D

Wednesday, November 14, 2007

သမ္မာကျမ်းစာမှပြောသော မတရားသောသူတို့အကြောင်း


ဆာလံ 37:1~2
လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်။ မတရားသဖြင့် ပြုသောသူတို့ကို မငြူစူနှင့်။ အကြောင်းမူကား ။ သူတို့သည် မကြာမမြင့်မှီ မြက်ပင်ကဲ့သို့ ရိတ်ခြင်းကို ခံရ၍
စိမ်းသော ပျိုးပင်ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။


ဆာလံ 37 14~17
မတရားသော သူတို့သည် ဆင်းရဲငတ်မွတ်သောသူတို့ကို လှဲချခြင်းငှါ၎င်း၊ ဖြောင့်မတ်စွာ ကျင့်သော သူတို့ကို သတ်ခြင်းငှါ၎င်း၊ ဓါးကိုထုတ်လျှက်၊ လေးကိုတင်လျက်နေတတ်ကြ၏။ သို့သော်လည်း သူတို့ဓါးသည်သူတို့နှလုံးထဲသို့ဝင်လိမ့်မည်။ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည်။ ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသော သူကြီးတို့၌ ကြွယ်ဝသောဥစ္စာ ထက်သာ ၍ ကျေးဇူးရှိ၏။ အကြောင်းမူကား၊ မတရားသောသူ၏ လက်ရုံးသည် ကျိုးရလိမ့်မည်။ ဖြောင့်မတ်သော သူကိုကား၊ ထာဝရဘုရားမစတော်မူ၏။

ဆာလံ 37:20
မတရားသောသူတို့မူကာ ပျက်စီးခြင်းသို့ရောက်ရကြမည်။

ဆာလံ 37:28
မတရားသောသူ၏ သားမြေးတို့ မူကား၊ ပယ်ရှင်းခြင်းကို ခံရကြသည်။

ဆာလံ 37:32
မတရားသော သူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှါရှာကြံတတ်၏။

ဆာလံ 37:34
ထာဝရဘုရားကိုမြော်လင့် ၍၊ လမ်းတော်ကိုရှောက်သွားလော့။ ပြည်တော်ကို အမွေခံရသောအခွင့်နှင့်ချီးမြှောက်တော်မူမည်။

Digg this

1 Comment:

Mintasay said...

လာဖတ်သွားပါတယ်

 

© New Blogger Templates | storyofmermaid