D

Monday, November 19, 2007

လမ်းဆုံက ဂျမ်းဘုံ


မနက်က RFA က လမ်းဆုံက ဂျမ်းဘုံ အစီအစဉ်ကို နားထောင်လိုက်ရတယ်။ မင်းဆိုးမင်းညစ်တွေအကြောင်း ပြေားထားတာလေ။ ဘုရင်ကြီးက မင်းကျင့်တရားအတိုင်း တိုင်းပြည်ကို မအုပ်ချုပ်ပဲ ပြည်သူတွေကို မတရားနှိပ်စက်ပြီး အုပ်ချုပ်တာလေ။ အခွန်တွေ မတရားကောက်တော့ ပြည်သူတွေ နေ့ဆို၇င်ကြောက်ပြီး တေားထဲ ပုန်းနေရ။ ညဆိုရင် အိမ်ပြန်အိပ်တော့ သူခိုးဓါးပြန်ရန်ကြောက်ရနဲ့ ဖြစ်နေကြတာပေါ့။

တစ်ရက်တော့ ဘုရင်ကို အရောင်အ၀ါ တောက်တောက် ပြောင်ပြောင်နဲ့ ပုဂ်ဂိုလ်ကိုယ်ထင်ပြပြီး ပြည်သူတွေကို ဒီလိုအုပ်ချုပ်ရင် မင်းလည်းဒုက်ခ ပြန်ခံစားရမယ်ပေါ့ အဲ့ဒီလိုပြောတော့ ဘုရင်ကလည်းကြောက်ပြီး ဒီလိုမလုပ်တော့ဘူးဆိုပြီး ပြန်ကတိပေးလိုက်တယ်။


နောက်တစ်နေ့ ပုံသားနဲ့ ဘုရင် တိုင်းခန်းလှည့်လည်ကျတာပေါ့ အဘိုးအိုတစ်ယောက်က တေားထဲက အိမ်ကိုပြန်လာရင်း ဆူးစူးသွားတော့ ဘုရင်ကို ကျိန်ဆဲတာပေါ့။ ဒါဟာ သူကြောင့် ငါတို့တွေ တေားထဲမှာ အိမ်ရလိုဆိုပြိး ပြောတာပေါ့။

အတိုချုပ်ပဲပြေားလိုက်တော့မယ် ………..
ဘုရင်တိုင်းခန်းလှည့်လည်းရင် နောက်ထပ် ဟင်းရွက်ခူးနေတဲ့ အဖွားအိုကိုတွေ့ရော အဘွာအိုက အရွက်ခူးရင်း ဆူးစူးတော့ ဘုရင့်ကိုကျိန်ဆဲပြန်တယ်။ ဘုရင်က ဘာလို့ ကိုယ့်ဟာကို ဆူးစူးတာ ဘုရင်ကို ကျိန်ဆဲး ရတာလဲလို့မေးတော့ အဖွားအိုက မင်းဆိုးမင်းညစ်ကြောင့် သူ့သမီးတွေ ကို သားမတ်မတ် မယားမတ်မတ်ပေါင်းမဲ့သူမရှိတော့ သူကပဲအရွက်ခူးနေရတာ ဒါတွေဟာ ဘုရင့်ကြောင့်ဆိုပြီးပြောတာပေါ့။

နောက်တစ်နေရာလဲရောက်ရော နွားထွန်းနေတဲ့သူရဲ့နွားက လှဲးကျပြန်ရော ဒါနဲ့ဘုရင်ကို ကျိန်ဆဲးတာပေါ့။

ဒီနားမှ ဘာပြန်ပြေားလဲ ကျမလည်း မသိတော့ဘူး မေ့နေတယ်။ အမှန်တကယ်တော့ ကျမက အခုခေတ်မှာ ပြည်သူတွေခံစားရတာ နည်းနည်းလေး ထပ်ဖြည့်ချင်လို့ အပေါ်က အများကြီးရေးလိုက်ရတာ။

ထပ်ဖြည့်ချင်တာက ဒီစာကြောင်းလေးပါ-
မြန်မာနိုင်ငံ အင်ဂျင်နီယာ လူငယ်တစ်ယောက် နိုင်ငံခြားမှားအလုပ်လုပ်ဖို့ အင်တာဗျူးသွားတာပေါ့။ အင်ဂျင်နီယာလေးက $ 1800 တောင်းတာပေါ့။ အဲ့ဒီနိုင်ငံခြားသားက ဘာပြန်ပြေားလဲသိလား တကယ်ပါဘဲ အသည်းတောင်နားတယ် Are u Myanmar? It is not possible. တဲ့ အဲ့လိုပြောလိုက်တယ်တဲ့။ ဒါတွေ ဘယ်သူကြောင့်လဲ ကိုယ့်နိုင်ငံက လူငယ်တွေကို သူများနိုင်ငံက အထင်းမကြီးတာ။ ဒီလိုမျိုး ဘယ်နှစ်ယောက် မြန်မာနိုင်ငံက လူငယ်တွေ ကြုံပြီးပြီလဲဆိုတာ မသိနိုင်ဘူး။ ဒါတွေဟာ ဘယ်သူလက်ချက်တွေလည်း ။ အဲ့ဒါ ဘယ်သူအုပ်ချုပ်တဲ့ခေတ်ရဲ့ ပညာရေးတွေလည်း။ အဘိုးကြီးနဲ့ အဘွားကြီးလို ကျိန်ဆဲလိုက်ရရင်တော့ . . . .။


Digg this

0 Comments:

 

© New Blogger Templates | storyofmermaid