D

Friday, August 24, 2007

ဆန္ဒပြပွဲကြီး ပြုလုပ်ရန် ပြင်ဆင်နေ


မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
သြဂုတ် ၂၄ ရက်၊ ၂၀၀၇ ခုနှစ်

11:15 AM
ဆန္ဒပြပွဲကြီး ပြုလုပ်ရန် ပြင်ဆင်နေ

ဆန္ဒပြပွဲစီစဉ်သူ ခေါင်းဆောင်တဦး၏ ပြောပြချက်

“ကျနော် ဒီနေ့ဆိုလို့ ရှိရင် တော်တော်များများ ပါမှာ။ ရဟန်းတွေလည်း ပါမယ်။ ဒီမှရှိတဲ့ ၁၀ တန်း ၉တန်း ကျောင်းသူ ကျောင်းသားတွေလည်း ပါမယ်။ အဲဒါတွေက အယောက် ၅၀ လောက်ပါမယ်။ ရဟန်းတွေလည်း အခုကျနော်တို့ ပြောထားတာ အပါး ၅၀ လောက်တော့၊ ဒီထက် ပိုရင်တော့ ပိုမယ်။ နောက်ဒီ ၈၈ မျိုးဆက်တွေရဲ့ နောက် အန်အယ်ဒီ လူငယ်တွေရယ်၊ နောက် မဖြူဖြူသင်းတို့၊ ဟိုနေ့တုံးက မနီမွန်လှိုင်တို့၊ အုပ်စုတွေ နောက် ကိုထင်ကျော်တို့ အဖွဲ့ထဲက လူတွေ ရယ်၊ ကျနော်တို့ ဒီနေ့ အားလုံး ပေါင်းပြီးတော့ ဒီနေ့ နွှဲကျမှာလေ။”

11:12 AM
“မနေ့ည ကတည်းက အဲဒီပုံတွေ လုံထိန်း သဘောမျိုးတွေ ကားနဲ့ အပြည့်ပဲ၊ ဒိုင်းတွေဘာတွေနဲ့ သူတို့ အဲဒါမျိုးတွေ လိုက်ပြီးတော့ လှည့်လှည်နေတော့လေ၊ ကျနော်တို့ကို ဒီ အရပ်သားနဲ့ တားတာလည်း တားပေါ့၊ တားပြီးတော့ အရပ်သားနဲ့ ပဋိပက္ခ ဖြစ်တဲ့အချိန်မှာ သူတို့ဒါ ပဋိပက္ခ နှိမ်နှင်းရေး ဆိုပြီးတော့ ၀င်မလုပ်မလားလို့တောင် မှန်းထားကြတယ်လေ။” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးက ပြောသည်။

Type the rest of your post here.

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid