မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၉ ရက်၊ ၂ဝဝ၇ ခုနှစ်
4:00 PM
အရပ်ဝတ်ရဲ၊ ကြံ့ဖွံ၊ စွမ်းအားရှင်များက ကား ၄ စီးဖြင့် လှည်းတန်း လမ်းဆုံတွင် စောင့်ဆိုင်းလျှက် ရှိသည်။
3:25 PM
ရန်ကုန်ရှိ ကျောင်းသား လူငယ်ခေါင်းဆောင် တဦးဖြစ်သူ ရခိုင်အမျိုးသား ကိုတင်ထူးအောင်၏ နေအိမ်ကို အထူး ရဲတပ်ဖွဲ့နှင့် ကြံ့ဖွံ့တို့ သြဂုတ်လ ၂၄ ရက်နေ့ ညသန်းခေါင်တွင် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
၉၆ ခုနှစ် ကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကိုတင်ထူးအောင် နေထိုင်သည့် လှိုင်မြို့နယ်၊ အုတ်ကျင်း ဘူတာရုံလမ်း ၁၅ ရပ်ကွက်ရှိ နေအိမ်သို့ ဒေသဆိုင်ရာ အာဏာပိုင်များ စုပေါင်းအဖွဲ့က နှစ်ကြိမ်တိုင်တိုင် အိမ်တွင်းသို့ စီးနင်း ဝင်ရောက်ကာ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
3:15 PM
မိတ္ထီလာ ဆန္ဒပြပွဲနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းလွင်၏ ပြောကြားချက်။
“မနက်ပိုင်းမှာ ကျနော်တို့ ဘုန်းကြီး သံဃာ ၁ဝဝ လောက်ကို ဆွမ်းလောင်းတယ်။ အဓိက ကတော့ ဒေါ်အောင်ဆန်း စုကြည်အတွက် ဆုတောင်းပွဲပေါ့လေ။ ကျနော်တို့ ဆွမ်းလောင်းလှူပွဲပေါ့။ ကျနော့် အတွင်းရေးမှုး ဒေါ်မြင့်မြင့်အေးက ဦးဆောင်ပြီးတော့ အဲဒီမှာ ဆွမ်းလောင်း လှူတယ် ။ လောင်းလှူပြီးတော့ သူတို့ ဆန္ဒအရ ကျနော့်ကို လာပြီးတော့ ကျနော်တို့ ဒီလိုဒီလိုပဲ သွားချင်တယ်။ ဆိုတော့ ဟုတ်ပြီ အေးဆေး ထိန်းသိမ်းသွားဖို့ လူထု အနေထားကတော့ အဆင်သင့် မဖြစ်သေးဘူး ။ လူထု ပါဝင်လာဖို့ အနေအထား တခုတော့ ရမှာလည်း မဟုတ်ဘူး ကျနော်တို့ အနေနဲ့ကတော့ အန်အယ်ဒီနဲ့ တာဝန်ရှိလို့ တာဝန်ပေးယူပေါ့။ ရန်ကုန်မှာလဲ လူငယ်တွေ အဖမ်းခံရတယ်။ ဆန္ဒပြသူတွေ အဖမ်းခံရတာ ကြည့်ပြီးတော့ အဲဒီ အနေထားမှာ ကျနော်တို့ဘက် ကြည့်ပြီးတော့ ရပ်တည်ချက်တွေ ထိန်ထိန်းသိမ်းသိမ်းနဲ့ ပေါ့လေ ကျနော်တို့ အေးအေးချမ်းချမ်းပဲ စီတန်း လှည့်လည် ကြတာပေါ့လေ။ လူ ၂ဝ လောက်ပဲ ရှိတယ်။”
“စွမ်းအားရှင်နဲ့ ကြံ့ခိုင်ရေးတို့က ဆိုင်ကယ်တွေနဲ့ လိုက်ကြတာပေါ့ သူတို့ နောက်ကနေ လိုက်ပြီးတော့ မှတ်တမ်း တင်တာတို့ ဘာတို့ ရှိတာပေါ့ ။ ကျနော်တို့ကတော့ ကိုယ့်လမ်းကြောင်း ကိုယ်သွားတယ်။ ဖြစ်ပေါ်လာလို့ အတားအဆီးဖြစ်ရင်လည်း ဖြေရှင်းရမယ်။ ဆူပူ အကြမ်းဖက်မှု မပါဘဲနဲ့ ကြိုးစားမှာပဲ။ အဲဒီတော့ အာဏာပိုင် အဖွဲ့အစည်း အနေနဲ့လဲ ဖြစ်ပေါ်လာတဲ့ အနေအထားမှာ အကြမ်းဖက် နှိမ်နင်းမယ်ဆိုရင် တန်ပြန် အကြမ်းဖက်မှုတွေ ပေါ်နိုင်တယ်။ ဒီတော့ အေးအေးချမ်းချမ်း ပြေပြေလည်လည်ပေါ့လေ။ ကိုယ့်ဘက် သူဘက် ချိန်ဆပြီးတော့ ထိန်းထိန်း သိမ်းသိမ်း ကျနော်တို့ လုပ်သလို အာဏာပိုင် အဖွဲ့အစည်း အနေနဲ့ကလည်း အနှောက်အယှက် မပေးဘူးဆိုရင် ကျနော်တို့က ပြဿနာ မရှိလောက်ပါဘူး။”
3:00 PM
အာဏာပိုင်များက ပြည်လမ်းမကြီးကို ပိတ်ပစ်ရန် လုပ်ဆောင်နေပြီဟု သိရသည်။
2:36 PM
ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် ဆန္ဒပြမှု ထပ်မံ ပြုလုပ်ရန် စုရုံးရောက်ရှိမှု စတင်နေကြပြီဟု သိရသည်။
2:23 PM
မန္တလေးတိုင်း မိတ္ထီလာ မြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၂ဝ ခန့်က ယနေ့ နံနက် ၁ဝ နာရီခန့်တွင် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
1:54 PM
စစ်တွေဆန္ဒပြပွဲတွင် ယခုအချိန်တွင် ဆန္ဒပြသူပေါင်း ၁ဝဝဝ ကျော် အထိရှိသွားပြီဟု မျက်မြင်သက်သေတဦးက ပြောသည်။
ဝင်္ကာပါဘောလုံးကွင်းမှစတင်ပြီး ဘုန်းကြီးအပါး ၂ဝဝ က ဦးဆောင်ဆန္ဒပြရာ အရပ်သားများ ပူးပေါင်းပါဝင်၍ လူ ၁ဝဝဝ ကျော်ဖြစ်သွားပြီဟု ဆိုသည်
1:17 PM
စစ်တွေမှာ သံဃာတော်များ ဆန္ဒပြပွဲ ထပ်မံပြုလုပ်
သံဃာတော် အများစု ပါဝင်သော ဆန္ဒပြသူ ၁ဝဝ ကျော်က ယနေ့နံနက် ၁ဝ နာရီက စတင်၍ စစ်တွေတွင် ကုန်ဈေးနှုန်း ကျဆင်းရေး ထပ်မံ ဆန္ဒပြကြသည်။ နောက်ဆုံး ရရှိသော သတင်းအရ ဆန္ဒပြသူများက လမ်းများကို ပိတ်ဆို့ ထားလိုက်ကြသည်ဟု ဆိုသည်။
Wednesday, August 29, 2007
စစ်တွေမှာ သံဃာတော်များ ဆန္ဒပြပွဲ ထပ်မံပြုလုပ မိတ္ထီလာတွင် ဆန္ဒပြ လှည်းတန်းတွင် ဆန္ဒပြရန် စုရုံးနေပြီ
Posted by storyofmermaid at 3:41 PM 0 comments
Labels: Political
Tuesday, August 28, 2007
ပိုက်ပြင်ဆရာခေါ်တာပါ
ခရစ်ယန်သာသနာပြုဘုန်းကြီး တစ်ယောက်က အာဖရိကတောထဲ ခရီးနှင်သွားတော့
ဒေသခံလူတစ်မျိုး ဗုံတီးနေတာကို တွေ့လို့ မေးသတဲ့။
“ဘာဖြစ်လို့ ဗုံကို တီးရသလဲ”
ကျူပ်တို့ရွာမှာ ရေပြတ်နေလို့ ဗုံတီးတာပါ” လို့ဖြေတယ်။
“သြော် သိပြီ သိပြီ ခင်ဗျားတို့ ရေရဖို့ မိုးခေါ်တာပေါ့နော်”
လို့ ပြန်ပြောတော့ ဘယ်လိုပြန်ပြောတယ်မှတ်လဲ။
“ကျုပ်တို့ ပိုက်ပြင်သမားကို အချက်ပေးခေါ်နေတာပါတဲ့”
Posted by storyofmermaid at 4:19 PM 2 comments
Labels: Humours
လှည်းတန်းတွင် ဆန္ဒပြ
မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၈ ရက်၊ ၂ဝဝ၇ ခုနှစ်
3:36 PM
အတည်မပြုနိုင်သေးသော သတင်းများအရ ရခိုင်ပြည်နယ် စစ်တွေတွင် မကြားသေးခင် နာရီပိုင်း အတွင်းက ဆန္ဒပြခဲ့သည်ဟု ဆိုသည်။
3:34 PM
ရန်ကုန်မြို့တွင် ပြုလုပ်သော ဆန္ဒပြသူများကို နှိမ်နင်းသည့် လူမိုက်များအနက် အချို့ကို လှိုင်သာယာ မြို့နယ်မှ စုဆောင်း ခေါ်ယူနေကြောင်း မျက်မြင်ကြုံခဲ့သူ တက္ကစီ ကားသမား တဦးက ပြောသည်။
3:25 PM
ကြံ့ဖွံ့တို့ မန္တလေးမှာ နှိမ်နင်းရေး အစည်းအဝေးလုပ်
လူထု ဆန္ဒပြပွဲများ ဖြစ်လာပါက နှိမ်နင်းရန် ရည်ရွယ်ချက်ဖြင့် မန္တလေးမြို့ အမှတ် ၇၃ လမ်းတွင် တည်ရှိသော ကြံ့ဖွံ့ရုံးတွင် ယခုလ ၂၂ ရက် နေ့ခင်းပိုင်းက အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။
မန္တလေးမြို့ရှိ ကြံ့ဖွံ့ တိုင်းစည်းရုံးရေး တာဝန်ခံ ဦးအောင်ကျော်သာက ကြံ့ဖွံ့ အသင်းသားများ၊ စွမ်းအားရှင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ ခေါင်းဆောင်များ ပါဝင်သည့် အရေးပေါ် စုံညီ အစည်းအဝေး တရပ်ကို ပြီးခဲ့သည့် ၂၂ ရက်နေ့ နေ့လည် ၁ နာရီက မန္တလေးမြို့ ၇၃ လမ်းပေါ်ရှိ ကြံ့ဖွံ့ရုံးတွင် ခေါ်ယူ ကျင်းပခဲ့ခြင်း ဖြစ်သည်။
2:42 PM
ရွှေတိဂုံ လုံခြုံရေးကြပ်
ရွှေတိဂုံ ဘုရားပေါ်တွင် ဆန္ဒပြမည် ဆိုသော သတင်းများကြောင့် အရှေ့ဘက်မုဉ်ဦး အလယ်ပစ္စယံ အတက်မှစ၍ လုံခြုံရေးများက ဘုရားဖူးများကို ယနေ့တွင် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိသည်။
ထို့အပြင် မုဉ်ပေါက်တိုင်းတွင် ကြိုးမဲ့စကားပြောစက်ကိုင် လုံခြုံရေး ဝတ်စုံဝတ် လူ ၅ ဦးထက်မနည်း ရှိသည်။
2:37 PM
လှည်းတန်းမှာ ဆန္ဒပြ
ရန်ကုန်မြို့ လှည်းတန်း လမ်းဆုံတွင် လူ ၇ဝ ခန့်က လွန်ခဲ့သည့် မိနစ်ပိုင်းက စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြရာ ကြံ့ဖွံ့နှင့် စွမ်းအားရှင် ၁ဝဝ ခန့်က ဒိုင်နာကား ၃ စီးဖြင့် ရောက်လာပြီး လူ ၅ ဦးကို ဖမ်းသွားခဲ့သည်။
ဆန္ဒပြ၍ မကြာမီ အချိန်ပိုင်းအတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ကြည့်မြင်တိုင်ဘက်မှ ချီတက်လာသော ဆန္ဒပြသူများက လှည်းတန်းလမ်းဆုံ ရန်ကုန်-အင်းစိန်လမ်းမ ဘက်သို့ ကွေ့ဝင်ရာတွင် အဖမ်းခံရခြင်း ဖြစ်သည်။
12:49 PM
ဆန္ဒပြပွဲများသည် ပြည်သူ့ဆန္ဒ အမှန်ဟု တိုင်းရင်းသား လူငယ်များပြော
လက်ရှိ ဖြစ်ပေါ်နေသော ဆန္ဒပြပွဲများသည် “အထွေထွေ အကြပ်အတည်းမှ လွတ်မြောက်လိုမှုနှင့် ရက်စက် ယုတ်မာသော စစ်အာဏာရှင် စနစ် အောက်မှ ရုန်းထွက်လိုမှု တို့ကြောင့် ဖြစ်ပေါ်လာသော ပြည်သူ့ဆန္ဒ အမှန်” ဟု ပြည်တွင်း အခြေစိုက် တိုင်းရင်းသားလူငယ်များ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (မြန်မာပြည်)၏ ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
“ပြစ်မှု တစုံတရာ မရှိဘဲ ယခုအချိန်အထိ ဂုဏ်သိက္ခာမဲ့စွာ မတရား လုပ်ကြံဖမ်းဆီး ချုပ်နှောင်ခံနေရသူများ၊ လွတ်လပ်မှုနှင့် လုံခြုံမှု ကင်းမဲ့နေသော မြန်မာ ပြည်သူလူထု တစ်ရပ်လုံးအတွက် ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲမိပါသည်။” ဟု ပါရှိသည်။
ထို့အပြင် မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းရန် သုံးပွင့်ဆိုင် ဆွေးနွေးရေးကိုသာ လိုလားသော ဒီမိုကရေစီ အင်အားစုများ၊ ငြိမ်းအဖွဲ့များ အနေဖြင့် နိုင်ငံရေး၊ စစ်ရေး သတိရှိရှိ ပြင်ဆင် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
12:13 PM
ပဲခူးမှာ လုံခြုံရေးတင်းကြပ်
“လုံခြုံရေး အခြေအနေ ကတော့ အထပ်ထပ်ပဲ နေရာတကာကို လိုက်ချထားတယ် ။ ဘယ်အဖွဲ့လည်းတော့ မသိဘူး အရပ်ဝတ်နဲ့ပဲ ခန့်မှန်းခြေ လူဦးရေ ၃ဝဝ ခန့်လောက် ရှိမယ်။ ဘာဖြစ်မလဲတော့ မသိသေးဘူး။” ဟု ပဲခူးမြို့ခံ တဦးက ပြောသည်။
“ကျောင်းသားကိစ္စနဲ့ ဘုန်းကြီးကိစ္စလို့ ပြောနေကြတယ်နော်၊ အခုအချိန်ထိတော့ ဘာမှတော့ မဖြစ်သေးဘူး။ လုံခြုံရေးတွေ ချထားတာပဲ ရှိတယ်။ နေရာတကာမှာ လိုက်ချထားတယ် ။ ဘုရားပေါ်မှာလဲ အများကြီးပဲ ကျနော်တို့ နေတဲ့ ရပ်ကွက်မှာတောင် အများကြီး ချထားတယ်။” ဟု သူက ထပ်ပြောသည်။
Type the rest of your post here.
Posted by storyofmermaid at 3:33 PM 0 comments
အသက်ရှည်ဖို့အတွက် ရယ်ရအောင်
(ဒီရယ်စရာများကို http://skywall007.multiply.com/journal/item/1 အဲ့ဒီကနေ ကော်ပီလုပ်ထားတာ)
အဖွား... ကမ်ဘာကြီးဟာ ဘာကြောင့် လည်နေရတာလဲဟင်...?
ခွေးကောင်လေး..။ နင့်အဖေရဲ့ အရက်တွေ ခိုးသောက်ပြန်ပြီထင်တယ်...။
စာရေးဆရာနှစ်ယောက်ဆုံကြသည်။ တစ်ယောက်၏မျက်နှာမှာ ညှိုးငယ်သော အသွင်ကို ဆောင်နေသဖြင့် ကျန်တစ်ယောက်က မေးသည်။
“ဒီနေ့ ခင်ဗျားကိုကြည့်ရတာ တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး သောကရောက်နေတဲ့ ပုံပါလား“
“ဟုတ်တယ်ဗျာ... ခင်ဗျားပဲ စဉ်းစားကြည့်၊ မနေ့က လူတစ်ယောက်ကို တွေ့တယ်။ ရှိတ်စပီးယားဆိုတဲ့နာမည်ကို တစ်ခါမှ မကြားဖူးဘူးတဲ့.. အံ့ရော”
“အဲဒါများ အရေးလုပ်လို့ဗျာ”
“မဟုတ်ဘူးလေ။ ရှိတ်စပီးယားကိုထားတော့၊ တကယ်လို့ နောက်နှစ်တစ်ရာကြာတဲ့အခါမှာ ကျွန်တော့်နာမည်ကိုပါ မေ့သွားကြရင် မခက်ပေဘူးလား”
............................
အမေဖြစ်သူသည် ဆယ်နှစ်အရွယ်သားငယ်ကို စိတ်ရောဂါကု ဆရာဝန်ထံ လာပြသည်။
အမေက မျက်ရည်စမ်းစမ်းနှင့် ပြောသည်။
“ဒေါက်တာရယ်လုပ်ပါဦး။ ကျွန်မသားဟာ တစ်ချိန်လုံး ခြောက်လုံးပြူး၊ မျက်နှာဖုံး၊ စက်သေနတ်နဲ့ လူသတ်တာတွေအကြောင်းပဲ စဉ်းစားနေတယ်။ ရက်စက်ကြမ်းကြုတ်တဲ့စိတ်ထား အလေးကဲသွားရင် ဒုက္ခပ`ဲ။ အဲဒါတတ်နိုင်သမျှ ကူညီပါဦးရှင်`”
ဆရာဝန်သည် ကလေးကိုစမ်းသပ် စစ်ဆေးသည်။ ထို့နောက် သောက်ရမည့် ဆေးညွှန်းစာရွက်ကို ရေးပေးလိုက်သည်။
“နောက်တစ်လတိတိကြာရင် ကျွန်တော့်ဆီ လာခဲ့ကြပါဦး။ ကလေးရဲ့ တိုးတက်မှုအခြေအနေကို ကျွန်တော်ကြည့်မယ်။ အဲ.. ခင်ဗျားနဲ့ပတ်သက်လို့ကတော့ စိုးရိမ်စိတ် သိပ်မထားစေချင်ဘူး။ အခုပုံအရ ခင်ဗျားဟာ အတော်စိတ်လှုပ်ရှားနေတယ်။ ဒါကြောင့် ခင်ဗျားအတွက်ပါ စိတ်ငြိမ်ဆေးရေးပေးလိုက်ပါမယ်။ အိပ်ရာမ၀င်မီ တစ်လုံးသောက်ပါ”
တစ်လကြာသောအခါ အမေနှင့်သား ဆရာဝန်ဆီ ရောက်လာကြသည်။ ဆရာဝန်က အမေကို မေးသည်။
“ခင်ဗျားသားအခြေအနေ ဘယ်လိုလဲဗျ”
“မသိဘူး။ သူဘာဖြစ်ဖြစ် ကျွန်မဂရုမစိုက်နိုင်ပါဘူးရှင်
............................
တရားခံက ရုံးတော်ကို လျှောက်ထားသည်။
ဒီကနေ့ အမှု မစစ်ဘဲ ရက်ချိန်းပေးဖို့ မေတ်တာရပ်ခံပါတယ်။ ကျွန်တော့်ရှေ့နေ ရောက်မလာပါဘူး။
တရားသူကြီးက ပြန်ပြောသည်။
သူများအိပ်ထောင်ထဲ ခင်ဗျားလက်နှိုက်နေတဲ့အချိန်မှာ ရဲသားကခင်ဗျားကို လက်ပူးလက်ကြပ်မိတာပဲ၊ ခင်ဗျားရှေ့နေက ဘာများ ပြောနိုင်မှာလဲ
ကျွန်တော်ကလည်း အဲဒါကိုပဲ သိချင်နေတာပါ
.....................
ဘယ်အချိန်မှာ ဒီနေရာက နာပါသလဲ
အသက်ရှူတဲ့ အခါမှာပါ
ကောင်းပြီ...။ အိမ်မှာ ၃ ရက်လောက် နားနေပါ။ အသက်မရှူနဲ့။ ၃ ရက်ကြာရင် ကျွန်တော် အခြေအနေကို လာကြည့်မယ်။
...................
ကျွန်တော့်အိမ်ကို မီးအာမခံ ထားချင်တယ်...။ ရမလား...။
ရပါတယ်ခင်ဗျာ။
အခုချက်ခြင်းကို အာမခံထားချင်တာဗျ...။
ရပါတယ်ဗျ...။
မြန်မြန်လေး လုပ်ပေးစမ်းပါ..။ အိမ်က လောင်နေပြီဗျ...။
Posted by storyofmermaid at 3:20 PM 0 comments
Labels: Humours
ကျွန်တောက ခေါက်ရိုးကျိုးနေသော လူကြောက်တစ်ယောက်ပါ။
မသိအောင် ၊မတတ်အောင် လုပ်ထားခြင်း
ခံရလေလေ အလိုလို ကြောက်ရွံ့လေပဲ။
ဆင်းရဲမှာကို ကြောက်လို့
ငတ်မှာကို ကြောက်လို့
သိက္ခာကြမှာကိုကြောက်လို့
ဂုဏ်ငယ်ရှိမှာကို ကြောက်လို့
ကြောက်တတ်တဲ့ ဆွေမျိုးတွေကိုကြောက်လို့
ကြောက်တတ်တဲ့ မိဘတွေကိုကြောက်လို့
ကြောက်တတ်တဲ့ ချစ်သူကိုကြောက်လို့
ကြောက်တတ်တဲ့ ဆရာကိုကြောက်လို့။
ရှူး ...တိုး...တိုး...ပြောပါကွာလို့
ကြောက်တတ်တဲ့ သူငယ်ချင်းကသတိပေးတဲ့
စကားကို ကြောက်လို့
ကြောက်တတ်တဲ့ အလုပ်ရှင်ကိုကြောက်လို့
ကြောက်တတ်တဲ့ လူကြီးလူကောင်းကိုကြောက်လို့
သွေးသံရဲရဲတွေကို ကြောက်လို့
သေနတ်တွေ၊ ဓားတွေ၊တုတ်တွေ၊ကြိုးတွေ
လှောင်အိမ်တွေ၊ထောက်ချောက်တွေကိုကြောက်လို့
ကြောက်လို့လိုက်လုပ်ရတဲ့သူကို ကြောက်လို့
လုပ်ပိုင်ခွင့်ကလေး ပျောက်သွားမှာကိုကြောက်လို့
ကြောက်လို့....
ကြောက်လို့.....
ကြောက်လို့........
ကြောက်လို့..........အနာဂတ် တစ်ခုလုံး...လုံးပါးပါးခဲ့...။
ကျွန်တော်အပါအ၀င် ကြောက်တတ်တဲ့ ပတ်ဝင်းကျင်သာ
ကြားဖူးတဲ့ စကားပုံတစ်ခုအတိုင်း ကြောက်တတ်ရင်သိပ်ကောင်းမှာပဲ။
`သူရဲကောင်းတို့ အကြောက်ဆုံးအရာက
ကြောက်ရမှာကို ကြောက်တာပါပဲ´
ကဲ ... ဘယ်အချိန်အထိ ကျွန်တော်ကြောက်နေရဦးမှာလဲ...
ခင်းဗျာတို့ရော.................။
(ကြောက်ရမှာကိုကြောက်သောသူရဲကောင်းများသို့)
အငွေ့
Posted by storyofmermaid at 2:01 PM 0 comments
Labels: Other Poem
လွှတ်တော်ကိုယ်စားလှယ်တဦး ဦးစီးသည့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲ ပဲခူးတွင်ဖြစ်ပွား
Copy from http://yoma3.org/news/2007/august/pagu_strike.html
ဗထူး။ သြဂုတ် ၂၇၊ ၂၀၀၇
လောင်စာဆီနှင့် ကုန်ဈေးနှုန်းများ ကျဆင်းရေးအတွက် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦး ဦးဆောင်သည့် ဆန္ဒပြပွဲ ယနေ့နံနက်က ပဲခူးမြို့တွင် ဖြစ်ပွားခဲ့ သည်။
လောင်စာဆီဈေးမြင့်တက်ခြင်းနှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်လာမှုအတွက် ပြည်သူ့ အကြပ်အတည်းကို ကိုစားပြု ဆန္ဒဖော်ထုတ်မှုများ နိုင်ငံအနှံ့ဖြစ်ပေါ်နေစဉ် ယနေ့နံနက် (၉) နာရီက ပဲခူးမြို့ပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သနပ်ပင်၊ ဝေါ၊ က၀နှင့် ပဲခူး စသည့် လေးမြို့နယ် ပူးပေါင်းဆန္ဒဖော်ထုတ်ပြခြင်းကို ပဲခူးတိုင်း၊ ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရွှေ ဦးဆောင်သည့် အင်န်အယ်ဒီပါတီဝင် (၃၀) ခန့်ဖြင့် ပဲခူးမြို့ဈေးမှ စတင်လမ်းလျှောက်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများမှာ ပဲခူးဈေးကြီးမှ မင်းလမ်း (ခေါ်) ရန်ကုန်-မန္တလေးမကြီးမှ နာရီစင်သို့၎င်း၊ ထိုနောက် သနပ်ပင်လမ်းအတိုင်းလျှောက်ကာ ပဲခူးမြို့အထင်ကရ ရွှေမော်ဓေါဘုရားဈေးအထိ လမ်းလျှောက်က လာလမ်းအတိုင်းပြန်လျှောက်လာစဉ် ပြည်သူအများက ၀န်းရံအားပေးခဲ့ကြ သည်။
“၀ိုင်းရံပေးတာပါ။ လူထုက ထောင်နဲ့ချီရှိလိမ့်မယ်။ ပလက်ဖောင်း ဟိုဘက်ဒီဘက်ပေါ့လေ။ ဆိုင်ကယ်တွေ၊ စက်ဘီးတွေနဲ့လိုက်၊ အဲ့လိုပေါ့။ ကျနော်တို့က ပြည်သူလူထုကို ရုတ်တရက် မြင့်တက်သွားတဲ့ လောင်စာဆီမြင့်တက်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု အဲ့ဒါတွေနဲ့ပတ်သက်တဲ့ ပြည်သူတွေ ခံစားနေရတဲ့ လူမှုဒုက္ခတွေကို ကိုယ်စားပြုပြီးတော့ ဆန္ဒဖော်ထုတ်တဲ့အနေနဲ့ လမ်လျှောက်ပါတယ်လို့ ရှင်းပြတယ်။ ပြည်သူတွေက လက်ခုတ်တီး အားပေးတာလည်းရှိတယ်။ မုန့်တွေ၊ ရေသန့်ဗူးတွေ ဝေပေးတာရှိတယ်” ဟု လမ်းလျှောက်ဆန္ဒပြဖော်ထုတ်ရာတွင် ပါဝင် သည့် (NLD)ပါတီဝင်တဦးက ဆိုသည်။
လမ်းလျှောက်သူများကို ပဲခူးမြို့၊ လမ်း (၃၀) လိပ်ပြာကန်ရှေ့အရောက်တွင် ပဲခူးမြို့(မယက) ဥက္ကဋ္ဌ ရောက်ရှိလာပြီး အင်န်အယ်ဒီပါတီဝင်များကို ဆွေးနွေးရန် (မယက)ရုံးသို့ ခေါ်ဆောင် သဖြင့် (NLD)ပါတီဝင် (၃၁)ဦး လိုက်ပါသွားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ပဲခူးမြို့ နာရီစင်တ၀ိုက်တွင် အရပ်ဝတ်ဖြင့် ကြံ့ဖွံ့နှင့် စွမ်းအားရှင် အင်အား (၂၀၀)ခန့် စောင့်ဆိုင်းနေပြီး နောက်နှင့် လမ်းဘေးဝဲယာမှ အားပေးနေသည့် ပြည်သူလူထု၏ အင်အား ကြောင့် အနှောင့်အယှက်မပေးခြင်း ဖြစ်နိုင်သည်ဟု လိုက်လံကြည့်ရှုခဲ့သူ ပဲခူးမြို့ခံတဦးက ဆိုသည်။
(မယက)ဥက္ကဋ္ဌ ဦးအောင်ရွှေမြင့်မှ ယခုလို လမ်းလျှောက်ခြင်းသည် လူထုကို အထိတ်တလန့် ဖြစ်စေပြီး ယခု ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အားလုံးခံစားနေရသလို သူတို့လည်း ခံစားနေရ ကြောင်း၊ အင်န်အယ်ဒီပါတီဝင်များက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည်ကို လက်ခံကြောင်း နောက်မလုပ်ရန် လက်မှတ်ထိုးခိုင်းသည်ဟု ဆိုသည်။
“(မယက)ဥက္ကဋ္ဌက သူ့အနေနဲ့ ဒါဟာ အားလုံးခံစားနေရတာပေါ့နော်၊ ကုန်ဈေးနှုန်းတက်တာ ကျနော်တို့လည်း ခံစားရပါတယ်ပေါ့နော်၊ ကျနော်တို့အားလုံး အတူတူပါပဲ၊ ဒါပေမဲ့ ခင်ဗျားတို့ လုပ်တာက ပြည်သူ အထိတ်တလန့်ဖြစ်တယ်ပေါ့၊ လမ်းပိတ်ဆို့မှုတွေ ဖြစ်တယ်ပေါ့။ ကျနော် တို့က စံနစ်တကျ စည်းကမ်းရှိရှိ လုပ်တာဖြစ်တယ်။ ပြည်သူကို အထိတ်တလန့်ဖြစ်အောင် ကြွေးကြော်တာလည်း မလုပ်ပါဘူး။ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာကို ဥက္ကဋ္ဌတို့ လက်ခံလားလို့ မေးတော့ လက်ခံပါတယ်လို့ ပြောတယ်။ နောက်မလုပ်ဖို့ ခင်ဗျားတို့ လက်မှတ် ထိုးပါလို့ပြောတယ်။ ကျနော်တို့အနေနဲ့ လက်ရှိ ကျနော်တို့တောင်းဆိုနေတဲ့ လောင်စာဆီနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးဆိုတဲ့ ကျနော်တို့ရဲ့ တောင်းဆိုမှုတွေကို အထက်အဖွဲ့အစည်းတွေကို တင်ပြပေးပါ။ ဒီလိုဆိုရင် လက်မှတ်ထိုးမယ်၊ မလုပ်ဖူးပေါ့နော်။ ချုပ်ချယ်ရင်တော့ ကျနော်တို့ လက်မှတ်မထိုးနိုင်ဘူးလို့ ပြောလိုက်တယ်”ဟု အင်န်အယ်ဒီပါတီဝင်တဦးက ဆိုသည်။
ထို့နောက် (မယက)ဥက္ကဋ္ဌမှ လောင်စာဆီနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုအတွက် လမ်းလျှောက်ဆန္ဒ ပြပွဲကို သက်ဆိုင်ရာ အဖွဲ့အစည်းကို အကြောင်းကြားခြင်းမရှိဘဲ လုပ်သည်ဆိုသည့် အချက်ပါ စာကို ဖတ်ပြပြီး လက်မှတ်ထိုးခိုင်းရာ အားလုံးသဘောတူညီချက်ဖြင့် လက်မှတ်ထိုးခဲ့ပြီး မည်သည့်ချုပ်ချယ်မှုများ မပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ကျနော်က အခုတခါတော့ နောက်ဆုတ်လိုက်တယ်ပေါ့၊ နောက်တခါဆိုရင် ကျနော်တို့က ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်မယ်ဆိုရင်ရမလားလို့မေးတော့ အဲ့ဒါတော့ အပေါ်ကသဘောထားပဲတဲ့၊ ကျနော်တို့ ဆုံးဖြတ်ချက်မပေးနိုင်ပါဘူးတဲ့၊ (မယက)ရုံးကိုရောက်တာ ၁၀ နာရီခွဲလောက်ပါ၊ ဒီနေ့ဆန္ဒဖော်ထုတ်ပွဲကတော့ (၁၂) - (၁၅) မိနစ်လောက်မှာ အေးအေးဆေးဆေးနဲ့ ပြီးသွား ပါတယ်”ဟု ဆိုသည်။
“၁၀ နာရီ ၄၅ လောက်ထိ လူတွေက (မယက)ရုံးရှေ့မှာ စောင့်ကြည့်နေတာ၊ စက်ကယ်တွေ ရော၊ စက်ဘီးတွေရောပဲ၊ တကယ်လို့ မထွက်လာဘူးဆိုရင်၊ ထမင်းထုပ်ပေးမယ်၊ ဒန်ပေါက်ထုပ် ပေးမယ်ပေါ့၊ နောက်တော့ လမ်းပြပုလိပ်နဲ့ ရဲတွေကနေပြီး လူစုခွဲပါ၊ သွားကြတော့၊ ဘာမှမဖြစ် ဘူးလို့ ပြောတယ်။ တချို့ပဲသွားကြတယ်။ ကျနော်တို့ ဒီမှာပဲနေမယ် ပြောကြတယ်။ မောင်းထုတ် လိုက် ပြန်ရောက်လာလိုက်နဲ့ပဲ။ ပြည်သူတွေက သိပ်စိတ်ဝင်စားကြတယ်” ဟု ပဲခူးမြို့မှ (မယက)ရုံးရှေ့ထိရောက်ခဲ့သူ ကျောင်းသူတဦးက ဆိုသည်။
ပဲခူးမြို့ အင်န်အယ်ဒီအဖွဲ့ဝင် ဒေါ်ခင်ညွှန့်မူက အထက်အဆင့်သို့ တင်ပြ၍ လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆောင်ရွက်ပေးမည်ဟု ကတိပေး၍သာ လက်မှတ်ထိုးခဲ့ခြင်း ဖြစ်ပြီး ဆောင်ရွက်ပေးခြင်းမရှိပါက ပြည်သူများကိုယ်စား ဆက်လက် ဆန္ဒဖော်ထုတ်သွားမည် ဟု ဆိုသည်။
Posted by storyofmermaid at 10:23 AM 0 comments
Labels: Political
ကိုဌေးကြွယ် ထိုင်းနယ်စပ်ဘက် ထွက်ပြေးပြီ ပဲခူးမြို့တွင် ဆန္ဒပြပြီ
မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၇ ရက်၊ ၂ဝဝ၇ ခုနှစ်
11:25 PM
ကိုဌေးကြွယ် ထိုင်းနယ်စပ်ဘက် ထွက်ပြေးပြီ
စစ်အစိုးရက အသည်းအသန် လိုက်လံ ရှာဖွေလျှက် ရှိသော အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သည့် ကိုဌေးကြွယ်သည် ထိုင်း-မြန်မာ နယ်စပ်ဘက်သို့ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက် တဦး၏ အပြောအရ သိရသည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၃ ဦးကို အာဏာပိုင်များက လွန်ခဲ့သည့် သီတင်းပတ်က ဖမ်းဆီးသွားပြီးနောက် ရှောင်တိမ်း ပုန်းအောင်းနေသည့် ကိုဌေးကြွယ်မှာ ယနေ့ ညနေတွင် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားပြီ ဖြစ်သည်ဟု ဆိုသည်။
ကိုဌေးကြွယ်၏ ဓာတ်ပုံများကို ရန်ကုန်နှင့် နယ်အနှံ့ စစ်ဆေးရေး ဂိတ်များသို့ ပို့ပြီး ရှာဖွေနေသည့် ကြားမှ ကိုဌေးကြွယ် လွတ်မြောက်သွားခြင်းနှင့် ပတ်သက်၍ လူထု အကူအညီ ယူ၍ လွတ်မြောက်သွားခြင်း ဖြစ်သည်ဟု ယနေ့ နံနက်အထိ ကိုဌေးကြွယ်နှင့် အတူရှိခဲ့သူ အမည်မဖော်လိုသူ လုပ်ဖော်ကိုင်ဖက်က မဇ္ဈိမ သို့ ပြောပြသည်။ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။
လောင်စာဆီ ဈေးနှုန်းများ အနည်းဆုံး နှစ်ဆ တိုးမြှင့်လိုက်ရာမှ သောကြာနေ့ကအထိ အဓိကအားဖြင့် ရန်ကုန်မြို့တွင် ပြောက်ကျား ဆန္ဒပြပွဲများကို ကြိုးကိုင် အကောင်အထည် ဖော်ခဲ့သူ တဦးဟု အာဏာပိုင်များက စွပ်စွဲခံထားရသူ ကိုဌေးကြွယ်သည် အဖမ်းခံထားရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့်အတူ အနှစ် ၂ဝ အထိ ထောင်ဒဏ် ကျခံရဖွယ် ရှိသည်ဟု အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာက ရေးသားခဲ့သည်။
7:15 PM
မစိုးရိမ် ကျောင်းတိုက်မှ သံဃာတော်တပါးနှင့် ဆက်သွယ်မေးမြန်းချက်
ဦးပဉ္ဇင်းတို့ မန္တလေးပေါ်ကတော့ ဘာမှ မရှိဘူး၊ အေးဆေးဆေး၊ ငြိမ်ငြိမ်သက်သက်ပဲ။ ရန်ကုန်မှာ ဆန္ဒပြတယ်လို့ ကြားတယ်ပေါ့လေ။ ရန်ကုန်မှာ ဆီဈေးတွေတက်လို့ ဆန္ဒပြတယ်၊ ဒီလောက်ပဲ ကြားတယ်။
ဦးပဉ္ဇင်းရဲ့ အမြင်က ရန်ကုန်မှာကတော့ တနေ့လုပ်မှ တနေ့စားတွေ များတာကိုး။ လိုင်းကားစီးပြီး သွားတဲ့ ပုဂ္ဂိုလ်တွေက များတာကိုး။ ဦးပဉ္ဇင်းတို့ မန္တလေးကျတော့ လိုင်းကား မစီးတောင် စက်ဘီးတို့၊ ဆိုင်ကယ်တို့ ပေါတာကိုး။ အဲဒီတော့ သူတို့အထဲမှာ ဒီလိုမျိုး ဘာမှ မဖြစ်သေးဘူးပေါ့။ အဲသလို ကွာသွားတာလေ ရန်ကုန်နဲ့ မန္တလေးက။ ဆန္ဒပြမယ့် အနေထားကတော့ မရှိသလောက် ပါပဲဗျာ။
5:26 PM
မန္တလေးမြို့ တိတ်ဆိတ်၊ သံဃာတွေ အေးအေးဆေးဆေး နေဖို့ စစ်တပ်က ပြော
“အခု မြို့ထဲမှာတော့၊ ကျနော်ဖြတ်ခဲ့တဲ့ လမ်းထဲမှာတော့ ဘာမှ သိပ်မတွေ့ဘူး။ ထူးထူးခြားခြား ဘာမှမတွေ့ဘူး။ ဟိုဘက်တော့ ကျနော်တို့ ဘုရာကြီးဘက်တို့၊ မြတောင်ဘက်တို့တော့ ကျနော် မရောက်သေးဘူး။ အဲဒီဘက် ရောက်ရင်တော့ မပြောတတ်ဘူး။ ကျနော်တို့ မြို့ထဲမှာ တဆယ့်လေးလမ်းခွဲ ဘာညာတော့ နည်းနည်း အေးအေးဆေးဆေးပဲ။ ဘာမှ ဟိုလိုမျိုး ချထားတာ မတွေ့ဘူး”
“မင်္ဂလာတန်းဘက်ကပေါ့နော်။ မင်္ဂလာတန်းအထိ ကျနော်တို့ ဈေးချိုဘက် သွားနေတယ်။ ဈေးချိုဘက်သွားနေတော့ ၃၅ လမ်းဘက်က သွားတာတောင် ဘာမှမရှိဘူး။ ၂၆ လမ်းဘက်လည်း ရှိမယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၆ လမ်းဘက် ပြင်ဖို့ သဘောရှိပါတယ်။ ရှိရင်တော့ ဘုန်းကြီးကျောင်းဘက်တွေတော့ မပြောတတ်ဘူး”
“မနေ့က သံဃာတွေကို လိုက်ပြီးတော့ လျှောက်တယ်လို့ ပြောတယ်။ သံဃာတွေကိုပေါ့လေ။ ကျနော်တို့ အပါး ၁ဝဝ လောက်ရှိတဲ့ ကျောင်းတွေ ဘာတွေမှာ အေးအေးဆေးဆေး နေဖို့ပေါ့နော်။ တိုင်းမှူးက လိုက်လျှောက်တယ်လို့ ပြောတယ်။ မနေ့ကတော့ ဟို ပဏိတာရုံ ကျောင်းတိုက်ကို မန္တလေး၊ ကျနော်တို့ ဟိုဟာနားပေါ့ ဘယ်လိုပြောမလဲ ရန်မျိုးလုံ အရှေ့ဘက်ထဲမှာ (ပဏိတာရုံ) ကျောင်းတိုက်က ဆရာတော်တွေတော့ လာလျှောက်သွားတယ်လို့တော့ ကြားတယ်”
4:57 PM
လုံခြုံရေး စိုးရိမ်မှုကြောင့် သုံးခွမြို့နယ်ရှိ အထက်တန်း ကျောင်းများတွင် ကျောင်းသူ ကျောင်းသားများအား ပြီးခဲ့သည့် စနေနေ့က နေ့လည် ကျောင်းဆင်း အိမ်ပြန်ခွင့် မပြုဘဲ ကန့်သတ်လိုက်သည်။
4:30 PM
လောင်စာဆီဈေးများ အနည်းဆုံး နှစ်ဆတက်သွားခြင်းကို ကန့်ကွက်သော အားဖြင့် လူရာနှင့်ချီ၍ သုံးနာရီခန့်ကြာ ပဲခူးမြို့တွင် ယနေ့ ဆန္ဒပြခဲ့ကြသည်။
လူ ၅ဝ ခန့်က အဖြူရောင် အင်္ကျီများ ဝတ်ဆင်လျှက် ဆီဈေးများ ပြန်လျော့ချရန် အော်ဟစ်ကာ ဆန္ဒပြမှု ပဲခူးမြို့မဈေးမှ နံနက် ၉ နာရီတွင် စတင်ခဲ့ကြခြင်း ဖြစ်ကာ သနပ်ပင်သွား လမ်းမကြီးအရောက် ဘေးမှ ရပ်ကြည့်သူများပါ ပူးပေါင်း ခဲ့ကြသည်။
“လူထောင်နဲ့ချီပြီး ဖြစ်လာတယ်။” ဟု ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌက ပြောသည်။
သေနပ်ပင်၊ တာဝ နှင့် ဝေါ မြို့နယ်များမှ လူအချို့ ပူးပေါင်းခဲ့ကြသည်ဟု သူ့အပြောအရ သိရသည်။
ဒေသအာဏာပိုင်များက ဆန္ဒပြသူများထဲမှ ခေါင်းဆောင်များကို ခေါ်ယူကာ တနာရီခန့် ဆွေးနွေး ခဲ့သည်ဟု ဆိုသည်။
1:00 PM
၈၈ မျိုးဆက် ကျောင်းသားများကိစ္စ ဘယ်လိုလုပ်ရမလဲ နအဖ မဆုံးဖြတ်နိုင်သေး
ပဲခူးမြို့တွင် ဆန္ဒပြပြီ
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီးထားပြီးနောက် မည်ကဲ့သို့ ပြုလုပ်ရမည်ကို နအဖ အကြီးအကဲများ ယမန်နေ့က နေပြည်တော်တွင် ကျင်းပသော အထူး ကက်ဘိနက် အစည်းအဝေးတွင် မဆုံးဖြတ်နိုင်ဘဲ ရှိကြသည်ဟု သိရသည်။
ပဲခူးမြို့တွင် နံနက် ၉ နာရီမှစ၍ လူ ၅ဝ ခန့်က မြို့မဈေးကြီးမှ စတင်၍ ဘုရားဈေးဘက်အထိ ချီတက် ဆန္ဒပြကြရာ နောက်ထပ် လူများစွာ ပူးပေါင်း ပါဝင်သည်။
ရန်ကုန်မြို့ ပြည်လမ်းမတလျှောက် မီတာ ၃ဝဝ ခန့် အကွာတိုင်း စစ်သားများ ချထားပြီး မြို့တော်ခန်းမ ရှေ့တွင်တော့ စစ်ကား ၂ စီးနှင့် နအဖ အလိုတော်ရိ လူမိုက်များ တွေ့ရှိရကြောင်း မြို့ခံတဦးက မဇ္ဈိမ သို့ ပြောပြသည်။
Posted by storyofmermaid at 10:17 AM 0 comments
Labels: Political
Monday, August 27, 2007
ဆုံတွေခွင့် ခဏ
လမင်းရဲ့ အလင်းရောင်အောက်
တောင်ကုန်းအထက် မြက်ခင်းအပေါ်မှာ
ချစ်သူနှစ်ယောက်။
မြက်ခင်ပေါ်ပက်လက် ကြယ်စဉ်တွေကိုကြည့်
အချစ်တေးတွေသီနေတဲ့ ကောင်းလေးတစ်ယောက်။
မျက်ရည်တွေနဲ့ အချစ်တေးကို နားဆင်ပြီး
လွတ်လပ်စွာ လေပြင်ညင်းကို ရှုရှိုက်ပြီး
သူ့ချစ်သူဘေးမှာ လက်ကလေးကိုင်ပြီးထိုင်နေတဲ့
ကောင်မလေးတစ်ယောက်။
ဒီညက သူမအတွက်တော့
နောက်ဆုံးအနမ်းနဲ့ နောက်ဆုံးညပေါ့
ချစ်သူရေ. . . .
ဘ၀မှာ ခဏတာအတွက်လက်တွဲခဲ့ချင်သူမဟုတ်
ထ၀ရ လက်တွဲခဲ့ချင်သူပါ
ဘ၀မှာ ခဏတာ ပေါင်းဆုံးခွင့်ရရင်လည်း
ကျေနပ်နေတဲ့သူက ကျွန်မပဲပေါ့။
27.8.2007
စမိုင်းမေ
Type the rest of your post here.
Posted by storyofmermaid at 1:21 PM 0 comments
Labels: Poem
Saturday, August 25, 2007
ရေနံချောင်း (NLD) ကို (ခယက) က ခေါ်တွေ့ ကားခများကို ယခင်ဈေးနှုန်းအတိုင်းပြေးဆွဲရန် ကားလိုင်းများကို ဖိအားပေး
ဒီစာကို Select ပေးပြီးရေးပါ...
ဗထူး။ သြဂုတ် ၂၄၊ ၂၀၀၇
ယမန်နေ့က အေးချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့သည့် ရေနံချောင်းမြို့နယ်၊ အင်န်အယ်ဒီပါတီမှ ခေါင်းဆောင်များကို အဆိုပါနေ့ညနေက ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မြို့နယ်(မယက)ရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့သည်။
ယမန်နေ့က ရေနံချောင်းမြို့တွင် နံနက် (၈) နာရီမှစတင်ကာ လူအင်အား (၆၀) ဖြင့် လောင်စာ ဆီဈေးနှုန်း မြင့်တက်လာသည့်အပေါ် ဆန္ဒပြခဲ့သည့်အတွက် အင်န်အယ်ဒီပါတီခေါင်းဆောင် များကို ယခုကဲ့သို့ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
“သူတို့က ကျနော်တို့ကို (၂/၈၈)အရ လူငါးယောက်ထက် ပိုစုလို့မရဘူး၊ ဒါကို ကျူးလွန်ကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ကျနော်တို့က မထိုးဘူးဆိုတော့ ခေါ်ယူတာကို သိရှိကြောင်းလေးတော့ လက်မှတ်ထိုးပေးဖို့ ပြောတယ်။ အထက်ကို တင်ပြရမှာမို့ပါလို့ ပြောတယ်။ အစည်းအဝေး တက်ရောက်ကြောင်းတော့ ထိုးလိုက်တယ်။ ကျနော်ရယ်၊ ဒေါ်ခင်စောဌေးရယ်ကို ခေါ်တွေ့ တာပါ” ဟု အင်န်အယ်ဒီပါတီဝင် ကိုတင့်လွင်က ဆိုသည်။
ယမန်နေ့က ခေါ်ယူတွေ့ဆုံခြင်းမှာ မြို့နယ်(မယက)ရုံးတွင်ဖြစ်ပြီး ခရိုင်(ခယက)ဥက္ကဋ္ဌ၊ တိုင်း တရားသူကြီးနှင့် တိုင်းဥပဒေအရာရှိတို့ ပါဝင်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မြို့နယ်(မယက)မှ ကားခနှုန်းထားများ ချထားခြင်းကို အသိပေးခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိ တွင် မြို့တွင်းပြေးဆွဲနေသည့် ကားခများကို ကျပ် ၂၀၀ မှ ယခင်နှုန်းကျပ် ၁၀၀ သို့ ပြန်လည် ချထားခြင်းနှင့် မကွေးနှင့် ရေနံချောင်းသို့ ပြေးဆွဲနေသည့် ကားခများလည်း ယခင်နှုန်းထား အတိုင်း ချထားပြီးပြီဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။
“ဒါ ကျနော်တို့ မနေ့ကဆန္ဒပြခဲ့တဲ့ ရလဒ်ပေါ့နော်၊ ကားပိုင်ရှင်တွေကလည်း လက်ခံပြီးတော့ ချရတာပေါ့နော်၊ မနေ့ထဲက စချနေတာ၊ လိုင်းကားပေါ်မှာ ရဲတယောက်နှစ်ယောက် ထည့်ပေး ပြီးတော့ ကားခကို ချခိုင်းထားတာ၊ ကားပိုင်ရှင်တွေကတော့ နစ်နာမယ်၊ အရင်လောက် တွက်ချေကိုက်မှာ မဟုတ်ဘူး” ဟု ကိုတင့်လွင်က ဆိုသည်။
မြို့နယ်(မယက) အစီအစဉ်ဖြင့် မြို့ပေါ်ရှိ ကျောင်းသားများစီးသည့် လိုင်းကားများကို ရဲဝန်ထမ်း တဦးနှစ်ဦး လိုက်ပါကာ ယခင် ကားခနှုန်းအတိုင်း ကောက်ခံရန် လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု မြို့ခံတဦးက ဆိုသည်။
ရေနံချောင်းနှင့် ရန်ကုန်သို့ ပြေးဆွဲနေသည့် ကားလိုင်းများကို မြို့နယ်(မယက) မှ ယခင် နှုန်းထား ၅,၅၀၀ ကျပ်မှ ၉,၂၀၀ ထိ ကောက်ခံရန် သတ်မှတ်ခဲ့သည်။
“ကျနော်တို့မြို့မှာက ရန်ကုန်ကိုဆွဲနေတဲ့ ကျွန်းဆွယ်နဲ့ ထိပ်တန်းဆိုတာ ရှိတယ်။ ကားခကိုတော့ အစိုးရက သတ်မှတ်ပေးတာ။ ကားအုံနာတွေက ကားခ ၉,၂၀၀ ဆိုရင် စီးမယ့်လူမရှိနိုင်ဘူးဆိုပြီး နဂိုလ်နှုန်း ၅,၅၀၀ နဲ့ပဲ သူတို့အသိနဲ့သူတို့ ဆွဲနေတယ်၊ ကားအုံနာတွေ၊ ကားဂိတ်တွေရဲ့ အသိပေါ့နော့်၊ ထူးထူးခြားခြားပေါ့” ဟု အဆိုပါမြို့ခံက ပြောဆိုသည်။
ယခုကဲ့သို့ ဖိအားပေးဖြေရှင်းခြင်းသည် ရေရှည်တွင် အလုပ်မဖြစ်ဘဲ အဓိကမှာ လောင်စာဆီနှင့် အတူ တက်လာသည့် ကုန်ဈေးနှုန်းကို အာဏာပိုင်အစိုးရက ဖြေရှင်းပေးမှသာ ပြည်သူများ အတွက် ပြေလည်နိုင်မည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
Copy from http://yoma3.org/
Posted by storyofmermaid at 10:09 AM 0 comments
Labels: Political
မြန်မာနိုင်ငံ မြို့ကြီးများတွင် လုံခြုံရေးများ တင်းကျပ်စွာ ချထား
လောင်စာဆီ ဈေးနှုန်း ပြန်ချပေးရန် တောင်းဆိုသည့် လမ်းလျောက် ဆန္ဒပြပွဲများ ယခုရက်ပိုင်း ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားနှင့် အခြား မြို့ကြီး အချို့တွင် အာဏာပိုင်များက လုံခြုံရေးများကို နေရာအနှံ့ ချထားလိုက်သည်။
ယခုလ ၁၉ ရက်နေ့တွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ စတင်ကာ လောင်စာဆီ ဈေးနှုန်း ပြန်ချပေးရန် တောင်းဆို ဆန္ဒပြမှုများ နောက်ပိုင်း ရန်ကုန်မြို့ နေရာ အနှံ့တွင် ချီတက် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေချိန်တွင် မြစ်ကြီးနား မြို့ပေါ်တွင် လူစည်ကားရာ ဈေး ရုပ်ရှင်ရုံများ၊ လမ်းများနှင့် ကားဂိတ် နေရာများတွင် ယနေ့မှ စတင်ကာ စစ်သားတဦးနှင့်� လက်မောင်းတွင် စွမ်းအားရှင် လက်ပတ်အနီ တပ်ထားသူ ၄ ဦးတို့ကို တတွဲစီ လုံခြုံရေး ချထားလိုက်ခြင်း ဖြစ်သည်။
“ဒီမှာကတော့ ဒီနေ့မှာ သိသိသာသာ လုံခြုံရေး ယူထားတယ် ခင်ဗျ။ လွန်ခဲ့တဲ့ နေ့တွေကတော့ မပခ (မြောက်ပိုင်းတိုင်း) တိုင်းမှူး အုန်းမြင့် ကိုယ်တိုင် မြို့ထဲ ပတ်နေတယ်လို့ လူတွေက ပြောနေတယ်။ ဒီနေ့ လမ်းတိုင်းမှာ စစ်တပ်က တယောက် အရပ်ဝတ်က ၄ ယောက် တတွဲစီ လုံခြုံရေးတွေ နေရာယူထားတာ တွေ့နေရတာပဲ” ဟု မြို့ခံတဦးက ပြောသည်။
အလားတူပင် မကွေးတိုင်း အတွင်းက နယ်မြို့များတွင်လည်း ရဲ၊ ရယက၊ စွမ်းအားရှင် ပူးပေါင်း အဖွဲ့ဝင်များက မီးရထား ဘူတာရုံများနှင့် ကားဂိတ်များတွင် ယာဉ်ပေါ် ပါလာသည့် ခရီးသည်များကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တောင်တွင်းကြီး ဒေသခံ က ပြောသည်။
“စစ်နေတယ် ခရီးသည်တွေကို။ ဒီလ ၂၁ ရက်နေ့က စပြီး စစ်ဆေးနေတာပေါ့နော်။ ဒီနေ့အထိပဲ။ တောင်တွင်းကြီး ဘူတာတွေ၊ သာစည် ဘူတာတွေမှာ ပတ်ပြီးကိုရှာတာ။ တဖွဲ့ကို ရဲက ၃ ယောက်လောက်၊ အရပ်ဝတ်နဲ့က ၃-၄ ယောက်လောက်ပေါ့။ ပစ္စည်းတွေလည်း ရှာတယ်။ မှတ်ပုံတင်တွေလည်း စစ်တယ်။ ကားတွေလည်း ရပ်ခိုင်းပြီး ရှာတာပဲ” ဟု ဒေသခံက ပြောသည်။
မြန်မာပြည် အလယ်ပိုင်း ဒေသများ ဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ မုံရွာ အစရှိသည့် မြို့ကြီးများတွင်လည်း လုံခြုံရေးကို တင်းကျပ်စွာ ချထားကြောင်းနှင့် မြို့ကို ဖြတ်သန်း သွားလာနေသည့် အဝေးပြေး ကားများကို ရပ်တန့်ကာ ရှာဖွေ စစ်ဆေးနေကြောင်း ဒေသတွင်းမှ ပြန်လာသည့် တရုတ်-မြန်မာ နယ်စပ်ရှိ ကုန်သည်များက မဇ္ဈိမကို ပြောပြကြသည်။
ယခုလို လုံခြုံရေးများ တင်းကျပ်ကာ အာဏာပိုင်များဘက်မှ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ လုံထိန်းနှင့် ရဲများကို အသုံးပြု၍ လောင်စာဆီ ဈေးနှုန်း ချပေးရေး တောင်းဆို ဆန္ဒပြနေသူများကို အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီးမှုများ ပြုလုပ်နေသည့် ကြားမှပင် ယနေ့နံက်ပိုင်းက ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ကုန်သည်လမ်းတွင် အန်အယ်ဒီ ပါတီဝင် ကိုအေးဝင်း၏ တကိုယ်တော် ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သူက ‘လောင်စာဆီ ဈေးတက်၊ ပြည်သူ့ အခက်’ ဟု ရေးသားထားသည့် ဆိုင်းဘုတ် ကိုင်ဆောင်ကာ ယနေ့နံနက် ၉ နာရီခန့်တွင် ဆန္ဒပြခဲ့ရာ မိနစ် ၃၀ ခန့်အကြာတွင် ရဲတဦးမှ ဆိုင်ကယ်ပေါ် တင်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းနှင့် ဆိုင်ကယ်ပေါ်တွင် သူက ဆိုင်းဘုတ်ကို ဆက်လက် ကိုင်ဆောင်၍ လိုက်ပါသွားကြောင်း သိရသည်။
Type the rest of your post here.
Posted by storyofmermaid at 9:44 AM 0 comments
Labels: Political
Friday, August 24, 2007
မန္တလေးတွင် လုံခြုံရေး တင်းကြပ်နေ ရေရှည်တိုက်ပွဲဝင်ရန် ၈၈ မျိုးဆက် ဆုံးဖြတ်
ဒီစာကို Select ပေးပြီးရေးပါ...
မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၄ ရက်၊ ၂၀၀၇ ခုနှစ်
5:17 PM
ရန်ကုန်မြို့ ဆန္ဒပြသူများကို အာဏာပိုင်များက ဖြိုခွဲရာတွင် ရိုက်နှက် အကြမ်းဖက်ခြင်းနှင့် အမျိုးသမီးများ အရှက်နှင့် ဂုဏ်သိက္ခာ ကျဆင်းအောင် ကြမ်းတမ်းစွာ ဆွဲထုတ်ကိုင်တွယ် ရိုက်နှက်မှုများ ပြုလုပ်ခြင်းအပေါ် “လုံးဝ သည်းမခံသင့်သော လုပ်ရပ်” အဖြစ် ပြောဆိုကာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ယနေ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။
4:22 PM
ဒေါ်စန်းစန်းမြင့် အဖမ်းခံရ - ဆန္ဒပြပွဲ ဦးဆောင်သူတဦး ပြောပြချက်
“ကျနော်တို့ ဒီနေ့တာမွေ ရွှေဒဂုံ အနောက်မှာ ၁နာရီ အထိုးမှာ အစီအစဉ် လုပ်ထားတာပေါ့ဗျာ။ လုပ်ထားတဲ့ အစီအစဉ်မှာ လုံခြုံရေးအရ ကျန်နေတဲ့ အဖွဲ့တွေပါ ပျက်သွားတာ ပေါ့ဗျာ။ ပျက်တာကို ဒေါ်စန်းစန်းမြင့်တို့ အဖွဲ့က နေပြီးတော့ မြို့ထဲ ထွက်ပြီးတော့ သွားမယ် ဆိုပြီးတော့ ကျနော့် အရှေ့မှာတင် ထွက်သွားတယ်ဗျာ ။ ထွက်သွားပြီးတော့ သိပ်မကြာခင်မှာ ကျနော်တို့ဆီကို ဖုန်းပြန်ဝင်လာတာက ဒေါ်စန်းစန်းမြင့် အပါအ၀င် အမျိုးသမီး အချို့ အဆွဲခံလိုက်ရပြီလို့ ကျနော်တို့ကို တိုက်ရိုက် ဆက်သွယ် ထပ်ပြီး သတင်းပို့တာပါ ခင်ဗျာ။”
4:22 PM
ကိုထင်ကျော် က မဇ္ဈိမ သို့ ပြောကြားချက်
“ကျနော်တို့က ဆက်တိုက် လုပ်သွားမှာပဲ။ ဒီနေ့ရယ်လို့တော့ မဟုတ်ဘူးဗျာ။ တခြားပြည်သူတွေကလည်း သူတို့ဘာသာ သူတို့ကတော့ တက်လာကြတာပဲ၊ ကျနော်တို့ တပြည်လုံး အတိုင်းအတာကတော့ လုပ်စရာရှိရင် ဆက်လုပ်မှာပဲ။”
3:52 PM
မကွေး ဒေသခံတဦး၏ ပြောပြချက်
အခု လောလောဆယ် ရဲတွေကို အရပ်ဝတ်စုံတွေနဲ့ ၀တ်ထားတာကို တွေ့ရတယ်။ ၂၀ ရက်နေ့က စတယ်။ နိုင်ငံရေး သမားတွေကို စောင့်ကြည့်တဲ့ အပိုင်းတွေ အများကြီး ရှိတယ်။ ကျောင်းတွေမှာဆိုရင် အလယ်တန်း ကျောင်းတွေလောက်မှာကို လုံခြုံရေး ယူနေတာတွေ ရှိတယ်။ ရဲတွေက အ၀င်အထွက်တွေ ရှိနေတယ်။ အရင်တုန်းက အလယ်တန်းကျောင်းကိုဆိုရင် ဘာမှ မလုပ်ခဲ့ဘူး။
ကျောင်းဆရာ၊ ဆရာမတွေကိုလည်း တာဝန် ပေးထားတယ်။ တက္ကသိုလ်မှာလည်း ဆရာ၊ ဆရာမတွေကို လုံခြုံရေးဆိုပြီး ဖွဲ့စည်းထားတာတွေ ရှိပါတယ်။ လူထုတွေက စောင့်ကြည့်တယ်။ စိတ်ဝင်စားမှု ရှိတယ်။
Type the rest of your post here.
Posted by storyofmermaid at 5:19 PM 0 comments
Labels: Political
ဆန္ဒပြပွဲ အစီအစဉ် ဖျက်သိမ်း ရေရှည်တိုက်ပွဲဝင်ရန် ၈၈ မျိုးဆက် ဆုံးဖြတ်
မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၄ ရက်၊ ၂၀၀၇ ခုနှစ်
2:30 PM
ယနေ့ထုတ် စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် ကျော်မင်းလူ (ရွှေပြည်သာ)က လောင်စာဆီ ဈေးနှုန်းများ မြင့်တက်ရာမှ ဆန္ဒပြမှုများကို တုံ့ပြန် ရေးသားရာတွင် အစိုးရ အနေဖြင့် ဆက်လက် အရှုံးခံ ရောင်းချပေးနေရကြောင်း ပြောဆိုထားသည်။ အစိုးရနှင့် ပြည်သူသည် မိဘနှင့် သားသမီးများ ဖြစ်သည်ဟု ပြောဆိုထားပြီး ဆန့်ကျင်ဘက် အုပ်စုများက မိဘနှင့် သားသမီးများအကြား ရန်တိုက် ပေးနေသည်ဟု ဆိုသည်။
“နိုင်ငံတော် အစိုးရဆိုတာ မိဘ၊ ကျွန်တော်တို့၊ ခင်ဗျားတို့ ပြည်သူတွေကတော့ သားသမီးတွေ ဆိုပါတော့။ ဒီလို စဉ်းစားကြည့်ရင် ဘယ်မိဘမှ ကိုယ့်သားသမီး ဆင်းရဲ ဒုက္ခရောက်တာ မြင်ချင် တွေ့ချင်ကြမှာ မဟုတ်ပါဘူး။” ဟု ရေးသားထားသည်။
1:58 PM
ပြည်တွင်း ဆန္ဒပြသူများနှင့် သဘောထားတူညီကြောင်း ပြသသည့်အနေဖြင့် ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားများက သြဂုတ်လ ၂၆ ရက်နေ့တွင် ဆိုးလ်ရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြရန် စီစဉ်နေကြသည်။
1:31 PM
ဆန္ဒပြပွဲလုပ်မည့် အစီအစဉ် ဖျက်သိမ်း
(၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုအောင်နိုင် ပြောကြားချက်)
“ကျနော်ပြောတယ်လေ ပွဲလုပ်မယ့် ကိစ္စလေ၊ တာမွေမှာ လုပ်မယ့် ကိစ္စကို ကြံ့ဖွံ့အင်အားက တော်တော် သုံးတယ်ဗျ။ ဒုတ်၊ ဓားတွေနဲ့။ ဒီနေ့  ၀င်ပြီး ခုတ်မယ်၊ ရိုက်မယ်လို့ သတင်းကြားတယ်။ ပြီးတဲ့အခါကျတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယူနီဖောင်းတွေ ၀တ်ပြီးတော့ ကျနော်တို့ အုပ်စုကြားကို ၀င်ရောပြီးတော့ သူတို့ တင်ချင်တဲ့ စလိုဂမ်တွေ (ကြွေးကြော်သံတွေ) တင်မယ်၊ ပြီးတော့ ကျနော်တို့ အချင်းချင်းကြားမှာ ပြဿနာဖြစ်အောင် လုပ်မယ်ဆိုတဲ့ သတင်းလည်း ကြားနေရတယ်။ မြင်လည်း မြင်နေရတယ်။ အဲဒါကြောင့် ကျနော်တို့ အင်အားကို အဆုံးအရှုံး မခံနိုင်တာကြောင့် ဒီကနေ့ လုပ်မယ်ဆိုတဲ့ အစီအစဉ်ကို ဖျက်လိုက်ပြီ။ ဒါပေမဲ့ ဒီကောင်တွေကတော့ တာမွေ အ၀ိုင်းထိပ်တို့၊ ကျနော်တို့ လုပ်မယ့်နေရာမှာ အင်အား ၂၀၀ ကျော်၊ ၃၀၀ ကျော်နဲ့ စောင့်နေကြတယ်။ ကျနော်တို့ မလုပ်တော့ဘူး ဆိုတာ သူတို့ မသိသေးဘူး။”
“မနေ့က ကျနော်တို့က ဒီကနေ့မှာ အကြီးကြီးလုပ်မယ် ဆိုပြီးတော့မှ၊ ကြိုကြား ကြိုကြား လုပ်နေတဲ့သူတွေကို အားလုံး စုပြီးတော့ တနာရီကို ချိန်းလိုက်တာပါ။ အဲဒါကြောင့် မနက်ပိုင်းတုန်းက ကြိုကြားကြိုကြား လုပ်မယ်ဆိုတဲ့ ဟာတွေဟာ မလုပ်ဖြစ်တော့ဘူးပေါ့နော်။” ဟု သူက ထပ်ပြောသည်။
1:28 PM
အမျိုးသားရေး ဦးဝင်နိုင် ပြောကြားချက်
“လုံခြုံရေးကတော့ လမ်းတွေ လမ်းတွေတိုင်းမှာ ချထားတာပေါ့ဗျာ။ ကျနော်တို့မြင်တဲ့ အနေအထားကတော့ အန်အယ်ဒီ အယောင်ဆောင်ပြီးတော့ ဒီဆောင်ရွက်မှုထဲမှာ သူတို့ ၀င်ပြီးတော့ နှောက်ယှက်ဖို့ သဘောရှိတယ်။ အဓိကတော့ အန်အယ်ဒီလူငယ်တွေဘက် ၀င်ဆောင်ရွက်မဲ့ သဘောတွေရှိတယ်။”
1:05 PM
ဦးထောင်ကိုထန်းရဲ့ အမြင်
(ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း ၊ တမူးမဲဆန္ဒနယ်)
“ဗမာပြည်မှာကတော့ တိုင်းရင်းသားက လူနည်းစုပဲလေ။ ရန်ကုန်မြို့ထက် ပိုပြီးတော့ နည်းတာပေါ့။ အဲဒီတော့ တိုင်းရင်းသား ခေါင်းဆောင်၊ နိုင်ငံရေး ပါတီခေါင်းဆောင် ဆိုတာကလည်း ပါတီက တရားဝင် မရှိတော့ဘူးလေ။ အကုန်လုံး ဖျက်လိုက်တော့ လူစုဖို့ မလွယ်တော့ဘူး။ လူစုဖို့ မလွယ်တဲ့ အထဲမှာလည်း အများဆုံး အနိုင်ရ ဖြစ်တဲ့ အန်အယ်ဒီက အကြီးဆုံးပဲ။ အများဆုံး ပါတီက ဗမာတွေ ဖြစ်နေတဲ့အခါ တိုင်းရင်းသားတွေ ဦးဆောင်တဲ့ဟာကို သူတို့က လိုက်ဖို့ သူတို့က မခံယူတတ်ဘူးလေ။ အဲဒီတော့ ကျနော်တို့ အနေအထားက တိုင်းရင်းသားတွေ ဦးဆောင်တဲ့ နောက်ကို ဗမာက လိုက်မှာ မဟုတ်ဘူး။ ဗမာ ဦးဆောင်လာရင်၊ ပါတီကြီးတွေ ဦးဆောင်လာရင် အဲဒီနောက် လိုက်ရမှာပဲ။ အင်အားက ဒီလိုဖြစ်တယ်။ ကျနော်တို့က လူနည်းစုကိုး။”
12:49 PM
မကွေးမြို့ အန်အယ်ဒီ ဥက္ကဌ ဦးအောင်စိုးကို ဒီမနက် ၈ နာရီတုန်းက မယက ဥက္ကဌ ဦးလှရှောင် က မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးကို ခေါ်ပြီး ခရိုင် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အမိန့် အရ လူ ၅ ဦးထက် ပိုမစုဖို့ သတိပေးတယ်။ သို့သော် လက်မှတ် ထိုးခိုင်းသော်လည်း ဦးအောင်စိုးက လက်မှတ်မထိုး။
Type the rest of your post here.
Posted by storyofmermaid at 3:16 PM 0 comments
Labels: Political
အချစ်နယ်ပယ်
ချစ်သူနယ်ပယ်မှာ
အချစ်အကြောင်းကို
အားရပါရပြောနေတဲ့သူတွေအတွက်
အချစ် တေးဂီတလေးနဲ့
ဖျော်ဖြေဖို့အတွက်
နှလုံးသား ဂီတာလေးကို
ကျွန်မကိုင်ဆွဲပြီးထွက်လာခဲ့တယ်။
ချစ်သူရေ
ကျွန်မရဲ့ နှလုံးသားဂီတာလေးက
ကြိုးတွေပြတ်နေတာကို မသိလိုက်မိလို့
အချစ် တေးသံစဉ်တွေ
ထွက်မလာပဲ
အလွမ်းတေးတွေနဲ့
ထွက်ပေါ်လာခဲ့တယ်။
24.8.2007
စမိုင်းမေ
Posted by storyofmermaid at 12:42 PM 0 comments
Labels: Poem
ဆန္ဒပြပွဲကြီး ပြုလုပ်ရန် ပြင်ဆင်နေ
မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၄ ရက်၊ ၂၀၀၇ ခုနှစ်
11:15 AM
ဆန္ဒပြပွဲကြီး ပြုလုပ်ရန် ပြင်ဆင်နေ
ဆန္ဒပြပွဲစီစဉ်သူ ခေါင်းဆောင်တဦး၏ ပြောပြချက်
“ကျနော် ဒီနေ့ဆိုလို့ ရှိရင် တော်တော်များများ ပါမှာ။ ရဟန်းတွေလည်း ပါမယ်။ ဒီမှရှိတဲ့ ၁၀ တန်း ၉တန်း ကျောင်းသူ ကျောင်းသားတွေလည်း ပါမယ်။ အဲဒါတွေက အယောက် ၅၀ လောက်ပါမယ်။ ရဟန်းတွေလည်း အခုကျနော်တို့ ပြောထားတာ အပါး ၅၀ လောက်တော့၊ ဒီထက် ပိုရင်တော့ ပိုမယ်။ နောက်ဒီ ၈၈ မျိုးဆက်တွေရဲ့ နောက် အန်အယ်ဒီ လူငယ်တွေရယ်၊ နောက် မဖြူဖြူသင်းတို့၊ ဟိုနေ့တုံးက မနီမွန်လှိုင်တို့၊ အုပ်စုတွေ နောက် ကိုထင်ကျော်တို့ အဖွဲ့ထဲက လူတွေ ရယ်၊ ကျနော်တို့ ဒီနေ့ အားလုံး ပေါင်းပြီးတော့ ဒီနေ့ နွှဲကျမှာလေ။”
11:12 AM
“မနေ့ည ကတည်းက အဲဒီပုံတွေ လုံထိန်း သဘောမျိုးတွေ ကားနဲ့ အပြည့်ပဲ၊ ဒိုင်းတွေဘာတွေနဲ့ သူတို့ အဲဒါမျိုးတွေ လိုက်ပြီးတော့ လှည့်လှည်နေတော့လေ၊ ကျနော်တို့ကို ဒီ အရပ်သားနဲ့ တားတာလည်း တားပေါ့၊ တားပြီးတော့ အရပ်သားနဲ့ ပဋိပက္ခ ဖြစ်တဲ့အချိန်မှာ သူတို့ဒါ ပဋိပက္ခ နှိမ်နှင်းရေး ဆိုပြီးတော့ ၀င်မလုပ်မလားလို့တောင် မှန်းထားကြတယ်လေ။” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးက ပြောသည်။
Type the rest of your post here.
Posted by storyofmermaid at 12:37 PM 0 comments
Labels: Political
မြန်မာအလုပ်သမားများအား လုယက်သည့်ဂိုဏ်ကို ဖမ်းမိ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်းရှိ မြန်မာအလုပ်သမားများ၊ ဒေသခံများနှင့် နိုင်ငံခြားသားများအား ခိုးဆိုးလုယက်သည့် ဒုစရိုက်ဂိုဏ်းတခုကို ယနေ့နံနက်၌ မဲဆောက်ရဲက ဖော်ထုတ်ဖမ်းဆီး လိုက်သည်။
groupဖမ်းဆီးခံရသူများမှာ မြန်မာပြည်သား အသက် (၁၉) နှစ်အရွယ်ရှိ စောအကျော်၊ စောချားနှင့် ထိုင်းနိုင်ငံသား နိုင်အေကဖမ်း ကျန်ထကရောက်၊ နိုင်ထမ်ယာကော်တာ့ထင်တို့ဖြစ်သည်။
အဆိုပါဂိုဏ်းသားများသည် ယခုလအတွင်း ထိုင်းအမျိုးသမီးတဦးထံမှ လက်ကိုင်အိတ်နှင့် ပိုက်ဆံ အိတ်တို့ကို လုယူခဲ့ပြီး နိုင်ငံခြားသား အမျိုးသမီးတဦးထံမှ ကင်မရာနှင့် ပိုက်ဆံအိတ် တို့ကို လုယူခဲ့ရာ လုယက်ခံရသူများက အမှုဖွင့်တိုင်ကြားသည့်အတွက် ရဲကလိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မဲဆောက်မြို့ရှိ လူပြတ်သည့်လမ်းများပေါ်တွင် မြန်မာအမျိုးသမီးများထံမှ ဆွဲကြိုးနှင့် ပိုက်ဆံ
အိတ်များ လုပြေးလေ့ရှိကြောင်းနှင့် ဒေသခံထိုင်းလူမျိုးများနှင့် နိုင်ငံခြားသားများထံမှလည်း ပစ္စည်းများလုယက်ခဲ့ကြောင်း တရားခံများက ၀န်ခံထွက်ဆိုသည်။
၎င်းတို့ လုယက်ရရှိသည့်ပစ္စည်းများကို မဲဆောက်ရှိ ပဲခူးမြို့သူ မသဲသဲထံ၌ ထုခွဲရောင်းချခဲ့ကြောင်း၊ မသဲသဲကိုလည်း မဲဆောက်ရဲက ဖမ်းဆီးထားပြီးဖြစ်ကြောင်းသိရသည်။
လုယက်မှုကျူးလွန်သူများသည် ထောင်ဒဏ် (၅) နှစ်မှ (၁၀) နှစ်အထိကျခံရနိုင်ပြီး ပစ္စည်းလက်ခံ သူမှာ ထောင်ဒဏ် (၆) လထိ ကျခံရနိုင်သည်ဟု မဲဆောက်ရဲမင်းကြီး ရဲဗိုလ်မှူးကြီး နိုင်ဖတ်စ၀တ် တင်ကျွိက ပြောသည်။
၎င်းက “မြန်မာအလုပ်သမားတွေထဲက လုယက်ခံရသူတွေအနေနဲ့ ဒီလူ (၄) ယောက် ဟုတ်မဟုတ် လာကြည့်ပြီးတော့ အမှုဖွင့်နိုင်တယ်။ မှောင်ရီပျိုးစအချိန်တွေမှာ မြန်မာအလုပ်သမားတွေ လူပြတ်တဲ့ နေရာမသွားဖို့ လက်ဝတ်လက်စားတွေမ၀တ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါတွေဟာ ဒုစရိုက်သမား တွေကို ဖိတ်ခေါ်သလိုဖြစ်တယ်” ဟု ပြောသည်။
copy from http://www.khitpyaing.org/news/august_2007/23-8-07b.php
Type the rest of your post here.
Posted by storyofmermaid at 10:16 AM 0 comments
Labels: Political
ငြိမ်းချမ်းစွာ လမ်းလျှောက်သူများကို ဖမ်းဆီး
ရိုးမ ၃။ သြဂုတ် ၂၃၊ ၂၀၀၇
ယနေ့နံနက်က ရန်ကုန်မြို့တွင် လမ်းလျှောက်ဆန္ဒပြသူ အင်န်အယ်ဒီပါတီဝင်များကို ရဲများ၊ ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် စွမ်းအားရှင်ဆိုသူများက ဖမ်းဆီးခဲ့သည်။
တာမွေမြို့နယ်မှစတင်ကာ ပါတီရုံးချုပ်ရှိရာသို့ လမ်းလျှောက်ခဲ့သည့် အင်န်အယ်ဒီပါတီဝင် အချို့ကို အဆိုပါအဖွဲ့များက ရွှေဂုံတိုင်မီးပွိုင့်အလွန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
တာမွေမှ လမ်းလျှောက်လာသော အင်န်အယ်ဒီအဖွဲ့ဝင်များကို လမ်းဘေးဝဲယာမှ ပြည်သူများက အားပေးခဲ့ပြီး ခြောက်ထပ်ကြီးဘုရားတွင် လူအင်အား (၄၀)ကျော် ဖြစ်လာကာ ရွှေဂုံတိုင်မီးပွိုင့် အရောက်တွင် အဆိုပါလမ်းလျှောက်သူများ (၇၀) ကျော် ရှိလာခဲ့သည်။
“ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ အတင်းဝင်ဆွဲပါတယ်။ ပထမဦးဆုံး လူသုံးယောက်ကိုဆွဲပြီး ဒိုင်နာကားပေါ်တင်ပြီး အတင်းမောင်းထွက်သွားတယ်။ နောက်ထပ် ဒိုင်နာတစီး ထပ်ရောက်လာ တယ်။ ထပ်ဆွဲတယ်။ အမျိုးသမီးတွေဆိုရင် လက်တွေဆွဲတယ်။ တချို့အိမ်င်္ကျီတွေ စုတ်ပြဲသွား တာတွေလည်း ရှိတယ်။ အမျိုးသားတွေဆိုရင် ပုဆိုးကို အရင်ဆွဲတယ်။ ပုဆိုးပြန်ဝတ်တော့ အတင်းဝင်ဆွဲတာပဲ”ဟု လွတ်မြောက်လာသူ သင်္ကန်းကျွန်းမြို့နယ်မှ အင်န်အယ်ဒီပါတီဝင် လူငယ်တဦးက ဆိုသည်။
သင်္ကန်းကျွန်းမြို့နယ်မှ ဒေါ်အောင်ဆန်းစုကြည်ပုံပါသည့် အင်္ကျီဝတ်ထားသူ ကိုတင်မောင်ဦး ဆိုသူအား ကားပေါ်သို့ အတင်းဆွဲတင်သွားကာ အင်္ကျီကိုဆုတ်ဖြဲပစ်သည်ကို မြင်လိုက်ရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယနေ့ ဆန္ဒပြမှုအားပြည်သူများက လက်ခုတ်တီးအားပေးခြင်း၊ မုန့်၊ ရေသန့်ဘူးနှင့် လက်ကိုင် ပုဝါများကို ပေးဝေခဲ့ရာ အာဏာပိုင်များက အမျိုးသမီးများအား အတင်းဆွဲသည့်အချိန်တွင် ဘတ်(စ်)ကားပေါ်မှဆင်းလာသည့် ပြည်သူသုံးယောက်အား စွမ်းအားရှင်အဖွဲ့များက လက်သီးနှင့် ထိုးကြိတ်ကာ ကားပေါ်သို့ ဆွဲခေါ်ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
ဗဟန်းမြို့နယ် (မယက)ဥက္ကဋ္ဌ ဦးစီးကာ ရဲ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များ အင်အား (၂၀)ခန့်က စတင်တားမြစ်ခဲ့ပြီး ယမန်နေ့ညနေမှ ပြန်လည်လွတ်မြောက်လာသည့် ဒေါ်နော်အုံးလှနှင့် အမျိုးသမီး (၂)ဦးကို ရိုက်နှက်ကာ ကားပေါ်ဆွဲတင်သွားခဲ့သည်။
ယမန်နေ့က ဆန္ဒပြမှုတွင် ပြည်သူ (၂၀၀၀) ကျော် ပူးပေါင်းပါဝင်လာသောကြောင့် ယနေ့တွင် အာဏာပိုင်များက ပိုမိုကြောက်လန့်လာပြီး ယခုကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ပြုလုပ်လာခဲ့ သည်ဟု လွတ်မြောက်လာသူ အင်န်အယ်ဒီအဖွဲ့ဝင် အမျိုးသမီးက ဆိုသည်။
စစ်အစိုးရက တိုင်းပြည်ကို နိုင်နင်းအောင်ထိန်းနိုင်ပါသည်ဟုပြောနေပြီး လက်တွေ့တွင် အမျိုးသမီးတယောက်အနေဖြင့် ပြောရလျှင် အမိမဲ့သလိုခံစားရကြောင်း၊ မိမိတို့အား ကာကွယ် စောင့်ရှောက်ပေးမည့် ရှေ့ရေးနောင်ရေး ကောင်းကျိုးကို လိုလားကာ တာဝန်ယူပေးမည့် လူစားမျိုးမဟုတ်တော့ဘဲ အစိုးရလို့လည်း စိတ်ထဲမှာမမြင်တော့ဘူးဟု ဆိုသည်။
လူမိုက်ဂိုဏ်း၊ မာဖီးယားဂိုဏ်းခေါင်းဆောင်များလို သူတို့အလိုမကျလျှင် ထင်ရာလုပ်ဝံ့သလို လက်ထဲတွင်ရှိသော အာဏာ၊ အုပ်စုနှင့် လက်နက်ခဲယမ်းများဖြင့် အပြီးသတ်ဖြိုရန် ကြံစည်နေ သည်သာဖြစ်သည်ဟု ဆိုသည်။
သူမက “လုပ်ချင်သလို လုပ်ပစ်လိုက်လို့ရတယ်ဆိုပြီးတော့ ယောက်ျားကြီးတန်မဲ့ မိန်းတယောက် ပေါ့၊ မိန်းမတယောက်ကို မျက်နှာချင်းဆိုင် ပိုးစိုးပက်စက် လက်ရောခြေရော ပါးစပ်ကော အကြောက်အလန့်ကင်းကင်းနဲ့ကို စိတ်ရှိတိုင်း လူမြင်ကွင်းမှာ မိုက်ရိုင်းနေတာကို ကျနော် ခံစားရတာလေ ဟို လူ့ဘဝဟာ ဒီလောက်တောင်ပဲ ဗမာပြည်မှာနေရတာ အောက်ကျသလားလို့ ကျနော် အဲ့လိုတောင် တွေးမိတယ်”ဟု ဆိုသည်။
ယနေ့ ရန်ကုန်မြို့နယ်အတွင်း စံပြဈေး၊ ဒဂုံမြို့သစ်တောင်ပိုင်းတို့တွင်လည်း ဖြစ်ပွားခဲ့ပြီး မြို့နယ် (မယက)များ ဦးစီးကာ ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့် အရပ်ဝတ်ရဲများက အကြမ်းဖက် ဖမ်းဆီး ခဲ့ရာ ဒဂုံမြို့သစ်တောင်ပိုင်းတွင်လည်း အင်န်အယ်ဒီပါတီဝင် (၃)ဦး အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။
Type the rest of your post here.
Posted by storyofmermaid at 9:39 AM 0 comments
Labels: Political
Thursday, August 23, 2007
Posted by storyofmermaid at 2:36 PM 0 comments
Labels: Political
ရေနံချောင်းတွင်လည်း ဆန္ဒပြနေပြီ
မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၃ ရက်၊ ၂၀၀၇ ခုနှစ်
1:52 AM
ပုဂ္ဂလိက ၀န်ထမ်းများအပါအ၀င် မင်းဘူး ရေနံမြေ အလုပ်သမားများ အားလုံး မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အပြင်မထွက်ကြရန် ယမန်နေ့ကတည်းက ကာဖျူးအမိန့် ထုတ်ထားသည်။
1:41 AM
ရေနံချောင်း ဆန္ဒပြပွဲ
ရေနံချောင်းတွင် ယနေ့ နံနက် ၈ နာရီမှစတင်ပြီး နေ့လည် ၁၂ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ ကြံ့ဖွံ့၊ စွမ်းအားရှင်များ မရှိသော ရေနံချောင်းတွင် ရဲကလည်း နှောက်ယှက်ခြင်း မပြုဘဲ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သည်။
ရေနံချောင်း အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် အဖွဲ့ဝင် ကိုသန်းအောင်နှင့် ဆက်သွယ်မေးမြန်းချက်
မယက (မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) ရုံးရှေ့ ကျနော်တို့ တနာရီလောက်ပေါ့၊ ကျနော်တို့ ချီတက်ခဲ့ကြတယ်။ လူဦးရေအားဖြင့် စိတ်ပါဝင်စားတဲ့ လူတွေ ၄၀ ဆယ်လောက် ပါတယ်။ နောက်တခါ လမ်းတလျှောက်မှာလည်း မြို့သူမြို့သားတွေက နေပြီးမှ အားပေးကြတယ်။ ဈေးကြီးကို ကျနော်တို့ တပတ် ပတ်တယ်။ ဈေးကြီးကို ပတ်ပြီးတော့မှ မယက ရုံးရှေ့က ချီတက်ခဲ့ကြတယ်။ အဲဒီမှာ ရဲတွေ ဘာတွေက ထုံးစံအတိုင်း လမ်းဘေးတွေမှာ လမ်းထောင့်တွေမှာ ချထားတယ်။ နောက်တခါ ကျနော်တို့ နောက်ကနေ တောက်လျှောက် လိုက်လာလိုက်၊ အရှေ့ကနေ ကြိုပိတ်လိုက်၊ အဲဒီလို ပိတ်လိုက် ဆို့ပိတ်တွေကတော့ ရှိတယ်။
ရဲချတယ် ဆိုပေမဲ့ ကျနော်တို့ဆီမှာက ကြံ့ခိုင်ရေးတို့၊ စွမ်းအားရှင်တို့က သိပ်ပြီးတော့ ခေါင်းမထောင်နိုင်ဘူး။ မရှိလည်း မရှိသလောက်။ အဲဒီအခါကျတော့ ကျနော်တို့ သူတို့ လုံခြုံရေးကတော့ ရဲပဲ။ ယူနီဖောင်း အပြည့်အစုံနဲ့၊ သူတို့စောင့်နေတာပေါ့။ သာမန် အရပ်ဝတ်နဲ့ ဆိုတာက အဲဒီခါကျတော့ ကျနော်တို့ မြို့ခံ လူထု အနေနဲ့လည်း စွမ်းအားရှင်တို့ ကြံ့ခိုင်ရေးတို့ကို လက်မခံတဲ့ အခါကျတော့ ရဲက လိုက်အနှောက်အယှက် မပေးရဲတဲ့ အခါကျတော့ တိုက်ရိုက် အနှောက်အယှက် ပေးတာတော့ မရှိဘူး။ သူတို့ကတော့ သူတို့ လုံခြုံရေးအတွက် စောင့်နေတာပဲ ရှိတယ် ။
လူဦးရေကတော့ ၆၀ လောက်ပါတယ်။ နောက်ဘေးက ရပ်ပြီး အားပေးတာတွေ၊ ရေသန့်ဗူးတွေ ထုတ်တိုက်တာတွေ၊ ဘာတွေ ရှိတယ်။ ဘေးက လက်ခုတ်တီး အားပေးတာတို့၊ ရေသန့်ဗူးတွေနဲ့ ရေသောက်ပါတို့ အဲဒီလို အားပေးတာတွေ ရှိတယ် ။
ပထမ ကျနော်တို့ကလည်း ဒီလမ်းလျှောက်တာ ဘာကြောင့် လျှောက်တယ်။ လောင်စာဆီဈေးတွေ မြင့်တက်တဲ့ အတွက်၊ ကုန်ဈေးနှုန်းတွေ မြင့်တင်ပြီးတော့ ပြည်သူတွေ ဒုက္ခရောက်တယ်၊ လောင်စာဆီဈေး မြင့်တက်တဲ့ ကိစ္စကို ကန့်ကွက်တဲ့ အနေနဲ့ လမ်းလျှောက်တာ ဖြစ်တယ် ဆိုပြီးတော့ လမ်းတလျှောက်မှာ ပြောသွားတယ်။ ပြည်သူလူထုကို ရှင်းပြသွားတယ်။
1:11 AM
ယမန်နေ့က အဖမ်းခံရသူများအနက် အများစုမှာ များမကြာမီတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။
12:39 AM
ရွှေဂုံတိုင်အကျော်မှာ ၂၀ အဖမ်းခံရတယ်။
ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် အငတ်ဘေး ဆန္ဒပြပွဲကြီးကို ထောက်ခံ အားပေးသည့် အနေဖြင့် အိန္ဒိယ နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစု ဦးရေ ၂၅၀ ကျော်သည် ယခုအခါ နယူးဒေလီ မြို့လယ်ရှိ ဂျန်တားမန်တား အရပ်တွင် စတင် ဆန္ဒပြနေပြီ ဖြစ်သည်။ ကချင်၊ ချင်း၊ ဗမာ၊ ရခိုင် အစရှိသည့် တိုင်းရင်းသားများသည် ရိုးရာဝတ်စုံများကို ၀တ်ဆင် လာကြသလို၊ သက်ဆိုင်ရာ လူမျိုးများနှင့် အဖွဲ့အစည်းများ၏ အလံများကိုလည်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။
12:36 AM
(ရွှေဂုံတိုင်တွင် စွမ်းအားရှင်များ၏ ရိုက်နှက်ခြင်းကို ခံရသော ဆန္ဒပြ အဖွဲ့ထဲမှ မနီနီမွန်က မဇ္ဈိမ သို့ ပြောကြားချက်)
တာမွေ ကျောင်းရှေ့ မှတ်တိုင် ကနေ လျှောက်လာတယ် ဗန်ဒါပင် မှတ်တိုင် ရောက်တော့ သူတို့ အဖွဲ့ဝင်တွေ လူ ၄၀ ဆယ်လောက် လာပေါင်းတယ် ။ ရွှေဂုံတိုင် မီးပွိုင့် ဖြတ်တော့ ကားတွေတောင် ရပ်ပေးတယ် ။
ကျမတို့ ဆက်လျှောက်လာကြတော့ ရွှေဂုံတိုင် မှတ်တိုင် ကျော်လာတော့ ကျမတို့ကို စတင် တားဆီးတယ် ။ ရွှေဂုံတိုင် မီးပွိုင့် ရောက်တော့ တောင်ဒဂုံဘက်ကနေ အရိုက်ခံရပြီး အဖမ်းမခံရတဲ့ သူတွေက ကျမတို့ဆီ လာရောက် ပူးပေါင်းတယ်။ ကျမတို့ လက်တွေကို အသေချိတ်ထားတယ် ။ ကျမတို့ ဆက်မလျှောက်ရဘူး ကားပေါ်တက်လို့ တားဆီးနေတဲ့ လူတွေက လာပြောတယ် ။
ကျမတို့က ကားပေါ် မတက်နိုင်ဘူး၊ ကျမတို့ ရုံးကိုသွားတာ၊ ကျမတို့က ကားခ မတတ်နိုင်လို့ ကိုယ့်ခြေထောက်ကို အားကိုးတာ၊ လာဖမ်းတဲ့ လူတွေက နင်တို့က လမ်းလျှောက်တာ မဟုတ်ဘူး။ နင်တို့က စီတန်း လှည့်လည် ဆန္ဒပြနေတာ ။ အဲဒါနဲ့ မတက်ရင် အကုန်ဖမ်း ဆိုပြီးတော့ အတင်း ၀င်ဆွဲပါတယ်။ လက်သီးတွေရော၊ နပန်တွေရော စုံနေတာပဲ၊ ကျမတို့ ထူပူနေတာပဲ သူတို့ ရိုက်နှက်ထားတာ၊ ပြီးတော့ သူတို့က ယောက်ကျားလေးတွေကို စဆွဲပါတယ် ။
ကျမတို့က လက်တွေကို အသေ ချိတ်ထားပြီးတော့ အတင်းဆွဲပါတယ်။ အဲဒါနဲ့ တယောက်လက် တယောက် ချိတ်ပြီးတော့ ထိုင်နေကြတယ် ။ အဲဒီတော့ သူတို့က ထိုင်နေတဲ့ ယောက်ကျားလေးတွေကို ပုဆိုးက အစ ဆွဲပါတယ်။ အဲဒီတော့ ပုဆိုးတွေကျွတ်ပြီး လွတ်ထွက်လာတဲ့ လူတွေကို ခြေထောက်က တယောက် လက်နှစ်ဖက်ကို တယောက် မပြီးတော့ ကားပေါ် တင်ပါတယ် ။ အဲဒီ ယောက်ကျားလေးတွေကို ဖမ်းလို့ ကုန်သွားတော့ မိန်းကလေးတွေကိုလည်း အဲဒီလိုမျိုးပဲ စဖမ်းတော့ ကျမတို့အထဲက မယဉ်ယဉ်သိုက်ဆိုတဲ့ ကောင်းမလေးက ထမိန် ကျွတ်ပြီးတော့ ပါသွားပါတယ်။
11:48 AM
စင်္ကာပူရောက် မြန်မာနိုင်ငံသားများက မြန်မာစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ လမ်းလျှောက်ချီတက်ခြင်းကို ယနေ့ ညနေ ၅ နာရီတွင် ပြုလုပ်မည် ဖြစ်ပြီး မြန်မာသံရုံးရှေ့အရောက် အဆုံးသတ်မည်ဟု ဆိုသည်။ လုံခြုံရေးတင်းကြပ်မှုရှိပြီး မြန်မာစစ်အစိုးရ အတိုက်အခံ လှုပ်ရှားမှုကို စင်္ကာပူ အစိုးရက ကန့်သတ်လေ့ ရှိသည်။
11:40 AM
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းဆုံအနီး လူ ၅၀ ခန့်က ဆန္ဒပြရန် ယနေ့နံနက် ၁၀း၁၀ နာရီက ကြိုးစားစဉ် စွမ်းအားရှင်က တားမြစ်ရာမှ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေသည်။
နေရာ အတည်အကျ မထုတ်ပြန်ဘဲ မွန်းလွဲ ၁ နာရီတွင် ဆန္ဒပြရန် လှုံဆော်မှုများ ရှိနေသည်။
Type the rest of your post here.
Posted by storyofmermaid at 1:34 PM 0 comments
Labels: Political
Tuesday, August 21, 2007
ကချင် အထူးဒေသမှ တောင်းဆိုသောအခက်လက်များ
နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေံဥပဒေတွင်ထည့်သွင်းပြဌန်းစေလိုသောအချက်အလက်များနှင့် ပတ်သက်၍ ကချင်အထူးဒေသ - (၂) ၊ ကေအိုင်အို ဗဟိုကော်မတီမှ အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌနှင့် နိုင်ငံတော် အကြီးအကဲများထံသို့ ထပ်မံဖြည့်စွက်တင်ပြ တောင်းဆိုထားသော အချက်အလက်များ။
၁။ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံနှင့် စပ်လျဉ်းသည့်အခြေခံရမည့်မူများတွင်၊
(၁) နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟုပါရှိသည်။ ၄င်းမူကိုလက်တွေကျင့်သုံး ဖေါ်ဆောင်သွားရာ၌ ပြည်ထောင်စု စနစ်ပီပြင်ရန်နှင့် ပြည်ထောင်စုစစ်စစ်မူ ပိုမိုပေါ်လွင်လာရန် လိုအပ်မည် ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ နိုင်ငံတော်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော် ဟု ခေါ်တွင်ပြီး ပြည်ထောင်စုစနစ် ကျင့်သုံးသည်ဟုဆိုသော်ငြားလည်း လက်တွေ့၌ ဗဟိုချုပ်ကိုင်မှု တင်းကြပ်သော တစ်ပြည်ထောင်စနစ် (Unitary System ) ဖြစ်နေသည်ကို တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့်၊ ယခုရေးဆွဲမည့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ယင်းကဲ့သို့ မလိုလားအပ်သောအမှားမျိုး ထပ်မံမဖြစ်ပွားရလေအောင် ဂရုပြုဆောင်ရွက်ရန် အထူးအရေးကြီးမည်ဖြစ်ပါသည်။
(၂) နိုင်ငံတော်ကို တိုင်းဒေသကြီး (၇)ခုနှင့် ပြည်နယ်(၇)ခုတိုဖြင့် ဖွဲ့စည်းတည်ဆောက်သည်။ ၄င်းတိုင်း ဒေသကြီး(၇)ခုနှင့် ပြည်နယ် (၇)ခုတို့သည် အဆင့်အတန်းတူညီကြသည်ဟုပါရှိသည်။ ဤအချက်ကို ပြန်လည်စဉ်းစားပေးဖို့ရန် အထူးပန်ကြားလိုပါသည်။ အဘယ်ကြောင့်ဆိုသော ပြည်နယ်များသည် တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုထားသည်ဖြစ်သဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးစုများ၏ မူလရပိုင်ခွင့်များကို ထည့်သွင်းပြဌာန်ထားရန်လိုအပ်မည်ဖြစ်ပါသည်။
၂။ နိုင်ငံတော်အချုပ်အခြားအာဏာပိုင်းခြားခွဲဝေခြင်းနှင့် စပ်လျဉ်းသည့် အခြေခံရမည့်မူများတွင်၊ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားသတ်မှတ်ထားပြီး ၄င်းအာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းသည် ဟုပါရှိသည်။ ဤတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေကို လက်တွေ့ရေးဆွဲပြဌာန်းသည့်အခါ ၄င်းအာဏာသုံးရပ်ကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များသို့ ထိုက်သင့်စွာခွဲဝေအပ်နှင်းပေးထားစေလိုပါသည်။ ဥပဒေပြု အာဏာခွဲဝေရာ၌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ယခုထက်ပိုမို ခွဲဝေအပ်နှင်းပေးထားသင့်သည်ဟုမြင်ပါသည်။ အထူးသဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ပါတ်သက်သော ဥပဒေပြုအာဏာကို ပြည်နယ် လွှတ်တော်များသို့ လုံလောက်စွာခွဲဝေအပ်နှင်းပေးထားစေလိုပါသည်။
ဥပမာ
(၁) တိုင်းရင်းသားလူမျိုးစုများ၏ စာပေများကို ထိန်းသိမ်းမြှင့်တင်ရေး၊ ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၌ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကို သင်ကြားခွင့်ရှိရေး၊ ၄င်းတိုင်းရင်သားစာပေကို သက်ဆိုင်ရာပြည်နယ်၏ ဒုတိယ ရုံးသုံးစာ အဖြစ်သတ်မှတ်ရေး၊
(၂) တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ရေး၊
(၃) တိုင်းရင်းသား လူမျိုးစုများ၏ ဓလေ့ထုံးထမ်းအရ တရားစီရင်းရေး (Customary Law) ကို ဥပဒေပြု ၍ တရားဝင် ပြဌာန်းရေး၊
(၄) တိုင်းရင်းသားလူမျိုးစုများ၏ အရေးအရာများကို ဥပဒေပြဌာန်း၍ ကာကွယ်စောင့်ရှောက် ပေးရေးတို့ဖြစ်ပါသည်။
၃။ အုပ်ချုပ်ရေးဆိုင်ရာ အခန်းကဏ္ဍ၌၊
(၁) နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာနှင့် ပါတ်သက်၍ ပြည်နယ်အစိုးရအပေါ် ချုပ်ကိုင်ကန့်သတ်မှုများလွန်းလျှင် ဗဟိုချုပ်ကိုင်မှုတင်းကြပ် လွန်းရာရောက်သဖြင့် တစ်ပြည်ထောင်စနစ်ပုံစံ ဖြစ်သွားနိုင်သည်ဟုမြင်ပါသည်။
(၂) ပြည်နယ်အစိုးရအကြီးအကဲ (ပြည်နယ်ဝန်ကြီးချုပ်) သည် ၄င်းပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသား လူမျိုးစုထဲမှ ဖြစ်သင့်ပါသည်။ ဖဆပလပါလီမန် အစိုးရခေတ်၌၊ ပြည်နယ်ကောင်စီဥက္ကဌ (သို့) ပြည်နယ်ဝန်ကြီးသည် သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသား လူမျိုးစုအမတ်တစ်ဦးဦးကို ရွေးချယ်ခန့်ထားသည်ကို လည်းကောင်း၊ မ.ဆ.လ ဆိုရှယ်လစ်အစိုးရခေတ်၌လည်း ပြည်နယ်ကောင်စီဥက္ကဌကို သက်ဆိုင်ရာ ပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသား လူမျိုးစုထဲမှ ရွေးချယ်ခန့်ထား သည်ကိုလည်းကောင်းတွေ့မြင်ရပါသည်။ ယင်းကဲ့သို့ တိုင်းရင်းသားလူမျိုးစုများ၏ မူလရပိုင်ခွင့် အခွင့်အရေးများကို နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြု၍ ဥပဒေပြဌာန်း ပေးခြင်းသည် ပြည်ထောင်စုကြီး အဖြစ်ပေါ်ပေါက်လာသော သမိုင်းကြောင်းအရမှန်ကန်သင့်လျော်မှုရှိသည့်အတွက် ယခုရေးဆွဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌လည်း အလားတူဥပဒေမျိုးကို ပြဌာန်းပေးရန် လိုလားပါသည်။
(၃) ပြည်နယ်အစိုးရဖွဲ့စည်းရေးနှင့် ပါသက်၍
(က) ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ရာတွင် သက်ဆိုင်ရာပြည်နယ် လွှတ်တော်၌လျှို့ဝှက်မဲစနစ်ဖြင့် လွှတ်တော် အမတ်များစု၏ သဘောတူညီချက်ကိုရယူပြီးရွေးချယ်ရန်၊ ထိုသို့ေ၇ွးချယ်ခံထားရသူအား နိုင်ငံတော် သမ္မတက ပြည်နယ် ၀န်ကြိးချုပ်အဖြစ် ခန့်အပ်ပေးရန်၊
(ခ) ပြည်နယ်အစိုးရအဖွဲ့ကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်လွှတ်တော်နှင့် ညှိနှိုင်းတိုင်ပင်ပြီး ပြည်နယ်ဝန်းကြီးဌာန သတ်မှတ်ခြင်း၊ ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်ခြင်းနှင့် ပြည်နယ်ဝန်ကြီး ရွေးချယ်ခန့်ထားခြင်း လုပ်ငန်းများကို ဆောင်ရွက်ကာ ပြည်ထောင်စုအစိုးရ သမ္မတထံတင်ပြ၍ သမ္မတမှ အတည်ပြုခန့်အပ်ပေးရန်၊
(ဂ) ပြည်နယ်ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်များကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်၏ သဘောတူညီ ချက် ကိုရယူ၍ ခန့်အပ်ရန်၊
(ဃ) ပြည်နယ်တစ်ခုတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ဒေသဥက္ကဌများနှင့် ဦးစီးအဖွဲ့ဝင်များကို သက်ဆိုင် ရာပြည်နယ်ဝန်ကြီးချုပ်က ခန့်အပ်ပေးရန်၊
(င) ပြည်နယ်တစ်ခု၏ အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးဦးက နုတ်ထွက်ရန် လိုအပ်လာပါက ၄င်း၏ နုတ်ထွက်စာကို သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်ထံတင်သွင်းရန်၊ ပြည်နယ်ဝန်ကြီးချုပ်က နုတ်ထွက်စာကို လက်ခံယူပြီး ပြည်နယ်လွှတ်တော်၏ သဘော တူညီချက်ဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်ရန်၊ ပြည်နယ်တစ်ခု၏ ၀န်ကြီးချုပ်တစ်ဦးက နုတ်ထွက်လိုလျှင် ၄င်း၏ နုတ်ထွက်စာကို သမ္မတထံတိုက်ရိုက် တင်သွင်းရန်၊
(စ) ပြည်နယ်တစ်ခုခုအတွင်း တည်ငြိမ်မှုစိုးရိမ်ဖွယ်ရာ အဆင့်သို့ရောက်လာလျှင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်နှင့် ညှိနှိုင်းပြီး သမ္မတထံတင်ပြရမည်။ ထိုသို့တင်ပြလာလျှင် သမ္မတက သက်ဆိုင်ရာ ပြည်နယ် ၀န်ကြီးချုပ်နှင့် ညှိနှိုင်းသဘောသူပြီးမှသာ ၄င်းပြည်နယ်၌ အရေးပေါ် အခြေအနေကြေညာရန်၊
(ဆ) ပြည်နယ်အစိုးရ လက်အောက်တွင် ၀န်ထမ်းခန့်ထားရေးအဖွဲ့ဖွဲ့စည်းထားရှိ၍ အစိုးရ၀န်ထမ်းများကို ဒေသခံများအား ဦးစားပေး၍ ရွေးချယ်ခန့်ထားနိုင်ရန်၊
(ဇ) ပြည်နယ်အစိုးရ လက်အောက်တွင် ပြည်နယ်ရဲတပ်ဖွဲ့ဖွဲ့စည်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ တိုက်ရိုက်ကွပ်ကဲ ခွင့်ရှိရန်၊
(ဈ) အပစ်အခတ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့် ပြည်သူလူထု တရပ်လုံးမှ နောင်ထွက်ပေါ်လာမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထောက်ခံအတည်ပြုပြီးသွားလျှင် ၄င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို ပြည်ထောင်စုတပ်မတော်၏အောက်တွင် သက်ဆိုင်ရာ ပြည်နယ်၏ လုံခြုံရေးတပ်ဖွဲ့အဖြစ်ဖွဲ့စည်းပြီး ပြည်နယ် ၀န်ကြီးချုပ်မှ တိုက်ရိုက်ကွပ်ကဲရန်။
၎။ ပြည်ထောင်စုနယ်မြေသတ်မှတ်ခြင်းနှင့်၊ ပြည်နယ်တစ်ခုခု၏ နယ်နိမိတ်ကို ပြင်ဆင် ရေးဆွဲခြင်း သို့မဟုတ် ပြည်နယ်တစ်ခုခု၏ အမည်ကို ပြောင်းလဲလိုခြင်း နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသားလူမျိုးစုများ၏ အများစု သဘောတူညီချက်ကို ရရှိမှသာ ဆောင်ရွက်နိုင်ရန်။
၅။ ဘာသာ သာသနာနှင့် စပ်လျဉ်းသည့် အခြေခံမူ၌ ဘာသာ သာသနာများကို ခွဲခြားမှုမရှိဘဲ တူညီမျှတသော ဥပဒေပြဌာန်း၍ ဘာသာရေးလွတ်လမ်ခွင့်ပြုထားရန်လိုလားပါသည်။
၆။ အမျိုးသားလွှတ်တော်သည် တိုင်းရင်းသားလူမျိုးစုအရေးအရာများကို အဓိကထား ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်သသောကြောင့် ပြည်နယ်များမှ ကိုယ်စားလှယ်ရွေးချယ်စေလွှတ်ရာတွင် သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသား ကိုယ်စားလှယ်များ ကိုသာ ရွေးချယ်စေလွတ်သော ဥပဒေပြဌာန်းထားပေးရန်လိုလားပါသည်။
၇။ ပြည်ထောင်စုအစိုးရအဖွဲ့၌ နယ်စပ်ဒေသဆိုင်ရာဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းထားရှိရန် လိုအပ်မည်ဟုမထင်ပါ။ နယ်စပ် လုံခြုံရေးကိစ္စရပ်များကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က တိုက်ရိုက်ညှိနှိုင်းဆွေးပြီး သင့်တော်သလို စီမံဆောင်ရွက်သင့်ပါသည်။ နယ်စပ်ဒေသဆိုင်ရာ ၀န်ကြီးဌာနကို သီးသန့်ဖွဲ့စည်းထားခြင်းအားဖြင့် နယ်စပ်ရှိသော ပြည်နယ်များ၏ လုပ်ပိုင်ခွင့် အာဏာများကို ဗဟိုကကန့်သတ်ထိန်းချုပ်ပေးရာ ရောက်သွားနိုင်သဖြင့် နောင်တွင် မလိုလားအပ်သော ပြသနာများပေါ်ပေါက်နိုင်သည်ဟု မြင်ပါသည်။
၈။ နယ်စပ်ရှိသော ပြည်နယ်များ၏ လွှတ်တော်များ၌ နယ်စပ်ဒေသ ယာယီဝင်ထွက်သွားလာခွင့်နှင့် နယ်စပ်ကုန်သွယ်ရေး ကိစ္စရပ်များနှင့် ပါတ်သက်သော ဥပဒေများကို ပြဌာန်းခွင့်ရှိသင့်ပါသည်။ ထိုဥပဒေနှင့် အညီ အစိုးရအဖွဲ့က လက်တွေ့ ဆောင်ရွက် သွားမည်ဆိုလျှင် ပို၍မှန်ကန် တရားမျှတမှု ရှိမည်ဖြစ်ပါသည်။
၉။ စီးပွားရေးကဏ္ဍ၌ ပြည်နယ်များအတွင်းရှိ မြေပေါ်မြေအောက် သံယံဇာတများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများက ပြည်ထောင်စုအစိုးရနှင့် မျှမျှတတ အကျိုးခံစားနိုင်ရန် အတွက်ပြည်နယ်လွှတ်တော်များ၌လည်း သင့်လျှော်သလို ဥပဒေပြဌာန်းခွင့်ရှိသင့်ပါသည်။ ဥပမာ ကျောက်မျက်ရတာနာနှင့် ပါတ်သက်၍ ဖြတ်တောက်ခြင်းနှင့် အချောသွေးခြင်းကိုသာ ပြည်နယ်လွှတ်တော်များ၌ ဥပဒေပြုခွင့်အပ်နှင်းထားမည့်အစား ရှာဖွေ၊ တူးဖေါ်ခွင့်နှင့် ရောင်းချခွင့်တို့ကိုပါ ဖြည့်စွက်ပေးထား မည်ဆိုလျှင် ပိုမိုပြည့်စုံမည်ဖြစ်ပါသည်။ ၄င်းအပြင် ဟိုတယ်နှင့်တည်းခိုးခန်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများနှင့် ပါတ်သက်၍ ပြည်နယ်လွှတ်တော်များ၌ ဥပဒေပြုခွင့်အပ်နှင်းထားရန်လိုလားပါသည်။
၁၀။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင်၊ မြေယာစီမံခန့်ခွဲမှု၊ မြေလွတ်၊ မြေရိုင်းများဖေါ်ထုတ်ခြင်း၊ ကြေးတိုင်နှင့် မြေစာရင်း၊ စက်မှုလယ်ယာ၊ စိုက်ပျိုးရေးသုတေသန၊ ရေအရင်းအမြစ် စီမံခန်းခွဲရေး၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးထုတ်လုပ်ရေး၊ စားကျက်မြေသတ်မှတ်ရေး စသည်တို့ကို ပြည်နယ်ဥပဒေပြုစာရင်း၌ ဖြည့်စွက်ထည့်သွင်းပေးစေလိုပါသည်။
၁၁။ အခွန်အကောက်ဆိုရင် အခန်းကဏ္ဍ၌ ကျွန်းနှင့် သတ်မှတ်ထားသော သစ်မာများမှအပ ကျန်သစ်များအပါ် ပြည်နယ်အစိုးရများက အခွန်ကောက်ခံနိုင်သည်ဟု ပြည်နယ်လွှတ်တော်များအား ဥပဒေပြုခွင့် အပ်နှင်းထားသည်ကို ကျွန်းမှအပကျန်သစ်များအားလုံးအပေါ် ပြည်နယ်အစိုးရများက အခွန်ကောင်ခံနိုင်သည်ဟု ပြင်ဆင်ပြဌာန်းစေလိုပါသည်။
၁၂။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်များ၌ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွဲ့ဖြိုးတိုးတက်ရေး၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်(စ်)၊ အီးမေးလ်၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေး လုပ်ငန်းများနှင့် ရုပ်မြင်သံကြား၊ ဂြိုလ်တုဆက်သွယ်ရေး၊ အသံလွှင် အသံဖမ်းလုပ်ငန်းများနှင့် ပါတ်သက်၍ ဥပဒေပြဌာန်းခွင့် ဖြည့်စွက် အပ်နှင်းပေးထားရန်လိုလားပါသည်။
၁၃။ လူမှုရေးကဏ္ဍနှင့် ပါတ်သက်၍ ပြည်နယ်လွှတ်တော်များ၌ ကိုယ်ပိုင်ကျောင်းနှင့် သင်တန်းများ ကုသိုလ်ဖြစ်ဆေးရုံနှင့် ဆေးခန်းများ၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများ၊ ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်မစွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အခြေအနေမဲ့များအားစောင့်ရှောက်ရေး၊ ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်းရေး ကိစ္စရပ်များနှင့် မီးသတ်တပ်ဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များကို ဥပဒေပြဌာန်းခွင့် ဖြည့်စွက်ပေးထားစေလိုပါသည်။
၁၄။ စီမံခန့်ခွဲရေးကဏ္ဍတွင် အထွေထွေအုပ်ချုပ်ရေး၊ ရွာမြေ၊ မြို့မြေစီမံခန့်ခွဲရေး၊ အိမ်ငှါး၊ မြေငှါး၊ အသင်းအဖွဲ့များ၊ နယ်စပ်ဒေသ ဖွဲ့ဖြိုးရေးလုပ်ငန်းများနှင့် သန်းခေါင်စာရင်းဆိုင်ရာကိစ္စရပ်များကို ပြည်နယ်လွှတ်တော်များ၏ ဥပဒေပြုစာရင်း၌ ဖြည့်စွက် ပေးစေလိုပါသည်။
၁၅။ ကချင်ပြည်နယ်၏ နယ်နိမိတ်အား ကချင်ပြည်နယ်ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့စဉ်ကရေးဆွဲ သတ်မှတ်သည့် နယ်နမိတ် အတိုင်း ဆက်လက်၍ အတည်ပြု သွားရန်လိုအပ်ပါသည်။
၁၆။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတရပ်သည် ပြည်သူ့ဆန္ဒခံယူပြီး အများစုထောက်ခံမှုဖြင့် အတည်ပြုပြဌာန်းရသည်ဖြစ်သဖြင့် ၄င်းအားကာကွယ်ထိန်းသိမ်းရန် အဓိကတာဝန်သည်ပြည်သူလူထု တစ်ရပ်လုံး၏ တာဝန်ဖြစ်သည်ဟု ဥပဒေပြဌာန်းထားခြင်း သည် ပိုမို့သင့်လျော်မှန်ကန်မည်ဟု မြင်ပါသည်။
၁၇။ ပြည်ထောင်စုတစ်ခုလုံးအတွက် နိုင်ငံသား (Citizen) သတ်မှတ်သည့်နည်းတူ ပြည်နယ်များ၌လည်း ပြည်နယ်သား သတ်မှတ်သော ဥပဒေတစ်ရပ် ပြဌာန်းထားရှိရန် လိုမည်ဖြစ်ပါသည်။ အကြောင်းမှာ နောင်တွင်းတိုင်းပြည်၌ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲများနှင့် ဆန္ဒခံယူပွဲများကို ကျင်းပသွားသည့်အခါ ပြည်ထောင်စုနှင့်အလားတူ ပြုလုပ်သွားရာ၌ အရှုပ်အရှင်း အခက်အခဲ ပြသနာပေါ်ပေါက် လာနိုင်သောကြောင့် ဖြစ်ပါသည်။
၁၈။ ပြည်နယ်အုပ်ချုပ်ပုံအခြေခံဥပဒေကို နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့် မဆန့်ကျင်ဘဲ သင့်လျော်သလို ရေးဆွဲထားရှိခွင့် ပြုရန်လိုလားသည်။ အဘယ့်ကြောင့်ဆိုသော် ဒေသတစ်ခုနှင့်တစ်ခု အခြေအနေခြင်းကွာခြားမှုရှိနိုင်သဖြင့် ဒေသအခြေအနေနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်နယ်တိုင်း၌ ရေးဆွဲထားရှိနိုင်လျှင် ပြည်ထောင်စုကြီး ပိုမိုကျစ်လစ်ခိုင်မာပြီး တနေ့တခြားပိုမို တိုးတက်ဖွဲ့ဖြိုးလာမည်ဟုမြင်သည်။
၁၉။ ပြည်ထောင်စုကြီး၏ ကာကွယ်ရေးတာဝန်ကို ယူထားသော တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော တစ်ခုတည်းသောတပ်ကို ပြည်ထောင်စုတပ်မတော်ဟု ခေါ်တွင်ပါက ပိုမိုမှတ်ကန်သင့်လျော်မည်ဟုမြင်ပါသည်။
ဗဟိုကော်မတီ
ကချင်အထူးဒေသ-၂၊ ကေအိုင်အို
Type the rest of your post here.
Posted by storyofmermaid at 2:11 PM 4 comments
Labels: Political
Monday, August 20, 2007
ကမ္ဘာ့အံ့ဖွယ် တဖြစ်လဲ မဂိုဧကရာဇ်၏ လွမ်းသူ့ဗိမာန်ကမ္ဘာ့အံ့ဖွယ် ခုနစ်သွယ်ကို အသစ် ပြန်လည် သတ်မှတ်ရာတွင် အိန္ဒိယမှ ရှားရဟန်းဘုရင်၏ တာ့ဂ်ျမဟာ၊ တရုတ်ပြည်မှ မဟာတံတိုင်းကြီး၊ ဂျော်ဒန်နိုင်ငံမှ ပီထရာ မြို့ဟောင်း၊ ဂလက်ဒီယေတာခေါ် လက်နက်ကိုင် ယှဉ်ပြိုင်သတ်ဖြတ်သူတို့၏ သတ်ပွဲများကို ရှေးရောမဧကရာဇ်တို့ ပရိသတ်နှင့်တကွ ရှုစားခဲ့သည့် ရောမမြို့တော်ရှိ ကော်လော့စီယမ်ကွင်း၊ ဘရာဇီးနိုင်ငံ ရီရိုဒီဂျနေရို မြို့တော်မှ ၃၈ မီတာ မြင့်သော ကယ်တင်ရှင်ခရစ်တော် ရုပ်တု၊ ပီရူးနိုင်ငံရှိ အင်ကာ ဧကရာဇ် Pachacútec တည်ဆောက်ခဲ့သော တောင်တန်းအို ဟု အဓိပ္ပာယ်ရသည့် မာချူးပစ်ချူး တောင်ပေါ်မြို့ဟောင်း၊ မက္ကဆီကို နိုင်ငံရှိ ရှေးဟောင်း မာယာမြို့တော် Chichén Itzá တို့ ရွေးချယ်ခံ လိုက်ရသည်။
ဘရာဇီးရှိ ကယ်တင်ရှင်ခရစ်တော် ရုပ်တု
နောက်ဆုံးအဆင့် ဆန်ကာတင် ရွေးချယ်ခံရသော ကမ္ဘာ့အံ့ဖွယ်များထဲတွင် ကမ္ဘောဒီးယားမှ အန်ကောဝပ် ဘုရားကျောင်း၊ အီဂျစ်ရှိ ဂီဇာ ပိရမစ်ကြီး (ယခင် ခေတ်ဟောင်း ကမ္ဘာ့အံ့ဖွယ် ခုနစ်သွယ် စာရင်းဝင်ပြီး)၊ အမေရိကန် ပြည်ထောင်စုရှိ လစ်ဘာတီ ရုပ်တု၊ ရုရှား ဇာဘုရင် အိုင်ဗန် (၁) လက်ထက်က တည်ဆောက်ခဲ့သော ဇာဘုရင်များနှင့် ဆိုဗီယက် ကွန်မြူနစ် ခေါင်းဆောင်အဆက်ဆက် နေထိုင် ခဲ့ရာ မော်စကိုရှိ ကရင်မလင် နန်းတော်၊ ခရစ်တော်မပေါ်မီ နှစ် ၁၆၀၀ နှင့် ၃၀၀၀ အကြားက တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရသော တန် ၅၀ ခန့်ရှိ ကျောက်တုံးကြီးများဖြင့် ပြုလုပ်ခဲ့သည့် အင်္ဂလန်ရှိ လဟာပြင် ကျောက်ဗိမာန်တို့ ပါဝင်သည်။
အသစ် ပြန်လည်သတ်မှတ်ခဲ့သော ကမ္ဘာ့အံ့ဖွယ် ခုနစ်သွယ်ကို ကမ္ဘာတလွှားရှိ မဲပေးသူများက အင်တာနက်၊ တယ်လီဖုန်းနှင့် မိုဘိုင်းဖုန်း မက်ဆေ့ခ်ျစနစ်များဖြင့် မဲပေး ရွေးချယ်ခဲ့ကြသည်။ ကမ္ဘာ့အံ့ဖွယ်အဖြစ် အဆိုပြု မဲမပေးရန် တားမြစ်ထားသော နမူနာများမှာ နဂါးငွေ့တန်း မဟာစကြ၀ဠာ၊ မြောက်နှင့် တောင် ၀င်ရိုးစွန်းများ၊ မုတ်သုန်မိုး၊ ငှက်များ ပြောင်းရွှေ့ကျက်စားမှု စသည်တို့ ဖြစ်သည်။
ရွေးချယ်ခံရသော ကမ္ဘာ့အံ့ဖွယ်သစ်များကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်း မြို့တွင် ဇူလိုင် ၇ ရက်က ကြေညာခဲ့သည်။
ဂျော်ဒန်နိုင်ငံမှ ပီထရာမြို့တော်ဟောင်း တစိတ်တဒေသ
ရှီဝမ်တီဘုရင်၏ မဟာတံတိုင်းကြီး
မဂိုဧကရာဇ် ရှားရဟန်းက မုမ တာ့ဂ်ျမဟာ မိဖုရားအတွက် ချစ်သက်သေ တည်ဆောက်ခဲ့သော တာ့ဂ်ျမဟာ ဂူဗိမာန်နှင့် တရုတ် ဧကရာဇ် ရှီဝမ်တီ၏ မဟာတံတိုင်းကြီးသည် ဂျော်ဒန်မှ ရှေးဟောင်းမြို့တော်နှင့်အတူ အာရှတိုက်မှ ရွေးချယ်ခံရသော ကမ္ဘာအံ့ဖွယ်များ ဖြစ်သည်။
၁၅ ရာစုက တည်ဆောက်ခဲ့သော အင်ကာဧကရာဇ်၏ တောင်ပေါ်မြို့ဟောင်းသည် ကျောက်ရောဂါကပ်ဆိုးကြောင့် အင်ကာတို့ မြို့တော်ကို စွန့်ခွာသွားကြပြီးနောက် ပျက်စီးတိမ်မြုပ်သွားခဲ့သည်။ အင်ကာ အင်ပါယာကို စပိန်နယ်ချဲ့တို့ အနိုင်ယူပြီးနောက်လည်း အမေဇုန် တောနက်ကြီး၏ တောင်ပေါ် တိမ်တိုက်များကြားမှ မြို့တော်ဟောင်းသည် နှစ် ၃၀၀ ခန့် ဆက်လက် ပျောက်ကွယ်နေခဲ့ပြီး ၁၉၁၁ ခုနှစ်တွင် ပြန်လည် တွေ့ရှိခဲ့သည်။
ရာစုနှစ် သုံးခုကြာ ပျောက်ကွယ်နေခဲ့သည့် အင်ကာဧကရာဇ်၏ တောင်ပေါ်မြို့ဟောင်း
မာယာလူမျိုးတို့၏ အကြီးကျယ်ဆုံး ဘုရားကျောင်းမြို့တော် ဖြစ်သည့် Chichén Itzá သည် ဧရာမ ပိရမစ်ကြီး၊ ခန်းနားသော ဘုရားကျောင်း၊ တိုင်တထောင်ကျော်နှင့် ဆောက်လုပ်ထားသည့် ခန်းမကြီး၊ အကျဉ်းသားများ၏ အားကစားကွင်းများ တည်ရှိသည်။ အေဒီ ကိုးရာစုက တည်ဆောက်ခဲ့သည့် ဤမြို့တော်သည် မာယာယဉ်ကျေးမှု တန်ခိုးထွားစဉ်က စီးပွားရေးနှင့် နိုင်ငံရေး ဗဟိုချက်မ ဖြစ်သည်။
new7wonders.com
တခါက ရောမဘုရင့်အလိုကျ ခြင်္သေ့နှင့်လူသား သတ်ပုတ်ခဲ့ရသည့် အားကစားကွင်းကြီး
မက္ကဆီကိုမှ ရှေးမာယာလူမျိုးတို့၏ ယဉ်ကျေးမှု နှလုံးသည်းပွတ် မြို့တော်ဟောင်း
Copy from http://www.hittaing.org/knowledge/
Posted by storyofmermaid at 12:59 PM 0 comments
Labels: News
မြက်ပင်လေး
ပန်းမြိုင်အလယ်မှာ သူရှင်သန်
မြေမှာသာ ကပ်ပြီးမှပေါက်
အပင်ကြီးရဲ့ အရိပ်မှာ
သူခိုလှုံကာ ရှင်သန်
ပင်မြှင့်ပေါ်က ပန်းကိုမှ
သူနမ်းရှိုက်ခြင်သတဲ့လေ။
လေးအဝှေ့မှာ မြေပေါ်ဆင်သက်လာတဲ့
ခရေပန်းတွေကိုမှ ရင်ခုန်စွာနဲ့
နမ်းရှုက်ခွင့်ရတဲ့ သူ့ဘ၀အတွက်
ကျေနပ်နေပါသတဲ့။
မြေပေါ်ခလာတဲ့ ပန်းခရေတွေကို
ဆံဖျားထိပ်မှာ ပန်ဆင်ချင်သူတွေအတွက်
သူက ပန်တော်ဆက်ပေးအုံးမယ်တဲ့။
ပန်းခရေအောက် ရောက်ရှိလာပြီ
ပန်းခရေကို နင်ခြေဖျက်ဆီမဲ့သူလာရင်
သူ့ ခန္ဒာအောက်မှာ ၀ှက်ထားပေးအုံးမယ်တဲ့။
အပင်ပေါ်မှာ ပန်းခရေလေးစံစားနေစဉ်
အပင်အောက်မှာ သူကြေနပ်နေတယ်။
သူဘ၀မှာ နင်းခြေခံရတာ
ကျင့်သာရပေမဲ့ ပန်းခရေလေး
နင်ခြေခံရရင်လေ သူ့အသည်းတွေ
ကွဲကြေနေသတဲ့။
20.8.2007
စမိုင်းမေ
Type the rest of your post here.
Posted by storyofmermaid at 10:17 AM 1 comments
Labels: Poem
Thursday, August 16, 2007
ဘစ်ကားပေါ်ဝယ်
သြဂုတ်လ (15) ရက်
အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးနေ့
မြန်မာနိုင်ငံရန်ကုန်မြို့ရဲ့ မနက်ခင်းမှာ
ခရီးသွားလူအုပ်ကများ
ဘစ်ကားက မလာ
လာပြန်တော်လည်း တက်လို့မရ
ခရီးသွားက အပြည့်ပါ
ဦးဆုံးတက်တဲ့သူ အတွက်နေရာ
ခြေတစ်စုံရပ်ဖို့ နေရာပါ
ခြေနှစ်ချောင်းရပ်လို့ရရင်
အလွန်ကံကောင်း
ခြေတစ်ချောင်းနဲ့ စီးခဲ့ရတဲ့
ခရီးသည်းများလည်း ပါလို့ပေါ့။
သင်တန်းရောက်ရင် လူတိုင်းပါစပ်ဖျား
ကားကြပ်လိုက်တာ လွန်းပါရော
ခြေတစ်ချောင်းနဲ့စီးခဲ့ရတာ
သင်တန်းရောက်မှ
ကိုယ်တစ်ယောက်မဟုတ် နေရာအနှံမှ
သူများလည်းကြုံရတဲ့ပြသနာ။
ရုံးရောက်ပြန်သော်လည်း
အရင်ရောက်သူက အပေါက်ဝကဆီးကြိုး
နင် ဘစ်ကားစီးတာအဆင်ပြေရဲ့လား
ပြောချင်သူကို စကားပျိုသလို
တစ်ယောက်တမျိုး
မထပ်ရအောင် ပြောပြကြတယ်။
လောင်စာဆီတွေ အစမတန်ဈေးတက်
သယ်ယူစရိတ်တွေကလိုက်တက်
သူနဲ့ပါတ်သက်ရာ ကုန်ဈေးနှုန်းလည်းတက်။
ဘစ်ကားခ ၅၀ ကျပ်မှ ၁၀၀ ကျပ်ထိတက်
ဘစ်ကားနှစ်ဆင့်ပြောင်းစီးရရင်တော့
မတွေးဝင်စရာပါ။
အိမ်ပြန်ရောက်လည်း
ဒီဘစ်ကားအကြောင်း
ပြောနေရင်က အိတ်ထဲရှိသမျှ
သွန်ချကာထုတ် တွေ့သမျှ
ပိုက်ဆံရေကာတွက်ရင်
တစ်လအတွက် ဘစ်ကားခ
ဈေးတက်လာမဲ့ ဆန်း၊ဆီနဲ့အခြား
တက်လာမဲ့ ဈေးနှုန်းတွေကို
မှန်းစကာပေါင် လက်ကျန်ပိုက်ဆံမှနှုတ်
မိုင်းနတ်ဆိုင်းတွေပြ
ကားခတွေတက် ကုန်ဈေးနှုန်းတွေတက်
မီးတွေပျက် လမင်းကိုဖော်ပြုပြီး
အမှောင်ညကို ကျော်လွန်း
ဘ၀ဘ၀ မလွယ်လိုက်တာ။
အာရုံကျင်းလို့ မိုးသောက်ခဲ့ပြန်ပေါ့
မျက်လုံးနှစ်လုံး ဖွင့်လိုက်ချိန်
ဒီနေ့ရော ဘစ်ကားကြပ်နေအုံးမလား
ကားခပဲ ဆက်တက်အုံးမလား
ဆန်းနဲ့ ဆီဈေး ဘယ်လောက်ရှိပြီသွားပြီလဲ
အတွေးထဲကို အရင်ရောက်ရှိခဲ့တယ်။
ဒါတွေအသာထား
ဒီနေ့ ရုံနောက်မကျဖို့ စောစောထွက်ရမယ်
ဘစ်ကားဂိတ်ကိုရောက်
မနေ့လောက်ကားမရှာပေမယ့်
ကားကတော့ကြပ်နေသေး
နောက်ကြောင်းကိုချောင်းကြည့်
မျော်လင့်ချက်သေးသေးနဲ့
နောက်ကားများချောင်းမလား
နောက်ကားလည်းဒီလိုပဲ
စိတ်ကိုဖြေသိပ် ကားပေါ်ကိုတက်
မိန်းမချင်း အကြောင်းမဟုတ်
ယောက်ျားတွေကြား ရောက်မိပါက
ပန်းတို့ရဲ့ ဘုရင်မနှင်းဆီးပန်းလို့
ရှိသမျှဆူးတွေအကုန်ထုတ်ပြီး
တွန်းကန်ထားလိုက်ချင်တာပေါ့။
ငါးပိသိပ်ငါးချဉ်သိပ်
လောင်စာဈေးနှုန်းကြောင့်
ကိုရွှေစပါယ်ယာတို့
လူတွေကို ပါကင်လိုထင်
ဟိုလိုစီ ဒီလိုစီတဲ့ဒဏ်ကို
ခရီးသွားပြည်သူလူးလိမ့်ခံရင်
ဒါရိုက်ဘာ ကိုလူရှုပ်
ဘရိတ်ကိုဖမ်းဆွဲလိုက်တော့
ခရီးသည်တွေ ရင်နဲ့မဆန့်
မေတ္တာပို့သံ နားနဲ့မဆံအောင်ပါပဲ/
ဟူး . . . .
ငါဆင်းမဲ့မှတ်တိုင်ရောက်ပြီ
ဒီမနက်အတွက်တော့ ခဏတာ
အေးချမ်းပြီပေါ့။
16.8.2007
စမိုင်းမေ
Posted by storyofmermaid at 11:00 AM 1 comments
Labels: Poem
Monday, August 13, 2007
အရက်ဟောဗေဒင်
မန်းလင်းမြတ်ကျော် ရေးသားသော ကရင်ရိုရာ သုတပဒေသာစုအုပ်မှ
အရက်ဟောဗေဒင်ကို စီးပွားရေးနဲ့ ပါတ်သက်သည့်ဟောကိန်းများမှာ အသုံးပြုပါတယ်။ ဗေဒင်းတွက်ချင်တဲ့သူက အရက်တပုလင်းကို သွားဝယ်ယူရပါမယ်။ ဗေဒင်ဆရာက အရက်ကို ပုဂံလုံးငယ်တစ်ခုထဲကို အပြည့်လောင်းထည့်လိုက်ပြီး ပုဂံလုံးရဲ့မျက်နှာပြင် ညီညီညာညာ ရှိစေရပါ့မယ်။
ခွက်ထဲမှရှိတဲ့ အရက်ရဲ့ မျက်နှာပြင်ပေါ်မျာ အဆီလုံးလေးများအနည်းငယ်ရှိနေပါက စီးပွားရေး အသင့်အသင့်ကောင်းမည်။ အဆီလုံးများ မျက်နှာပြင် တစ်ခုလုံရှိနေပါက စီးပွားရေးမကောင်းဖြစ်မည်။
အရက်ကို သောက်သုံးပြီး ကျန်ရှိနေတဲ့အရက် တစ်ခွက်စာကို ပုဂံလုံးထဲ အားလုံး လောင်းချလိုက်ရပါမယ်။ ပန်းကန်လုံးထဲမှာ အမှိုက်များစွာရှိလည် စီးပွားရေးအောင်မည်။ ငွေကြေးများစွာရမည်။ အမှိုက်ကလေး အနည်းငယ်သာရှိလျှင် စီးပွားရေး အတော်အသင့်သာဖြစ်မည်။ အမှိုက်လုံးဝမရှိလျှင် စီးပွားရေးလုံးဝမဖြစ်နိုင်ဆိုပြီး ဟောကိန်းထုတ်နိုင်ပါတယ်။javascript:void(0)
Publish Post
Posted by storyofmermaid at 5:28 PM 0 comments
Labels: Clulture
မနက်ဖြန်
မနက်ဖြန်အတွက်
ငါ ဒီနေ့ပင်ပန်းခဲ့တယ်
မနေ့ကလုပ်ခဲ့တဲ့အတွက်
မနက်ဖြန်ဆိုတဲ့ ဒီနေ့မှာ
ငါ ပျော်၇ွှင်ခဲ့တယ်။
သူက ကိုယ့်ကို
ပိုင်ဆိုင်ပေးမယ့် . .
ကိုယ်က သူ့ကို
မပိုင်ဆိုင်နိုင်ခဲ့ပါဘူး။
မနက်ဖြန်
ငါ့အတွက် ရှိနေတယ်ဆိုတာ
မသေချာပါဘူး။
မနက်ဖြန်ဆိုတဲ့
မျှော်လင့်ချက်နဲ့
ငါ အသက်ဆက်ရှင်သန်ခဲ့ပါတယ်။
13.8.07
စမိုင်းမေ
Type the rest of your post here.
Posted by storyofmermaid at 5:27 PM 0 comments
Labels: Poem
သမိုင်းဆိုတာ
သမိုင်းဆိုတာ နိုင်ငံရေးမဟုတ်
အတိတ်က ပုံရိပ်သက်သက်
ငါဘယ်သူလဲ ဆိုတာသိဖို့
ကိုယ့်သမိုင်းတော့ ကိုယ်သိရမယ်။
သမိုင်းမှာ နှစ်မျှောနေဖို့
အတွက်သာ သမိုင်းကို သိဖို့မဟုတ်
အရင်ကလူတွေ ဘယ်လိုဆောင်ရွက်ခဲ့တာ
သိဖို့အတွက်တော့ လိုအပ်ပါတယ်။
လူငယ်တွေ သမိုင်းကိုသိဖို့
သမိုင်းကို ပြောပြနေရသလို
အနာဂတ်ကို သိဖို့အတွက်လည်း
ဗဟုသုတတွေကို လည်းပြောပြနေရမယ်။
12.8.2007
စမိုင်းမေ
Type the rest of your post here.
Posted by storyofmermaid at 11:17 AM 0 comments
Labels: Poem
Saturday, August 11, 2007
လူကြောက်
ဟိုတစ်နေ့က အဖြစ်အပျက်လေးပါ
ဖတ်ချင်တော့ ဖတ်နိုင်ပါတယ်။ မဖတ်ချင်ရင်တော့ မဖတ်နဲ့ပေါ့။
ဖတ်ဖို့ အတင်းမတိုက်သွန်းပါဘူး။
မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်ပုံမြင်ရရင် တော်တော်ကို ကြောက်နေကြပါလား မြန်မာနိုင်ငံကလူငယ်တွေ။ဟိုးတစ်နေ့က ဘလော့အသစ် သူများကိုလုပ်ပေးတော့ ဘလော့ပေါ်မျာ ဗိုလ်ချုပ်အောင်ဆန်းပုံကို တင်ထားပေးတာ လူတစ်ယောက်က အဲ့ဒီဘလော့လဲကြည့်ပြီးရော မိုင်းမေကိုပြန်လှည့်ကြည့်ပြီး တော့ ဟော . .. ဗိုလ်ချုပ်အောင်ဆန်းပုံကြီးတဲ့ ။ ဘလော့ပေါ်မှာ ဗိုလ်ချုပ်ပုံတင်တာကိုတောင် တော်တော်ကြောက်နေကြတဲ့ မြန်မာ့နိုင်ငံက လူငယ်လေးတွေပေါ့။
Posted by storyofmermaid at 10:13 AM 0 comments
Labels: General
Friday, August 10, 2007
Cape Town တက္ကသိုလ်မှ ဒေါ်အောင်ဆန်းစုကြည့်ကို ပါရဂူဘွဲ့ ချီးမြှင့်
Posted by storyofmermaid at 10:56 AM 0 comments
Labels: Political
Thursday, August 9, 2007
မီးသွေးဗေဒင်
မန်းလင်းမြတ်ကျော် ရေးသားပြုစုတဲ့ ကရင်းရိုးရာ သုတပဒေသာ စာအုပ်ကနေပြန်လည်း ဖော်ပြထားတာပါ။
နောင်လည်း နည်းနည်းစီ ဆက်ပြီး ပြောပြပါအုံးမယ်
မီးသွေးဗေဒင်
ဟိုးရှေးရှေးတုန်းက ဘုရားပေးခဲ့တဲ့ အတတ်ပညာဆိုင်ရာ စာအုပ်ကို သစ်ငုတ်တိုပေါ်မှာ တင်ပစ်ခဲ့ပြီး တောင်ယာလုပ်ငန်းကို သာ ကြိုးစားလုပ်ကိုင်ယင်း စာအုပ်ကို မေ့နေခဲ့ကြတယ်။ တောင်ယာလုပ်ချိန်ကုန်ဆုံးပြီး သော်လည်း အခြားအလုပ်တွေများနေတဲ့အတွက် စာအုပ်ကို မေ့နေကြတယ်လေ။
တောင်ယာမီးရှို့ချိန်မှာ သစ်ငုတ်တိုနဲ့ စာအုပ်ပါ မီးလောင်ကျွမ်းသွာိးလို့ စာအုပ်ကို သတိရချိန်မှာ ပြန်ရှာကြည့်တော့ သစ်ငုတ်က မီးလောင်းသွားတော့ မီးသွေးတုန်းကလေးတွေပဲ တွေ့ရတော့တယ်။ အတတ်ပညာဆိုင်ရာ စာအုပ်မီးလောင်သွားသဖြင့် မီးသွေးကို အဓိကထားပြီး မီးသွေးဗေဒင်ဟောခြင်းကို စတင်ခဲ့ပါတယ်။
မီးသွေးဗေဒင်ကို မှန်သင့်သလောက်မှန်တယ်ဆိုပြီးယုံကြည်ကြပါတယ်။ ဒါကြောင့် ယခုထိအောင် မီးသွေးဗေဒင်ကို အသုံးပြုခဲ့ကြပါတယ်။ ပစ္စည်းပျောက်၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ သွားလာရေးတို့မှာ အောင်မြင်/မအောင်မြင်နဲ့ ကောင်းမကောင်းတို့ကို မီးသွေးဗေဒင်ကို အသုံးပြုပြီး တွက်ချက်ခဲ့ကြပါတယ်။
ဗေဒင်တွက်လိုသူကလည်း ဗေဒင်ဆရာထံသွားပြီ ကွမ်းတယာ (သို့) ဆေးတငုံစာ ကိုပေးပြီး ဘာအတွက်လာကြည့်တယ်ဆိုတာကိုပြောပြရပါတယ်။ အဲ့ဒီအခါ ဗေဒင်ဆရာက မီးဖိုမှာရှိတဲ့ မီးသွေးသန့်သန့် သုံးတုံးကို သွားယူစေတယ်။ ထိုမီးသွေးသည် ထမင်းအို၊ ဟင်းအိုးချတဲ့ဘက်ကနေမယူရပါဘူး။ ဗေဒင်ဆရာ က မီးသွေးသုံးတုံးကို ရပြီးတဲ့အခါမှာ ၀ါးတပိုင်းယူပြီ ၇ွတ်ဖတ်ရပါတယ်။ အဲ့ဒီနောက်မှာ ၀ါးပေါ်တွင် မီးသွေးဖြင့် အစဉ်လိုက် ကန့်လန့်ခြစ်သွားရတယ်။
မီးသွေးနဲ့ခြစ်သော အမှတ်အသား တုတ်ချောင်းကလေးများ ၀ါးအဆုံးသို့ရောက်တဲ့အခါမှာ ခြစ်ထားတဲ့အမှတ်အသားများကို နှစ်ချောင်းတစ်ခါ ဖျက်ပစ်ရပါတယ်။ ဒီလို အလားတူ သုံးကြိမ်တိတိ လုပ်ရပါတယ်။ ထိုသို့ဖျက်ပစ်ရာ၌ ကျန်အစွန်းဆုံး မီးသွေးခြစ်ရာသည် စုံ၊ မ၊ မရှိ ဆိုပြီ အသီးသီးတွေ့ရမှာဖြစ်ပါတယ်။
သုံးကြိမ်အနက် မီးသွေးခြစ်ရာ တချောင်း “မ” သုံးကြိမ် တိတိဝါးအစွန်းဆုံးနေရာတွင် ကျန်လျှင် အကောင်းဆုံးဆိုပြီး ဟောကိန်းထုတ်ပါတယ်။
“မ” နှစ်ကြိမ် “စုံ” တကြိမ်ကျန်လျှင် သင့်ရုံကောင်း၊ “မ” တကြိမ် “စုံ” နှစ်ကြိမ်ကျန်လျှင် မကောင်း၊ “စုံ” သုံကြိမ်တိတ် ကျန်လျှင် အဆိုးဆုံးဆိုပြီး ဟောကိန်းထုတ်ပါတယ်။
မဂဏန်း စုံဂဏန်း
3 - အကောင်းဆုံး
၂ ၁ သင့်ရုံကောင်း
- ၃ အဆိုးဆုံး၊ အညံ့ဆုံး
Posted by storyofmermaid at 1:46 PM 0 comments
Labels: Clulture
Friday, August 3, 2007
ခွင့်ပြုပေးပါ
ချစ်ဗိမ္မာန်လေရှိရာကို
တောင်ပံတွေဖြန့်သန်းပြီး
ပျံသန်းဖို့ ကြိုးစားနေတဲ့
ငါ့တောင်ပံတွေကိုချုပ်ကိုင်ပြီး
ထိန်းချုပ်ဖို့မကြိုးစားပါနဲ့။
ငါ အရောက်လာချင်တာပေါ့
ငါ့မှာ ရှိတဲ့ တောင်ပံတစ်စုံနဲ့
လေဟုန်ကိုစီးပြီး မင်းရှိတဲ့နေရာကိုပေါ့။
ခရီးလမ်းမှာ
မုန်းတိုင်းကြမ်းနဲ့တွေ့လည်း
ငါ အိမ်ကိုပြန်ချင်သေးတာပဲ။
ငါ့တောင်ပံကို
ချုပ်နှောင်ထားတဲ့ကြိုးစတွေကို
ဖြုတ်ပေးလိုက်ပါတော့ . . .
ငါ့ကို ပျံသန်းခွင့်ပြုလိုက်ပါတော့ . . .
ငါ့အိမ်ကို ပျံခွင့်ပြုလိုက်ပါတော့ . . .
ငါ့အိမ်မှာ ငါ့ကို စောင့်နေကြပြီ . . . ။
Posted by storyofmermaid at 3:01 PM 2 comments
Labels: Poem
0 Comments:
Post a Comment