D

Tuesday, August 28, 2007

အသက်ရှည်ဖို့အတွက် ရယ်ရအောင်


(ဒီရယ်စရာများကို http://skywall007.multiply.com/journal/item/1 အဲ့ဒီကနေ ကော်ပီလုပ်ထားတာ)


အဖွား... ကမ်ဘာကြီးဟာ ဘာကြောင့် လည်နေရတာလဲဟင်...?
ခွေးကောင်လေး..။ နင့်အဖေရဲ့ အရက်တွေ ခိုးသောက်ပြန်ပြီထင်တယ်...။

စာရေးဆရာနှစ်ယောက်ဆုံကြသည်။ တစ်ယောက်၏မျက်နှာမှာ ညှိုးငယ်သော အသွင်ကို ဆောင်နေသဖြင့် ကျန်တစ်ယောက်က မေးသည်။

“ဒီနေ့ ခင်ဗျားကိုကြည့်ရတာ တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး သောကရောက်နေတဲ့ ပုံပါလား“

“ဟုတ်တယ်ဗျာ... ခင်ဗျားပဲ စဉ်းစားကြည့်၊ မနေ့က လူတစ်ယောက်ကို တွေ့တယ်။ ရှိတ်စပီးယားဆိုတဲ့နာမည်ကို တစ်ခါမှ မကြားဖူးဘူးတဲ့.. အံ့ရော”

“အဲဒါများ အရေးလုပ်လို့ဗျာ”

“မဟုတ်ဘူးလေ။ ရှိတ်စပီးယားကိုထားတော့၊ တကယ်လို့ နောက်နှစ်တစ်ရာကြာတဲ့အခါမှာ ကျွန်တော့်နာမည်ကိုပါ မေ့သွားကြရင် မခက်ပေဘူးလား”
............................


အမေဖြစ်သူသည် ဆယ်နှစ်အရွယ်သားငယ်ကို စိတ်ရောဂါကု ဆရာဝန်ထံ လာပြသည်။

အမေက မျက်ရည်စမ်းစမ်းနှင့် ပြောသည်။

“ဒေါက်တာရယ်လုပ်ပါဦး။ ကျွန်မသားဟာ တစ်ချိန်လုံး ခြောက်လုံးပြူး၊ မျက်နှာဖုံး၊ စက်သေနတ်နဲ့ လူသတ်တာတွေအကြောင်းပဲ စဉ်းစားနေတယ်။ ရက်စက်ကြမ်းကြုတ်တဲ့စိတ်ထား အလေးကဲသွားရင် ဒုက္ခပ`ဲ။ အဲဒါတတ်နိုင်သမျှ ကူညီပါဦးရှင်`”

ဆရာဝန်သည် ကလေးကိုစမ်းသပ် စစ်ဆေးသည်။ ထို့နောက် သောက်ရမည့် ဆေးညွှန်းစာရွက်ကို ရေးပေးလိုက်သည်။

“နောက်တစ်လတိတိကြာရင် ကျွန်တော့်ဆီ လာခဲ့ကြပါဦး။ ကလေးရဲ့ တိုးတက်မှုအခြေအနေကို ကျွန်တော်ကြည့်မယ်။ အဲ.. ခင်ဗျားနဲ့ပတ်သက်လို့ကတော့ စိုးရိမ်စိတ် သိပ်မထားစေချင်ဘူး။ အခုပုံအရ ခင်ဗျားဟာ အတော်စိတ်လှုပ်ရှားနေတယ်။ ဒါကြောင့် ခင်ဗျားအတွက်ပါ စိတ်ငြိမ်ဆေးရေးပေးလိုက်ပါမယ်။ အိပ်ရာမ၀င်မီ တစ်လုံးသောက်ပါ”

တစ်လကြာသောအခါ အမေနှင့်သား ဆရာဝန်ဆီ ရောက်လာကြသည်။ ဆရာဝန်က အမေကို မေးသည်။

“ခင်ဗျားသားအခြေအနေ ဘယ်လိုလဲဗျ”

“မသိဘူး။ သူဘာဖြစ်ဖြစ် ကျွန်မဂရုမစိုက်နိုင်ပါဘူးရှင်

............................



တရားခံက ရုံးတော်ကို လျှောက်ထားသည်။

ဒီကနေ့ အမှု မစစ်ဘဲ ရက်ချိန်းပေးဖို့ မေတ်တာရပ်ခံပါတယ်။ ကျွန်တော့်ရှေ့နေ ရောက်မလာပါဘူး။

တရားသူကြီးက ပြန်ပြောသည်။

သူများအိပ်ထောင်ထဲ ခင်ဗျားလက်နှိုက်နေတဲ့အချိန်မှာ ရဲသားကခင်ဗျားကို လက်ပူးလက်ကြပ်မိတာပဲ၊ ခင်ဗျားရှေ့နေက ဘာများ ပြောနိုင်မှာလဲ

ကျွန်တော်ကလည်း အဲဒါကိုပဲ သိချင်နေတာပါ

.....................


ဘယ်အချိန်မှာ ဒီနေရာက နာပါသလဲ

အသက်ရှူတဲ့ အခါမှာပါ

ကောင်းပြီ...။ အိမ်မှာ ၃ ရက်လောက် နားနေပါ။ အသက်မရှူနဲ့။ ၃ ရက်ကြာရင် ကျွန်တော် အခြေအနေကို လာကြည့်မယ်။

...................

ကျွန်တော့်အိမ်ကို မီးအာမခံ ထားချင်တယ်...။ ရမလား...။

ရပါတယ်ခင်ဗျာ။

အခုချက်ခြင်းကို အာမခံထားချင်တာဗျ...။

ရပါတယ်ဗျ...။

မြန်မြန်လေး လုပ်ပေးစမ်းပါ..။ အိမ်က လောင်နေပြီဗျ...။

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid