D

Saturday, September 1, 2007

လူငယ်တစ်ယောက်အားမာန်


လူငယ်တစ်ယောက်ရဲ့ အားမာန်ကို
အလံ တလူလူလွင့်ကာ အမိမြေကိုစွန့်ခွာ
ရှေ့သို့ ကျမ ချီတက်ခဲ့တယ်။

တစ်တောင်ဆုံးရင် တစ်တောင်တက်ကာ
နောက်ဆုံးတောင်ဆိုတဲ့ ပန်းတိုင်မှာ
အလံစိုက်ထူဖို့ အားမာန်အပြည့်နဲ့
ကြိုးစားရင်တက်ခဲ့. . . တက်ခဲ့တယ်။


တစ်တောင်ပြီးတစ်တောင်လည်း မဆုံးနိုင်ဘူး
တစ်တောပြီးတစ်တောလဲ အဆုံးနိုင်ဘူး
တက်ရင်း သွားရင်းနဲ့
ဘ၀မှာ လုံးခြာလည်းလိုက်နေတာ
ရေလှိုင်းပေါ်ရောက်လိုက် ရေလှိုင်းအောက်ရောက်လိုက်နဲ့
အိပ်ပေါက်နဲ့ ဖားကောက်
ပလိုင်းနဲ့ ငါးဖမ်းနေရသလို
ကောက်ခဲ့သမျှ ဖားတွေ
မိသမျှ ငါးတွေ . . . သဲထဲရေသွန်ဖြစ်ခဲ့ပြန်။

တွေ့သမျှတောင်ကိုတက်ရင်
မောပန်းလာတဲ့အခါ အမိမြေမှာကျန်ခဲ့တဲ့
လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ပြီး
အိမ်ပြန်လာမဲ့ သမီးကို မျှော်နေမဲ့
အမေအိမ်ကို မျက်စောင်ထိုးမိတယ်။

သမီးက လူငယ်တစ်ယောက်ပါ
လူငယ်တစ်ယောက် အားမာန်းနဲ့
ကိုယ့်ခြေထောက်ပေါ်မှာ ရပ်ပြီး
ဘ၀ကိုရင်ဆိုင်ချင်တဲ့သူပါ။

တစ်ခါတလေ ဘ၀မှာ
သိပ်မေားပန်းလွန်တယ်
အမေရယ် . . . .
မျှော်လင့်ချက်သေးသေးလေးကိုဆုပ်ကိုင်ပြီး
သွားလာနေရတယ်။

တစ်ခါချော်လှဲရည် တခါထ
နောက်တစ်ခါလဲရင် နောက်တစ်ခါထ
အကြိမ်ကြိမ်လှဲရင် အကြိမ်ကြိမ်ထ
လောကဓံကို ခံနိုင်ဖို့ ကြိုးစား
အောင်မြင်မှုပန်းတိုင်သို့ တရွေ့ရွေ့ချီတက်ခဲ့။

မအောင်မြင်ပဲ
အိမ်ကို ပြန်မလာချင်ပါဘူး
လူငယ်တစ်ယောက်အားမာန်ကို
အဖော်ပြုပြီး ရည်မှန်းချက်ပန်းတိုင်ရောက်အောင်
တောင်တွေတက်ရအုံးမယ် . . . ။


1.9.2007
စမိုင်းမေ

Digg this

3 Comments:

thahlaoo said...

သိပ်ကောင်းတယ် စမိုင်းမေရယ်။ ကျနော်မြှောက်ပြောတာမဟုတ်ဘူး။ စမိုင်းမေ ကဗျာဆရာမကြီးဖြစ်သွားပြီ။ ဒုတိယ မသဒ္ဓါလို့ နာမည်ပေးချင်ပါတယ်။

storyofmermaid said...

ကျေးဇူးပဲ ကိုသာလှဦး
စမိုင်းမေ ကဗျာမှာ ချို့ယွင်းချက်ရှိရင်လည်းပြောပြပေးနော်

thahlaoo said...

စာရိုက်အမှားက ပြန်ပျင်ရလွယ်ပါတယ်။ ဘာမှ ကိစ္စမရှိပါ။

 

© New Blogger Templates | storyofmermaid