D

Wednesday, October 24, 2007

အာဏာအတွက်


ပထမတော့ လူတွေကလေ
ဝမ်စားအတွက်ဆိုပြီး
ငွေကြေးကိုရှာဖွေကြတယ်။

ဒုတိယတော့ နောင်ရေးအတွက်
ငွေကြေးကို ရှာဖွေကြတယ်။

တတိယတော့ ငွေကြေးတွေရလာတဲ့အခါ
အာဏာရဖို့ကြိုးပမ်းကြတယ်။



စတုတ္ထတော့ အာဏာရလာတဲ့အခါ
အများက ဦးညွတ်အရိုအသေပေးတော့
အဲ့ဒီလိုမျိုးစည်းစိမ်မှာ ယစ်မူးလို့
အာဏာလက်မလွတ်ရေးအတွက်
ကြိုးစားလာကြတယ်။

နောက်ဆုံးတော့
လက်ထဲကအာဏာ တည်မြဲဖို့အတွက်
ရင်ဝယ်သားကိုတောင် တရိစ္ဆာန်လိုသဘောထား
သတ်ဖြတ်ကြသည် . . . ။


စမိုင်းမေ
24.10.2007

Digg this

2 Comments:

* In Search of Truth * said...

ဒီကဗျာကို အရမ်းကြိုက်တယ်ဗျာ။ ဖွားဖွား အရင်နဲ့ မတူတော့ဘူးနော်။ ကဗျာတွေတောင် ဖွဲ့နေပြီဆိုတော့ ရင်တွေခုံတတ်ပြီထင်တယ် :p

မြေးလေး
ဇော်မျိုး

Anonymous said...

ဟတ်ထိတယ်

 

© New Blogger Templates | storyofmermaid