D

Thursday, October 18, 2007

ယုဒမျက်နှာ


လွန်ခဲ့သော နှစ်ပေါင်း ရာစုနှစ်ပေါင်းများစွာက
စစလီကျွန်းရဲ့ မြို့တစ်မြို့ ဘုရားကျောင်းရဲ့ နံရံမှာ ပန်ချီးဆွဲဖို့အတွက် ပန်ချီဆ၇ာတစ်ဦးကို ငှားခဲ့ကြတယ်။
ရေဆွဲရမဲ့ပုံက ခရစ်တော်ရဲပ ဘ၀ဇာတ်ကြောင်းပုံဖြစ်တယ်။ ခရစ်ဝင် ပန်ချီးကား ဆိုရမှာပေါ့။ ပန်ချီးဆရာက နှစ်ပေါင်းများစွာကြာအောင် အပတ်တကုတ်ကြိုးစားပြီးရေးဆွဲလာရာ အရေးအကြီးဆုံးပုံ နှစ်ခုမှ တပါး ကျန်တာအားလုံးကို လက်စသတ်နိုင်ခဲ့တယ်။ မပြီးသေးတဲ့ပုံကတော့ ခရစ်တော်၏ ကလေးဘ၀ရှိရုပ်ပုံနဲ့ သစာဖောက် ယုဒရဲ့ ရုပ်ပုံလွှာဖြစ်တယ်။ ဒါနဲ့ ပန်းချီဆရာကလည်း ရုပ်ပုံလွှာနှစ်ခုအတွက် ကိုယ်ဟန်ပြမဲ့သူကို နေရာ အနှံရှာဖွေခဲ့တယ်။


တစ်နေမှာ မြို့ရပ်ကွက်တစ်ခုမှာ လမ်းလျှောက်ကစားနေတဲ့ ကလေးငယ်တွေကိုတွေ့တော့ အဲ့ဒီကလေးထဲက ၁၂ နှစ်သား အရွယ် ယောက်ျားလေးရဲ့ မျက်နှာက ပန်ချီးဆရာရဲပ စိတ်နှလုံးကို ပုတ်ခတ်သွားတယ်။ နတ်တမန်တစ်ပါး၏ ရုပ်မျက်နှာဖြစ်ပါတယ်။ ကလေးငယ်ရဲ့မျက်နှာက အလွန်ညစ်ပါတ်ပေကျံပေမဲ့လဲ ဒီမျက်နှာဟာ ပန်းချီဆရာလိုချင်တဲ့မျက်နှာဖြစ်ပါတယ်။
ပန်းချီဆရာက ကလေးငယ်ကိုခေါ်သွားပြီး ခရစ်တော်၏ ကလေးဘ၀ရုပ်ပုံကို ပြီးစီးအောင် နေ့စဉ်ရက်ပင် ကလေးငယ်က စိတ်ရှည်လက်ရှည်ထိုင်ပေးခဲ့တယ်။
ဒါပေမဲ့ ယုဒ အတွက် ကိုယ်ဟန်ထိုင်ပေးမဲ့ သူကိုတော့ ပန်းချီဆရာ ရှာလို့မတွေ့နိုင်သေးဘူးတဲ့။ သူ့ပန်းချီကားက လက်စမသတ်နိုင်သေးတော့ စိုးရိမ်စိတ်နဲ့ ကိုယ်ဟန်ပြမဲ့သူကိုအစဉ်တစိုက်လိုက်ရှာနေတယ်။
အဆုံးမသတ်နိုင်တဲ့ ပန်းချီးကားအကြောင်းကို အဝေးအလံမှာရှိတဲ့ ဒေသတွေ ရှိ ပျံနှံသွားတယ်။ မိမိတို့ရဲ့ မျက်နှာကို ကောက်ကျစ်စဉ်းလဲတဲ့ပုံ အသွင်ဟန်ပန် အမျိုးမျိုးချင်ကြတဲ့
ယောကျာ်လေးတွေက စိတ်ကူယဉ်ပြီး ပန်းချီဆရာထံကို လာကြာတယ်။ ဒါပေမဲ့ ပန်းချီဆရာက သူ့စိတ်စိတ်ကူးယဉ်ထဲက ပုံကို ရှာလို့မတွေ့ဘူးဖြစ်နေတယ်။ သူ၏ ယုဒပုံက ဖောက်ပြန်သော ဘ၀၏ ဒဏ်ကြောင့် ပုံပျက်ပန်းပျက် ယိုယွင်းလိမ်ကောက်နေသူဖြစ်တယ်။ ရမက်တို့ကို ဒူးထောက်အညံ့ခံ ထားလို့ ချည့်နဲ့နုံချာနေသော သူလည်းဖြစ်တယ်။
ညနေခင်းမှာ ထုံးစံအတိုင်း ဘုံဆိုင်တစ်ခုမှာ ပန်းချီဆရာအရက်ထိုင်သောက်နေခဲ့တယ်။ အဲ့ဒီအချိန်မှာ လူငယ်တစ်ယောက် ပိန်လှီပြီး အရိုးငေါငေါနဲ့ စုတ်စုတ်ပြတ်ပြတ် ဒယီးဒယိုင်နဲ့ ဘုံဆိုင် ကြမ်းပြင်ပေါ် လဲကျသွားတယ်။ “၀ိုင်အရက်ပေးပါ၊ ၀ိုင်အ၇က်ပေးပါ” ဆိုပြီး တောင်းပန်နေတယ်။
ပန်းချီဆရာက အရက်သမားကို ထောင်ပေးလိုက်ပြီး သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်တဲ့အခါ ပါစပ်အဟောင်းသားဖြစ်သွားတယ်။ သူမြင်ရလိုက်တဲ့မျက်နှာက လောကမှာရှိတဲ့ မကောင်းမှု ဒုစရိုက် တို့ရဲ့ အမှတ်လက်ခဏာ အားလုံးကို ဖော်ကျူးနေတဲ့ပုံဖြစ်တယ်။
ပန်းချီဆရာက အရက်သမားကို ထူးပေးလိုက်ပြီး မင်းငါနဲ့လိုက်ခဲ့ သောက်စရာလည်းပေးမယ် စားစရာလည်းပေးမယ် ၀တ်စရားလည်းပေးမယ်ဆိုပြီး ပြောလိုက်တယ်။
နောက်ဆုံးတော့ သစ်စာဖောက် ယုဒအတွက် ကိုယ်ဟန်ပြမဲ့သူကို တွေ့ရှိသွားပါပြီ။ ပန်းချီဆရာကြီးကလည်း သူ့ပန်းချီ လက်စသတ်နိုင်ရေးအတွက် နေ့ဆိုလည်း တစ်နေ့ကုန် ညဆိုလည်း တစ်နေကုန်း နေ့စဉ်ရက်ဆက် အသည်းအသန်ရေးဆွဲ နေပါတော့တယ်။
အလုပ်ချိန်ကြာတော့ ကိုယ်ဟန်ပြသူထံမှ အပြောင်းအလဲ တစ်ခုပေါ်လာတော့တယ်။ မူးယစ်ထုံထိုင်းချည့်နဲ့တွေဝေနေတဲ့ အမူအရာအစား ထိတ်လန့်ချောက်ချားတယ့် အမူအရာဆန်းဆန်း ပြောင်းလဲလာတယ်။ နီရဲနေတဲ့ သူ့မျက်လုံးက အထိန်တလန့် စိုက်ကြည့်နေတယ်။
တစ်နေ့တော့ ကိုယ်ဟန်ပြသူရဲ့ စိုးရိမ်ချောက်ချားမှုကို ပန်းချီဆရာက သတိထားမိပြီး ဆက်မဆွဲဘဲရပ်လိုက်တယ်။
“ငါ့သား ငါမင်းကို ကူညီပါ့မယ်၊၊ မင်း ဘာဒုက©တွေ့နေတုံး” လဲဆိုပြီ မေးလိုက်တယ်။
ကိုယ်ပြသူက ရှိုက်ကြီးတစ်ငင်ငွေကြွေးပြီး လက်ဝါပေါ်မျက်နှာအပ်လိုက်တယ်။ နည်းနည်းကြာတော့ မျက်နှာလှန်ပြီး ပန်းချီးဆရာကို တောင်ပန်းတဲံ မျက်လုံးအစုံနဲ့ ကြည့်လိုက်တယ်။
“ကျွန်တောကို မမှတ်မိဘူးမဟုတ်လား၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတော်တော်ကြာတုန်းက ကျွန်တောဟာ ခရစ်တော်ရဲ့ သူငယ်ဘ၀ရုပ်ပုံအတွက် ကိုယ်ဟန်ပြခဲ့သူပဲလေ”။

အင်တာနေရှင်နယ် မဂ်ဂဇင် 2001 ခုနှစ်၊ အောက်တိုဘာလထုတ် မောင်သမည ဘာသာပြန်ထားတာကို နည်းနည်းလေ ချုံးပြီး ဖော်ပြလိုက်တာပါ။ (မူရင်း - Bonnie Chamberlin ၏ The Face of Judas Iscariot)

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid