D

Thursday, September 13, 2007

ဘယ်ရောက်နေလဲ


တစ်နှစ်ပြီးတစ်နှစ်
ကျောင်းဆင်းနေတဲ့ ဥပဒေကျောင်းသား
ဘယ်များရောက် နေပါသလဲ။

ငါမသိဘူး သူတို့တွေဘယ်ရောက်နေလဲ
ငါသိလိုက်တာက သူတို့တွေအတွက်
ရှေ့နေမရှိဘူးဆိုတာပဲ။


မှန်သည် မမှန်သည်
မေးခွန်းမှန်သမျှကို
ကိုယ့်ဟာကိုယ်ချေပခဲ့ရသတဲ့။

ရှေ့နေတွေအလုပ်ကဘာလဲ
စဉ်းစားရင် ချာချာလည်ခဲ့တယ်။

ရှေ့နေတွေ ဘယ်သူအတွက်
ဒီဘွဲ့ကိုယူခဲ့ကြသလဲ
မမှန်းတရားဘက် ရပ်တည်တဲ့သူတွေ
ဘာအတွက် ဘာကိုကြောက်နေကြတာလဲ
ဒါလဲ ငါမသိဘူး။

ဒီလိုဆိုရင် . . . .
ငါမသိဘူး . . . .
ငါလည်း သူလို့ကြောက်တတ်တဲ့သူပဲ။


13.9.2007
စမိုင်းမေ

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid