D

Monday, October 29, 2007

သူငယ်ချင်း အစစ်အမှန်


A true friend is the greatest of all blessings and the one which we talk the least thought to acquire .

Francois , Due De La Roche Foucald

မိတ်ဆွေစစ်ဆိုတာ ဆုကျေးဇူးထဲက အကြီးမြတ်ဆုံး ဖြစ်သလို ကိုယ့်ဘက်က မရနိုင်တော့ဘူလို့ ထင်ထားတာကို မရရအောင် ဆောင်ကြဉ်းပေးတတ်တဲ့လူ။



လပြည့်နေ့ရုံးပိတ်ရက်ဆိုတော့ အိမ်မှာအားနေတာနဲ့ အလယ်တန်း တွေအတွက် Prime ကထုတ်တဲ့ ဂျာနယ်မှာ ဖတ်ရတာလေးကို ပြန်ပြီး မျှဝေချင်ပါတယ်။

The Little Of Mine မှ Special Orders မြင့်စိုးလှိုင် ဘာသာပြန်ထားတဲ့ short story ကို ပြန်ဖော်ပြချင်ပါတယ်။ သူငယ်ချင်း အစစ်အမှန်အကြောင်းလေးပါ။ ဒါလေးဖတ်ပြီးတော့ ကျမလည်း အဲ့လိုမျိုး သူငယ်ချင်းမျိုးလိုချင်ခဲ့တယ်။ ကိုယ့်ဘက်က အပေးမရှိပဲ ရယူလို့မရတာကိုလဲ သဘောပေါက်ခဲ့ပါတယ်။

ဇာတ်လမ်းအစက -
စစ်မြေပြင်တစ်နေရာမှာပါ - စစ်သားလေးတစ်ယောက်
၇န်သူကျည်ဆံမှန်ပြီး လှဲကျသွားတယ်။ ကတုတ်ကျဉ်းထဲမှာ ရှိတဲ့ သူ့ရဲ့ သူငယ်ချင်းက သွားကယ်မလို့ လုပ်တော့ အထက်အရာရှိက ပြောတယ် - “မင်းသွားကယ်ရင် အလကားပဲ မင်းရော ဒုက©ရောက်လိမ့်မယ်“ ကယ်လည်း အကျိုးမထူးဘူးပေါ့။ ပြောရရင်း အဲ့ဒီနေရာက ကျည်လမ်းကြောင်းလိုမျိုးလေ အကာအကွယ် မရှိတော့ သွားကယ်ရင်လည်း သေမှာပဲလေ။ သူ့သူငယ်ချင်း လှဲးကျတဲ့နေရာက ရန်သူ့ ကျည်ဆံတွေ အဆက်မပြတ် သွားနေတော့ သူကိုကယ်ဖို့ဆိုရင် ကယ်သူပါ ဒုက©ဖြစ်နိုင်တယ်။ ဒါကြောင့် အထက်လူကြီးက မသွားခိုင်းတာ။ သူက ကယ်ဖို့ဆန္ဒပြင်းပြနေတော့ ခွင့်ပြုလိုက်ရတာပေါ့။

အဲ့ဒီကောင်းလေးက သူ့သူငယ်ချင်းကို သွားကယ်ပြီး ကတုတ်ကျဉ်းထဲကို ပြန်လှိမ့်ဝင်ခဲ့တယ်။ သူ ကတုတ်ကျဉ်းထဲ ရောက်တဲ့အချိန် သူ့ကိုယ်မှာ ဒဏ်ရာ အများကြီးပဲ ဒါနဲ့ အထက်လူကြီးက သူ့ကိုပြောတာပေါ့ ငါပြေားသာပဲ သွားကယ်လဲ မထူးပါဘူးဆို အခုတော့ မင်းဒုက©ရောက်ပြီးပေါ့ လို့အဲ့လို ပြောတယ်။

အဲ့ဒီကောင်လေးက ထူးတယ် လို့ပြန်ပြောတယ်။ ဒါနဲ့ အထက်လူကြီးက မင်းသူငယ်ချင်းလည်း သေပြီး မင်းလည်းအခု ဒဏ်ရာတွေအများကြီးပဲ ဘာထူးလို့လဲ မေးတာပေါ့။

ကျတော် သူ့ဘေးနားရောက်တဲ့အခါ သူ မသေသေး ပါဘူး။ သူ့အနားကိုရောက်တော့ သူကပြောတယ် “ ဂျင်မ် . . . လား မင်းလာမယ်ဆိုတာ ငါသိပါတယ်” အဲ့လိုပြောပြီး ဆုံးသွားတာလို့ ပြန်ပြောတယ်။


Digg this

0 Comments:

 

© New Blogger Templates | storyofmermaid