D

Saturday, November 17, 2007

ကျွန်ုပ်နှင့် အတူရှိတော်မူသောဘုရား


အမှောင်တွေဖုံးလွမ်း အလင်းမမြင်
မှောင်မိုက်သည့်လမ်း ကျွန်ုပ်လျှောက်စဉ်
ကိုယ်တော် လက်တော်မြတ်နှင့် တို့ထိ
ကျွန်ုပ်ကို လမ်းပြတော်မူသည်။

ဆင်းရဲ ဒုက္ခ ကျွန်ုပ်ကြုံတော့
သွေးဆောင်ရာလမ်းသို့ ခြေဦးတည်မိ
ကျွန်ုပ်ခြေကို ဖြောင့်သောလမ်းသို့
တည့်ပေးတော်မူသည်။

တခါတရံ ဘ၀လမ်းကွေ့တွေမှာ
ပင်ပန်းမှုကြောင့် စိတ်ပျက်မိကာ
အားအင်ဆုတ်လျော့ လှဲကျလုပြီ
ထိုအချိန်တွင်
ကိုယ်တော်သည် ကျွန်ုပ်စိတ်နှလုံးကို
ခွန်အားပေးကာ နိုးကြားစေသည်။


ချစ်ခင်သူမျာ ခွဲခွာရသော်
ကျွန်ုပ်စိတ်နုလုံး ကြေကွဲခံစား
ထိုအချိန်တွင်
ကိုယ်တော်မြတ်သည်
ကျွန်ုပ်ဘေးတွင် အားပေးမူသည်။

သေမင်းခေါ်ဆောင်ရာလမ်း
တစ်ယောက်ထဲ ကျွန်ုပ်သွားရသော်
မရဏချောင်း ဖြတ်ကူးစဉ်တွင်
ကိုယ်တော်သည် ကျွန်ုပ်လက်ကို
ဆွဲခေါ်ယူကာ အတူသွားတော်မူသည်။

စမိုင်းမေ
16.11.2007

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid