D

Thursday, November 15, 2007

လက်မသန်တော့လိုပါ


ထမင်းဆိုင်မှာ သင်္ဘောသားတစ်ယောက်နဲ့ ပင်လယ်ဓါးပြတစ်ယောက်တွေ့ပြီး စားသောက်ကြပြီး စကားလက်ဆုံကြနေကြတယ်။ သူတို့အတွေ့အကြုံကို ပြန်ပြောပြီး စကားလက်ဆုံကြနေကြတာပေါ့။

ပင်လယ်ဓါးပြက ခြေတစ်ဖက်မသန်လို့ သစ်သားခြေထောက်တပ်ထားရတယ်။ လက်တစ်ဖတ်ပြတ်နေလို့ သံချိန်ကြီး စွပ်ထားရတယ်။ မျက်လုံး တစ်ဖက် ပျက်စီးနေလို့ သားရေပြားကလေးဖုံးထားရတယ်။


သင်္ဘောသားက “ခြေထောက်ဘာဖြစ်လို့လဲ” မေးတယ်။

“ငါးမန်းခုတ်သွားတာပေါ့ဗျာ”

“ခင်ဗျားလက်ကရော ဘာဖြစ်တာလဲ”

“ဓါးချင်းခုတ်တော့ ကျုပ်လက်ပါသွားတာဗျာ” တဲ့။

“ခင်ဗျား မျက်လုံးက ဘာလို့ကန်းသွားတာလဲ”

“စင်ရော်က ချေးနဲ့ပန်းသွားလို့ မျက်လုံးထဲဝင်ပြီး ကန်းသွားတာဗျ” လို့ ပြန်ဖြေသတဲ့။

သင်္ဘေသားက အံ့အားသင့်ပြီး “စင်ရောချေးဝင်ရုံနဲ့ ဖြစ်ရလားဗျ” လို့ ပြောတော့ သူက ဘာပြန်ပြေားလဲ သိလား။

“ဟုတ်ပါ့ဗျာ ကျုပ်လက်တစ်ဖက် သံချိတ်တပ်ရတဲ့နေ့မှာပဲ ဒီလိုဖြစ်ရတာပါဗျာ” တဲ့။

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid