(ပလန်းနက်မှာ ဒီကဗျာလေး ဖော်ပြခြင်းမရပါဘူး)
နေမင်းကြီး ရေသောက်ဆင်လို့
ကျေးငှက်တွေ အိပ်တန်းပြန်နေတဲ့အချိန် . . .
ရောင်စုံပန်းခင်းတွေကြားမှာ
ချစ်သမီးငယ်ကိုပွေ့ချီ ဇနီးကိုလက်တွဲလို့
အေးမြတဲ့ ညနေခင်လေပြေညင်းလေးတွေနဲ့အတူ
ရယ်မောပြီး ပန်းခင်းလမ်းကို
ကျွန်တော်ချစ်သော မိသားစုနဲ့ လမ်းလျှောက်နေတယ်။
လိပ်ပြာငယ်တွေ ပန်းဝတ်ရည်တို့ကိုစုပ်ယူ
ပလူပျံအောင် ဟိုတပွင့် ဒီတပွင့်
ကူးသန်းပြီး ပျံနေကြတယ်
ချစ်သမီးချောလေး လိပ်ပြာနောက်
ပြေးလိုက်စဉ်ခဏ
ဘေးနားမှ ချစ်ဇနီးကို
သမီးငယ်အလစ် အနမ်းပန်းလေးတစ်ပွင့်
ပန်ဆင်ပေးမလို့ ခေါင်းငုံ့လိုက်စဉ် . . .
<<< ဒေါင်း >>> ဆိုတဲ့ နာရီသံ ကြားလိုက်ရတယ်
မျက်လုံးနှစ်လုံးပွင့်လာပြီ တံတိုင်းတွေကြားကနေ
အပြင်ကိုကြည့်လိုက်တဲ့အခါ
ကင်းသမားရဲ့ ခြေသံကို ကြားလိုက်ရတယ်
မှောင်မည်းနေတဲ့ ပတ်ဝတ်းကျင်ကလွဲလို့
ကျွန်တော်ဘာမှ မမြင်ရဘူး
ပါးပြင်ပေါ်မှာ ပူနွေးတဲ့ မြစ်တစ်စင်း
ဖြတ်သန်းစီးဆင်းသွားပြန်တယ်။
စမိုင်းမေ
2.10.2007
Tuesday, October 9, 2007
တံတိုင်းကြားမှ အိမ်မက်
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment