှိ လွတ်နေသော ကျောင်းခန်း၊ အိမ်သာ စသည်တို့တွင် ဆေးသုံးစွဲသည့်နေရာဖြစ်လာပါတယ်။
ဆေးထိုးအပ်များကို ဖြစ်သလို ပစ်ထားပြီး ကျောင်းသားများတွင် 60% မှာ ဆေးသုံးစွဲနေကြောင်း ခန့်မှန်းရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားဒေသတွင် တနေ့ထက်တနေ့ မူးယစ်ဆေးဝါး သုံးစွဲခြင်းနဲ့ ရောင်းဝယ်ခြင်းများ များပြားလာသည်ဖြစ်ပြီး Ubit, Alam, Shatapru နှင့် Shadau ဒေသတို့တွင် မူးယစ်ဆေးရောင်းတာ များပြာလာပါတယ်။ ရပ်ကွက်တိုင်းတွင် ဆေးသုံးစွဲခြင်းနှင့် ရောင်းချခြင်း မရှိသလောက်ကို များပြားလာပါတယ်။

မြစ်ကြီးနား တက္ကသိုလ်ဝန်းအတွင်း အိမ်သာအတွင်း ဆေးထိုးပြီးသား ဆေးထိုးအပ်များကို အခုလို ပစ်စလက်ခတ် ထားတာပုံ


မြစ်ကြီးနား တက္ကသိုလ်ဝန်းအတွင်း အိမ်သာအတွင်း ဆေးထိုးပြီးသား ဆေးထိုးအပ်များကို အမှိုက်ခြင်းအတါင်း အခုလို တွေ့ရပုံ
copy from www.kachinnet.com

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Kachinwunjat Website အသစ်ဖွင့်


http://www.kachinwunjat.com

Kachinwunjat website ကို August 31st, 2007 နေ့တွင် မလေးရှာနိုင်ငံ Kuala Lumpu မှာ တည်ရှိတဲ့ Chinese Assembly Hall မှာ ပြုလုပ်ခဲ့ပါတယ်။
Dr.Winni Zanhta မှ Kachinwunjat Website ကို ဘုရားသခင်လက်တော် ထံမှာ အပ်နှံဆုတောင်းပေးပြီး Rev.Pausa Gam Hpang မှ ကောင်းချီးပေးဆုတောင်းပေးခဲ့ပါတယ်။ အခုပွဲကို MKCC, MKBC,KCF,KDO,KNO မှ ခေါင်းဆောင်များနှင့် တာဝန်ခံများ လာရောက် ပညာဝေမျှသွားကြောင်းသိရပါတယ်။




copy from www.kachinnet.com

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Wednesday, September 5, 2007

လက်ချောင်းဟောဗေဒင်


မန်းလင်းမြတ်ကျော် ရေးသားသော ကရင်ရိုးရာ သုတပဒေသာမှ

လက်ချောင်းဗေဒင်တွက်တဲ့သူတွေဟာ ကတိသစ္စာ ခံဝန်ချက်များထားရှိရပါတယ်။ ဗေဒင်လာတွက်တဲ့သူတွေရှိမှ ကွမ်းတယာနဲ့ ဆေးတငုံပဲ ယူခွင့်ရှိပါတယ်။ ဒီထက်ပိုယူခွင့်မရှိပါဘူး။ ယူခဲ့မိရင်လည်း နောင်တွင် ကိုယ့်ရဲ့ ဗေဒင်တွက်ကိန်းမမှန်တော့ဘူးဆိုပြီး ယုံကြည့်ကြပါတယ်။ ဗေဒင်တွက်ပြီးနောက်ပိုင်း ဗေဒင်မှန်ကန်တယ်ဆိုပြီး ကျေးဇူးဆပ်ပေးကမ်းခြင်းကိုတော့ ယူခွင့်ရှိပါတယ်။

လက်ချောင်းဗေဒင်တွက်နည်းကို ပစ္စည်းပျောက်ဆုံး၊ ခရီးသွားခြင်း ကူးသန်းရောင်းဝယ်ခြင်းများတွင် တွက်ချက်ကြလေ့ရှိပါတယ်။ လက်ချောင်းငါးချောင်းကို သက်ဆိုင်ရာ လက်ချောင်းတချောင်းစီတွင် ဟောကိန်းအသီးသီး မှတ်ထားရပါတယ်။ ဗေဒင်တွက်တော့မယ်ဆိုလျှင် သက်ဆိုင်ရာ ဂါထာကိုရွတ်ဆိုးပြီး ဂါထာဆုံးသည့်တိုင်အောင် လက်သန်းမှသည် လက်ညှိုး၊လက်ညှိုးမှသည် လက်သန်းလှည်ပတ်ပြီး တချောင်းစီ ရေတွက်သွားရပါတယ်။ ဂါထာဆုံးသော် လက်ချောင်းကလေးငါးချောင်းအနက် တချောင်းချောင်းတွင်ဆုံးတော် ထိုလက်ချောင်းမှာ မှတ်ထားသော ဟောကိန်းကို ဟောကိန်းထုတ်မည် ဖြစ်ပါတယ်။
လက်ချောင်းငါးချောင်းနဲ့ သတ်မှတ်တဲ့ဟောကိန်းတွေကတော့-

ပစ္စည်းပျောက်ဟော ဗေဒင်
- လက်မ - ပြန်တွေ့ / ရမည်
- လက်ညှိုး - ကြား / ပြန် ရမည်
- လက်ခလယ် - မကြား / ပြန်မရ
- လက်သူကြွယ် - သတင်းကြား / ပြန်ရ
- လက်သန်း - အနီးအနားမှသာရှိ

ခရီးသွားဟော ဗေဒင်
- လက်မ - မြန်မြန်ပြန်ရောက်မည်
- လက်ညှိုး - ယာယီကြန့်ကြာမည်
လက်ခလယ် - ဒုက္ခနှင့်ကြုံကြိုက်၊ ကြန့်ကြာ
- လက်သူကြွယ် - ပူစရာမလို
- လက်သန်း - ကောင်းမွန်စွာပြန်ရောက်မည်။


ရောင်းဝယ်ရေးဟော ဗေဒင်

- လက်မ - အကျိုးရှိမည်
- လက်ညှိုး - အလိမ်ခံရမည်
- လက်ခလယ် - ရှုံးမည်
- လက်သူကြွယ် - အကျိုးအနည်းငယ်ရှိ
- လက်သန်း - အကျိုးမရှိ

ဂါထာရွတ်ဆိုသောအခါ ပစ္စည်းပျောက်ဗေဒင်အတွက် ရွက်ရသော ဂါထာမှာ ကရင်လို အောက်ပါအတိုင်းဖြစ်ပါတယ်။
“ကိုင်း-ဖိုး-ဒို-ခွား-တ-ဂါ-မ-နာ-ကယ်-အ-ကလော်-ဖား-တ-ဒူး-လော်-မာ-၀ဲ-လော်။ မေ-ဘာ-က-ထီ-နေ-ကေ-ဟား။
မေး-ထီ-ကေ-ဒေါ့-မော-အ-လော်-ဘာ-လဲ-ယ-စူး-လဲ-ယ-ယူ-ထော်-အ-လို-တ-ဘိုး-ဘိုး-အီ-တ-ကေ”

ဆိုလိုတာက - “ဥုံဖွ-ညကတူလေးနွားတစ်ကောင်း ပျောက်သွားသည်။ ပြန်တွေ့နိုင်ပါမည်လား။ပြန်တွေ့မည်ဆိုပါက လက်ချောင်းကလေး ငါးချောင်းအနက် တချောင်းချောင်းတွင် ကျရောက်ပါစေ” ဟူပြီး ဖြစ်ပါသည်။
ကျန်လက်ချောင်းဟောဗေဒင်နှစ်မျိုးတွင်းလည်း အလာတူ ဂါထာမျိုးကို ရွတ်ဆို တွက်ချက်ရမည်ဖြစ်ပါတယ။်


နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

စောစောအိပ်လို့ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့


ရန်ကုန်မြို့နေ လိုင်းကားကိုသာ အားကိုးအားထားပြုနေရသော အစိုးရ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ကုမ္ပဏီဝန်ထမ်းများ၊ အလုပ်သမားများနှင့် နိစ္စဓူဝ သွားလာရုန်းကန် လှုပ်ရှားနေရသော လူထုအားလုံးအား အောက်ပါအတိုင်း လေးစားစွာ အကြံပြုအပ်ပါသည်။

သေရေးရှင်ရေး၊ အရေးကြီးသော လုပ်ငန်းများမှအပ၊ နိစ္စဓူဝ လှုပ်ရှားရုန်းကန် လုပ်ကိုင်နေရ သော နေ့စဉ်အလုပ်သို့ (မိမိသွားလိုရာ အလုပ်သို့) နံနက်စောစောထကာ လမ်းလျှောက်၍ သွားခြင်းကို (၅၊ ၉၊ ၀၇) ရက်နေ့မှစ၍ စုဖွဲ့၍ သွားခြင်းမျိုးမဟုတ်ဘဲ မိမိအစီအစဉ်နှင့်မိမိ လမ်းလျှောက်၍ သွားကြပါရန် ပန်ကြားအပ်ပါသည်။

လမ်းလျှောက်ခြင်းအားဖြင့်

၁။ ကျန်းမာရေးနှင့် ညီညွတ်ခြင်း

၂။ ငွေကြေး အကုန်အကျ သက်သာခြင်း( မိသားစုအတွက် အပိုဝင်ငွေ စုမိခြင်း)

၃။ အများအကျိုးအတွက် ဘ၀ကိုစွန့် အဖမ်းအဆီးခံနေရသော ဆန္ဒထုတ်ဖော်သူများကို ကရုဏာသက်ရာရောက်ခြင်း၊

၎။ ကုန်ဈေျးနှုန်းတက်ခြင်း၊ ကားခဈေးတက်ခြင်းတို့ကို မိမိကိုယ်တိုင်က လက်မခံခြင်းကို ငြိမ်းချမ်းစွာ (မိမိဘာသာ) ဆန္ဒပြခြင်း

ထိုကဲ့သို့ သဘောပိုက်ကာ နှစ်ဆင့်သွားရမည့် ခရီးကို တစ်ဆင့်သာ ကားစီး၍ ကျန်တစ်ဆင့်ကို လမ်းလျှောက်၍ သွားကြပါရန်၊ မိမိလျှောက်နိုင်သလောက်အပိုင်းကိုသာ လျှောက်ခြင်းအားဖြင့် ကိုယ်ကျိုး မဖက် ဘ၀ကိုစွန့်လွှတ်၍ အများအကျိုးအတွက် အဖမ်းဆီးခံ ဆန္ဒပြ လမ်းလျှောက်သူတို့အား လေးစားဂရုဏာသက်ခြင်းကို ပြကြပါရန် အနူးအညွတ် ပန်ကြား၊ တိုက်တွန်း၊ နှိုးဆော်လိုက်ပါသည်၊

မှတ်ချက်။ ။ ငြိမ်းချမ်းစွာ လမ်းလျှောက်ခြင်းအားဖြင့် မိမိဆန္ဒကို လွတ်လပ်စွာ ဖေါ်ထုတ်နိုင် သော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ဆန္ဒပြုလိုက်ပါသည်။

ယင်းအစီအစဉ်ကို နီးစပ်ရာ လုပ်ဖေါ်ကိုင်ဖက်များ၊ အိမ်နီးချင်းများမှတဆင့် ဖြန့်ဝေပေးပါ။

ငြိမ်းချမ်း(လမ်းလျှောက်နေသူတစ်ဦး)

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

ကိုယ့်ဘက်ကမရှိသူများ


အို . . . အသင်လောက
ဆိုပြီး ငါ့နှလုံးသားကနေ အော်ငြီးလိုက်ချင်တယ်။

ခွေးကြောက်လို့ ရွာကိုရှောင်ပြီးတောလမ်းသွားကာမှ
တောမှာ တောခွေးနဲ့ ပက်ပင်းတိုး။

ဆူးခင်းလမ်းကို ဖြတ်နေပါတယ်ဆိုမှ
ဖိနပ်က ပြတ်လိုက်သေး။


နွေခေါင်ခေါင်မှာ
လမ်းလျှောက်နေရပါတယ်ဆိုမှ ထီးကကျိုး။

ဘ၀. . . ဘ၀ . .ဘဝ
သဘာဝကကိုမှ ကိုယ့်ဘက်ကမရှိ။

ရုပ်ဆိုးနေပါတယ်ဆိုနေ
စိတ်ပုတ်တဲ့အခန်းက သရုပ်ဆောင်ရ။

ခြေကျိုးနေသူကိုမှ
လူကြမ်းနေရာကနေ သရုပ်ဆောင်ခိုင်းပြန်။

ဇာတ်ဆရာတွေလည်း
ကိုယ့်ဘက်မှာ မရှိပြန်ဘူး။

အိမ်အပြန် ပိုက်ဆံပျောက်လို့
လမ်းလျှောက်ပြီးပြန်ပါတယ်ဆိုနေမှ . .
လမ်းလျှောက်ပြီးပြန်ပါတယ်ဆိုနေမှ . . . .
ပိုက်ဆံမရှိလို့ပါဆိုနေမှ ဆိုနေမှ . . . .
မရှိဘူးဆိုတာကို မရှိလို့ပါဆိုနေမှ . . . .
သူတို့တွေလည်း ကိုယ့်ဘက်ကမရှိပါ။


5.9.2007
စမိုင်းမေ


နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Monday, September 3, 2007

ရုပ်ရှင်နှင့် ဗွီဒီယိုဖွံ့ဖြိုးတိုးတက်ရေးကော်မတီက အစိုးရမျက်နှာကိုမကြည့်ဘဲ ပြည်သူ့မျက်နှာသာကြည့်တော့မည်ဟုဆို


ရိုးမ ၃။ စက်တင်ဘာ ၁၊ ၂၀၀၇

လောင်စာဆီဈေးမြင့်တက်လာခြင်းကြောင့် ရုပ်ရှင်နှင့်ဗွီဒီယိုလောကသား များကလည်း ပြည်သူများနည်းတူ ခံစားနေရကြောင်း သဘောထား ထုတ်ပြန်ကာ တောင်းဆိုချက် (၁၀) ချက်ကို တောင်းဆိုလိုက်သည်။

ရုပ်ရှင်နှင့်ဗွီဒီယိုဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအပေါ် သြဇာလွှမ်းမိုး ချယ်လှယ်ချုပ်ကိုင်နေမှုများကို ဖော်ပြကာ ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်တွင် လက်ရှိ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအား တာဝန်မှ အမြန်ဆုံးဖယ်ရှား ပေးရန် တောင်းဆိုထားပြီး ပြန်ကြားရေးဝန်ကြီး၏ သားမှ ဖလင်ဈေးကွက်နှင့် ရုပ်မြင်သံကြား လိုင်းခွဲများ ထုတ်လွှင့်မှုလုပ်ငန်းတွင် ၀င်ရောက်လက်ဝါးကြီးအုပ်ထားမှုကို ဖယ်ရှားပေးရန် တောင်းဆိုထားသည်။

ပြည်သူတို့ခံစားနေရသည့် ဘ၀သရုပ်မှန်များကို ဖော်ပြသည့် ဇာတ်ကားများကို ရိုက်ကူးခွင့် ပေးပြီး ကြံ့ဖွံ့ (လူရမ်းကားဂိုဏ်း) အမွှန်းတင်ဇာတ်လမ်းများရိုက်ရန် ရုပ်ရှင်နှင့်ဗွီဒီယိုလောကမှ အနုပညာရှင်၊ အတတ်ပညာရှင်များအား အဆိုပါဇာတ်လမ်းများ ရိုက်ကူးခိုင်းစေနေခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ဖော်ပြထားသည်။

ယခုထုတ်ပြန်ချက်ကို မသိရသော်လည်း ရုပ်ရှင်နှင့်ဗွီဒီယို ဇာတ်ညွှန်းရေးသားသူ ကိုဇော်သက်ထွေးက ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာများမှာ အထက်ကအမိန့်နှင့် ဖိအားပေး ခိုင်းစေမှုကို ခံနေရကြောင်းပြောဆိုကာ သူ့အမြင်နှင့် ပတ်သက်၍ “ဒီဟာကြီးလွှင့်လို့လည်း ပြည်သူတွေက ဒီနေ့ည အဲ့ဒီကားတွေလာမယ်၊ ငါတို့ စောင့်ကြည့်အုံးမှပဲဆိုတာလည်း မရှိတော့ အာရုံတွေ အများကြီးခံစားလို့ရတဲ့ ခေတ်ကြီးမှာ စောင့်မျှော်ပြီး မကြည့်တော့ဘူး။ အခုဟာက တော့ ပေါ်လစီဆိုရင် သူတို့ပဲ ဇာတ်လမ်းဆင်ပြီး ရိုက်တာများတယ်။ ဒါပေမဲ့ အဲ့ဒါတွေက အရင်သုံး လေးနှစ်ကလုပ်ခဲ့တာကို ပြင်းသွားပြီ၊ ညီးငွေ့သွားပြီ၊ အဲ့ဒီအချိန်မှာ တီဗွီပိတ်ထား လိုက်မှာပဲ၊ ဘယ်လိုမှ မကြည့်ချင်ဘူး မြင်ဖို့တောင်ပြင်းတယ်”ဟု ဆိုသည်။

ယခုသဘောထားထုတ်ပြန်တောင်းဆိုချက်တွင် စစ်အစိုးရအနေဖြင့် ညောင်နှစ်ပင်ညီလာခံမှ ပြဌာန်းလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုထောက်ခံပွဲများတွင် သရုပ်ဆောင် အနုပညာ ရှင်များကို ခုတုံးလုပ် အသုံးမချရန်လည်း တောင်းဆိုထားသည်။

စစ်အစိုးရ၏ ပေါ်လစီဆိုင်ရာ ဇာတ်ကားများ ထုတ်လုပ်ရိုက်ကူးနေမှုနှင့်ပတ်သက်၍ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ကိုကျော်သူက “ကျနော်က ရုပ်ရှင်သရုပ်ဆောင်တယောက်အနေနဲ့ သွားနေတာပေါ့လေ။ ဒါ ဘယ်လိုအဓိပ္ပါယ်နဲ့ ရိုက်တယ်ဆိုတာ ကျနော်လည်း နားမလည်ဘူး။ နိုင်ငံတော်ကား၊ အဲ့ဒီကားတွေရိုက်တဲ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေတွေတောင် တော်တော် ကုန်မယ်လို့လည်း မြင်တယ်။ အကျိုးဖြစ်ထွန်းမှုကတော့ ဒါ ပြည်သူတွေအတွက်တော့ သိပ်ပြီး တော့ ထူးခြားမယ်မထင်ဘူး ၊ မင်းသားမင်းသမီးတွေပုံ ကြည့်တာလောက် ဒီလောက်ပဲရှိ ပါတယ်”ဟု ပြောဆိုသည်။

ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ ဇင်ယော်မောင်မောင်ကတော့ နိုင်ငံတော်ကား၊ ပေါ်လစီကားများ ရိုက်ကူးထုတ်လုပ်သည့်အတွက် ပြည်သူများတွင် အကျိုးဖြစ်ထွန်းမည်ဟုထင်ကြောင်း ပြောဆို ခဲ့သည်။

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this

Saturday, September 1, 2007

လူငယ်တစ်ယောက်အားမာန်


လူငယ်တစ်ယောက်ရဲ့ အားမာန်ကို
အလံ တလူလူလွင့်ကာ အမိမြေကိုစွန့်ခွာ
ရှေ့သို့ ကျမ ချီတက်ခဲ့တယ်။

တစ်တောင်ဆုံးရင် တစ်တောင်တက်ကာ
နောက်ဆုံးတောင်ဆိုတဲ့ ပန်းတိုင်မှာ
အလံစိုက်ထူဖို့ အားမာန်အပြည့်နဲ့
ကြိုးစားရင်တက်ခဲ့. . . တက်ခဲ့တယ်။


တစ်တောင်ပြီးတစ်တောင်လည်း မဆုံးနိုင်ဘူး
တစ်တောပြီးတစ်တောလဲ အဆုံးနိုင်ဘူး
တက်ရင်း သွားရင်းနဲ့
ဘ၀မှာ လုံးခြာလည်းလိုက်နေတာ
ရေလှိုင်းပေါ်ရောက်လိုက် ရေလှိုင်းအောက်ရောက်လိုက်နဲ့
အိပ်ပေါက်နဲ့ ဖားကောက်
ပလိုင်းနဲ့ ငါးဖမ်းနေရသလို
ကောက်ခဲ့သမျှ ဖားတွေ
မိသမျှ ငါးတွေ . . . သဲထဲရေသွန်ဖြစ်ခဲ့ပြန်။

တွေ့သမျှတောင်ကိုတက်ရင်
မောပန်းလာတဲ့အခါ အမိမြေမှာကျန်ခဲ့တဲ့
လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ပြီး
အိမ်ပြန်လာမဲ့ သမီးကို မျှော်နေမဲ့
အမေအိမ်ကို မျက်စောင်ထိုးမိတယ်။

သမီးက လူငယ်တစ်ယောက်ပါ
လူငယ်တစ်ယောက် အားမာန်းနဲ့
ကိုယ့်ခြေထောက်ပေါ်မှာ ရပ်ပြီး
ဘ၀ကိုရင်ဆိုင်ချင်တဲ့သူပါ။

တစ်ခါတလေ ဘ၀မှာ
သိပ်မေားပန်းလွန်တယ်
အမေရယ် . . . .
မျှော်လင့်ချက်သေးသေးလေးကိုဆုပ်ကိုင်ပြီး
သွားလာနေရတယ်။

တစ်ခါချော်လှဲရည် တခါထ
နောက်တစ်ခါလဲရင် နောက်တစ်ခါထ
အကြိမ်ကြိမ်လှဲရင် အကြိမ်ကြိမ်ထ
လောကဓံကို ခံနိုင်ဖို့ ကြိုးစား
အောင်မြင်မှုပန်းတိုင်သို့ တရွေ့ရွေ့ချီတက်ခဲ့။

မအောင်မြင်ပဲ
အိမ်ကို ပြန်မလာချင်ပါဘူး
လူငယ်တစ်ယောက်အားမာန်ကို
အဖော်ပြုပြီး ရည်မှန်းချက်ပန်းတိုင်ရောက်အောင်
တောင်တွေတက်ရအုံးမယ် . . . ။


1.9.2007
စမိုင်းမေ

နှစ်သက်ရင်..ဆက်ဖတ်ပေါ့...

Digg this
 

© New Blogger Templates | storyofmermaid