D

Wednesday, October 31, 2007

သူငယ်တန်းဖတ်စာ

Copy from http://a-paw-sar-myar.blogspot.com/2007/10/blog-post_2855.html

က...ကလေးငယ် မျက်ရည်လည်
ခ...ခရောင်းလမ်း သူဖြတ်သန်း။

ဂ...ဂန်း(guns)သံတွေ ဆူညံနေ
င...ငတိများ အလွန်စော်ကား။

စ...စစ်အာဏာ တကယ်ရှည်ကြာ
ဆ...ဆိုးသွမ်း သူတို့ပွဲကြမ်း။

ဇ...ဇတ်တွေနာ နိုင်ငံဟာ
ည...ညှင်းဆဲခြင်း သူတို့သွတ်သွင်း။

တ...တရားဥပဒေ ဘယ်ပျောက်နေ
ထ...ထမင်းငတ် ရိက္ခာပြတ်။

ဒ...ဒို့အရေး ငါတို့ဟစ်ကြွေး
ဓ...ဓနရှင်စနစ် ခြေမှုန်းပြစ်။

န...နိုင်ငံရယ် ပျက်ပြီကွယ်
ပ...ပညာရေး ဘယ်ထွက်ပြေး။

ဖ...ဖာနိုင်ငံ ဖြစ်ပြီအမှန်
ဗ...ဗိုလ်ချုပ်စကား ပြန်လို့ကြား။

ဘ...ဘ၀တွေဟာ စုတ်ပြတ်လာ
မ...မြောင်းထဲကျ ပြန်ထမရ။

ယ...ယမ်းငွေ့သုံး လူမျိုးပြုန်း
ရ...ရှုနေရ လူလုံးမလှ။

လ...လူ့အခွင့်အရေးတွေ ဆုံးရူံးနေ
ဝ...၀ယ်လို့မရ တိုက်ယူကြ။

သ...သတင်းစာ မဖတ်ခြင်ပါ
ဟ...ဟာသများ ရီဖို့မအား။

အ...အမေ...တို့တိုင်းပြည် ...ဘယ်တော့လွတ်လပ်မလေ။

<မင်းတစေ>

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid