D

Friday, August 24, 2007

မြန်မာအလုပ်သမားများအား လုယက်သည့်ဂိုဏ်ကို ဖမ်းမိ


ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်းရှိ မြန်မာအလုပ်သမားများ၊ ဒေသခံများနှင့် နိုင်ငံခြားသားများအား ခိုးဆိုးလုယက်သည့် ဒုစရိုက်ဂိုဏ်းတခုကို ယနေ့နံနက်၌ မဲဆောက်ရဲက ဖော်ထုတ်ဖမ်းဆီး လိုက်သည်။

groupဖမ်းဆီးခံရသူများမှာ မြန်မာပြည်သား အသက် (၁၉) နှစ်အရွယ်ရှိ စောအကျော်၊ စောချားနှင့် ထိုင်းနိုင်ငံသား နိုင်အေကဖမ်း ကျန်ထကရောက်၊ နိုင်ထမ်ယာကော်တာ့ထင်တို့ဖြစ်သည်။

အဆိုပါဂိုဏ်းသားများသည် ယခုလအတွင်း ထိုင်းအမျိုးသမီးတဦးထံမှ လက်ကိုင်အိတ်နှင့် ပိုက်ဆံ အိတ်တို့ကို လုယူခဲ့ပြီး နိုင်ငံခြားသား အမျိုးသမီးတဦးထံမှ ကင်မရာနှင့် ပိုက်ဆံအိတ် တို့ကို လုယူခဲ့ရာ လုယက်ခံရသူများက အမှုဖွင့်တိုင်ကြားသည့်အတွက် ရဲကလိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မဲဆောက်မြို့ရှိ လူပြတ်သည့်လမ်းများပေါ်တွင် မြန်မာအမျိုးသမီးများထံမှ ဆွဲကြိုးနှင့် ပိုက်ဆံ
အိတ်များ လုပြေးလေ့ရှိကြောင်းနှင့် ဒေသခံထိုင်းလူမျိုးများနှင့် နိုင်ငံခြားသားများထံမှလည်း ပစ္စည်းများလုယက်ခဲ့ကြောင်း တရားခံများက ၀န်ခံထွက်ဆိုသည်။

၎င်းတို့ လုယက်ရရှိသည့်ပစ္စည်းများကို မဲဆောက်ရှိ ပဲခူးမြို့သူ မသဲသဲထံ၌ ထုခွဲရောင်းချခဲ့ကြောင်း၊ မသဲသဲကိုလည်း မဲဆောက်ရဲက ဖမ်းဆီးထားပြီးဖြစ်ကြောင်းသိရသည်။

လုယက်မှုကျူးလွန်သူများသည် ထောင်ဒဏ် (၅) နှစ်မှ (၁၀) နှစ်အထိကျခံရနိုင်ပြီး ပစ္စည်းလက်ခံ သူမှာ ထောင်ဒဏ် (၆) လထိ ကျခံရနိုင်သည်ဟု မဲဆောက်ရဲမင်းကြီး ရဲဗိုလ်မှူးကြီး နိုင်ဖတ်စ၀တ် တင်ကျွိက ပြောသည်။

၎င်းက “မြန်မာအလုပ်သမားတွေထဲက လုယက်ခံရသူတွေအနေနဲ့ ဒီလူ (၄) ယောက် ဟုတ်မဟုတ် လာကြည့်ပြီးတော့ အမှုဖွင့်နိုင်တယ်။ မှောင်ရီပျိုးစအချိန်တွေမှာ မြန်မာအလုပ်သမားတွေ လူပြတ်တဲ့ နေရာမသွားဖို့ လက်ဝတ်လက်စားတွေမ၀တ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါတွေဟာ ဒုစရိုက်သမား တွေကို ဖိတ်ခေါ်သလိုဖြစ်တယ်” ဟု ပြောသည်။

copy from http://www.khitpyaing.org/news/august_2007/23-8-07b.php
Type the rest of your post here.

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid