မင်းက မာနဆိုတဲ့တက်ကိုကိုင်
ငါကတော့ သံသယတက်ကိုကိုင်
အချစ်တက်တွေကိုလှေထဲမှာ
ကိုယ်စီထည့်လို့
တို့နှစ်ယောက် လှေနှစ်စင်း
လောကပင်လယ်ပြင်မှာ တူယှဉ်သွားလို့
အများအမြင်မှာ ကြည်နူးစရာပေါ့။
ချစ်သူရေ . . .
လောကပင်လယ်ပြင်မှာ
ကံတရားလှိုင်းလုံးတွေ
ဖြစ်ပေါ်လာတော့
တို့နှစ်ယောက်ကို ခွဲဖို့
အကြောင်းဖန်းလာတယ်။
မတူညီတဲ့တက်တွေ
လက်ထဲမှာ တင်းတင်းဆုပ်ကာ
တို့နှစ်ယောက်သုံးနေကြတော့
ကမ်းမမြင်နိုင်တဲ့ပင်လယ်ကြီးမှာ
တို့နှစ်ယောက်ရဲ့ပုံရိပ်တွေ
တဖြည်းဖြည်းနဲ့ ဝေးပြီး
ပျောက်ကွယ်သွားတယ်။
ငါလေ . . .
နောင်တရတဲ့အချိန်မှာ
အချစ်တက်ကိုပြောင်းကိုင်ပေမဲ့
မင်းက ငါ မမြင်နိုင်တဲ့နေရာကို
ရောက်သွားတယ်။
တွေ့ဆုံချိန်ခဏလေးမှာ
ကိုယ်စီ အတ္တတွေကြောင့်
ချစ်ရက်နဲ့ဝေးကွာခဲ့ကြ
ပြန်တွေ့ဆုံခက်ခဲတဲ့
ဒီလောက ပင်လယ်ပြင်မှာ
အဝေးကနေ မင်းလှမ်မြင်နေရအောင်
ငါလေ . . . မင်းအတွက်
အလံဖြူတွေတလွင့်လွင့် ချိတ်ထားတဲ့
မီးပြတိုက်လေး ပေါ့ . . .။
စမိုင်းမေ
23.10.2007
Wednesday, October 24, 2007
မင်းအတွက် မီးပြတိုက်
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment