ဒီအချိန်ဆိုရင်
သူတို့တွေ ဘုန်းကြီးကျောင်းသွားပြီး
မုန့်လုံးရေပေါ်ကို နှစ်ခါတန်းစီးပြီး
စားပြီးနေကြပြီ။
ဒီအချိန်ဆိုရင်
သူတို့တွေ ကျောင်းပတ်ပတ်လည်
ဖရောင်းတိုင်မီးတွေ
ထွန်းပြီးနေကြပြီ။
ဒီအချိန်ဆိုရင်
သူတို့တွေ တံတားလေးမှာ
ဆီးမီးတွေထွန်းလို့
ရေကန်ထဲမှာဆီမီးတွေ လွတ်ပြီး
ပျော်နေကြပြီ။
ဒီအချိန်ဆိုရင်
သူတို့တွေ
စတိတ်ရှိုးပွဲကို သွားပြီး
လူတွေအလည် ဗျောက်အိုး
ပစ်ထည့်ပြီး ပျော်နေကြပြီ။
ဒီအချိန်ဆိုရင်
သူတို့တွေ ငါတို့အိမ်ရှေ့မှာ
ဖိနပ်ကိုယ်စီကိုင်ပြီး တံတွေးတွေ
ပုံနေအောင်ထွေးထားတဲ့အလယ်မှာ
မီးပန်ထည့်လို့ “၀ုန်း”ကနဲနေအောင်
ရိုက်နေကြပြီ။
ဒီအချိန်ဆိုရင်
ရေဖလားတွေ ကိုယ်စီကိုင်ပြီး
ပွက်ပွက်ဆူနေတဲ့ ဖယောင်းထဲကို
ရေထဲ့ပြီး ငရဲမီး ဆော့နေကြပြီ။
ဒီအချိန်ဆိုရင်
အိမ်ရှေ့ကအဖွားကြီး
“ဟေး . . ကြီးကောင်ကြီးမားနဲ့ အချိန်မတော်ကြီး
အိပ်ကြတော့”
ဆိုပြီးအော်နေလောက်ပြီ။
ဒီအချိန်ဆိုရင် သူတို့တွေ
ပါးစပ်က ပွတ်တွတ်ပွတ်တွတ်ပြောပြီး
လမ်းခွဲနေကြပြီ။
ဒီအချိန်ဆိုရင်
သူတို့တွေကိုယ်စီအိမ်ယာမှာ
ငါ့. . .ကိုသတိရပြီး
ငါရှိရင် ဘယ်လောက်ပြောစရာကောင်းမလဲဆိုပြီ
နောက်ဆုံးကြမှ သတိတရနဲ့ အိမ်ပျော်နေကြပြီ။
စမိုင်းမေ
25.10.2007
Thursday, October 25, 2007
လပြည့်ညအလွမ်း
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment