D

Tuesday, October 9, 2007

ချစ်သူမရှိလို့ပါ


နေမင်းကြီးရေ
အရမ်းကြီး မပူလိုက်ပါနဲ့
အရိပ်မိုးပေးမဲ့ ချစ်သူမရှိတော့လို့ပါ။

မိုးမင်းကြီးရေ
အငြိုးအတေးတွေနဲ့
မိုးတွေ ဒလဟော မသွန်ဖြိုးလိုက်ပါနဲ့
ထီးမိုးပေးမဲ့ ချစ်သူမရှိတော့လို့ပါ။


ဆောင်းနှင်းတို့ရေ တဖွဲဖွဲ ကျမနေပါနဲ့
နှင်းမှုန်တွေကြားမှာ နှင်းခဲတွေနဲ့ဆော့မဲ့သူ
ချမ်းအေးလွန်းရင် ပြေးဝင်ခိုဖို့ ချစ်သူရင်ခွင်မရှိတော့လိုပါ။

လေညင်းလေးတွေရေ
ငါ့ဆံပင်ကို မကျီစယ်ပါနဲ့
မျက်နှာပေါ်ဝဲကျလာတဲ့ ဆံပင်တွေ
ဖယ်ပေးမဲ့ချစ်သူမရှိတော့လို့ပါ။

လမင်းကြီးရေ
ကောင်းကင်မှာ သာချင်တိုင်းသာမနေပါနဲ့
အနားမှာ သီချင်းဆိုပြမဲ့ချစ်သူမရှိတော့လို့ပါ။

ချစ်သူရေ. . .
မင်းရဲ့ဝိညာဉ် ဘယ်သွားနေလဲ
ငါ ဒီမှာ . . . .
မိုးရွာရင်လည်း မင်းကိုလွမ်းတယ်
နေပူရင်လည်း မင်းကိုလွမ်းတယ်
ချမ်းအေးလွန်ရင်းလည်း မင်းကိုလွမ်းနေတယ်လေ။

မျက်ရည်တွေ . . . မျက်ရည်တွေ
နင်တို့ကရော ဘာလို့ထွက်လာရပြန်တာလဲ
မျက်ရည်သုပ်ပေးမယ့် ချစ်သူမရှိတော့ဘူးလေ
ထွက်မလာပါနဲ့။

စမိုင်းမေ
5.10.2007

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid