D

Friday, August 24, 2007

မန္တလေးတွင် လုံခြုံရေး တင်းကြပ်နေ ရေရှည်တိုက်ပွဲဝင်ရန် ၈၈ မျိုးဆက် ဆုံးဖြတ်

ဒီစာကို Select ပေးပြီးရေးပါ...
မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၄ ရက်၊ ၂၀၀၇ ခုနှစ်

5:17 PM
ရန်ကုန်မြို့ ဆန္ဒပြသူများကို အာဏာပိုင်များက ဖြိုခွဲရာတွင် ရိုက်နှက် အကြမ်းဖက်ခြင်းနှင့် အမျိုးသမီးများ အရှက်နှင့် ဂုဏ်သိက္ခာ ကျဆင်းအောင် ကြမ်းတမ်းစွာ ဆွဲထုတ်ကိုင်တွယ် ရိုက်နှက်မှုများ ပြုလုပ်ခြင်းအပေါ် “လုံးဝ သည်းမခံသင့်သော လုပ်ရပ်” အဖြစ် ပြောဆိုကာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ယနေ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

4:22 PM
ဒေါ်စန်းစန်းမြင့် အဖမ်းခံရ - ဆန္ဒပြပွဲ ဦးဆောင်သူတဦး ပြောပြချက်
“ကျနော်တို့ ဒီနေ့တာမွေ ရွှေဒဂုံ အနောက်မှာ ၁နာရီ အထိုးမှာ အစီအစဉ် လုပ်ထားတာပေါ့ဗျာ။ လုပ်ထားတဲ့ အစီအစဉ်မှာ လုံခြုံရေးအရ ကျန်နေတဲ့ အဖွဲ့တွေပါ ပျက်သွားတာ ပေါ့ဗျာ။ ပျက်တာကို ဒေါ်စန်းစန်းမြင့်တို့ အဖွဲ့က နေပြီးတော့ မြို့ထဲ ထွက်ပြီးတော့ သွားမယ် ဆိုပြီးတော့ ကျနော့် အရှေ့မှာတင် ထွက်သွားတယ်ဗျာ ။ ထွက်သွားပြီးတော့ သိပ်မကြာခင်မှာ ကျနော်တို့ဆီကို ဖုန်းပြန်ဝင်လာတာက ဒေါ်စန်းစန်းမြင့် အပါအ၀င် အမျိုးသမီး အချို့ အဆွဲခံလိုက်ရပြီလို့ ကျနော်တို့ကို တိုက်ရိုက် ဆက်သွယ် ထပ်ပြီး သတင်းပို့တာပါ ခင်ဗျာ။”

4:22 PM
ကိုထင်ကျော် က မဇ္ဈိမ သို့ ပြောကြားချက်

“ကျနော်တို့က ဆက်တိုက် လုပ်သွားမှာပဲ။ ဒီနေ့ရယ်လို့တော့ မဟုတ်ဘူးဗျာ။ တခြားပြည်သူတွေကလည်း သူတို့ဘာသာ သူတို့ကတော့ တက်လာကြတာပဲ၊ ကျနော်တို့ တပြည်လုံး အတိုင်းအတာကတော့ လုပ်စရာရှိရင် ဆက်လုပ်မှာပဲ။”

3:52 PM
မကွေး ဒေသခံတဦး၏ ပြောပြချက်

အခု လောလောဆယ် ရဲတွေကို အရပ်ဝတ်စုံတွေနဲ့ ၀တ်ထားတာကို တွေ့ရတယ်။ ၂၀ ရက်နေ့က စတယ်။ နိုင်ငံရေး သမားတွေကို စောင့်ကြည့်တဲ့ အပိုင်းတွေ အများကြီး ရှိတယ်။ ကျောင်းတွေမှာဆိုရင် အလယ်တန်း ကျောင်းတွေလောက်မှာကို လုံခြုံရေး ယူနေတာတွေ ရှိတယ်။ ရဲတွေက အ၀င်အထွက်တွေ ရှိနေတယ်။ အရင်တုန်းက အလယ်တန်းကျောင်းကိုဆိုရင် ဘာမှ မလုပ်ခဲ့ဘူး။
ကျောင်းဆရာ၊ ဆရာမတွေကိုလည်း တာဝန် ပေးထားတယ်။ တက္ကသိုလ်မှာလည်း ဆရာ၊ ဆရာမတွေကို လုံခြုံရေးဆိုပြီး ဖွဲ့စည်းထားတာတွေ ရှိပါတယ်။ လူထုတွေက စောင့်ကြည့်တယ်။ စိတ်ဝင်စားမှု ရှိတယ်။
Type the rest of your post here.

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid