D

Friday, August 24, 2007

အချစ်နယ်ပယ်


ချစ်သူနယ်ပယ်မှာ
အချစ်အကြောင်းကို
အားရပါရပြောနေတဲ့သူတွေအတွက်
အချစ် တေးဂီတလေးနဲ့
ဖျော်ဖြေဖို့အတွက်
နှလုံးသား ဂီတာလေးကို
ကျွန်မကိုင်ဆွဲပြီးထွက်လာခဲ့တယ်။

ချစ်သူရေ
ကျွန်မရဲ့ နှလုံးသားဂီတာလေးက
ကြိုးတွေပြတ်နေတာကို မသိလိုက်မိလို့
အချစ် တေးသံစဉ်တွေ
ထွက်မလာပဲ
အလွမ်းတေးတွေနဲ့
ထွက်ပေါ်လာခဲ့တယ်။



24.8.2007
စမိုင်းမေ

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid