D
Friday, November 23, 2007
မင်းအနားငါ လာလို့မရ
မြက်ပင်လေးတွေလို
မင်းခြေရင်းမှာ
ငါ့မာနတွေ ခ၀ါချပြီး
အချစ်တွေကို ငါလေ . . .
ကိုယ်းကွယ်ခဲ့တယ်။
ဆောင်းရက်တွေမှာ
နှင်းမှုန်ကြား မင်းလျှောက်သွားတော့
မင်းအသားထိတဲ့ နှင်းစက်ထဲမှာ
ငါလေ . . . အပါအ၀င်ပေါ့
မင်းနဲ့ ဆုံခိုက်ရင်ခုန်ရတယ်
မင်း . . . သိလေမလား
မင်းရဲ့ မှတ်တမ်းမဲ့နေ့တွေမှာ
ငါများ ပါဝင်းသွားလာ။
မိုးရာသီရက်တွေမှာ
မိုးစက်တွေနဲ့အတူ လေအဝှေ့မှာ
မင်းနှလုံးသား ထိတွေ့ခွင့်ရအောင်
ငါလေ ကြိုးစားခဲ့ဖူးတယ်
မင်းအသားကို ထိတွေ့သွားတဲ့မိုးစက်တွေလို
အလိုမကျတဲ့မျက်ဝန်းနဲ့ ကြည့်တဲ့အခါ
ငါ့နှလုံးသားလေး နာကျင်မိတယ်။
မြက်ပင်တွေလို ငါ့မာနကို
မင်းကနင်းလျှောက်သွား
နှင်းမှုန်တွေလို တို့နှစ်ယောက်ဆုံခိုက်
ငါ့နှလုံးသားကို မင်းလျစ်လျူရှု
မိုးစက်တွေလို မင်းကိုစိုးမိုးဖို့
ကြိုးစားတဲ့ငါ့နှလုံးသားကို
အလိုမရှိ မင်းမျက်ဝန်းကြည့်
ငါ့နှလုံးသားကို လောင်ကြွမ်းစေတယ်။
ငါ့နှလုံးသား နေမင်းလို
တရဲရဲတောက်လောင်
မင်းအနားလည်း ငါလာလို့မရ။
မြင်ပင်တွေကြား မင်းငါ့ကိုရှာ
နှင်းမှုန်တွေကြား မင်းငါ့ကိုရှာ
မိုးစက်တွေကြား မင်းငါ့ကိုရှာ
မင်း င့ါကိုတွေ့ရှိချိန်
ငါ့အနား မင်းလာလို့မရ။
စမိုင်းမေ
23.11.2007
Digg this
1 Comment:
apple said...
စမ်းတပ်ခြင်းဖြစ်သညတ
ြုန့အငသတ
© New Blogger Templates | storyofmermaid