ရောင်နီကလည်းဖြာ
မိုးတွေကလည်းရွာနေပါသည် . . .
တံစက်မြိတ်အောက်မှာ
လွယ်အိတ်ကိုစလွယ်သိုင်း
ငါ . .လေငုတ်တုတ်ထိုင်ကာ
လက်ကလေးကိုမိုးရေထဲတွင်ဖြန့်
ကောင်းကင်ကို
မိုးတိတ်နိုးနဲ့မျှော်ကြည့်နေရ . . .
ကျောင်းချိန်နောက်ကျ
ဆရာမ တုတ်လေးကိုမြင်ယောင်ရင်း
မျက်ရည်တ၀ဲလည်လည်
အမိမရှိတဲ့ကလေးဘဝ
ကျောင်းခန်းတွင်လည်း
မျက်နှာပန်းမလှပါ . . .
လွယ်အိတ်ကိုရင်ခွင်တွင်ပိုက်
ကျောင်းသွားရနိုး
မိုးအတိတ်ကို စောင့်ရနိုးနိုးနဲ့
ထီးမရှိ မိဘမရှိတဲ့
ငါ့ဘ၀နော် . . .
လွယ်အိတ်ကြိုးကို
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်
အံကိုကြိတ်လျှက် မျက်ရည်ဝဲလျှက်
ငါကြီးလာခဲ့ရင်
ပညာတတ်ကြီးဖြစ်ခဲ့ရင်
တိုက်အိမ်ကြီးကိုဆောက်ပြီး
အကောင်းဆုံးကာကိုစီးလိုက်မယ်ပေါ့
စိတ်တွင်ကြိမ်းဝါ . . .
မိုးမင်းကြီးရေ အခုတော့
ထီးမရှိတဲ့ မိဘမဲ့ကလေးကို
သနားသေားအားဖြင့်
မိုးတိတ်လှည့်ပါ . . . ။
စမိုင်းမေ
8.10.2007
ဒီကဗျာလေးကို ကချင်သီချင်းကို ကိုးကားပြီး ရေးဖွဲ့ထားပါသည်။
Wednesday, October 10, 2007
မိဘမဲ့ကလေးရဲ့ ကြိမ်းဝါးသံ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment