D

Tuesday, October 23, 2007

ရှေ့သို့ချီတက်နေသည်



(၂၀၀၇ မျိုးဆက်သစ်ကျောင်းသားများသမဂ္ဂ မှ ကျောင်းသားများကို လေးစားသောအားဖြင့်)
http://niknayman.blogspot.com/2007/10/blog-post_16.html


နိုင်ငံရဲ့ အနာဂတ်ကြယ်ပွင့်
တို့ကျောင်းသား လူငယ်တွေ
တက်ကြွစွာနဲ့ ရှေ့သို့ချီတက်။

ဆူးညှောင့်ခလုတ် တို့မမူ့ပါ
တို့နောင်တော်တွေ
အင်းယားက တံတားဖြူးကို
သူတို့ အသွေးတွေနဲ့
အနီရောင်ဆိုးလို့ လမ်းပေါ်မှာ
အသက်တွေပေးခဲ့ကြပြီ။


စစ်ကြေားရေးမှာ နှိပ်စက်မှုဒဏ်
ကြံ့ကြံ့ခံလို့ ရဲဘက်စခန်းမှာလဲ
အသက်တွေပေးခဲ့ကြပြီ။

နှစ်ရှည်လများ ကျောင်းတော်ကြီးအစား
အကျဉ်းထောင်မှာ လူငယ်ဘ၀ကို
ပေးဆပ်ခဲ့ပြီ။

တောထဲတောင်ထဲမှာ လက်နက်ကိုင်စွဲလို့
ကိုယ့်ကျွန်ဘ၀မှာ လွတ်မြောက်ဖို့အတွက်
လူမသိသူမသိ အသက်တွေပေးဆပ်ခဲ့ပြီးပြီ။

တစ်ဗိုလ်ကျရင် တစ်ဗိုလ်တက်မယ်
တို့ကျောင်းသားကိုသတ်လို့ မျိုးသုန်းမသွားဘူး
တို့ဝိညာဉ်တွေ အဖန်တစ်ရာမက
အကြိမ်ကြိမ်နိုးထလို့ ရဲ့ဝင့်စွာနဲ့
ကျောင်းသားအလံကို
တလူလူလွင့်ထူပြီး ရှေ့သို့ချီတက်နေမယ်။

နောင်အခါ ကျောင်းသားကိုသတ်တဲ့
အစိုးရ မပေါ်ပေါက်ရေးအတွက်
အနာဂတ်မှာ တို့ညီငယ်ညီမလေးတွေ
လွတ်လပ်ခြင်း အသီးအပွင့်ကို
မြိန်ရေရှက်ရေ အားပါးသရ
စားသောက်နိုင်အောင်
ဒူးထောင်ကျရင်တောင် အလံမလှဲ
အနိုင်မခံ အရှုံးမပေးစိတ်ဓါတ်နဲ့
တို့အနာဂတ်ကျောင်းသာလူငယ်းတွေ
ရှေ့သို့ချီတက်နေ။

Digg this

0 Comments:

 

© New Blogger Templates | storyofmermaid