D

Wednesday, October 17, 2007

မင်းအတွက်ပါ


ကောင်လေးရေ စကားတွေကို
ဟောင်ဖွာဟောင်ဖွာ မင်းမပြောပါနဲ့
မင်းကို အထင်မသေစေချင်လို့ပါ။

ကောင်လေးရေ စကားပြောရင်
ညောင်နာညောင်နာ ဒီလိုအသံ
နင်မသုံးနဲ့ အသံကြောင့်လေ
အများသူငှာ လေးစာတဲ့သူ
မင်းကိုဖြစ်စေချင်တယ်။


ဘတ်စ်ကားစီးလို့
ထိုင်ခုံရရင် မင်းရဲ့လက်ကို
လက်တန်းပေါ်ကို တင်မထားနဲ့
မိန်းကလေတွေ နှာခေါင်းရှုံတဲ့
ယောက်ျာလေးမျိုး မဖြစ်စေချင်။

တို့နှစ်ယောက်လေ လက်ခြင်းချိတ်လို့
လမ်းလျှောက်နေစဉ် တခြားမိန်းကလေး
မင်းငဲ့မကြည့်နဲ့
သ၀န်တိုလို့ မဟုတ်ပါဘူး
ပီတိတိနဲ့ ဒီလိုယောက်ျာ
မင်းကိုမဖြစ်စေချင်လို့ပါ။

အရာရာကို အလွယ်တကူ
အပြစ်မတင်နဲ့ အဆင်မပြေချိန်
လေကကြီးကို ရိုးမယ်ဖွဲ့ပြီး
အရည်အသွေ မရှိတတ်တဲ့
ယောက်ျားလေးမျိုး မင်းကိုမဖြစ်စေချင်။

မျက်ရည်တွေကို လွယ်လွယ်လေးနဲ့
မင်မကျနဲ့ ကြံမာငြိုင်ညင်
တို့နှစ်ယောက် ခွဲခွာကြရင်
မျက်ရည်တွေနဲ့ မင်းကိုမဖြစ်စေချင်ဘူး။

ကောင်လေးရေ . . .
အားလုံးတွေဟာ မင်းအတွက်မို့
စိတ်ထားဖြူစင် ရဲ့ရင်သောစိတ်
ဘ၀ကိုလေ မင်းကျော်ဖြတ်ပါ။

စမိုင်းမေ
16.10.2007

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid