D

Friday, August 24, 2007

ဆန္ဒပြပွဲ အစီအစဉ် ဖျက်သိမ်း ရေရှည်တိုက်ပွဲဝင်ရန် ၈၈ မျိုးဆက် ဆုံးဖြတ်


မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၄ ရက်၊ ၂၀၀၇ ခုနှစ်

2:30 PM
ယနေ့ထုတ် စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် ကျော်မင်းလူ (ရွှေပြည်သာ)က လောင်စာဆီ ဈေးနှုန်းများ မြင့်တက်ရာမှ ဆန္ဒပြမှုများကို တုံ့ပြန် ရေးသားရာတွင် အစိုးရ အနေဖြင့် ဆက်လက် အရှုံးခံ ရောင်းချပေးနေရကြောင်း ပြောဆိုထားသည်။ အစိုးရနှင့် ပြည်သူသည် မိဘနှင့် သားသမီးများ ဖြစ်သည်ဟု ပြောဆိုထားပြီး ဆန့်ကျင်ဘက် အုပ်စုများက မိဘနှင့် သားသမီးများအကြား ရန်တိုက် ပေးနေသည်ဟု ဆိုသည်။

“နိုင်ငံတော် အစိုးရဆိုတာ မိဘ၊ ကျွန်တော်တို့၊ ခင်ဗျားတို့ ပြည်သူတွေကတော့ သားသမီးတွေ ဆိုပါတော့။ ဒီလို စဉ်းစားကြည့်ရင် ဘယ်မိဘမှ ကိုယ့်သားသမီး ဆင်းရဲ ဒုက္ခရောက်တာ မြင်ချင် တွေ့ချင်ကြမှာ မဟုတ်ပါဘူး။” ဟု ရေးသားထားသည်။

1:58 PM
ပြည်တွင်း ဆန္ဒပြသူများနှင့် သဘောထားတူညီကြောင်း ပြသသည့်အနေဖြင့် ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားများက သြဂုတ်လ ၂၆ ရက်နေ့တွင် ဆိုးလ်ရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြရန် စီစဉ်နေကြသည်။

1:31 PM
ဆန္ဒပြပွဲလုပ်မည့် အစီအစဉ် ဖျက်သိမ်း
(၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုအောင်နိုင် ပြောကြားချက်)

“ကျနော်ပြောတယ်လေ ပွဲလုပ်မယ့် ကိစ္စလေ၊ တာမွေမှာ လုပ်မယ့် ကိစ္စကို ကြံ့ဖွံ့အင်အားက တော်တော် သုံးတယ်ဗျ။ ဒုတ်၊ ဓားတွေနဲ့။ ဒီနေ့  ၀င်ပြီး ခုတ်မယ်၊ ရိုက်မယ်လို့ သတင်းကြားတယ်။ ပြီးတဲ့အခါကျတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယူနီဖောင်းတွေ ၀တ်ပြီးတော့ ကျနော်တို့ အုပ်စုကြားကို ၀င်ရောပြီးတော့ သူတို့ တင်ချင်တဲ့ စလိုဂမ်တွေ (ကြွေးကြော်သံတွေ) တင်မယ်၊ ပြီးတော့ ကျနော်တို့ အချင်းချင်းကြားမှာ ပြဿနာဖြစ်အောင် လုပ်မယ်ဆိုတဲ့ သတင်းလည်း ကြားနေရတယ်။ မြင်လည်း မြင်နေရတယ်။ အဲဒါကြောင့် ကျနော်တို့ အင်အားကို အဆုံးအရှုံး မခံနိုင်တာကြောင့် ဒီကနေ့ လုပ်မယ်ဆိုတဲ့ အစီအစဉ်ကို ဖျက်လိုက်ပြီ။ ဒါပေမဲ့ ဒီကောင်တွေကတော့ တာမွေ အ၀ိုင်းထိပ်တို့၊ ကျနော်တို့ လုပ်မယ့်နေရာမှာ အင်အား ၂၀၀ ကျော်၊ ၃၀၀ ကျော်နဲ့ စောင့်နေကြတယ်။ ကျနော်တို့ မလုပ်တော့ဘူး ဆိုတာ သူတို့ မသိသေးဘူး။”

“မနေ့က ကျနော်တို့က ဒီကနေ့မှာ အကြီးကြီးလုပ်မယ် ဆိုပြီးတော့မှ၊ ကြိုကြား ကြိုကြား လုပ်နေတဲ့သူတွေကို အားလုံး စုပြီးတော့ တနာရီကို ချိန်းလိုက်တာပါ။ အဲဒါကြောင့် မနက်ပိုင်းတုန်းက ကြိုကြားကြိုကြား လုပ်မယ်ဆိုတဲ့ ဟာတွေဟာ မလုပ်ဖြစ်တော့ဘူးပေါ့နော်။” ဟု သူက ထပ်ပြောသည်။

1:28 PM
အမျိုးသားရေး ဦးဝင်နိုင် ပြောကြားချက်

“လုံခြုံရေးကတော့ လမ်းတွေ လမ်းတွေတိုင်းမှာ ချထားတာပေါ့ဗျာ။ ကျနော်တို့မြင်တဲ့ အနေအထားကတော့ အန်အယ်ဒီ အယောင်ဆောင်ပြီးတော့ ဒီဆောင်ရွက်မှုထဲမှာ သူတို့ ၀င်ပြီးတော့ နှောက်ယှက်ဖို့ သဘောရှိတယ်။ အဓိကတော့ အန်အယ်ဒီလူငယ်တွေဘက် ၀င်ဆောင်ရွက်မဲ့ သဘောတွေရှိတယ်။”

1:05 PM
ဦးထောင်ကိုထန်းရဲ့ အမြင်
(ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း ၊ တမူးမဲဆန္ဒနယ်)

“ဗမာပြည်မှာကတော့ တိုင်းရင်းသားက လူနည်းစုပဲလေ။ ရန်ကုန်မြို့ထက် ပိုပြီးတော့ နည်းတာပေါ့။ အဲဒီတော့ တိုင်းရင်းသား ခေါင်းဆောင်၊ နိုင်ငံရေး ပါတီခေါင်းဆောင် ဆိုတာကလည်း ပါတီက တရားဝင် မရှိတော့ဘူးလေ။ အကုန်လုံး ဖျက်လိုက်တော့ လူစုဖို့ မလွယ်တော့ဘူး။ လူစုဖို့ မလွယ်တဲ့ အထဲမှာလည်း အများဆုံး အနိုင်ရ ဖြစ်တဲ့ အန်အယ်ဒီက အကြီးဆုံးပဲ။ အများဆုံး ပါတီက ဗမာတွေ ဖြစ်နေတဲ့အခါ တိုင်းရင်းသားတွေ ဦးဆောင်တဲ့ဟာကို သူတို့က လိုက်ဖို့ သူတို့က မခံယူတတ်ဘူးလေ။ အဲဒီတော့ ကျနော်တို့ အနေအထားက တိုင်းရင်းသားတွေ ဦးဆောင်တဲ့ နောက်ကို ဗမာက လိုက်မှာ မဟုတ်ဘူး။ ဗမာ ဦးဆောင်လာရင်၊ ပါတီကြီးတွေ ဦးဆောင်လာရင် အဲဒီနောက် လိုက်ရမှာပဲ။ အင်အားက ဒီလိုဖြစ်တယ်။ ကျနော်တို့က လူနည်းစုကိုး။”

12:49 PM
မကွေးမြို့ အန်အယ်ဒီ ဥက္ကဌ ဦးအောင်စိုးကို ဒီမနက် ၈ နာရီတုန်းက မယက ဥက္ကဌ ဦးလှရှောင် က မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးကို ခေါ်ပြီး ခရိုင် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အမိန့် အရ လူ ၅ ဦးထက် ပိုမစုဖို့ သတိပေးတယ်။ သို့သော် လက်မှတ် ထိုးခိုင်းသော်လည်း ဦးအောင်စိုးက လက်မှတ်မထိုး။
Type the rest of your post here.

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid