D

Monday, August 20, 2007

မြက်ပင်လေး


ပန်းမြိုင်အလယ်မှာ သူရှင်သန်
မြေမှာသာ ကပ်ပြီးမှပေါက်
အပင်ကြီးရဲ့ အရိပ်မှာ
သူခိုလှုံကာ ရှင်သန်
ပင်မြှင့်ပေါ်က ပန်းကိုမှ
သူနမ်းရှိုက်ခြင်သတဲ့လေ။

လေးအဝှေ့မှာ မြေပေါ်ဆင်သက်လာတဲ့
ခရေပန်းတွေကိုမှ ရင်ခုန်စွာနဲ့
နမ်းရှုက်ခွင့်ရတဲ့ သူ့ဘ၀အတွက်
ကျေနပ်နေပါသတဲ့။


မြေပေါ်ခလာတဲ့ ပန်းခရေတွေကို
ဆံဖျားထိပ်မှာ ပန်ဆင်ချင်သူတွေအတွက်
သူက ပန်တော်ဆက်ပေးအုံးမယ်တဲ့။

ပန်းခရေအောက် ရောက်ရှိလာပြီ
ပန်းခရေကို နင်ခြေဖျက်ဆီမဲ့သူလာရင်
သူ့ ခန္ဒာအောက်မှာ ၀ှက်ထားပေးအုံးမယ်တဲ့။

အပင်ပေါ်မှာ ပန်းခရေလေးစံစားနေစဉ်
အပင်အောက်မှာ သူကြေနပ်နေတယ်။

သူဘ၀မှာ နင်းခြေခံရတာ
ကျင့်သာရပေမဲ့ ပန်းခရေလေး
နင်ခြေခံရရင်လေ သူ့အသည်းတွေ
ကွဲကြေနေသတဲ့။


20.8.2007
စမိုင်းမေ
Type the rest of your post here.

Digg this

1 Comment:

thahlaoo said...

စာသားလေးတွေက သိပ်မိုက်တယ်။

 

© New Blogger Templates | storyofmermaid