D

Tuesday, September 25, 2007

25.9.2007


copy from http://www.mizzimaburmese.com/breaking_news.php

2:40 PM
ရန်ကုန်လူထု အုံကြွပြီ

ဒုတိယနေ့ ဆူးလေတွင် ဆုံမည့် လူထု အုံကြွမှုကြီးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များလည်း ပါဝင်ပြီး “အရေးတော်ပုံ အောင်ရမည်” ဆိုသော ကြွေးကျော်သံများနှင့် တခဲနက်ညံလျှက် ရှိသည်။ သတင်းယူလျှက်ရှိစဉ်ပင် ကြွေးကျော်သံများ ကြားနေရသည်။

သံဃာ ၅ သောင်းကျော် အထိပင် ရှိနိုင်ပြီး လူထု ၁ သိန်းကျော်မည်ဟု မျက်မြင်သက်သေ အများအပြားက ခန့်မှန်းသော အုံကြွမှုကြီးအနီး လုံခြုံရေးများ မတွေ့ရကြောင်းလည်း သိရသည်။

“၁၃ဝဝ ပြည့်အရေးတော်ပုံ” လိုမျိုး ဖြစ်ပြီဟု အနီးတွင် စောင့်ကြည့်နေသူ တဦးက မဇ္ဈိမသို့ ပြောပြသည်။

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid