D

Monday, August 13, 2007

အရက်ဟောဗေဒင်


မန်းလင်းမြတ်ကျော် ရေးသားသော ကရင်ရိုရာ သုတပဒေသာစုအုပ်မှ

အရက်ဟောဗေဒင်ကို စီးပွားရေးနဲ့ ပါတ်သက်သည့်ဟောကိန်းများမှာ အသုံးပြုပါတယ်။ ဗေဒင်းတွက်ချင်တဲ့သူက အရက်တပုလင်းကို သွားဝယ်ယူရပါမယ်။ ဗေဒင်ဆရာက အရက်ကို ပုဂံလုံးငယ်တစ်ခုထဲကို အပြည့်လောင်းထည့်လိုက်ပြီး ပုဂံလုံးရဲ့မျက်နှာပြင် ညီညီညာညာ ရှိစေရပါ့မယ်။

ခွက်ထဲမှရှိတဲ့ အရက်ရဲ့ မျက်နှာပြင်ပေါ်မျာ အဆီလုံးလေးများအနည်းငယ်ရှိနေပါက စီးပွားရေး အသင့်အသင့်ကောင်းမည်။ အဆီလုံးများ မျက်နှာပြင် တစ်ခုလုံရှိနေပါက စီးပွားရေးမကောင်းဖြစ်မည်။
အရက်ကို သောက်သုံးပြီး ကျန်ရှိနေတဲ့အရက် တစ်ခွက်စာကို ပုဂံလုံးထဲ အားလုံး လောင်းချလိုက်ရပါမယ်။ ပန်းကန်လုံးထဲမှာ အမှိုက်များစွာရှိလည် စီးပွားရေးအောင်မည်။ ငွေကြေးများစွာရမည်။ အမှိုက်ကလေး အနည်းငယ်သာရှိလျှင် စီးပွားရေး အတော်အသင့်သာဖြစ်မည်။ အမှိုက်လုံးဝမရှိလျှင် စီးပွားရေးလုံးဝမဖြစ်နိုင်ဆိုပြီး ဟောကိန်းထုတ်နိုင်ပါတယ်။javascript:void(0)
Publish Post


Digg this

0 Comments:

 

© New Blogger Templates | storyofmermaid