D

Thursday, August 16, 2007

ဘစ်ကားပေါ်ဝယ်


သြဂုတ်လ (15) ရက်
အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးနေ့
မြန်မာနိုင်ငံရန်ကုန်မြို့ရဲ့ မနက်ခင်းမှာ
ခရီးသွားလူအုပ်ကများ
ဘစ်ကားက မလာ
လာပြန်တော်လည်း တက်လို့မရ
ခရီးသွားက အပြည့်ပါ
ဦးဆုံးတက်တဲ့သူ အတွက်နေရာ
ခြေတစ်စုံရပ်ဖို့ နေရာပါ
ခြေနှစ်ချောင်းရပ်လို့ရရင်
အလွန်ကံကောင်း
ခြေတစ်ချောင်းနဲ့ စီးခဲ့ရတဲ့
ခရီးသည်းများလည်း ပါလို့ပေါ့။


သင်တန်းရောက်ရင် လူတိုင်းပါစပ်ဖျား
ကားကြပ်လိုက်တာ လွန်းပါရော
ခြေတစ်ချောင်းနဲ့စီးခဲ့ရတာ
သင်တန်းရောက်မှ
ကိုယ်တစ်ယောက်မဟုတ် နေရာအနှံမှ
သူများလည်းကြုံရတဲ့ပြသနာ။

ရုံးရောက်ပြန်သော်လည်း
အရင်ရောက်သူက အပေါက်ဝကဆီးကြိုး
နင် ဘစ်ကားစီးတာအဆင်ပြေရဲ့လား
ပြောချင်သူကို စကားပျိုသလို
တစ်ယောက်တမျိုး
မထပ်ရအောင် ပြောပြကြတယ်။

လောင်စာဆီတွေ အစမတန်ဈေးတက်
သယ်ယူစရိတ်တွေကလိုက်တက်
သူနဲ့ပါတ်သက်ရာ ကုန်ဈေးနှုန်းလည်းတက်။
ဘစ်ကားခ ၅၀ ကျပ်မှ ၁၀၀ ကျပ်ထိတက်
ဘစ်ကားနှစ်ဆင့်ပြောင်းစီးရရင်တော့
မတွေးဝင်စရာပါ။

အိမ်ပြန်ရောက်လည်း
ဒီဘစ်ကားအကြောင်း
ပြောနေရင်က အိတ်ထဲရှိသမျှ
သွန်ချကာထုတ် တွေ့သမျှ
ပိုက်ဆံရေကာတွက်ရင်
တစ်လအတွက် ဘစ်ကားခ
ဈေးတက်လာမဲ့ ဆန်း၊ဆီနဲ့အခြား
တက်လာမဲ့ ဈေးနှုန်းတွေကို
မှန်းစကာပေါင် လက်ကျန်ပိုက်ဆံမှနှုတ်
မိုင်းနတ်ဆိုင်းတွေပြ
ကားခတွေတက် ကုန်ဈေးနှုန်းတွေတက်
မီးတွေပျက် လမင်းကိုဖော်ပြုပြီး
အမှောင်ညကို ကျော်လွန်း
ဘ၀ဘ၀ မလွယ်လိုက်တာ။

အာရုံကျင်းလို့ မိုးသောက်ခဲ့ပြန်ပေါ့
မျက်လုံးနှစ်လုံး ဖွင့်လိုက်ချိန်
ဒီနေ့ရော ဘစ်ကားကြပ်နေအုံးမလား
ကားခပဲ ဆက်တက်အုံးမလား
ဆန်းနဲ့ ဆီဈေး ဘယ်လောက်ရှိပြီသွားပြီလဲ
အတွေးထဲကို အရင်ရောက်ရှိခဲ့တယ်။

ဒါတွေအသာထား
ဒီနေ့ ရုံနောက်မကျဖို့ စောစောထွက်ရမယ်
ဘစ်ကားဂိတ်ကိုရောက်
မနေ့လောက်ကားမရှာပေမယ့်
ကားကတော့ကြပ်နေသေး
နောက်ကြောင်းကိုချောင်းကြည့်
မျော်လင့်ချက်သေးသေးနဲ့
နောက်ကားများချောင်းမလား
နောက်ကားလည်းဒီလိုပဲ
စိတ်ကိုဖြေသိပ် ကားပေါ်ကိုတက်
မိန်းမချင်း အကြောင်းမဟုတ်
ယောက်ျားတွေကြား ရောက်မိပါက
ပန်းတို့ရဲ့ ဘုရင်မနှင်းဆီးပန်းလို့
ရှိသမျှဆူးတွေအကုန်ထုတ်ပြီး
တွန်းကန်ထားလိုက်ချင်တာပေါ့။

ငါးပိသိပ်ငါးချဉ်သိပ်
လောင်စာဈေးနှုန်းကြောင့်
ကိုရွှေစပါယ်ယာတို့
လူတွေကို ပါကင်လိုထင်
ဟိုလိုစီ ဒီလိုစီတဲ့ဒဏ်ကို
ခရီးသွားပြည်သူလူးလိမ့်ခံရင်
ဒါရိုက်ဘာ ကိုလူရှုပ်
ဘရိတ်ကိုဖမ်းဆွဲလိုက်တော့
ခရီးသည်တွေ ရင်နဲ့မဆန့်
မေတ္တာပို့သံ နားနဲ့မဆံအောင်ပါပဲ/

ဟူး . . . .
ငါဆင်းမဲ့မှတ်တိုင်ရောက်ပြီ
ဒီမနက်အတွက်တော့ ခဏတာ
အေးချမ်းပြီပေါ့။

16.8.2007
စမိုင်းမေ

Digg this

1 Comment:

thahlaoo said...

သိပ်ကောင်းတယ်။ ဆက်ရေးပါ။ အားပေးလျှက်ပါ။

 

© New Blogger Templates | storyofmermaid