D

Wednesday, October 10, 2007

အချောင်ခိုသူ



မင်းအတွက် ဘွဲ့တစ်ခု
ရအောင် မင်းမိဘကလုပ်ပေးခဲ့ပြီ။

ဘယ်အချိန်ထိ မိဘအရိပ်အောက်မှနေပြီး
ဝင်ကစွပ်ကောင်လို သူများအခွံထဲ
ဝင်ပြီး အချောင်ခိုးနေအုံးမလဲ။

တိုတွေ့ငယ်စဉ်က
အလုပ်လုပ်နေသူ အလုပ်ရှာဖွေနေသူ
အားလုံး အလုပ်သမားအင်အားစုလို့
သင်ယူခဲ့တယ်
မင်းရော အလုပ်သမားအင်အားစုမှာပါရဲ့လား။

လမ်းဘေးမှာ ကလေးငယ်လေ
တစ်ပုံ ၁၀၀ ကျပ်နဲ့ ပန်းချီးဆွဲပြီး
ဘ၀ကိုရင်ဆိုင်နေတယ်။

မီးပွိုင်းနားမှာ ကလေးငယ်တွေ
ဖြတ်သမျှကားတွေကို ပန်းရောင်းပြီး
ပိုက်ဆံရှာ ကျောင်းတက်နေတယ်
မင်းကဘာလုပ်မလဲ။

မီးပွိုင့်မိနေတဲ့ကားတွေကို
ပိုက်ဆံတောင်းနေတဲ့ကလေးငယ်က
မင်းနဲ့မခြားဘူး
မိဘပိုက်ဆံ လက်ဖြန့်တောင်းပြီး
အပေါင်းအသင်းတွေနဲ့ သောက်စားပျော်ပါး
အချောင်ခိုနေတာကို။

စမိုင်းမေ
10.10.2007



Digg this

0 Comments:

 

© New Blogger Templates | storyofmermaid