D

Monday, November 5, 2007

အိမ်ပြန်ချင်သူ


နေမင်းကြီး တောင်အကွယ်မှာ
သူပုန်းခိုမယ်လို့ ဟန်ပြင်ချိန်လေး
ကျေးငှက်တွေလည်း အိပ်တန်းတက်ဖို့
အိမ်ပြန်နေကြပြီပေါ့။

ငှက်ကလေးတွေ တစာစာအော်လို့
အမှောင်မလွမ်းခင် အိပ်ရောက်ဖို့
အုပ်စုဖွဲ့ပြီး ပြန်နေကြရှာတယ်။

ကံဆိုးသူငှက်ငယ်ကလေး
ကလေးတစ်ယောက် ကျော့ကွင်းမှာ
ခြေတစ်ချောင်း ကြိုးနဲ့ရစ်မိနေလေရဲ့။


အိမ်ပြန်ချိန်မို့ အားတင်းကာ
သူလေပျံတော့ ထက်ကောင်းကင်ကိုမရောက်နိုင်ရှာ
ကြိုးဆုံးရင် မြေပေါ်ကို ပြန်ရောက်တာမို့
သူ့ရင်းထဲ စိုးတထိတ်ထိတ်
စိုးရိမ်စိတ်နဲ့ နောက်တစ်ခါ
အားယူကာ ထပျံတယ်။

အကြိမ်ကြိမ် သူပျံသန်းတော့
အားအင်တွေ ယုတ်လျှော့သော်လည်း
အိမ်ပြန်ချင်တဲ့စိတ် အားအင်ကိုနိုးဆွ
မလျှော့သောဇွဲနဲ့ သူလေပျံတယ်။

နောက်ဆုံးရလဒ် ကြိုးပြတ်သွားတော့
ထက်ကောင်းကင်ကို သူလေရောက်ကာ
အားအင်တွေ ကုန်ခမ်းနေပြီမို့
သူ့ခန္ဒာ မြေပြင်ပေါ်ပြန်ကျရှာပြီး
ငြိမ်သက်သွားလေရဲ့
အိမ်ပြန်ချင်သော
သူ့ရဲ့ ၀ိညည် ပေါ့ပါးစွာနဲ့
အိမ်ကို ပျံသန်းသွားတယ် . . .၊၊


စမိုင်းမေ
30.10.2007

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid