D

Friday, September 14, 2007

သွေးစုပ်ဖုတ်ကောင်


လူငယ်တွေကို လူညွှန့်တုန်း
အနာဂတ်ပျောက် လမ်းမှားရောက်စေတဲ့
ဒီ . . . မူးယစ်ဆေးဝါးကို
ငွေပေးရင် ရောင်းချခွင့်ပေးတဲ့ ဥပဒေ
တို့နိုင်ငံက လူတွေတီထွင်နေကြသလား။


ကားတိုက်လို့ လူသေရင်
ငွေပေးနိုင်ရင် အမှုကြေအေးလို့ရတဲ့
ငွေနိုင်တဲ့ဥပဒေ တို့နိုင်ငံမှာရှိနေသလား။

ကလေးငယ်ကို မတာရားစော်ကား
အမှုဖြစ်ရင်တောင် ငွေပေးရင်
ကြေအေးလို့ရတဲ့ ဥပဒေရော ရှိနေသာပဲလား။

အာဏာတည်မြဲရေးအတွက်
ငွေပေးပြီး လိုက်ရိုက်ခိုင်းသတဲ့
ကိုလူမိုက်တွေလဲ ငွေရရင်ဖြင့် လူရိုက်ရဲတယ်တဲ့။

ငွေကြေးရဲ့ ခိုင်စေရာအောက်မှာ
တို့ နိုင်ငံက ၀န်ထမ်းတွေ
ပြားပြားဝပ်နေကြတယ်။

ငွေကြေးရဲ့အစွမ်း
တို့နိုင်ငံက ၀န်ထမ်းတွေရဲ့
ကိုယ်ကျင့်တရား ဖြူစင်လှတဲ့စိတ်ထားတွေကို
သွေစုပ်ဖုတ်ကောင်လို့
အကုန်အစင်စုတ်ထုပ် ၀ါးမြိုသွားလေတယ်။


14.9.2007
စမိုင်းမေ

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid