D

Tuesday, November 20, 2007

ကျွန်ုပ်နှင့် နာရီနိုးစက်သံ


နာရီနိုးစက်သံဟာ ကျွန်ုပ် မကြားချင်ဆုံးသော အသံတွေထဲက တစ်ခုပဲဖြစ်တယ်။ ဒါပေမဲ့ တခါတရံ သူက ကျွန်ုပ်အတွက် အသုံးတော့ဝင်ပါတယ်။ တချို့ကိစ်စတွေမှာ နောက်မကျအောင် သူက ကိုယ့်ကို အချက်ပေးတော့ သူ့ကို ကျေးဇူးတင်ပါတယ်။ မရှိလည်းကောင်း ရှိလည်းကောင်းဆိုတာ သူ့ကိုပြောတာထင်တယ်။

မနက်ဖြန်မနက် ထမင်းချက် ဂျူတီပြန်ကျတော့ စေားစေားထရမယ်ဆိုပြီး နာရီကို မနက် ၃ နာရီ သံပတ်ပေးထားပြီး နာရီးသံ မကြားမှာဆိုးလို့ ခေါင်းရင်းမှာထားပြီး အိပ်တာပေါ့။ အစေားကြီးထချက်ရတယ်ဆိုလို့ လယ်ထဲဆင်းဖို့တော့မဟုတ်ဘူး အခု ရန်ကုန်မှာ မီးပျက်နေတော့ အဲ့ဒီအချိန်ထချက်မှ အဆင်ပြေတာကို။ ဒါကြောင့် စောစေားထချက်ရတာ။


ဒီလိုနဲ့ ကျွန်ုပ်အိပ်ပျော်သွားတော့ အိမ်မက်ထဲမှာလေ ဘရစ်နီစပီးရားလို ကမ်းစပ်မှာ စတိတ်ရှိုးဆိုနေတာ ပရိတ်သတ်ကလည်း အများကြီးပဲ အဟဲ့ . . . နောက်တစ်ခု ကျွန်ုပ်ဆိုနေတဲ့သီချင်းရဲ့ တီးလုံးကလေ . . တီးတီး . . . တီးတီး . . ဆိုပြီးတီးနေတာလေ ဒါနဲ့ ကျွန်ုပ်လည်း သီးချင်းဆိုတာပေါ့ ပရိတ်သတ်တွေ အများကြီးကို တီးလုံးကလည်း မြန်လာလိုက်တာ တီးတီး တီးတီး တီးတီး တီးတီး တီးတီး . . . နဲ့ဆိုတော့ ကျွန်ုပ်ကလည်း အမြန်လိုက်ဆိုးရတာပေါ့။

သီချင်းဆိုလို့ကောင်းတုန်းရှိသေးတယ် ကျွန်ုပ်ထက်ကျယ်တဲ့အသံ ကိုကြားလိုက်ရတယ်။ ဘာသံလည်းသိလား? စမိုင်းမေ ထတော့တဲ့ ဒီလောက်တအိမ်လုံးနိုးနေပြီး နင်က မနိုးသေးဘူးလားတဲ့။ သြော် . . . အခုမှသိလိုက်တယ် အိမ်မက်မက်နေတာကို ။ မျက်လုံးလေးဖွင့်ပြီး ဘေးနားကိုကြည့်လိုက်တော့ ညီမတော်က စောင်ကို ခေါင်းမြီးခြုံးပြီး အိမ်နေလိုက်တာ စောင်ခြုံထဲမှာ နားပိတ်ထားတယ်နဲ့တူပါ့။ နောက်ဖက်ကိုလှည့်ကြည့်ပြန်တော့ အမယ်လေး အိပ်ချင်းတဲ့စိတ်ကို ပျောက်သွားတာပဲ နံဂါးတို့ မျက်စောင်း အရိပ်သုံးပါးမရွေးဘူး ပြာဖြစ်တယ်ဆိုတာ အဲ့ဒါပဲထင်တယ်။ ချက်ချင်း မီးဖိုခန်းထဲ ကျွန်ုပ်ရောက်ရှိသွားတော့တယ်။

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid