အောက်မှာ ဖော်ပြတဲ့အတိုင်း ဇယားကွက်လေးကို အရင်ဆောက်လိုက်ရအောင်။
အဆင့်(၁) Standard Types နဲ့ Custom Types မှာ ကိုယ်လိုချင်တဲ့ပုံစံကိုရွေးပါ။
အဆင့်(၂) Data range မှာ ပုံမှာ ပြထားတဲ့အတိုင်း array လုပ်ပါ။
အဆင့်(၃) Row ကိုရွေးမယ်ဆိုရင် အခုပုံမှာပေါ်တဲ့ အတိုင်း X ၀င်ရိုးပေါ်မှာ mess,G,O ဆိုပြီးပေါ်နေမှာပါ။ ကော်လံကို ရွေးမယ်ဆိုရင် ပထမ array လုပ်တုန်းက B3:D6 ထိပဲ လုပ်ထားတာဆိုတော့ A3:D6 ထိပြန်ပေးပါ။ ဒါဆိုရင် X ၀င်ရိုးမှာ 2005,2006,2007 ဆိုပြီးပေါ်မှာပါ။
အဆင့်(၄) Series ကိုေ၇ွးပါ။ အောက်နားက Series box မှာ Series 1,2,3 ဆိုပြီးပေါ်နေလိမ့်မယ်
Series box ထဲက Series1 ကို select လုပ် ပြီးရင် Name နေရာမှာ 2005 ဆိုပြီး ရိုက်ထည့် ဒါမှမဟုတ် ဘေးနားက အနီရောင်မြှားလေးကို နှိပ်ပြီး Cell A4 ကိုရွေးပါ အလားတူပဲ Series 2 ကို 2006 ပြောင်း, Series 3 ကို 2007 ပြောင်းပါ။
Values: ဆိုတဲ့အကွက်ကတော့ ဥပမာ ကျမတို့က 2005 ကို name ပေးပြီးရင် values: နေရာမှာ B4:E4 ကို array လုပ်ရမှာပါ။ ပုံထဲမှာတော့ သူကလုပ်ပြီးတာ ပါပါတယ်။
Add , Remove ဆိုတာကတော့ Series box ထဲက ကိုယ်ပေးထားတဲ့
Name ကို ဖျက်ချင်တဲ့အခါ တိုးချင်းတဲ့အခါမှာ သုံးပါတယ်။ အားလုံးပြီးရင် next ကိုနှိပ်ပါ။
အဆင့်(၅) Titles >Chart title မှာ Charts ရဲ့ ခေါင်းစဉ်ကိုရေးလိုက်ပါ။
Category(X) axis: ဆိုတဲ့နေရာက X ၀င်ရိုးမှာ ပေါ်စေမှာဖြစ်တဲ့အတွက်
ကိုယ်ပေါ်ချင်တဲ့စာသားကိုရိုက်ပါ။ Y ၀င်ရိုးမှာလည်းရိုက်ထည့်ပါ။ ကျန်တာကတော့ ဇယားကွက်းပုံစံ ဘယ်လိုထားချင်တယ်ဆိုတာတွေပါ အဲ့ဒါတော့ မပြောပြတော့ဘူး လိုက်စမ်းကြည့်လိုက်ပါ။ နောက်ဆုံးကိုယ်ကြိုက်တာ ပြင်ပြီးပြီဆိုရင်
Next ကိုနှိပ်ပါ။ ပြီးရင်
As New Sheet , As object in ဆိုတာ ကြိုက်တာေ၇ွးလိုက်ပါ။ ကျမကတော့ As object in ကိုေ၇ွးထားပါတယ်။ ပြီးရင် Finish ကိုနှိပ်။ ကျန်တဲ့အပိုင်းကို နောက်နေ့မှ ဆက်ရေးတော့မယ်။ ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်းပေါ်နေမှာပါ။
Monday, November 26, 2007
Chart Wizard (I)
Posted by storyofmermaid at 12:21 PM 0 comments
Labels: Excel
Friday, November 23, 2007
မင်းအနားငါ လာလို့မရ
မြက်ပင်လေးတွေလို
မင်းခြေရင်းမှာ
ငါ့မာနတွေ ခ၀ါချပြီး
အချစ်တွေကို ငါလေ . . .
ကိုယ်းကွယ်ခဲ့တယ်။
ဆောင်းရက်တွေမှာ
နှင်းမှုန်ကြား မင်းလျှောက်သွားတော့
မင်းအသားထိတဲ့ နှင်းစက်ထဲမှာ
ငါလေ . . . အပါအ၀င်ပေါ့
မင်းနဲ့ ဆုံခိုက်ရင်ခုန်ရတယ်
မင်း . . . သိလေမလား
မင်းရဲ့ မှတ်တမ်းမဲ့နေ့တွေမှာ
ငါများ ပါဝင်းသွားလာ။
မိုးရာသီရက်တွေမှာ
မိုးစက်တွေနဲ့အတူ လေအဝှေ့မှာ
မင်းနှလုံးသား ထိတွေ့ခွင့်ရအောင်
ငါလေ ကြိုးစားခဲ့ဖူးတယ်
မင်းအသားကို ထိတွေ့သွားတဲ့မိုးစက်တွေလို
အလိုမကျတဲ့မျက်ဝန်းနဲ့ ကြည့်တဲ့အခါ
ငါ့နှလုံးသားလေး နာကျင်မိတယ်။
မြက်ပင်တွေလို ငါ့မာနကို
မင်းကနင်းလျှောက်သွား
နှင်းမှုန်တွေလို တို့နှစ်ယောက်ဆုံခိုက်
ငါ့နှလုံးသားကို မင်းလျစ်လျူရှု
မိုးစက်တွေလို မင်းကိုစိုးမိုးဖို့
ကြိုးစားတဲ့ငါ့နှလုံးသားကို
အလိုမရှိ မင်းမျက်ဝန်းကြည့်
ငါ့နှလုံးသားကို လောင်ကြွမ်းစေတယ်။
ငါ့နှလုံးသား နေမင်းလို
တရဲရဲတောက်လောင်
မင်းအနားလည်း ငါလာလို့မရ။
မြင်ပင်တွေကြား မင်းငါ့ကိုရှာ
နှင်းမှုန်တွေကြား မင်းငါ့ကိုရှာ
မိုးစက်တွေကြား မင်းငါ့ကိုရှာ
မင်း င့ါကိုတွေ့ရှိချိန်
ငါ့အနား မင်းလာလို့မရ။
စမိုင်းမေ
23.11.2007
Posted by storyofmermaid at 2:09 PM 1 comments
Labels: Poem
အိပ်ယာထနောက်ကျခြင်း။
တစ်နေ့မှာပေါ့ -
စမိုင်းမေ ဆိုတဲ့ကလေးမ တစ်ယောက် သူ့အမေရင်ခွင့်မှာ အိပ်နေရင် မေးခွန်းတစ်ခုမေးတယ်
“အမေ သမီး ဘာလို့ ဒီလောက်တောင် အိပ်ရတာလဲ ” ဆိုပြီး မေးတာပေါ့။
ဒါနဲ့ သူမအမေ ပြန်ဖြေလိုက်တဲ့ စကားကို ကြားပြီး စမိုင်းမေ ဆိုတဲ့ ကောင်မလေးက ဘယ်တော့မှ အဲ့ဒီမေးခွန်းကို ထပ် မမေးတော့ဘူးတဲ့။
:) :) :)
…………………….
စမိုင်းမေ ဆိုတဲ့ ကောင်မလေးတစ်ယောက် အိပ်ယာထနောက်ကျလို့ ရုံးအမြဲနောက်ကျနေတဲ့အတွက် သူ့မ သူဌေးနဲ့ ပြသနာ တက်နေရတယ်။
တစ်နေ့တော့ သူ့သူဌေးက ခေါ်ပြောတယ်တဲ့ “မင်း နောက်တစ်နေ့နောက်ကျရင်တော့ အလုပ်ပြုတ်ပြီးတားပဲ” ဆိုပြီး ခေါ်ပြောတာပေါ့။
ဒါနဲ့ စမိုင်းမေလည်း ရုံးဆင်းတော့ ဆေးခန်းဝင်ပြပြီး အိပ်ပြန် ဆေးသောက် စောစောအိပ်လိုက်တာပေါ့။
နောက်တစ်နေ့ ကျတော့ အိပ်ရာက စေားစေားနိုးပြီး ရုံးကို သူမက အရင်ရောက်နေတာပေါ့
သူဌေးလည်းလာတဲ့အခါ သူမက သူဌေးကို ပြောလိုက်တယ်-
“သူဌေး ဒီနေ့ ကျမ စေားစေားရုံးရောက်တယ်နော်” ဆိုပြီးပြောတာပေါ့။
သူဌေးက စကားတစ်ခွန်းပြန်မေးလိုက်တယ်
“မင်းမနေ့က တစ်နေကုန်ဘယ်သွားနေတာလဲ”
:) :) :)
(မှတ်ချက် - The Best English ဂျာနယ်မှ ယူသုံးထားပါ)
Posted by storyofmermaid at 9:52 AM 0 comments
Labels:့ Humours
Thursday, November 22, 2007
Copy & Paste
ဒီနေ့တော့ လွယ်လွယ်လေး ဖြစ်တဲ့ ကော်ပီ ပေစ့် လုပ်နည်းပဲ ပြေားပြတော့မယ်။
ဒီလုပ်နည်းကတော့ သိတဲ့သူလည်း သိကြမှာပဲ မသိသေးတဲ့သူတွေအတွက်တော့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် လွယ်လွယ်လေးပါ အောက်က ပြေားထားတဲ့အတိုင်း လုပ်ကြည့်ကြရအောင်နော်။
ဥပမာ- ပုံ-1
ဒီပုံစံလေးဖြစ်အောင်လုပ်ကြမယ်နော်
လုပ်နည်းကတော့ -
Name ဆိုတဲ့ ဒေါင်လိုက်ကော်လံကို အလျားလိုက်ဖြစ်အောင်ကော်ပီလုပ်မယ်ဆိုရင် အရင်းဆုံး ကိုယ်လုပ်မဲ့ cell ကွက်ကို select လုပ် လုပ်ပြီး ကော်ပီလုပ်ပါ
ပြီးရင် ကိုယ်ထားချင်တဲ့ cell ကွက်မှာ Right click လုပ် Paste Special ကိုေ၇ွး Paste Special box ကျလာရင် အောက်ဘက်နားမှာ Transpose ကိုရွေး ok
အောက်မှာ ပုံလေးတွေ အဆင့်ဆင့် ပြထားပါတယ် စပ်းသပ်ကြည့်ပါ။
နောက်တစ်ခုက paste အောက်မှာ Values ကို တွေ့မယ်ထင်ပါတယ်။ အဲ့ဒါက ဘာအတွကလဲဆိုရင် ကျမတို့တွေ formula သုံးထားတဲ့ cell ကွက်က ဂဏန်းကို ရချင်ရင် ကော်ပီးလုပ်ပြီး paste specials > Value ကိုရွေးလိုက်ရင် အစဉ်ပြေသွားပြီးပေါ့
Posted by storyofmermaid at 9:46 AM 0 comments
Labels: Excel
Wednesday, November 21, 2007
Formula + letter
Excel အကြောင်းအများကြီးမသိပေမဲ့ ကိုယ်သိတာလေးကို မသိတဲ့သူတွေအတွက် မျှဝေချင်လို့ပါ။ သူများတွေလို့ အားကျမိလို့ပါ။ ကိုယ်သိတာလေးပဲ တတ်သလောက်
ပြန်မျှဝေတာပါ။
ကျမတို့တွေ excel ကိုအသုံးပြုတဲ့အခါ ကိန်းဂဏန်းတွေကို အပေါင်းအနှုတ်အမြှောက်အစား စသည်ဖြင့်လုပ်ပြီး တခြားစားသားတွေနဲ့ တွဲပြီးတော့ cell တစ်ကွက်ထဲမှာ ပေါ်စေချင်ရင် ဒီလိုလုပ်ကြည့်ပါ။
စာသားကို ပေါ်စေချင်ရင် “ ” ထဲမှာ $ per hour ထည့်ရပါတယ်။
for example: 1g[/IMG]
for example: 2
for example: 3
for example: 4
Text တစ်ခုစီမှာ ကိုယ်ပေါ်ချင်တဲ့ cell ကို click
Posted by storyofmermaid at 10:45 AM 0 comments
Labels: Excel
Tuesday, November 20, 2007
ကျွန်ုပ်နှင့် နာရီနိုးစက်သံ
နာရီနိုးစက်သံဟာ ကျွန်ုပ် မကြားချင်ဆုံးသော အသံတွေထဲက တစ်ခုပဲဖြစ်တယ်။ ဒါပေမဲ့ တခါတရံ သူက ကျွန်ုပ်အတွက် အသုံးတော့ဝင်ပါတယ်။ တချို့ကိစ်စတွေမှာ နောက်မကျအောင် သူက ကိုယ့်ကို အချက်ပေးတော့ သူ့ကို ကျေးဇူးတင်ပါတယ်။ မရှိလည်းကောင်း ရှိလည်းကောင်းဆိုတာ သူ့ကိုပြောတာထင်တယ်။
မနက်ဖြန်မနက် ထမင်းချက် ဂျူတီပြန်ကျတော့ စေားစေားထရမယ်ဆိုပြီး နာရီကို မနက် ၃ နာရီ သံပတ်ပေးထားပြီး နာရီးသံ မကြားမှာဆိုးလို့ ခေါင်းရင်းမှာထားပြီး အိပ်တာပေါ့။ အစေားကြီးထချက်ရတယ်ဆိုလို့ လယ်ထဲဆင်းဖို့တော့မဟုတ်ဘူး အခု ရန်ကုန်မှာ မီးပျက်နေတော့ အဲ့ဒီအချိန်ထချက်မှ အဆင်ပြေတာကို။ ဒါကြောင့် စောစေားထချက်ရတာ။
ဒီလိုနဲ့ ကျွန်ုပ်အိပ်ပျော်သွားတော့ အိမ်မက်ထဲမှာလေ ဘရစ်နီစပီးရားလို ကမ်းစပ်မှာ စတိတ်ရှိုးဆိုနေတာ ပရိတ်သတ်ကလည်း အများကြီးပဲ အဟဲ့ . . . နောက်တစ်ခု ကျွန်ုပ်ဆိုနေတဲ့သီချင်းရဲ့ တီးလုံးကလေ . . တီးတီး . . . တီးတီး . . ဆိုပြီးတီးနေတာလေ ဒါနဲ့ ကျွန်ုပ်လည်း သီးချင်းဆိုတာပေါ့ ပရိတ်သတ်တွေ အများကြီးကို တီးလုံးကလည်း မြန်လာလိုက်တာ တီးတီး တီးတီး တီးတီး တီးတီး တီးတီး . . . နဲ့ဆိုတော့ ကျွန်ုပ်ကလည်း အမြန်လိုက်ဆိုးရတာပေါ့။
သီချင်းဆိုလို့ကောင်းတုန်းရှိသေးတယ် ကျွန်ုပ်ထက်ကျယ်တဲ့အသံ ကိုကြားလိုက်ရတယ်။ ဘာသံလည်းသိလား? စမိုင်းမေ ထတော့တဲ့ ဒီလောက်တအိမ်လုံးနိုးနေပြီး နင်က မနိုးသေးဘူးလားတဲ့။ သြော် . . . အခုမှသိလိုက်တယ် အိမ်မက်မက်နေတာကို ။ မျက်လုံးလေးဖွင့်ပြီး ဘေးနားကိုကြည့်လိုက်တော့ ညီမတော်က စောင်ကို ခေါင်းမြီးခြုံးပြီး အိမ်နေလိုက်တာ စောင်ခြုံထဲမှာ နားပိတ်ထားတယ်နဲ့တူပါ့။ နောက်ဖက်ကိုလှည့်ကြည့်ပြန်တော့ အမယ်လေး အိပ်ချင်းတဲ့စိတ်ကို ပျောက်သွားတာပဲ နံဂါးတို့ မျက်စောင်း အရိပ်သုံးပါးမရွေးဘူး ပြာဖြစ်တယ်ဆိုတာ အဲ့ဒါပဲထင်တယ်။ ချက်ချင်း မီးဖိုခန်းထဲ ကျွန်ုပ်ရောက်ရှိသွားတော့တယ်။
Posted by storyofmermaid at 1:56 PM 0 comments
Labels: General
Monday, November 19, 2007
လမ်းဆုံက ဂျမ်းဘုံ
မနက်က RFA က လမ်းဆုံက ဂျမ်းဘုံ အစီအစဉ်ကို နားထောင်လိုက်ရတယ်။ မင်းဆိုးမင်းညစ်တွေအကြောင်း ပြေားထားတာလေ။ ဘုရင်ကြီးက မင်းကျင့်တရားအတိုင်း တိုင်းပြည်ကို မအုပ်ချုပ်ပဲ ပြည်သူတွေကို မတရားနှိပ်စက်ပြီး အုပ်ချုပ်တာလေ။ အခွန်တွေ မတရားကောက်တော့ ပြည်သူတွေ နေ့ဆို၇င်ကြောက်ပြီး တေားထဲ ပုန်းနေရ။ ညဆိုရင် အိမ်ပြန်အိပ်တော့ သူခိုးဓါးပြန်ရန်ကြောက်ရနဲ့ ဖြစ်နေကြတာပေါ့။
တစ်ရက်တော့ ဘုရင်ကို အရောင်အ၀ါ တောက်တောက် ပြောင်ပြောင်နဲ့ ပုဂ်ဂိုလ်ကိုယ်ထင်ပြပြီး ပြည်သူတွေကို ဒီလိုအုပ်ချုပ်ရင် မင်းလည်းဒုက်ခ ပြန်ခံစားရမယ်ပေါ့ အဲ့ဒီလိုပြောတော့ ဘုရင်ကလည်းကြောက်ပြီး ဒီလိုမလုပ်တော့ဘူးဆိုပြီး ပြန်ကတိပေးလိုက်တယ်။
နောက်တစ်နေ့ ပုံသားနဲ့ ဘုရင် တိုင်းခန်းလှည့်လည်ကျတာပေါ့ အဘိုးအိုတစ်ယောက်က တေားထဲက အိမ်ကိုပြန်လာရင်း ဆူးစူးသွားတော့ ဘုရင်ကို ကျိန်ဆဲတာပေါ့။ ဒါဟာ သူကြောင့် ငါတို့တွေ တေားထဲမှာ အိမ်ရလိုဆိုပြိး ပြောတာပေါ့။
အတိုချုပ်ပဲပြေားလိုက်တော့မယ် ………..
ဘုရင်တိုင်းခန်းလှည့်လည်းရင် နောက်ထပ် ဟင်းရွက်ခူးနေတဲ့ အဖွားအိုကိုတွေ့ရော အဘွာအိုက အရွက်ခူးရင်း ဆူးစူးတော့ ဘုရင့်ကိုကျိန်ဆဲပြန်တယ်။ ဘုရင်က ဘာလို့ ကိုယ့်ဟာကို ဆူးစူးတာ ဘုရင်ကို ကျိန်ဆဲး ရတာလဲလို့မေးတော့ အဖွားအိုက မင်းဆိုးမင်းညစ်ကြောင့် သူ့သမီးတွေ ကို သားမတ်မတ် မယားမတ်မတ်ပေါင်းမဲ့သူမရှိတော့ သူကပဲအရွက်ခူးနေရတာ ဒါတွေဟာ ဘုရင့်ကြောင့်ဆိုပြီးပြောတာပေါ့။
နောက်တစ်နေရာလဲရောက်ရော နွားထွန်းနေတဲ့သူရဲ့နွားက လှဲးကျပြန်ရော ဒါနဲ့ဘုရင်ကို ကျိန်ဆဲးတာပေါ့။
ဒီနားမှ ဘာပြန်ပြေားလဲ ကျမလည်း မသိတော့ဘူး မေ့နေတယ်။ အမှန်တကယ်တော့ ကျမက အခုခေတ်မှာ ပြည်သူတွေခံစားရတာ နည်းနည်းလေး ထပ်ဖြည့်ချင်လို့ အပေါ်က အများကြီးရေးလိုက်ရတာ။
ထပ်ဖြည့်ချင်တာက ဒီစာကြောင်းလေးပါ-
မြန်မာနိုင်ငံ အင်ဂျင်နီယာ လူငယ်တစ်ယောက် နိုင်ငံခြားမှားအလုပ်လုပ်ဖို့ အင်တာဗျူးသွားတာပေါ့။ အင်ဂျင်နီယာလေးက $ 1800 တောင်းတာပေါ့။ အဲ့ဒီနိုင်ငံခြားသားက ဘာပြန်ပြေားလဲသိလား တကယ်ပါဘဲ အသည်းတောင်နားတယ် Are u Myanmar? It is not possible. တဲ့ အဲ့လိုပြောလိုက်တယ်တဲ့။ ဒါတွေ ဘယ်သူကြောင့်လဲ ကိုယ့်နိုင်ငံက လူငယ်တွေကို သူများနိုင်ငံက အထင်းမကြီးတာ။ ဒီလိုမျိုး ဘယ်နှစ်ယောက် မြန်မာနိုင်ငံက လူငယ်တွေ ကြုံပြီးပြီလဲဆိုတာ မသိနိုင်ဘူး။ ဒါတွေဟာ ဘယ်သူလက်ချက်တွေလည်း ။ အဲ့ဒါ ဘယ်သူအုပ်ချုပ်တဲ့ခေတ်ရဲ့ ပညာရေးတွေလည်း။ အဘိုးကြီးနဲ့ အဘွားကြီးလို ကျိန်ဆဲလိုက်ရရင်တော့ . . . .။
Posted by storyofmermaid at 1:54 PM 0 comments
Labels: General
Saturday, November 17, 2007
ကျွန်ုပ်နှင့် အတူရှိတော်မူသောဘုရား
အမှောင်တွေဖုံးလွမ်း အလင်းမမြင်
မှောင်မိုက်သည့်လမ်း ကျွန်ုပ်လျှောက်စဉ်
ကိုယ်တော် လက်တော်မြတ်နှင့် တို့ထိ
ကျွန်ုပ်ကို လမ်းပြတော်မူသည်။
ဆင်းရဲ ဒုက္ခ ကျွန်ုပ်ကြုံတော့
သွေးဆောင်ရာလမ်းသို့ ခြေဦးတည်မိ
ကျွန်ုပ်ခြေကို ဖြောင့်သောလမ်းသို့
တည့်ပေးတော်မူသည်။
တခါတရံ ဘ၀လမ်းကွေ့တွေမှာ
ပင်ပန်းမှုကြောင့် စိတ်ပျက်မိကာ
အားအင်ဆုတ်လျော့ လှဲကျလုပြီ
ထိုအချိန်တွင်
ကိုယ်တော်သည် ကျွန်ုပ်စိတ်နှလုံးကို
ခွန်အားပေးကာ နိုးကြားစေသည်။
ချစ်ခင်သူမျာ ခွဲခွာရသော်
ကျွန်ုပ်စိတ်နုလုံး ကြေကွဲခံစား
ထိုအချိန်တွင်
ကိုယ်တော်မြတ်သည်
ကျွန်ုပ်ဘေးတွင် အားပေးမူသည်။
သေမင်းခေါ်ဆောင်ရာလမ်း
တစ်ယောက်ထဲ ကျွန်ုပ်သွားရသော်
မရဏချောင်း ဖြတ်ကူးစဉ်တွင်
ကိုယ်တော်သည် ကျွန်ုပ်လက်ကို
ဆွဲခေါ်ယူကာ အတူသွားတော်မူသည်။
စမိုင်းမေ
16.11.2007
Posted by storyofmermaid at 10:17 AM 0 comments
Labels: Poem
သတိ - မီးကစားနေသည်
အခုတလော လျှပ်စစ်ရုံးက ကလေးကစားသလို မီးပေးနေလို့ တော်တော် စိတ်ပျက်မိတယ်။ မီးကိုအလှည့်ကျ ပေးရင်းလည်းပေးတာမဟုတ်ဖူး ပျက်လိုက်လာလိုက်နဲ့ ။ တခါတလေ ထမင်းစားကောင်းနေတုန်းရှိသေးတယ် မီးပျက်လို့ ဖရောင်းတိုင်နဲ့ မီးခြစ်လိုက်ရှာရပြီ။ ဖရောင်းတိုင်နဲ့ ထမင်းစားနေတုန်း မီးကပြန်လား စားပြီးတော့ ပုဂံတွေဆေးပြီး TV ကြည့်မယ်လို့ ထိုင်ကာရှိသေးတယ် မီးပြန်ပျက်တယ်။
ဒါတွေကအကြောင်းမဟုတ်ပါဘူး သူတို့တွေ အဲ့ဒီလိုမျိုး ခဏခဏ ပျက်လိုက်လာလိုက်နဲ့လုပ်နေတော့ အလုပ်များတဲ့ အိမ်ရှင်မတွေ အတွက် လုံးဝမကောင်းတဲ့ကိစ်စ ကြီးပါ။ စားသောက်ဖို့ ပြင်ဆင်ရ တခြားသော အိမ်မှုကိစ်စ တွေနဲ့ လုံလည်းလိုက်နေတယ်တဲ့ အိမ်ရှင်မတွေ ချက်ပြုတ်နေရင် တခြားအလုပ်လုပ်တော့ မီးပျက်တဲ့အချိန်မှာ ဟင်းအိုးမီးခလုတ်တွေ ပိတ်ဖို့သတိမရတော့ မီးလောင်မှုတွေ ဖြစ်ရော. သူငယ်ချင်း တစ်ယောက်ကပြောတယ် မီးလောင်မှုတွေမရှိသေးတော့ တစ်ရက်ကို ၄ ခါလောက်ပျက်မယ် မရှိသေးရင် ထပ်တိုးပြီး ပျက်အုံးမယ်ထင်တယ်တဲ့။
ဘာပြောပြော မီးကိုအလှည့်ကျ သူ့နာရီနဲ့ နာရီပေးရင် တော်တော်ကောင်းမယ် မနက်ထမင်းထချက်ရင် မီးကမလား နောက်နေ့ အစောကြီးထချက်တော့ မီးကမပျက် . . .. အော် . . . ဒုက်ခ
Posted by storyofmermaid at 9:57 AM 0 comments
Labels: General
Friday, November 16, 2007
မြစ်ဆုံရေကာတာစီမံကိန်း လက်မှတ်ထိုးပွဲ
Posted by storyofmermaid at 9:53 AM 0 comments
Labels: Political
Thursday, November 15, 2007
လက်မသန်တော့လိုပါ
ထမင်းဆိုင်မှာ သင်္ဘောသားတစ်ယောက်နဲ့ ပင်လယ်ဓါးပြတစ်ယောက်တွေ့ပြီး စားသောက်ကြပြီး စကားလက်ဆုံကြနေကြတယ်။ သူတို့အတွေ့အကြုံကို ပြန်ပြောပြီး စကားလက်ဆုံကြနေကြတာပေါ့။
ပင်လယ်ဓါးပြက ခြေတစ်ဖက်မသန်လို့ သစ်သားခြေထောက်တပ်ထားရတယ်။ လက်တစ်ဖတ်ပြတ်နေလို့ သံချိန်ကြီး စွပ်ထားရတယ်။ မျက်လုံး တစ်ဖက် ပျက်စီးနေလို့ သားရေပြားကလေးဖုံးထားရတယ်။
သင်္ဘောသားက “ခြေထောက်ဘာဖြစ်လို့လဲ” မေးတယ်။
“ငါးမန်းခုတ်သွားတာပေါ့ဗျာ”
“ခင်ဗျားလက်ကရော ဘာဖြစ်တာလဲ”
“ဓါးချင်းခုတ်တော့ ကျုပ်လက်ပါသွားတာဗျာ” တဲ့။
“ခင်ဗျား မျက်လုံးက ဘာလို့ကန်းသွားတာလဲ”
“စင်ရော်က ချေးနဲ့ပန်းသွားလို့ မျက်လုံးထဲဝင်ပြီး ကန်းသွားတာဗျ” လို့ ပြန်ဖြေသတဲ့။
သင်္ဘေသားက အံ့အားသင့်ပြီး “စင်ရောချေးဝင်ရုံနဲ့ ဖြစ်ရလားဗျ” လို့ ပြောတော့ သူက ဘာပြန်ပြေားလဲ သိလား။
“ဟုတ်ပါ့ဗျာ ကျုပ်လက်တစ်ဖက် သံချိတ်တပ်ရတဲ့နေ့မှာပဲ ဒီလိုဖြစ်ရတာပါဗျာ” တဲ့။
Posted by storyofmermaid at 5:30 PM 0 comments
Labels: Humours
မိဘမေတ္တာ
တသွင်သွင် စီးဆင်းနေတဲ့
စမ်းရေပမာ ကြည်လင်
သောက်သုံးသူ၏ စိတ်နှလုံးကို
အေးမြလန်းဆန်းစေသည်ကာ
သူတို့မေတ္တာ ဖြစ်ပေသည်။
ရုပ်ရည်ကွဲပြား စိတ်ထားမတူညီ
အသားအရောင်ကွဲပြား အလွာချင်းလည်း မတူညီပါ
သို့သော်ညားလည်း
နို့စက်များပမာ ထွက်လာသော
သူတို့များ၏ မေတ္တာများ၏ဖြူစင်ခြင်း
တူညီလှပါ၏။
စမိုင်းမေ
15.11.2007
Posted by storyofmermaid at 5:14 PM 0 comments
Labels: Poem
Wednesday, November 14, 2007
သမ္မာကျမ်းစာမှပြောသော မတရားသောသူတို့အကြောင်း
ဆာလံ 37:1~2
လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားသဖြင့် ပြုသောသူတို့ကို မငြူစူနှင့်။ အကြောင်းမူကား ။ သူတို့သည် မကြာမမြင့်မှီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကို ခံရ၍
စိမ်းသော ပျိုးပင်ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။
ဆာလံ 37 14~17
မတရားသော သူတို့သည် ဆင်းရဲငတ်မွတ်သောသူတို့ကို လှဲချခြင်းငှါ၎င်း၊ ဖြောင့်မတ်စွာ ကျင့်သော သူတို့ကို သတ်ခြင်းငှါ၎င်း၊ ဓါးကိုထုတ်လျှက်၊ လေးကိုတင်လျက်နေတတ်ကြ၏။ သို့သော်လည်း သူတို့ဓါးသည်သူတို့နှလုံးထဲသို့ဝင်လိမ့်မည်။ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည်။ ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသော သူကြီးတို့၌ ကြွယ်ဝသောဥစ္စာ ထက်သာ ၍ ကျေးဇူးရှိ၏။ အကြောင်းမူကား၊ မတရားသောသူ၏ လက်ရုံးသည် ကျိုးရလိမ့်မည်။ ဖြောင့်မတ်သော သူကိုကား၊ ထာဝရဘုရားမစတော်မူ၏။
ဆာလံ 37:20
မတရားသောသူတို့မူကာ ပျက်စီးခြင်းသို့ရောက်ရကြမည်။
ဆာလံ 37:28
မတရားသောသူ၏ သားမြေးတို့ မူကား၊ ပယ်ရှင်းခြင်းကို ခံရကြသည်။
ဆာလံ 37:32
မတရားသော သူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှါရှာကြံတတ်၏။
ဆာလံ 37:34
ထာဝရဘုရားကိုမြော်လင့် ၍၊ လမ်းတော်ကိုရှောက်သွားလော့။ ပြည်တော်ကို အမွေခံရသောအခွင့်နှင့်ချီးမြှောက်တော်မူမည်။
Posted by storyofmermaid at 10:41 AM 1 comments
Labels: General
Monday, November 12, 2007
ထွက်ပေါက်
ရောင်စုံပန်းပွင့်တွေဖူးပွင့်
ဒီပန်းဥယဉ်ပေါ်မှာ လိပ်ပြာတစ်ယောက်လို
ကျွန်ုပ်ဝဲပျံကာနေ။
ရောင်စုံပန်းပွင့်နေတဲ့ ဒီလမ်းမတွေကြား
ခြေလမ်းအစုံတို့ လေထက်ပေါ့ပါး
ပျော်ပါးစွာနဲ့ ဦးတည်ရာမရှိ
ကျွန်ုပ်သည် သွားနေ။
အိမ်မက်မှ နိုးထ
ဘေးပတ်ဝန်းကျင်ကို
ကျွန်ုပ်ကြည့်လိုက်စဉ် ကြောက်ရွံမိခဲ့
အမှောင်တွေလွမ်းမိုး အရာရာကို မမြင်နိုင်
မျှော်လင့်ခြင်းကင်းမဲ့ စိတ်ဓါတ်ကျခြင်း ဆိုတဲ့
အခန်းကျဉ်းလေးထဲ ကျွန်ုပ်ရောက်ရှိနေခဲ့။
ထွက်ပေါက်တစ်ခု ရရှိဖို့အတွက်
အလင်းတစ်စက်ကို ရှာဖွေ
ကျွန်ုပ်ထွက်ပေါက်ကို တွေ့ရှိခဲ့ပါတယ်။
အဲ့ဒီအခန်းကျဉ်ထဲကနေ
လျိုက်ဝှက်ချက် တစ်ခု
ကျွန်ုပ်ရှာဖွေတွေ့ရှိခဲ့တယ်
အလုံပိတ်အောင် မှောင်မဲနေနေ
ထွက်ပေါက်အဖြစ်
အလင်းတစ်စက်တော့
ရှိနေတယ် ဆိုတာပေါ့။
စမိုင်းမေ
12.11.2007
ကဗျာသိပ်မရေးတတ်တော့ ကဗျာကို နားမလည်မှာဆိုးလို့ပါ။ဘယ်လောက်ပဲ ဘ၀မှာ စိတ်ဓါတ်ကျပြီး မျော်လင့်ခြင်းကင်းမဲ့နေပစေ ကျမတို့အတွက် ထွက်ပေါက်တော့ ရှိနေတယ်ဆိုတာပါပဲ။
Posted by storyofmermaid at 4:58 PM 1 comments
Labels: Poem
Tuesday, November 6, 2007
အင်တာနက်ကို လျင်လျင်မြန်မြန်၊ ပေါ့ပေါ့ပါးပါးနဲ့ ကျော်ခွအသုံးပြုကြမယ်
ကိုမိုးတိမ်း ဘလော့က ကော်ပီးလုပ်ပြီးတင်လိုက်တာပါ
မူးရင်းပိုစ့်နေရာကတော့ - http://shwemoetain.blogspot.com/2007/10/blog-post_17.html
ယခုအချိန်မှာ အင်တာနက်ကို အဆင်ပြေပြေ၊ လျင်လျင်မြန်မြန်၊ ပေါ့ပေါ့ပါးပါးနဲ့ ကျော်ခွအသုံးပြုနိုင်ဖို့အတွက် ကျွန်တော်အားလုံးကို Software တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီဆော့ဝဲလ်အကြောင်းမပြောခင် ထုံးစံအတိုင်း intro လေးဝင်လိုက်ဦးမယ်နော် ….
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ နေထိုင်သွားလာမှု၊ ဆက်သွယ်မှုတွေဟာလည်း နေ့စဉ်နဲ့အမျှ ပြောင်းလဲလာပါတယ်။ အဲ့ဒီလို တိုးတက်လာတဲ့ နည်းပညာတွေကြောင့် ဆက်သွယ်ရေး၊ သတင်းစီးဆင်းမှုတွေဟာလည်း အလွန်ပဲ လျင်မြန်လာပါတယ်။ မကြာသေးခင်ကပဲ ကျောင်းသားနဲ့ သံဃာထုတို့ဦးဆောင်ပြီး ငြိမ်းချမ်းစွာ လူထုဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါကို န.အ.ဖ ကနေပြီး ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ သံဃာနဲ့ ကျောင်းသားတွေ သေဆုံးရစတဲ့ သမိုင်းမှာ ဖျောက်ဖျက်လို့မရတဲ့ အမည်းစက်ကြီးထင်ကျန်ခဲ့တယ်။ အဲ့ဒီလို ရက်ရက်စက်စက်နဲ့ အကြမ်းဖက်နှိမ်နှင်းခဲ့တာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကို အင်တာနက်ကနေတဆင့် ကမ္ဘာတလွှားမှာမြင်တွေ့နိုင်ဖို့အတွက် သတင်းပေးပို့နိုင်ခဲ့ပါတယ်။ န.အ.ဖ အနေနဲ့ ဟိုးရှေးနှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံကို သတင်းမှောင်ချတဲ့ နည်းနဲ့အုပ်ချုပ်ခဲ့တာပါ။ အခုလို နည်းပညာတွေ တိုးတက်လာတော့ သတင်းမှောင်ချခြင်း ပြုလုပ်မှုတွေဟာ ထင်သလောက်အလုပ်မဖြစ်ခဲ့ပါဘူး။ အခုတော့ သတင်းပြန့်နှံ့မှုတွေ အဓိကဖြစ်ပွားခဲ့တဲ့ Blogger ကို ပုဂံကနေပြီး အသုံးပြုခွင့်ပိတ်ထားပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ဘလော့အသုံးပြုသူတွေဟာ အခက်အခဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အရင်းကတည်းက ပြည်တွင်းက အင်တာနက်အသုံးပြုသူတွေဟာ ပိတ်ထားတဲ့ ၀က်ဆိုဒ်တွေ၊ အင်တာနက်ဝန်ဆောင်မှုတွေကို ကျော်လွှားအသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီလိုအသုံးပြုရာမှာ နည်းလမ်းတွေအများကြီးရှိပါတယ်။ အဲ့ဒီထဲမှာမှ web proxy ကနေတဆင့်အသုံးပြုတာနဲ့ bypassing application (ဥပမာ - Your Freedom) တွေအသုံးပြုတာက ပိုပြီးများတယ်။ အဲ့ဒီနှစ်မျိုးလုံးမှာ သူ့အားနည်းချက်နဲ့ သူရှိပါတယ်။ အင်တာနက်ပေါ်မှာလည်း သိန်းနဲ့ချီတဲ့ web proxy တွေရှိပါတယ်။ တစ်ချို့လူသုံးများတဲ့ ဟာတွေကိုလည်း ပုဂံက အသုံးပြုခွင့်ပိတ်ထားပါတယ်။ အဲ့ဒီ web proxy တွေရဲ့အားနည်းချက်ကတော့ web page surfing အတွက်သာအသုံးပြုနိုင်ခြင်း၊ Messenger ကဲ့သို့ application များအသုံးမပြုနိုင်ခြင်း၊ ကြော်ငြာများပြားခြင်း၊ တစ်ချို့ဆိုဒ်များတွင် virus များပင်ရှိတတ်သည်။ ထို့ကြောင့်၎င်းအားအသုံးပြုပါက သေချာစီစစ်ပြီးမှ အသုံးပြုသင့်သည်။ bypassing application မှာတော့ အခု Your Freedom ကိုအသုံးပြုတာများပါတယ်။ လူတိုင်းနည်းပါးလည်းသိပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ memory ကို အသုံးများခြင်း၊ Account ပြုလုပ်ရခြင်း (တတ်နိုင်ပါက ၄င်းဝန်ဆောင်မှုအား ၀ယ်ယူအသုံးပြုနိုင်ပါတယ်)၊ ၄င်းကပေးသော Free Account တွင် Bandwidth နှင့် Connection Stream များ ကန့်သတ်ထားခြင်း၊ မူရင်း Software File Size (27 MB) ကြီးခြင်းကြောင့် Download ပြုလုပ်ရတာ အခက်အခဲရှိပါတယ်။ အခုလည်း Your Freedom အသုံးပြုသူတွေကို စစ်ဆေးတွေ့ရှိရင် အရေးယူမယ်လို့ကြားနေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့တတွေဟာ အသုံးပြုရအဆင်ပြေမယ့် နည်းလမ်းများကို အစဉ်သဖြင့်ရှာဖွေစမ်းသပ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ချစ်သူငယ်ချင်း တစ်ယောက်ရဲ့ကျေးဇူးကြောင့် အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ့် Software တစ်ခုကို တွေ့ရှိထားပါတယ်။ အလွန်ကောင်းမွန်တဲ့ Freeware တစ်ခုပါ။ အဲ့ဒါကိုအသုံးပြုဖို့အတွက် ဘာအဖိုးအခမှ ကုန်ကျမှာမဟုတ်ပါဘူး။ ပြီးတော့ Connection Speed ဟာလည်း အလွန်လျင်မြန်ကောင်းမွန်လှပါတယ်။ Firefox, IE, Safari စတဲ့ Web Browser တွေနဲ့အလုပ်လုပ်သလို၊ Messenger တွေနဲ့လည်း အလုပ်လုပ်ပါတယ်။ နောက်ပြီး အရမ်းကောင်းတဲ့အချက်ကတော့ အဲ့ဒီ software ဟာ Portable or Micro Application ဖြစ်နေတာပါပဲ။ အားလုံးသိကျတဲ့အတိုင်း Portable or Micro Application တွေဟာ ကွန်ပျူတာပေါ်မှာ Install လုပ်စရာမလိုဘဲအသုံးပြုနိုင်ပါတယ်။ ပြီးတော့ နောက်တစ်ခုကို ကျွန်တော်ပြောလိုက်ရင် အံ့သြသွားလိမ့်မယ်။ အဲ့ဒါဘာလဲဆိုတော့ အဲ့ဒီ Application ရဲ့ File Size ဟာ 105 Kb သာရှိပါတယ်။ ဒါကြောင့် အဲ့ဒီ Application ကို သွားလေရာဆောင်ထားပြီး အသုံးပြုနိုင်ပါတယ်။ ဥပမာ Cyper Cafe လိုနေရာမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီ Software ရဲ့နာမည်ကတော့ Ultra Surf ပဲဖြစ်ပါတယ်။ Wujie ဆိုတဲ့အဖွဲ့အစည်းက တီထွင်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ်ချနိုင်ပါတယ်။ http://www.wujie.net/downloads/ultrasurf/u.zip or http://www.mediafire.com/?fb2f92kimmb
ဒါကတော့ သူ့ရဲ့ Manual လေးပါ http://www.wujie.net/userguide.htm
ကျွန်တော်အခု Ultra Surf အသုံးပြုပုံအကြောင်းကို အသေးစိတ်တင်ပြပါ့မယ်။
Ultra Surf ကို Download ချပြီးသွားရင် ကိုယ့်စက်ထဲမှာ (Unzip) ဖြေလိုက်ပါ။ အဲ့ဒီထဲမှာ u.exe (ultrasurf) ဆိုတဲ့ exe ဖိုင်လေးတစ်ခုပါပါတယ်။ ဘာမှလုပ်စရာမလိုပါဘူး။ အဲ့ဒီဖိုင်လေးကို ဖွင့်လိုက်ပါ။ ဖွင့်လိုက်ရင် အောက်ပါအတိုင်း မြင်ရမှာဖြစ်ပါတယ်။
စဖွင့်လိုက်တာနဲ့ Ultrasurf က proxy server နဲ့စတင်ချိတ်ဆက်မှုပြုလုပ်နေပါမယ်။ ပုံအောက်နားက အနီရောင်လေးထောင့်နဲ့ဝိုင်းပြထားပါတယ်။ ပထမဦးဆုံး Ultra Surf ကိုအသုံးပြုဖို့အတွက် Options တွေကို သတ်မှတ်ပေးရပါမယ်။ Option ဆိုတဲ့ Button လေးကို နှိပ်လိုက်ပါ။ အောက်မြင်ကွင်းအတိုင်းမြင်ရမှာဖြစ်ပါတယ်။
အပေါ်မှာ Delete Cookies နဲ့ Delete History ကိုတွေ့ရမှာပါ။ အဲ့ဒါတွေက ကိုယ်အသုံးပြုပြီးသွားတဲ့အခါ ကိုယ့်ရဲ့လျို့ဝှက်အချက်အလက်တွေ၊ အသုံးပြုမှုမှတ်တမ်းတွေကို ရှင်းလင်းပစ်ဖို့ဖြစ်ပါတယ်။ သူတို့အောက်မှာ check box option ခြောက်ခုကိုတွေ့ရမှာပါ။ ပထမတစ်ခုက Start IE automatically ကတော့ Ultrasurf ကိုဖွင့်လိုက်ရင် IE ကို automatically ဖွင့်မယ့် option ပါ။
ဒုတိယတစ်ခုက Set IE proxy automatically ကတော့ Ultrasurf ကိုဖွင့်လိုက်ရင် IE ရဲ့ proxy setting ကို အလျိုအလျောက်သတ်မှတ်ထည့်သွင်းပေးဖို့ပါ (Firefox အတွက်ကတော့ ကိုယ်တိုင်လုပ်ဆောင်ရပါမယ်။ အောက်မှာ အသေးစိတ်ဖော်ပြပေးမှာပါ) ။ ဒါကို Check လုပ်ထားရင် Ultrasurf ကိုဖွင့်လိုက်တာနဲ့ IE နဲ့ တစ်ခါတည်းအသုံးပြုနိုင်ပါတယ်။ proxy setting တွေထည့်ပေးစရာမလိုပါဘူး။
နောက်နှစ်ခုက Delete Cookie/History automatically when program exit ကို check လုပ်ထားရင် Ultrasurf ကိုပိတ်လိုက်တာနဲ့ ကိုယ့်ရဲ့ privacy data တွေကို ဖျက်ပေးသွားမှာပါ။
နောက်တစ်ခုက Close IE automatically when program exit ကတော့ Ultrasurf ကို ပိတ်လိုက်ရင် IE ကိုပါအလိုအလျောက်ပိတ်သွားစေမှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုက Hide Golden Lock (take effect on next start) ကတော့ Ultrasurf ကိုဖွင့်လိုကရင် PC window ရဲ့ ညာဘက်အောက်မှာ ရွှေရောင်သေ့လေးပေါ်နေမှာဖြစ်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။
အဲ့ဒီသော့လေးမပေါ်ချင်ရင် အဲ့ဒါကို Check လုပ်ရပါမယ်။ ဒါပေမယ့် ချက်ခြင်းတော့မပျောက်ဘူး နောက်တစ်ခါ ဖွင့်မှာပျောက်မှာပါ။ Option ကတော့ ဒါပါပဲ။ အခုနောက်ဆုံးအနေနဲ့ Proxy Setting အတွက်တင်ပြပေးမှာဖြစ်ပါတယ်။ Proxy Settings Button လေးကို နှိပ်လိုက်ရင် အောက်ပါအတိုင်းမြင်ရမှာပါ။
အောက်ဆုံးမှာ skip this dialog box in next start ဆိုတဲ့ check box ရှိပါတယ်။ အဲ့ဒါကို check လုပ်ထားရင် Ultrasurf ကိုဖွင့်လိုက်တာနဲ့ Proxy settings တန်းတက်လာမှာဖြစ်ပါတယ်။ မရွေးထားရင်တော့ မတက်ဘူးပေါ့။ Proxy setting မှာ အပြာနဲ့ဝိုင်းထားတဲ့အပိုင်း (Auto detect proxy)နဲ့ အနီနဲ့ဝိုင်းထားတဲ့အပိုင်း (Manual Proxy Setting) ဆိုပြီးနှစ်ပိုင်းရှိပါတယ်။ အပြာနဲ့ဝိုင်းထားတဲ့အပိုင်းကတော့ proxy setting ကို သူ့အလိုအလျောက်ရှာဖွေသွားမှာဖြစ်ပါတယ်။ အရင်ဆုံးအဲ့ဒီ setting နဲ့စမ်းသပ်ကြည့်ပါ။ Ultrasurf က သူရဲ့ proxy server ကို ဆက်သွယ်နိုင်ပြီဆိုရင် အောက်ပါအတိုင်းမြင်ရမှာပါ။
အကယ်၍ contacting fail ဖြစ်နေတယ်။ ဆက်သွယ်လို့မရဘူးဆိုရင် အနီနဲ့ဝိုင်းထားတဲ့အပိုင်း (Manual Proxy setting) ကို အသုံးပြုရပါမယ်။ အဲ့ဒီလိုအသုံးပြုရာမှာ မိမိရဲ့ ISP ဒါမှမဟုတ် Proxy Server ပေါ်မှာ မူတည်ပြီး ပြောင်းလဲအသုံးပြုရမှာပါ။ ဥပမာ ပုဂံ(မြန်မာတယ်လီပို့) အတွက်ဆိုရင် proxy server က 20.381.71.237/4/8 port : 8080 ကိုထည့်သွင်းရမှာပါ။ server ကနေတဆင့် internet အသုံးပြုသူတွေအနေနဲ့တော့ အများအားဖြင့် 192.168.0.1 port : 8080 နဲ့အလုပ်လုပ်ပါတယ်။ အဲ့ဒီလိုထည့်သွင်းပြီးသွားပြီဆိုရင် Ultrasurf က Retry Button ကိုနှိပ်ပါ။ စတင်အလုပ်လုပ်ပါမယ်။ Connection successful ဖြစ်သွားပြီဆိုရင် IE နဲ့စတင်အသုံးပြုနိုင်ပါပြီ။ အဲ့ဒီမှာ အပြာနဲ့ဝိုင်းထားတဲ့နေရာမှာ ရွေးချယ်စရာ proxy server သုံးခုကို speed နဲ့တစ်ကွဖော်ပြပေးထားပါတယ်။ ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Firefox နဲ့အသုံးပြုချင်တယ်ဆိုရင်တော့ Firefox ရဲ့ Connection Setting (Tool > Option > Network > Connection မှာပါ။ version အလိုက်ကွဲပြားမှုတော့ နည်းနည်းရှိပါတယ်။ Connection Setting ကိုရအောင်ရှာပါ။) က Manual Proxy setting မှာ proxy address : 127.0.0.1 port : 9666 ကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်။
ဒါဆိုရင် Ultrasurf ကိုအခက်အခဲမရှိအသုံးပြုနိုင်ပါပြီ။ ဒါပေမယ့် ဘယ်အချိန်အထိ အသုံးပြုနိုင်မလဲဆိုတာ ကိုတော့ မသိပါဘူး။ သက်ဆိုင်ရာကလည်း ဒါကိုလိုက်လံပိတ်ပင်ဦးမှာပါပဲ ......
ရေးသားသူ - မိုးတိမ် at 10:30 AM
Posted by storyofmermaid at 3:36 PM 0 comments
Labels: General
Monday, November 5, 2007
အိမ်ပြန်ချင်လိုက်တာ
ထမင်းစားတဲ့အခါ
တစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ်
ထမင်းစားနေတဲ့ မေမေ့ပုံ
အတွေးထဲပေါ်လာတော့ အိမ်ပြန်ချင်လိုက်တာ။
အရင်က မိသားစုတွေ
စုပြီးအိပ်တော့ အေးနေတဲ့ ခြေထောက်ကို
ဟိုလူ့ဂွမ်းစောင် ဒီလူ့ဂွမ်းစောင်
လိုက်ထဲ့ကာ ပျော်စရာတွေ တွေးမိတော့
အိမ်ပြန်ချင်လိုက်တာ။
ညနေခင်း မိသားစုတွေ
ထိုင်နေကျ အိမ်ရှေ့က ခုံတန်းလေးမှာ
တစ်ယောက်ထဲ ထိုင်နေတဲ့
မေမေ့ပုံကို မြင်ရောင်မိတော့
အိမ်ပြန်ချင်လိုက်တာ။
ဒီအချိန်က ဆောင်းတွင်းချိန်မို့
အဖော်မရှိ တိတ်ဆိတ်စွာနဲ့
တစ်ယောက်ထဲ မီးလှုံနေတဲ့
မေမေ့ပုံကို မြင်ရောင်မိတော့
အိမ်ပြန်ချင်လိုက်တာ။
ငါ့အတွေးပုံရိပ်တွေထဲမှာ
အိမ်ပြန်ချင်တဲ့စိတ် လွမ်းမိုးလို့ထားနေပါလား . . .။
စမိုင်းမေ
3.11.207
Posted by storyofmermaid at 1:59 PM 2 comments
Labels: Poem
အိမ်ပြန်ချင်တဲ့ ငါ့ရဲ့ စိတ်
အိမ်ပြန်ချင်တဲ့ စိတ်ကူးတွေနဲ့
ငါလေးရူးနေခဲ့တယ်။
အိမ်ကိုလွမ်းတဲ့စိတ်
ရင်ထဲအပြည့်နေရာယူတယ်။
ဆန်းစေး ခေါက်ဆွဲစားချင်တဲ့စိတ်
ပြင်းပြနေတယ်။
ဖေဖေကိုလည်း သတိရတဲ့စိတ်
ရင်မှာ အပြည့်နေရာယူထားတယ်။
မေမေကို ဖက်အိပ်ချင်တဲ့စိတ်ကလည်း
ညညဆို နှလုံးသားမှာ ကြီးဆိုးနေပြန်တယ်။
စမိုင်းမေ
30.10.2007
Posted by storyofmermaid at 1:56 PM 2 comments
Labels: Poem
အိမ်ပြန်ချင်သူ
နေမင်းကြီး တောင်အကွယ်မှာ
သူပုန်းခိုမယ်လို့ ဟန်ပြင်ချိန်လေး
ကျေးငှက်တွေလည်း အိပ်တန်းတက်ဖို့
အိမ်ပြန်နေကြပြီပေါ့။
ငှက်ကလေးတွေ တစာစာအော်လို့
အမှောင်မလွမ်းခင် အိပ်ရောက်ဖို့
အုပ်စုဖွဲ့ပြီး ပြန်နေကြရှာတယ်။
ကံဆိုးသူငှက်ငယ်ကလေး
ကလေးတစ်ယောက် ကျော့ကွင်းမှာ
ခြေတစ်ချောင်း ကြိုးနဲ့ရစ်မိနေလေရဲ့။
အိမ်ပြန်ချိန်မို့ အားတင်းကာ
သူလေပျံတော့ ထက်ကောင်းကင်ကိုမရောက်နိုင်ရှာ
ကြိုးဆုံးရင် မြေပေါ်ကို ပြန်ရောက်တာမို့
သူ့ရင်းထဲ စိုးတထိတ်ထိတ်
စိုးရိမ်စိတ်နဲ့ နောက်တစ်ခါ
အားယူကာ ထပျံတယ်။
အကြိမ်ကြိမ် သူပျံသန်းတော့
အားအင်တွေ ယုတ်လျှော့သော်လည်း
အိမ်ပြန်ချင်တဲ့စိတ် အားအင်ကိုနိုးဆွ
မလျှော့သောဇွဲနဲ့ သူလေပျံတယ်။
နောက်ဆုံးရလဒ် ကြိုးပြတ်သွားတော့
ထက်ကောင်းကင်ကို သူလေရောက်ကာ
အားအင်တွေ ကုန်ခမ်းနေပြီမို့
သူ့ခန္ဒာ မြေပြင်ပေါ်ပြန်ကျရှာပြီး
ငြိမ်သက်သွားလေရဲ့
အိမ်ပြန်ချင်သော
သူ့ရဲ့ ၀ိညည် ပေါ့ပါးစွာနဲ့
အိမ်ကို ပျံသန်းသွားတယ် . . .၊၊
စမိုင်းမေ
30.10.2007
Posted by storyofmermaid at 1:54 PM 0 comments
Labels: Poem
0 Comments:
Post a Comment