D

Friday, August 3, 2007

ခွင့်ပြုပေးပါ


ချစ်ဗိမ္မာန်လေရှိရာကို
တောင်ပံတွေဖြန့်သန်းပြီး
ပျံသန်းဖို့ ကြိုးစားနေတဲ့
ငါ့တောင်ပံတွေကိုချုပ်ကိုင်ပြီး
ထိန်းချုပ်ဖို့မကြိုးစားပါနဲ့။

ငါ အရောက်လာချင်တာပေါ့
ငါ့မှာ ရှိတဲ့ တောင်ပံတစ်စုံနဲ့
လေဟုန်ကိုစီးပြီး မင်းရှိတဲ့နေရာကိုပေါ့။

ခရီးလမ်းမှာ
မုန်းတိုင်းကြမ်းနဲ့တွေ့လည်း
ငါ အိမ်ကိုပြန်ချင်သေးတာပဲ။

ငါ့တောင်ပံကို
ချုပ်နှောင်ထားတဲ့ကြိုးစတွေကို
ဖြုတ်ပေးလိုက်ပါတော့ . . .
ငါ့ကို ပျံသန်းခွင့်ပြုလိုက်ပါတော့ . . .
ငါ့အိမ်ကို ပျံခွင့်ပြုလိုက်ပါတော့ . . .
ငါ့အိမ်မှာ ငါ့ကို စောင့်နေကြပြီ . . . ။

Digg this

2 Comments:

thahlaoo said...

That is great. Is it written by you?

storyofmermaid said...

ဟုတ်တယ် ကိုသာလှဦး
စမိုင်းမေ ရေးကြည့်ထားတာ

 

© New Blogger Templates | storyofmermaid